News all in one

News all in one thank you everyone for your support news all in one please like and share don't miss new video......

08/07/2024
02/02/2023

Rohingya was alhanan almanan

12/10/2022

heart touching voice

26/01/2022

یہ نیت اور ادائیگی میں اخلاص اور قول و فعل میں کامیابی کا ذریعہ ہے۔

اگر کوئ اپنا ہمیں بھول جاے کیا کیا جائے؟ کوئی اپنا ہو تووہ کبھی نہیں بھولتا اور جو بھول جائیں وہ اپنا کبھی نہیں ہو تا
05/10/2021

اگر کوئ اپنا ہمیں بھول جاے کیا کیا جائے؟ کوئی اپنا ہو تووہ کبھی نہیں بھولتا اور جو بھول جائیں وہ اپنا کبھی نہیں ہو تا

18/08/2021

Rohingya News today 18/8/2021 Rohingya deaths body Bangladesh Bashansar

06/05/2021

နေပြည်တော်၊ ပျဉ်းမနားတွင် ပေါက်ကွဲမှုဖြစ်

နေပြည်တော် ပျဉ်းမနားမြို့၊ ပေါင်းလောင်း ၂၊ ဓမ္မာရုံလမ်းကြားရှိ မြို့နယ်စစ်သားစုဆောင်းရေးရုံးအနီး ယနေ့(မေ ၅)နံနက် ၈နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ရဲတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးအချို့ကအတည်ပြုသည်။

ပျဉ်းမနားမြို့နယ် တပ်သားသစ်စုဆောင်းရေးရုံးအနီးတွင် ပုံမှန်လုံခြုံရေးချထားသော ရဲကားတစ်စီးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ကားနောက်ပိုင်းအနည်းငယ် ထိခိုက်သွားသည်ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။

“တစ်ယောက်တော့ မျက်နှာမှာ သွေးတွေနဲ့ ပတ်တီးတွေ ဘာတွေ စည်းပေးနေတာ တွေ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း ရဲကား၊ စစ်ကား ၁၂စီးခန့် ရောက်လာပြီး မိုင်းရှင်းလင်းရေးနှင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်လပိုင်းမှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ကွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်နေသည်။

(ပုံစာ - အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အချက်အခြာနေရာဖြစ်သော သပြေကုန်းအဝိုင်းတွင် ဖေဖော်ဝါရီ ၈ရက်က ထောင်နှင့်ချီသော ဒေသခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြစဉ်)

06/05/2021

ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀၀ နီးပါး သေဆုံးခဲ့ဟု KNU ပြော

မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၅) နယ်မြေ၌ မတ်လနှောင်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ ဝင် ၂၀၀နီးပါး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုမေလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၉၄ ဦး သေဆုံးပြီး ၂၂၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ကေအဲန်ယူဘက်မှလည်း ၉ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

၎င်းက “သေတဲ့အထဲမှာ ဗိုလ်မှူးကြီး တစ်ဦး၊ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီးက တစ်ဦး၊ ဒုဗိုလ်ကြီးက တစ်ဦး၊ ဗိုလ်က တစ်ဦး ၊ အရာခံဗိုလ်က တစ်ဦး၊ ကျန်တာကတော့ တပ်သားတွေပဲပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုတလကျော်အတွင်း စစ်ကောင်စီတပ်မှ KNU တပ်မဟာ(၅) နယ်မြေ အတွင်းသို့ လေကြောင်း (၂၇) ကြိမ် တိုက်ခိုက်ပြီး လက်နက်ကြီး ၄၇ လုံးပစ်ချခဲ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း (၄၀၇) ကြိမ် ဖြစ်ပွားခဲ့ ကြောင်းလည်း တပ်မဟာ (၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒေသခံကျေးရွာများနှင့် တောင်ယာစိုက်ပျိုမြေများအတွင်း လက်နက် ကြီးကျည် ပစ်ခတ်မှု (၅၇၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက် ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် အလုံး ၂၀နှင့် စာသင်ကျောင်း ၂ လုံးအပါအဝင် ဒေသခံကျေးရွာသားများ၏ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ဟု KNU တပ်မဟာ ၅ က ပြောသည်။

လတ်တလောတွင် KNU ဘက်မှ စစ်ကောင်စီ၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ ထားမှုများကြောင့် ရိက္ခာ ပြတ်လပ်မှုကြုံတွေ့ နေရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဒေသခံလူထုများထံမှ ငွေကြေး သိန်း (၅၀) အပြင် အိမ်စီးကားတစ်စီး၊ ဆန်အိတ် (၂၀)အပါအဝင် အခြားအခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်း အဓမ္မသိမ်းယူခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ၏ လချုပ်စာရင်းအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် (၅၀၀) ကျော်ဖြင့် အင်အား ဖြည့်တင်းမှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကာ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များ ပိုမိုများပြားလာဖွယ်ရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နေ့စဉ် ပစ်ခတ်မှု နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ဖာပွန်-ကမမောင်းလမ်းအပါအဝင် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းအများအပြားကို နှစ်ဖက်တပ်များမှ ပိတ်ပင်တားမြစ်ထားခြင်းကြောင့် အရပ်သား များတိုက်ပွဲများအကြား ပိတ်မိနေကာ စားနပ်ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေကြရကြောင်း ကမမောင်း ဒေသခံများက ပြောသည်။

Address

Myanmar Arakan
Dhaka
12345

Alerts

Be the first to know and let us send you an email when News all in one posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share