04/17/2026
ဝါရှင်တန်ဒီစီ – စစ်နှင့်ငြိမ်းချမ်းရေးဆိုင်ရာ ကက်သလစ်အသင်းတော်၏ သွန်သင်ချက်များနှင့် ပတ်သက်၍ လတ်တလော လူထုကြား ထွက်ပေါ်လာသော မှတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (USCCB)၊ အယူဝါဒဆိုင်ရာကော်မတီ၏ ဥက္ကဋ္ဌ ဆရာတော် ဂျိမ်းစ် မာဆာ (Bishop James Massa) က အောက်ပါအတိုင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည် -
“ကက်သလစ်အသင်းတော်ဟာ နှစ်ပေါင်း နှစ်ထောင်ကျော်တိုင်အောင် တရားသောစစ် (Just War Theory) အယူဝါဒကို သွန်သင်ခဲ့တာဖြစ်ပြီး၊
ပုပ်ရဟန်းမင်းကြီးဟာ စစ်နဲ့ပတ်သက်တဲ့ သူရဲ့မှတ်ချက်တွေမှာ အဲဒီရှည်လျားလှတဲ့ အစဉ်အလာကိုပဲ အသေအချာ ရည်ညွှန်းကိုးကားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နှစ် နှစ်ထောင်သက်တမ်းရှိ အစဉ်အလာရဲ့ ခိုင်မာတဲ့ မူဝါဒတစ်ခုကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ‘ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံး ကျရှုံးသွားပြီးနောက် မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက်သာ’ လက်နက်စွဲကိုင်မှုကို တရားဝင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် (ကက်သလစ်အသင်းတော်၏ အခြေခံအယူဝါဒစာစု၊ အမှတ် ၂၃၀၈)။ ဆိုလိုတာကတော့ တရားသောစစ်ဖြစ်ဖို့အတွက် အဲဒီစစ်ဟာ တက်ကြွစွာ စစ်မက်ပြုလာသူတစ်ဦးအပေါ် ခုခံကာကွယ်တဲ့ စစ်ဖြစ်ရပါမယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး အမှန်တကယ် ပြောကြားခဲ့တဲ့ ‘စစ်မက်ပြုသူတွေရဲ့ ဆုတောင်းသံကို ဘုရားသခင် နားညောင်းမှာမဟုတ်ဘူး’ ဆိုတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။
“ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အနေနဲ့ သိုးထိန်းတစ်ပါး အဖြစ် မိန့်ကြားရာမှာ သူဟာ ဓမ္မဗေဒဆိုင်ရာ အမြင်တွေကို သဘောရိုးသက်သက် တင်ပြနေတာ မဟုတ်ပါဘူး။ သူဟာ ဧဝံဂေလိတရားတော်ကို ဟောကြားနေတာဖြစ်သလို၊ ခရစ်တော်ရဲ့ ကိုယ်စားလှယ်တော် (Vicar of Christ) အဖြစ် သူရဲ့သာသနာပြုလုပ်ငန်းကို ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ပွဲတိုင်းမှာ ပါ၀င်ပတ်သက်နေတဲ့ ဆိုးညစ်မှုတွေနဲ့ မတရားမှုတွေကို ရှောင်ကြဉ်ပြီး၊ လူသားအားလုံးဟာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းခြင်းနဲ့ ကြိုးပမ်းအားထုတ်ခြင်းတွေကို လုပ်ဆောင်ကြရမယ်ဆိုတာ အသင်းတော်ရဲ့ မပြောင်းလဲတဲ့ သွန်သင်ချက်ပဲ ဖြစ်ပါတယ်။”
ပုပ်ရဟန်းမင်းကြီး တစ်ပါးရဲ့ ပါဝင်လုပ်ဆောင်ရမယ့်ထဲအလုပ်ထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဟာ လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတာဖြစ်လို့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ဟာလည်း သူ့အလုပ်တာဝန် ကို ထမ်းဆောင်နေတာဖြစ်ပါတယ် " ငြိမ်းချမ်းရေး အတွက်ဆို ပုပ်ရဟန်းမင်းကြီး ဘယ်သူပဲတက်တက် အဓိကလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါတယ် ။