𝙋𝙧𝙤 𝘽𝙤𝙤𝙨𝙩 𝙎𝙚𝙧𝙫𝙞𝙘𝙚 - 𝙋𝘽𝙎

  • Home
  • Myanmar
  • Amarapura
  • 𝙋𝙧𝙤 𝘽𝙤𝙤𝙨𝙩 𝙎𝙚𝙧𝙫𝙞𝙘𝙚 - 𝙋𝘽𝙎

𝙋𝙧𝙤 𝘽𝙤𝙤𝙨𝙩 𝙎𝙚𝙧𝙫𝙞𝙘𝙚 - 𝙋𝘽𝙎 Facebook/TikTok boost serviceပေးပါသည်

High performing ဆိုပါလား 🤩💯
02/09/2026

High performing ဆိုပါလား 🤩💯

🎯 Page Admin များအတွက် အရောင်းပိတ်နည်း (၅) နည်း​⏱️ ၁။​ ၅ မိနစ်အတွင်း စာပြန်ပါ​ဝယ်သူ၏ ဝယ်ယူလိုစိတ်သည် စာစလာမေးသည့် ပထမ ၅ ...
28/08/2026

🎯 Page Admin များအတွက် အရောင်းပိတ်နည်း (၅) နည်း

​⏱️ ၁။​ ၅ မိနစ်အတွင်း စာပြန်ပါ

​ဝယ်သူ၏ ဝယ်ယူလိုစိတ်သည် စာစလာမေးသည့် ပထမ ၅ မိနစ်အတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။ စာပြန်ချိန် ကြာသွားပါက ဝယ်သူ၏ စိတ်ပါဝင်စားမှု ကျဆင်းသွားပြီး အခြား ပြိုင်ဘက်ဆိုင်များဆီ အလွယ်တကူ ပြောင်းဝယ်သွားမှာ ဖြစ်ပါတယ်။

​💡 ၂။​ဈေးနှုန်းတစ်ခုတည်း မဖြေဘဲ Value-First Scripting သုံးပါ

​ဈေးနှုန်းတစ်ခုတည်း သီးသန့် စာရိုက်ပြလိုက်ပါက ဝယ်သူက "ဈေးကြီးတယ်" လို့မသိစိတ်က ဆုံးဖြတ်လိုက်တတ်ပါတယ်။ ✨ ပစ္စည်း၏ အကျိုးကျေးဇူး (Benefit)၊ပြဿနာ ဖြေရှင်းပေးနိုင်မှုနှင့် Quality များကို အရင် ရှင်းပြပြီးမှ ဈေးနှုန်းကို ယှဉ်ပြခြင်းက စိတ်ထဲတွင် Perceived Value ကို တက်စေပြီး ဈေးနှုန်းအပေါ် ငြင်းဆန်မှုကို လျှော့ချပေးပါတယ်။

​📌 ဥပမာ-စျေးမေးတဲ့အခါ "၃၅,၀၀၀ကျပ်ပါမမ"လို့ပြောမဲ့အစား "အမရပူရ ပင်ရင်း ရက္ကန်းထည်မို့ လျှော်ရင် ဆေးမကျဘဲ Quality အာမခံပါတယ်ရှင့်။ ၁ ထည်ကို ၃၅,၀၀၀ ကျပ်ပါမမ။"လို့ ဖြေပေးရပါမယ်။

​🎯 ၃။​Close-Ended Questions ဖြင့် အရောင်းပိတ်ပါ

​ "ဝယ်မလား/မဝယ်ဘူးလား" ဆိုသည့် ခက်ခဲသည့် ဆုံးဖြတ်ချက်အစား လွယ်ကူသည့် ရွေးချယ်မှုပေးခြင်းက Closing Rate တိုက်ရိုက် မြင့်တက်စေပါတယ်။

​📌 ဥပမာ: "ဟုတ်ကဲ့ပါ မမ စဉ်းစားပြီး ပြန်ပြောပေးပါနော်။"ပြောမဲ့အစား

"မမအတွက် အဆန်းဆုံး ခရမ်းနုနဲ့ အပြာနုထဲက ဘယ်အရောင် ဖယ်ပေးရမလဲရှင့်" ဒါမှမဟုတ် "COD အိမ်ရောက်ငွေချေနဲ့ ပို့ပေးရမလား၊ KPay နဲ့ လွှဲမလားရှင့်။"လို့ပြောရပါမယ်။

​🔄 ​၄။ ၁၂-၂၄ နာရီအတွင်း Follow-up ပြုလုပ်ပါ

​စာမပြန်တော့တဲ့သူတွေက မလိုချင်လို့ မဟုတ်ဘဲ မေ့သွားခြင်း ဒါမှမဟုတ် အလုပ်ရှုပ်သွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

​📌 ဥပမာ: "မမရှင့် မနေ့က မေးထားတဲ့ အဆင် လေး Stock ၃ ထည်ပဲ ကျန်တော့လို့ပါရှင့်။ ဒီနေ့မှာရင် Free Deliveryနဲ့ နာမည်စာရင်း သွင်းပေးရမလားရှင့်။"

​🎁 ​​၅။ Bundle / Upsell Offer တွဲရောင်းပါ

​💰 ကြော်ငြာစရိတ် ထပ်မကုန်ဘဲ Average Order Value (AOV) ကို တိုးစေပါတယ်။

​📌 ဥပမာ: "၁ ထည်ယူရင် ၃၅,၀၀၀ ကျပ်ပါမမ။ ၂ ထည်ယူရင်တော့ Free Delivery + ၅,၀၀၀ ကျပ် Discount ရမှာမို့ ၂ ထည်ယူတာ ပိုတန်ပါတယ်နော်။"

​💖 Page adminများ ရောင်းအားကောင်းကြပါစေ 🙏



📌 Page Follower များခြင်းရဲ့ ရေရှည် အကျိုးကျေးဇူးများ​Page Follower များခြင်းက ရေတို အရောင်းအတွက်တင်မကဘဲ လုပ်ငန်း၏ ရေရှည...
27/08/2026

📌 Page Follower များခြင်းရဲ့ ရေရှည် အကျိုးကျေးဇူးများ
​Page Follower များခြင်းက ရေတို အရောင်းအတွက်တင်မကဘဲ လုပ်ငန်း၏ ရေရှည်တန်ဖိုး (Digital Asset) ကို မြှင့်တင်ပေးသည့် အဓိက အကြောင်းရင်းများ ရှိပါတယ်။

​⭐ Social Proof နှင့် ယုံကြည်မှု ရရှိနိုင်ခြင်း:
Ads မှတစ်ဆင့် ရောက်ရှိလာသည့် Cold Audience များသည် Page ကို ဝင်ကြည့်သည့်အခါ Follower အများအပြားကို မြင်တွေ့ရပါက ယုံကြည်မှု ပိုမို ရှိသွားပြီး အရောင်းရရှိဖို့ ပိုမို လွယ်ကူစေပါတယ်။

​💰 ကြော်ငြာစရိတ် သက်သာသည့် Retargeting လုပ်နိုင်ခြင်း:
သင့် Page ကို Follow လုပ်ထားသူများ (Warm Audience) ကို Ads Manager တွင် Custom Audience ပြုလုပ်ပြီး Retargeting Ads မောင်းပါက Cold Audience များထက် CPM စျေး အလွန်သက်သာပြီး Conversion Rate မြင့်မားစွာဖြင့် အရောင်းပိတ်နိုင်ပါတယ်။

​🎯 1% Lookalike Audience ဖန်တီးနိုင်ခြင်း:
အရည်အသွေးရှိသော Follower ဒေတာများပြားလာပါက ၎င်းတို့ကို အခြေခံ၍ Ads Manager တွင် 1% Lookalike Audience ပြုလုပ်နိုင်ပြီး သင့် Follower များနှင့် စိတ်ဝင်စားမှု တူညီသော Customer အသစ်များကို Meta AI ဖြင့် တိကျစွာ ပစ်မှတ်ထား ရှာဖွေနိုင်ပါတယ်။

​🚀 အခမဲ့ Organic Reach ရရှိခြင်း:
Meta ၏ Organic Reach နည်းပါးသော်လည်း Follower ၁ သိန်းရှိပါက 2% မှ 5% ခန့် (လူပေါင်း ၂,၀၀၀ မှ ၅,၀၀၀ နီးပါးဆီ) ဘတ်ဂျက် လုံးဝမကုန်ဘဲ ပို့စ်များ အလိုအလျောက် ရောက်ရှိသွားပါတယ်။

​💡 အခမဲ့ Content & Product Testing လုပ်နိုင်ခြင်း:
Ad Budget မသုံးမီ ပစ္စည်းအသစ်၊ Hook အသစ် သို့မဟုတ် Creative တင်ပြပုံများကို Follower များထံ Organic Post အဖြစ် အရင် တင်ပြစမ်းသပ်နိုင်ပြီး တုံ့ပြန်မှု ကောင်းမွန်မှသာ CBO Campaign များတွင် ဘတ်ဂျက် အများအပြား သုံး၍ Scale လုပ်နိုင်ပါတယ်။

​ဒါကြောင့် ရေရှည် ကြော်ငြာစရိတ် သက်သာစေဖို့အတွက် တန်ဖိုးရှိတဲ့ Content များဖြင့် Quality Follower များ စဉ်ဆက်မပြတ် တိုးတက်လာအောင် ဖန်တီးထားသင့်ပါတယ်။

💬 ဒီစာကိုဖတ်ပြီး အကျိုးတစုံတရာရှိတယ်ဆိုရင် yesလို့မန့်ခဲ့ပါ။ လိုအပ်ချက်ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးခဲ့ပါဦးခင်ဗျ။ 👇




❓ CBO (Campaign Budget Optimization) ဆိုတာဘာလဲ။​🤖 CBO (Campaign Budget Optimization) သည် ကြော်ငြာ ဘတ်ဂျက်ကို Campaign အဆ...
26/08/2026

❓ CBO (Campaign Budget Optimization) ဆိုတာဘာလဲ။

​🤖 CBO (Campaign Budget Optimization) သည် ကြော်ငြာ ဘတ်ဂျက်ကို Campaign အဆင့်တွင် စုပေါင်း သတ်မှတ်ပေးပြီး ရလဒ် အကောင်းဆုံး ဖြစ်နိုင်သည့် Ad Set များထံ Meta AI က အလိုအလျောက် ခွဲဝေ သုံးစွဲပေးသည့် စနစ် ဖြစ်ပါတယ်။

​💡 Ad Set တစ်ခုစီတွင် ဘတ်ဂျက် သီးခြား ခွဲမပေးဘဲ Campaign တစ်ခုလုံးအတွက် ဘတ်ဂျက် (ဥပမာ- ၁ ရက်လျှင် $30) ကို စုပုံ သတ်မှတ်ပေးရပါတယ်။

​⚡ Campaign အောက်ရှိ Ad Set များအနက် မည်သည့် Audience သို့မဟုတ် Creative က ရလဒ် ပိုကောင်းနေတာလဲ ဆိုတာ ကို Meta Algorithm က စက္ကန့်နှင့်အမျှ စိစစ်ပြီး ဘတ်ဂျက်ကို resultကောင်းတဲ့နေရာမှာ ပိုသုံးပေးပါတယ်။
​
⭐ ​CBO ၏ အဓိက အားသာချက်တွေက ဘာလဲ
​🎯 ​Meta AI ၏ ဒေတာ တိုင်းတာမှု စနစ်ကိုအပြည့်အဝ အသုံးချပြီး ဝယ်ယူနိုင်ချေ အမြင့်ဆုံး Customer များထံ ဘတ်ဂျက် ရောက်ရှိစေပါတယ်။

​💰 ​ရလဒ် ထွက်ရှိမှု အပေါ် မူတည်၍ ဘတ်ဂျက် ပြောင်းလဲ အသုံးပြုသောကြောင့် ပစ္စည်း တစ်ခု ရောင်းရစရိတ် (CPA) ကို ပိုမို သက်သာစေပါတယ်။

​👌 ​Ad Set တစ်ခုစီ၏ ဘတ်ဂျက်ကို နေ့စဉ် လိုက်လံ စိစစ် ပြင်ဆင်နေရန် မလိုဘဲ စီမံခန့်ခွဲရ လွယ်ကူစေပါတယ်။

​🚀 ​CBO ကို ဘယ်လိုအခြေအနေမှာသုံးသင့်လဲ။
​📈 ​Testing ပြုလုပ်ပြီး ရလဒ်ကောင်းကြောင်း သေချာသွားသည့် Audiences နှင့် Creatives များကို ဘတ်ဂျက် အများအပြား သုံးပြီး အော်ဒါ အရေအတွက် တိုးမြှင့်ချင်တဲ့အခါမှာ သုံးသင့်ပါတယ်
​
👥 Campaign တစ်ခုထဲရှိ Ad Set များ Audience Size တူညီနေတဲ့အခါ ဒါမှ မဟုတ် မတိမ်းမယိမ်း ရှိနေတဲ့အခါသုံးသင့်ပါတယ်။

​💬 ဒီစာကိုဖတ်ပြီး အကျိုးတစုံတရာရှိတယ်ဆိုရင် yesလို့မန့်ခဲ့ပါ။ လိုအပ်ချက်ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးခဲ့ပါဦးခင်ဗျ။ 👇



❓ ABO ဆိုတာ ဘာလဲ?​📊 ​ABO ဆိုတာ ကြော်ငြာ ဘတ်ဂျက်ကို Campaign အဆင့်မှာ မပေးဘဲ Ad Set (ပရိသတ်အုပ်စု) တစ်ခုစီမှာ သီးသန့် ခွဲ...
25/08/2026

❓ ABO ဆိုတာ ဘာလဲ?
​📊 ​ABO ဆိုတာ ကြော်ငြာ ဘတ်ဂျက်ကို Campaign အဆင့်မှာ မပေးဘဲ Ad Set (ပရိသတ်အုပ်စု) တစ်ခုစီမှာ သီးသန့် ခွဲဝေ သတ်မှတ်ပေးသည့် စနစ် ဖြစ်ပါတယ်။

​💡 ​ဥပမာ - တစ်နေ့ $15 သုံးမယ်ဆိုရင် Ad Set A ကို $5၊ Ad Set B ကို $5၊ Ad Set C ကို $5 ဆိုပြီး ကိုယ်တိုင် တိတိကျကျ ဘတ်ဂျက် ခွဲပေးထားတာမျိုးပါ။

​🎯 ​ဘယ်လိုအခြေအနေမှာ ABO ကို သုံးသင့်တာလဲ?
​🧪 ​Audience & Creative Testing ပြုလုပ်သည့်အခါ-
Target Audience အသစ်တွေ သို့မဟုတ် Creative အသစ်များကို စမ်းသပ်တဲ့အခါ Ad Set တိုင်းမှာ ဘတ်ဂျက် ညီညီမျှမျှ ကုန်စေချင်ရင် ABO က အကောင်းဆုံးပါ။

​👥 ​Audience Size မတူညီသည့်အခါ-
လူအုပ်စု အကြီး (Broad) နဲ့ လူအုပ်စု အသေး (Retargeting) ကို ယှဉ်runတဲ့အခါ လူအုပ်စုကြီးထဲ ဘတ်ဂျက် အားလုံး ကုန်မသွားအောင် ABO ဖြင့် သီးခြား ထိန်းပေးလို့ ရပါတယ်။

​📈 ​Scale လုပ်သည့်အခါ-
ရလဒ်ကောင်းနေတဲ့ Ad Set တစ်ခုတည်းကို ဘတ်ဂျက် သီးသန့် တိုးပေးချင်တဲ့အခါ အလွန် အသုံးဝင်ပါတယ်။

​💬 ဒီစာကိုဖတ်ပြီး အကျိုးတစုံတရာရှိတယ်ဆိုရင် yesလို့မန့်ခဲ့ပါ။ လိုအပ်ချက်ရှိခဲ့ရင်လည်း ဆွေးနွေးပေးခဲ့ပါဦးခင်ဗျ။ 👇



⚠️ ​သင့် Brand ကို လုံးဝမသိသေးတဲ့သူတွေကို 'အခုပဲ ဝယ်လိုက်ပါ' ဆိုပြီး တန်းရောင်းတဲ့ အမှားမျိုး သင်ရော လုပ်မိနေပါသလား?❓​💸 ...
24/08/2026

⚠️ ​သင့် Brand ကို လုံးဝမသိသေးတဲ့သူတွေကို 'အခုပဲ ဝယ်လိုက်ပါ' ဆိုပြီး တန်းရောင်းတဲ့ အမှားမျိုး သင်ရော လုပ်မိနေပါသလား?❓

​💸 သင့်brandကို လုံးဝမသိသေးတဲ့သူဆီ "အခုပဲ ဝယ်လိုက်ပါ" ဆိုပြီး Hard-sell ကြော်ငြာကြီး သွားထိုးပြရင် ကြော်ငြာခပဲ ကုန်မယ်၊ အော်ဒါ တက်လာမှာ မဟုတ်ပါဘူး။ 🎯 စားသုံးသူတစ်ယောက်ရဲ့ စိတ်ကို အဆင့်ဆင့် ဆွဲဆောင်ဖို့အတွက် Funnel (TOFU, MOFU, BOFU) နည်းလမ်းလေးကို သုံးရပါတယ်။

​🧊 ၁။ TOFU (Top of Funnel)
၊ အသိပညာပေး ဗီဒီယိုတွေနဲ့ အရင် မိတ်ဆက်ပေးရမှာဖြစ်ပါတယ်။

​🌤️ ၂။ MOFU (Middle of Funnel)
🤝 ဒီအဆင့်မှာတော့ယုံကြည်မှု တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ဒီလူတွေက ကြော်ငြာတော့ ကြည့်ဖူးတယ်၊ စိတ်ဝင်စားပေမဲ့ မဝယ်သေးဘဲ စဉ်းစားနေတဲ့ Warm Audience ပါ။ ✨ သူတို့ကို ​ပစ္စည်းရဲ့ အသုံးဝင်ပုံ ဗီဒီယိုတွေ၊ ဝယ်ဖူးသူတွေရဲ့ Customer Review တွေကို ပြပေးရပါမယ်။ ဒါမှ "ဪ... ဒီဆိုင်က တကယ်စိတ်ချရတာပဲ" ဆိုပြီး ယုံသွားမှာပါဖြစ်ပါတယ်။

​🔥 ၃။ BOFU (Bottom of Funnel)
🎯 ဒီအဆင့်မှာတော့ တိုက်ရိုက်အရောင်း ပိတ်ရမှာဖြစ်ပါတယ်။ ဒီလူတွေက ​Page မှာ စာမေးဖူးတယ်၊ ဝယ်ဖို့ အလွန်နီးစပ်နေတဲ့ Hot Audience တွေဖြစ်ပါတယ်။ဒီလူတွေကို "ဒီနေ့ပဲ မှာရင် Discount ရမယ်" သို့မဟုတ် "ပစ္စည်း အထည် ၂၀ ပဲ ကျန်တော့တယ်နော်" ဆိုတဲ့ ကမ်းလှမ်းချက်လေးနဲ့ "Messenger မှာ အခုပဲ မှာယူလိုက်ပါ" လို့ တိုက်ရိုက် အော်ဒါ ပိတ်လိုက်ရမှာပါဖြစ်ပါတယ်။

​💬 ဒီစာကိုဖတ်ပြီး အကျိုးတစုံတရာရှိတယ်ဆိုရင် yesလို့မန့်ခဲ့ပါ။ လိုအပ်ချက်ရှိခဲ့ရင်လည်း ဆွေးနွေးပေးခဲ့ပါဦးခင်ဗျ။ 👇

22/08/2026
21/08/2026

💸 ကြော်ငြာစရိတ်တွေ ကုန်နေပြီး အော်ဒါမတက်တဲ့အခါ လူအများစု မသိဘဲ ကျော်သွားလေ့ရှိတဲ့ Silent Killer တစ်ခု

​🎯 ​ဒါကတော့ CTR (Click-Through Rate) ဖြစ်ပါတယ်။

​❓ ဒီ​တော့ "CTR ဆိုတာ ဘာလဲ"လို့မေးစရာရှိလာပါတယ်။
၁၀၀ မှာ လူဘယ်နှစ်ယောက် သင့်(စာ/ပုံ/Video)
ကို စိတ်ဝင်စားလို့ Messenger သို့မဟုတ် Website Link ကို နှိပ်ခဲ့သလဲဆိုတဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်။

​⚠️ ဒီလိုဆိုရင် ​CTR နိမ့်နေရင် ဘာဖြစ်မလဲ?
​
​CTR က 1% အောက်နည်းနေရင်
သင့် Creative/Copywriting က စားသုံးသူကို ရပ်ကြည့်ချင်လောက်အောင် မဆွဲဆောင်နိုင်လို့ ဖြစ်ပါတယ်။

​💡 CTR ကို ၁.၅% မှ ၂% နှင့်အထက် ရအောင် ထိန်းထားနိုင်မှသာ (CPC) သက်သာပြီး Messenger ထဲ စာလာမေးသူ ပိုများလာမှာ ဖြစ်ပါတယ်။

​🚀 ​CTR မြင့်တက်လာအောင် ဘယ်လိုပြင်ရမလဲ?
​🔹 ​ပထမဆုံးစာ ၂ ကြောင်းမှာ စားသုံးသူ ကြုံတွေ့နေရတဲ့ ပြဿနာ (Pain Point) ကို ထိထိရောက်ရောက် မေးခွန်းထုတ်ပါ။
​🔹 ​တိုက်ရိုက် ရောင်းချတာမဟုတ်ဘဲ သဘာဝကျကျ စကားပြောဆိုသည့် ပုံစံဖြင့် ထုတ်ကုန်၏ တန်ဖိုးကို ပညာသားပါပါ ရေးသားပါ။
​🔹 ​Customer Review၊ Unboxing ဗီဒီယို သို့မဟုတ် သဘာဝကျကျ ဝတ်ဆင်/သုံးစွဲပြထားသည့် Visual များကို သုံးပါ။
ညွှန်ကြားပါ။
ဥပမာ-
💬 "အသေးစိတ် မေးမြန်းရန် Messenger ကို 'Hi' ဟု စာပို့ပေးပါ"

​👇 မိတ်ဆွေတို့ရဲ့အမြင်လေးတွေကို commentမှာဆွေးနွေးခဲ့
ပါဦးခင်ဗျ။

Address

Amarapura
05061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when 𝙋𝙧𝙤 𝘽𝙤𝙤𝙨𝙩 𝙎𝙚𝙧𝙫𝙞𝙘𝙚 - 𝙋𝘽𝙎 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share