ချောင်းဦးစျေးဝယ်လမ်းညွှန်

  • Home
  • Myanmar
  • Chaung-u
  • ချောင်းဦးစျေးဝယ်လမ်းညွှန်

ချောင်းဦးစျေးဝယ်လမ်းညွှန် ချောင်းဦးသားတိုင်း Like လုပ်ထားသင့်သည?

ကိုယ်မှန်းထားသလောက် မအောင်မြင်တာ ဘာကြောင့်လဲ❓လူမှန်းသိတတ်စအရွယ်တည်းက လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ အိပ်မက်တွေဆို...
04/06/2020

ကိုယ်မှန်းထားသလောက် မအောင်မြင်တာ
ဘာကြောင့်လဲ❓

လူမှန်းသိတတ်စအရွယ်တည်းက လူတိုင်းမှာ
ကိုယ်ပိုင်ရည်မှန်းချက်နဲ့ အိပ်မက်တွေဆိုတာ ကိုယ်စီရှိနေတတ်ကြပါတယ်။
ကိုယ်ရည်မှန်းထားတဲ့ အောင်မြင်မှုကို အလွယ်တကူ ပုံဖော်နိုင်တဲ့သူတွေရှိသလိုပဲ ရည်ရွယ်ထားသလောက် အောင်မြင်မှု မရတဲ့ သူတွေလဲ ရှိပါတယ်။
👉အောင်မြင်မှု နဲ့ 👉ကျရှုံးမှုရဲ့ ကြားထဲမှာ ကန့်သတ်ထားတဲ့ အရာတွေကို ကိုယ်တိုင်ဖန်တီးနေတယ်ဆိုတာကို မိတ်ဆွေတို့ကို သတိပြုမိစေချင်ပါတယ်။

ဘာကြောင့် ကိုယ်မှန်းထားသလောက် မအောင်မြင်ရတာလဲ❓

(၁) တခြားသူတွေကို အပြစ်တင်တတ်တာ🗣
သူများကို အပြစ်တင်တတ်ခြင်းရဲ့နောက်မှာ ဆင်ခြေဆိုတာ ကပ်ပါလာတတ်ပါတယ်။
ကိုယ်တာဝန်ကို မယူတတ်သရွေ့ကတော့ အောင်မြင်မှုကလဲ ကိုယ့်ဆီရောက်လာမှာ မဟုတ်ပါဘူး။
ရည်မှန်းချက်တော့ရှိပါရဲ့ ကိုယ်ထင်သလောက် ခရီးအရောက်နှေးနေတာဟာ ကိုယ့်တာဝန်ကို မယူဘဲ တခြားသူတွေအပေါ်အပြစ်ပုံချနေတတ်တဲ့ အကျင့်ကြောင့်ဆိုတာ သတိပြုသင့်ပါတယ်။

(၂) ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်တာ😞
အလုပ်ကိုပဲ ဖိလုပ်နေပြီး ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံနဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အမြန်ရောက်နိုင်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အလုပ်တွေကို စိတ်ဖိစီးမှုကင်းကင်းနဲ့ လုပ်နိုင်ပြီး လိုချင်တဲ့ ရည်မှန်းချက်ကို အမြန်ရောက်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်နေထိုင်သင့်ပါတယ်။
အိပ်ချိန်ကိုလဲ ဂရုစိုက်သင့်ပါသေးတယ်နော်။
လူသာ ကျန်းမာနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အရာတွေအကုန်လုံးကို ပုံဖော်နိုင်မှာအမှန်ပါပဲ။

(၃) Comfort Zone ထဲနေရတာကို သဘောကျနေတာ😴
လုပ်နေကျအရာတွေကိုပဲ ထပ်ခါတစ်လဲလဲ လုပ်နေပြီး အသစ်အဆန်းနဲ့ အပြောင်းအလဲကို လုပ်ရမှာကြောက်နေတယ်ဆိုရင် သေချာပါတယ် ⚠️Comfort Zone ထဲမှာ မိတ်ဆွေရောက်နေပါပြီ။
ပြောင်းလဲမှုတွေကို လက်မခံနိုင်ဘူးဆိုရင် ကိုယ်မှန်းထားတဲ့ အောင်မြင်မှုက ကိုယ့်ဆီဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
တစ်ခါမှ မရဖူးသေးတဲ့ အောင်မြင်မှုမျိုးကိုလိုချင်ရင် တစ်ခါမှ မလုပ်ဖူးသေးတဲ့ အရာတွေကို လုပ်တတ်အောင် ကြိုးစားသင့်ပါတယ်။

(၄) သင်ယူလေ့လာမှုတွေနဲ့ အဆင်ပြတ်နေတာ⛔️
အောင်မြင်တဲ့သူတွေဟာ သင်ယူလေ့လာမှုတွေကို အမြဲ ဆာလောင်နေကြသူတွေဖြစ်ပါတယ်။
အခြားသူတွေထက်လဲ အောင်မြင်မှုလမ်းကြောင်းပေါ်ကို စောလျှင်စွာ ရောက်ကြပြီး တခြားသူတွေကိုလဲ အောင်မြင်အောင် ပံ့ပိုးပေးနိုင်ကြပါတယ်။
ဒါ့ကြောင့် အောင်မြင်ချင်တယ်ဆိုရင် 📚ရာသက်ပန်ကျောင်းသား📚ဖြစ်နေဖို့ လိုအပ်ပါတယ်။

(၅) ဘာကိုလိုချင်လို့ လိုချင်မှန်းမသိဖြစ်နေတာ🤯
အောင်မြင်သူတွေမှာ သူတို့ရဲ့ နောက် (၆)လ (၁)နှစ်အတွင်း ရချင်တဲ့ 🏆ရည်မှန်းချက်ပန်းတိုင်ဆိုတာ အမြဲ သတ်မှတ်ထားလေ့ရှိပါတယ်။
ကိုယ်ဘာလိုချင်လို့ လိုချင်မှန်းမသိရင် အောင်မြင်မှုဆိုတာနဲ့လဲ လက်လှမ်းဝေးသွားနိုင်ပါတယ်။

ကိုယ် တကယ်ဖြစ်ချင်တာက ဘာလဲ📚
ကိုယ့်ရချင်တဲ့ အောင်မြင်ပုံစံမျိုးက ဘယ်လိုလဲ❓ ဆိုတာကို တိတိကျကျသိအောင် စဥ်းစားဆုံးဖြတ်ပြီး အစီအစဥ်ဆွဲထားသင့်ပါတယ်။

ခုချိန်ထိ မိတ်ဆွေဟာ
ကိုယ်လိုချင်နေတဲ့ အရာတစ်ခုခုကို လက်မလှမ်းနိုင်သေးဘူးဆိုရင် 👆အပေါ်က အချက်တွေကို သေချာပြန်ဖတ်ပြီး ကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။

Always Live with Passion

Pyay Khaing

31/05/2020

ပြိုင်ဘက်က ဓားသွေးကျောက်
👉ထက်တဲ့ဓားဖြစ်ပါစေ။

အဖေ..
အေးပြောသမီး..
ဟိုရွှေဆိုင် ကလေ..
တော်ပြီသမီးရေ..ဆက်မပြော နဲ့အုန်းဟ... အပြိုင်အဆိုင်ကိစ္စတွေ ပြောမလို့မဟုတ်လား❓

ဒါကဒီလိုကွဲ့
ဘယ်လောကမှာမဆို..နေရာရပြီးသား အောင်မြင်နေသူနဲ့ နေရာရဖို့ ကြိုးစားနေသူဆိုတာရှိနေကြတာဘဲလေ။
နေရာဖယ်မပေးချင်ရင်တော့ မှန်မှန်ကန်ကန်နဲ့ အသစ်သစ်တွေဖန်တီးကြ၊ ဝန်ဆောင်မှုတွေပေးကြ။
ဒါဘဲရှိတယ်။

လူချင်းပြိုင်လို့မရဘူးဟေ့ သမီး
ပြိုင်ရမှာက ဝီရိယ၊ စေတနာ၊ မှန်ကန်မှု၊ ဆက်ဆံရေး၊ အနစ်နာခံမှု၊ ရေရှည်အမြော်အမြင်။
ဒါတွေပဲ ပြိုင်ကြရမှာဟေ့..

အေးသမီးရေ …
ဘယ်လောကမှာမဆို အောင်မြင်လာရင် အပြိုင်အဆိုင်တွေ၊ ပြိုင်ဘက်ရှိရစမြဲပါဘဲဟေ့..ပြိုင်ဘက် ဟာရန်သူမဟုတ်ဘူးလေ။
ပြိုင်ဘက်ကို ဓားသွေးကျောက်လိုသဘောထားရမယ်သမီးရေ။

ဓား ထက်ဘို့အတွက် ဓားသွေးကျောက်နဲ့အပွတ်တိုက်ခံရမှ ထွက်တဲ့ဓားဖြစ်လာမှာပေါ့။
ဒီတိုင်းထားရင် သံချေးတက်မှာပေါကွယ်။

ရှေးတုန်းအပြိုင်တွေကြည့်ရအောင် …
ရှေးဇာတ်သဘင်လောကမှာဆို
​ရွှေမန်းနဲ့ မြို့တော် ပြိုင်ဘက်တွေ ရန်ဘက်တွေမဟုတ် ခုတော့လည်း မရှိကြတော့ဘူး။
ဘယ်သူနိုင်ခဲ့သလဲ ❓❓

ရှေးရုပ်ရှင်မှာဆို
ကောလိပ်ဂျင်နဲ့ ညွန့်ဝင်း၊ ကျော်ဟိန်း၊ နေအောင် ပြိုင်ဘက်တွေဘက်ပဲ။
ရန်သူတွေ မဟုတ်ခဲ့ပါဘူး။
ယခုတော့ သေသူသေ၊ ဘုန်းကြီးဝတ်သူဝတ်၊ ဒုက္ခိတဖြစ်သူဖြစ်၊ သာမန်လူလို့ဆက်လက်အသက်ရှင်သူ
ရှင်နဲ့ ဘယ်သူနိုင်ခဲ့သလဲ❓❓

ရှေးအဆိုရှင်လောကမှာဆိုရင်
မေရှင်၊ မာမာအေး၊ တင်တင်မြ၊ သန်းဖေလေး၊ တွံတေးသိန်းတန်၊ဟင်္သတထွန်းရင်၊ Play boyသိန်းနိုင်၊ မြန်မာပြည်သိန်တန် တို့ဟာ ပြိုင်ဘက်တွေ။
ရန်သူတွေမဟုတ်ပါဘူး။

အခုချိန်ပြန်ကြည့်တော့ ဘယ်သူနိုင်၊ ဘယ်သူရှုံးသလဲ❓❓

နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး လောကတွေမှာလဲ သူ့ပြိုင်ဘက်နဲ့သူတက်လာကြတာပါဘဲလေ။
သူနိုင်ကိုယ်နိုင်အပြိုင်ကြိုးစာကြရင်းနဲ့ အချိန်တစ်ခုရောက်ရင်တော့ သူ့နောက်ကလူစွမ်းကောင်းပေါ်လာရင်တော့ဆင်းပေးရင်း၊ ဆင်းပေးကြရင်းနဲ့ အားလုံးကိုအနိုင်ယူသွားတာဘယ်သူဖြစ်မလဲ❓

(အချိန်) ဆိုတဲ့ (ကာလ) ကသာအနိုင်ယူသွားမှာလေ။
လောလောဆယ် နိုင်ချင်ရင်တော့ အသွေးခံကြရမှာပဲပေါ့။

စာတစ်လုံးကြောင့် အသွေးခံနိုင်ကြပါစေ။

Credit : အောင်သမာဓိ
ဦးအောင်

28/05/2020

27.5.2020 _ Wednesday - (12:00) နာရီ
(Online Group) စျေးနှုန်းများ
ဂျုံ - 60 ပိဿာ - (ငါန်းဇွန်)သစ် - - -
ဂျုံ - 60 ပိဿာ- (ဆားတောင်)သစ်- - - 43000 / 45000
ဂျုံ - 60 ပိဿာ-(မုံရွာ/ ဘုတလင်)သစ်- - - 45000 / 46000 / 48000
ဂျုံ - 60 ပိဿာ - (တောင်ဘက်) သစ်- - - 43000 / 45000
ဂျုံ - 60 ပိဿာ - (မြင်းမူ)သစ် - - - 45000 / 48000
ဂျုံ - 60 ပိဿာ - (မြောင်)သစ် - - -45000 / 48000
ဂျုံ - 60 ပိဿာ - (ကလေး) သစ်- - -37000 / 40000
ဂျုံ - 60 ပိဿာ - (ရှမ်း) - - - 36000 / 37000
ဂျုံ - 60 ပိဿာ - (အထွက်တိုး)သစ် - - - 35000/ 37000
ဂျုံ - 60 ပိဿာ - (AUS) - - -52000/ 52500
ဂျုံ - 1 ပိဿာ - (ဖွဲ) - - - 450 / 460
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကုလားပဲ-56.25 ပိဿာ-(ထိုင်ဝမ်)-သစ်-66000/ 66500/ 67000
ကုဖြူကြီး-57.25 ပိဿာ- (V2)(သစ်)- 73000/ 73500
ကုဖြူကြီး - 57.25 ပိဿာ - (V7)(သစ်)- 70000
ကုလားပဲ-56.25 -ပိဿာ-(929)(သစ်)-71000/ 71500/ 72000
ကုဖြူကြီး- 57.25 ပိဿာ - (V9) - -
ကု လားပဲခြမ်း - 1 ပိဿာ -(ထိုင်ဝမ်)-1700
ကုလားပဲခြမ်း - 1 ပိဿာ -(V2)- - -1650
ကုလားပဲခြမ်း - 1 ပိဿာ -(V7) - - - 1600
ကုလားပဲ ခြမ်း - 1 ပိဿာ -(929) - -1760
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
မတ်ပဲ - 60 ပိဿာ-(သစ်)- 90000/ 91000
မတ်ပဲ - 60 ပိဿာ (ရေသွင်း) -
မတ်ပဲ - 1 ပိဿာ- (လုံး/ ချွတ်) - -
မတ်ခြမ်း - 1 ပိဿာ - (ခွံပါ) - - -
မတ်ခြမ်း - 1 ပိဿာ -( ခွံလွတ်)- - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲစင်းငုံ(ဖြူ )-60 ပိဿာ-(သစ်)-70000
ပဲစင်းငုံ(နီ)-60 ပိဿာ-(သစ်)-68500
ပဲစင်းငုံ - 60 ပိဿာ - (ကြား)-
ပဲစင်းငုံခြမ်း - 1 ပိဿာ - - -
ပဲစင်းငုံလုံး - 1 ပိဿာ - (ခွံချွတ်) - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
စားတော် - 59.25 ပိဿာ-(တရုတ်-ကနေဒါ )-60000/ 61000
စားတော် - 59.25 ပိဿာ-(သက်လတ် )-
စားတော် - 59.25 ပိဿာ - (ကျွန်း) -(သစ်)- 75000/ 77000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲလွန်းပြာ - 54.25 ပိဿာ - (သစ်)- 60000/ 62000/ 65000
ပဲလွန်းဖြူ - 60 ပိဿာ -(သစ်)-
မြေထောက်ပဲ - 54 ပိဿာ(သစ်) -85000/ 88000/ 90000/ 96000
တရုတ်ပဲကြီး- 50 ပိဿာ -(သစ်)- 108000/ 110000
နိုင်လွန်ပဲ/ ပုဂံပဲ - 59.25 ပိဿာ -(သစ်)- 108000/ 110000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲတီစိမ်းရွှေဝါ-56.25 ပိဿာ- (4.0above)-
ပဲတီစိမ်းရွှေဝါ-56.25 ပိဿာ- -(ခရမ်း)-
ပဲတီစိမ်းရွှေဝါ-56.25 ပိဿာ-(လမ်း)-
ပဲတီစိမ်း- 56.25 ပိဿာ(ကြီး)-(ညာ) (သစ်)(1) 110000/ 111000/ 120000
ပဲတီစိမ်း - 56.25 ပိဿာ - (သေး) -
ပဲတီစိမ်း - 56.25 ပိဿာ - -( ခွဲပဲ)-
ပဲတီခြမ်း - 1 ပိဿာ - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲရာဇာ - (၃တင်း = ၆၁.၂၅ ပိဿာ)-
ရာဇာခြမ်း - 1 ပိဿာ - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲကြီး - 55.25 ပိဿာ - (က)သစ် - 88000/ 90000
ပဲကြီး - 56.25 ပိဿာ - (လ)သစ်- 80000/ 82000/ 83000
ပဲကြီး - 55.25 ပိဿာ - (သ)(သစ်)- 65000/ 68000/ 70000
ပဲကြီး - 55.25 ပိဿာ - (ရှမ်း-သစ်)-
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲထောပတ် - 56.25 ပိဿာ-(ဂေါက်)-
ပဲထောပတ် - 56.25 ပိဿာ-(က)- 56000/ 57000
ပဲထောပတ် - 56.25 ပိဿာ-(လ)-54000
ပဲထောပတ် - 56.25 ပိဿာ-(သေး)- 52000/ 53000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲပုတ်(ကာဘိုး)-53.25 ပိဿာ-
ပဲပုတ် (ရှမ်း) - 53.25 ပိဿာ -47000/ 49000/ 51000
ပဲပုတ် (ဗမာ) -53.25 ပိဿာ- -58000/ 60000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲယင်း - 60 ပိဿာ - (ကြီး) သစ် - 55000/ 56000
ပဲယင်း - 60 ပိဿာ - (သေး) သစ် - 54000/ 55000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
နံနံစေ့- (1)တင်း -(သစ်)- 11500/ 12000
မုန့် ညှင်းစေ့ - 1 ပိဿာ-(ကြီး)-1250/ 1300/ (သေး)- 1000/ 1050
စမုန်နက် - 1 ပိဿာ - 4000
စမုန်စပါး - 1 ပိဿာ- 2000
- - - - - - - - - - - - - - - - - - - - - - - - - - - - - --
ကြက်ဆူ (ရှမ်း/ဗမာ) - - - 36 ပိဿာ - 45000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
နှမ်းဖြူ - 45 ပိဿာ - သစ် (1)-125000/ 128000
(2)-
(3)-
နှမ်းဖြူ(Japan)-133000/ 135000
ဆောင်းနှမ်းနက်- 45 ပိဿာ- - -
နှမ်းနက်(ရိုးရိုး) - 45 ပိဿာ- -
နှမ်းနက်(စမုန်) -45 ပိဿာ - - -(1)- 210000/ 205000
(2)-190000/ 200000
(3)-
နှမ်းညို - - -45 ပိဿာ - (သစ်)-117000/ 118000
နှမ်းနီ- - - 45 ပိဿာ -
ယော-နှမ်းဝါ- - -45 ပိဿာ-
နှမ်းဝါ(ရှပ်) - 45 ပိဿာ
နှမ်းကြား - 45 ပိဿာ - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ပန်းနှမ်း - 45 ပိဿာ - - -70000
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲနီပြား -55 ပိဿာ-(သစ်)- 58000/ 59000/ 60000
ပဲကြား -56.25 ပိဿာ-(သစ်)- 48000
ပဲဇီးကွက်- 58.25ပိဿာ- -(သစ်)-52000/ 52500
စွန်တာပြာ - 58.25 ပိဿာ( ရိုးရိုး)-(သစ်)- 50000/ 51500
စွန်တာပြာ - 58.25 ပိဿာ( ကသဲ)-(သစ်)- 53000
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပြောင်းဖူး - 54 ပိဿာ - (ဗမာ) - -
ပြောင်းဖူး - 54 ပိဿာ (ရှမ်း)- - 26000/ 26500
ပြောင်းဖူး - 54 ပိဿာ (cp)- - 26000/ 26500/ 27000
အထွက်တိုးပြောင်း(နီ) - 53 ပိဿာ - -
အထွက်တိုးပြောင်း(ဖြူ) - 53 ပိဿာ - - -
ဆန်ပြောင်း - 59.25 ပိဿာ - - -
ခွန်ပြောင်း - 53 ပိဿာ - - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လှော်နေကြာ - - - -
ဆီနေကြာ - 27 ပိဿာ - - -35000
ဘိလပ်စေ့ - 45 ပိဿာ(သစ်) - - -
ဘိုကေပဲ - 52 ပိဿာ - - 165000/ 167000
ပဲချဉ်ပေါင်- 45 ပိဿာ - -
- - - - - - - - - - - - - - - - - - - - - - - - - - -
S1လုံးဆံ -(သစ် )1 ပိသာ- 2850/ 2900/ 3000/ 3050/ 3100
S1လုံးဆံ (မြင်းမူ)- - 2850/ 2900/ 3000/ 3050/ 3100
အနီလုံးဆံ - 2900/ 3000/ 3200/ 3300
အနီလုံးဆံ (ရှမ်း)- -2800/ 2850
Mတွဲလုံးဆံ 1 ပိဿာ - - 2750/ 2800/ 2950
ပြန့်လုံးဆံ -1 ပိဿာ-
Mတွဲဆီဆံ -1 ပိဿာ-
S1ဆီဆံ - - 2550/ 2600/ 2650
S1ဆီဆံ (လယ်ဝေး)- - -
S1ဆီဆံ -(နတ်မောက်)- - -
S1ဆီဆံ -(မြင်းမူ)- - -
ပြန့်ဆီဆံ- - -
အနီဆီဆံ - -
အနီဆီဆံ(တစ်ပေါက်ကျ)- -
ရှမ်းဆီဆံ -1 ပိဿာ - - -
အညာဆီဆံ - - -
ဗန်းမော် ဆီဆံ-1ပိဿာ - - -
S1ရွေးဆံ - - - 2800/ 2825
အနီရွေးဆံ - - - 2800/ 2850/ 3000
Mတွဲရွေးဆံ - - -
ရှမ်း- ရွေးဆံ - 1 ပိဿာ - -
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပဲဆီ - 1 ပိဿာ - - -6500
ပဲဖတ် - 1 ပိဿာ - - 930
နှမ်းဆီ - 1 ပိဿာ - - - 6500
နှမ်းဖတ် - 1 ပိဿာ - -860/ 1000/ 1100
မုန့်ညှင်းဆီ - 1 ပိဿာ - - -
မုန့်ညှင်းဖတ် - - - 560/ 570
နေကြာဆီ - - - 5000
နေကြာဖတ်- - 460/ 470
ပဲပုတ်ဆီ - -
ပဲပုတ်ဖတ်- - -
စားအုန်းဆီ -1540
မှတ်ချက် ။ ။ အသင်းကြီး၏ အရောင်းအဝယ် ( Online Group )- မှ စုံစမ်းရရှိသော ဈေးနှုန်းများဖြစ်ပါသည်။

မန်းလေး ကုန်သည်၊ ပွဲစား၊ စက်ပိုင်၊ ကထိိန်တော်အသင့် page မှ ကူးယူဖော်ပြသည်

27/05/2020

#မရဘူး_မရှိဘူး_မဖြစ်နိုင်ဘူး_မလွယ်ဘူး_မလုပ်ပါနဲ့တော့။

• ပြောင်းလဲလာတဲ့စျေးကွက်အနေအထားအရစက်သုံးဆီဆိုင်တွေရဲ့ ယခင် နဲ့ ယခု အခြေအနေတွေပါ။

၁။ ယခင် ဆီစာအုပ် လိုအပ်တယ်။
ယခု ဆီစာအုပ် #လုံးဝမလိုအပ်။

၂။ ယခင် သတ်မှတ်ဂါလံအတိုင်းသာ ဝယ်ယူနိုင်။
ယခု #ကန့်သတ်ချက်မရှိ လိုအပ်သလို ဝယ်ယူနိုင်။

၃။ ယခင် သတ်မှတ်ရက်တွင်သာ ဝယ်ယူနိုင်။
ယခု #နေ့စဉ်ရက်တိုင်း ဝယ်ယူနိုင်။

၄။ ယခင် သတ်မှတ်ဆိုင်တွင်သာဝယ်ယူနိုင်။
ယခု #ကြိုက်နှစ်သက်သည့်ဆိုင် တွင် ဝယ်ယူနိုင်။

၅။ ယခင် သတ်မှတ်အချိန်တွင်သာ ဝယ်ယူနိုင်။
ယခု #ကြိုက်နှစ်သက်သည့်အချိန် ဝယ်ယူနိုင်

၆။ ယခင် နယ်မြို့ကျော်လျှင် ဝယ်ခွင့်မပြု။
ယခု #နိုင်ငံအနှံ့မြို့နယ်တိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်။

၇။ ယခင် သတ်မှတ်နေရာအရောက် ပို့ဆောင်မှုမှုမရှိ။
ယခု #လိုအပ်သည့်နေရာအရောက် ပို့ဆောင်မှုရှိ။

၈။ ယခင် အရောင်းမြှင့်တင်ခြင်း အစီအစဉ်အရှိ။
ယခု #စွဲမက်ဖွယ်အရောင်းမြှင့်တင်ခြင်း အစီအစဉ်ရှိ။

၉။ ယခင် သတ်မှတ်စျေးနှုန်း တည်ငြိမ်မှုရှိ။
ယခု #အချိန်တိုင်းစျေးနှုန်းပြောင်းလဲမှုရှိ။

၁၀။ ယခင် ဆိုင်အခင်းအကျင်း ဆွဲဆောင်မှုအားနည်း။
ယခု #နည်းပညာမျိုးစုံဖြင့်ဆွဲဆောင်မှု ပြုလုပ်။

• စီးပွါးရေးလုပ်ငန်းတစ်ခုက လွန်ခဲ့တဲ့(၅)နှစ်ကအတိုင်းမ
ပြောင်းမလဲပဲ ဒီအနေအထားတိုင်းဆက်လက်ရှိနေမယ်ဆိုရင် သင်ဒီစျေးကွက်ထဲကနေထွက်သွားရလိမ့်မယ်လို့ ကမ္ဘာ့မားကင်းတင်းဂုရုကြီး က ပြောကြားခဲ့ဘူးတယ်။

• သင့်စီးပွါးရေးလုပ်ငန်းကောဘာတွေများပြောင်းလဲသွားခဲ့ပြီလဲ။

#မျှော်လင့်ထားတာထက်ကျော်လွန်ပြီးပေးစွမ်းပါ။

(မည်သူမဆိုလွတ်လပ်စွာကူးယူဝေမျှနိုင်ပါတယ်။)

• ၂၇ - ၅ - ၂၀၂၀ရက်နေ့ ၊ ညနေ ၇ : ၀၀နာရီ

• #ဦးတင်ဇံကျော်
President & Founder



အရှုံး မပေးကြသူများCredit
24/05/2020

အရှုံး မပေးကြသူများ

Credit

 #ပြောင်းလဲလာတဲ့ခေတ်ရဲ့ဒစ်ဂျစ်တယ်လုပ်ငန်းခွင်။(၁) သာမန် ရုံးချိန် နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအလုပ်လုပ်ခြင်းထက်  #အခ...
24/05/2020

#ပြောင်းလဲလာတဲ့ခေတ်ရဲ့ဒစ်ဂျစ်တယ်လုပ်ငန်းခွင်။

(၁) သာမန် ရုံးချိန် နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအလုပ်လုပ်ခြင်းထက် #အချိန်မရွေးအလုပ်လုပ်နိုင်ခြင်း။

(၂) ရုံးတွင်းမှာသာ အလုပ်လုပ်နိုင်ခြင်းထက် #နေရာမရွေးအလုပ်လုပ်နိုင်ခြင်း။

(၃) ရုံးတွင်း ကွန်ပျုတာနှင့်သာ အလုပ်လုပ်နိုင်ခြင်းထက်
#မည်သည့်ကွန်ပျုတာနှင့်မဆိုအလုပ်လုပ်နိုင်ခြင်း။

(၄) အောင်မြင်မှုကို တစ်နေ့ဘယ်နနာရီ အလုပ်လုပ်နေလဲ ဆိုတာနဲ့ တိုင်းတာခြင်းထက် #ဘာတွေပြီးမြောက်အောင်မြင်သွားလဲဆိုတာနဲ့တိုင်းတာခြင်း။

(၅) ကုမ္ပဏီက ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းများကို လိုက်နာခြင်းထက် #ကိုယ်တိုင်စည်းမျဉ်းစည်းကမ်းများချမှတ်ကိုယ့်ကိုယ်ကိုတိုင်းတာပြီးအကဲဖြတ်ဝေဖန်ခြင်း။

(၆) အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းများကို စောင့်မျှော်နေခြင်းထက် #စဉ်ဆက်မပြတ်လေ့လာသင်ယူပြီးအခွင့်အလမ်းသစ်များကိုကိုယ်တိုင်ဖန်တီးနိုင်ခြင်း။

(၇) ကြိုတင် သတ်မှတ်ထားတဲ့ အလုပ်တွေကို သာလုပ်နေခြင်းထက် #ဝယ်သူစိတ်တိုင်းကျအောင်ပြောင်းလဲလုပ်ဆောင်ပေးနိုင်ခြင်း။

(၈) ဗဟုသုတ အသိပညာတွေကို သိုဝှက် သိမ်းဆည်းထားခြင်းထ
က် #ဝေမျှပြီးကိုယ်တိုင်လည်းအသစ်အသစ်သောအရာတွေကိုဆက်လက်သင်ယူနေနိုင်ခြင်း။

(၉) အတွေးသစ်၊ အမြင်သစ်တွေရှိပါလျက် ရေငုံနှုတ်ပိတ်မနေဘဲ #အသင်းအဖွဲ့နဲ့ဝေမျှဆွေးနွေးအကောင်အထည်ဖော်လုပ်ဆောင်ကာခေါင်းဆောင်ဖြစ်လာခြင်း။

(၁၀) အီးမေးလ်ကိုပဲ အမှီသဟဲ ပြုနေခြင်းထက်
#ပိုမိုထိရောက်မြန်ဆန်တဲ့နည်းပညာတွေကိုတိုးချဲ့အသုံးပြုနိုင်ခြင်း။

(၁၁) အသိပညာ ဗဟုသုတတွေကို ရှာဖွေစုဆောင်းခြင်းထက် #အသိပညာဗဟုသုတတွေကိုသင့်တော်သလိုလက်တွေ့မှာပြန်လည်အသုံးချနိုင်ခြင်း။

(၁၂) ဆရာရှိမှ သင်တန်းတက်မှ လေ့လာသင်ယူနိုင်ခြင်းထက် #ဖုန်း
တစ်လုံးနဲ့ပင်စိတ်ဝင်စားသောအရာများကိုလေ့လာသင်ယူနိုင်ခြင်း။

• အစရှိတဲ့ ဒီဂျစ်တယ်ခေတ်မှာ ဈေးကွက်လိုအပ်ချက်
တွေအရဖြည့်ဆည်းပေးနိုင်ဖို့ အားအင်ပြည့်ဝတဲ့ လုပ်ငန်းလည်ပတ်ပုံတွေကို စိတ်အားထက်သန်စွာ ပြောင်းလဲရမယ့် အချိန်ပါ။

• COVID-19 ကြောင့်သာ မြန်မာနိုင်ငံ လုပ်ငန်းအများစုမှာ ဒီဂျစ်တယ် အလုပ်လုပ်ပုံတွေ အခုမှသာ လုပ်ငန်းအများစုက စတင် အသုံးပြုနေပေမယ့် အမေရိကန်နိုင်ငံမှာတော့ အင်တာနက် နဲ့ World Wide Web စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကတည်းက ဒီဂျစ်တယ် အလုပ်လုပ်
ပုံတွေနဲ့ ပြောင်းလဲလုပ်ဆောင်ခဲ့တာပါ။

• အမှန်တကယ်အလုပ်တွင်ကျယ်တဲ့ ဒီဂျစ်တယ် လုပ်ငန်းခွင်ကိုအမှီလိုက်နိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းစီက စတင်ပြီး အဖွဲ့အစည်းတစ်ခုလုံးပြောင်းလဲဖို့လိုအပ်ပါတယ်။

• အလုပ်မဖြစ်တော့တဲ့ နည်းလမ်းဟောင်းတွေကို ခေါင်း
မာစွာ ဖက်တွယ်မထားသင့်တော့ဘဲ စိတ်အားထက်သန်
စွာနဲ့ လိုက်လျောညီထွေ ပြောင်းလဲလုပ်ဆောင်နိုင်ကြဖို့၊ အားအင်ပြည့်ဝစွာ အလေအလွင့်မရှိ လုပ်ငန်းလည်ပတ်နိုင်ကြဖို့ရာ အကြံပြုရေးသားတင်ပြလိုက်ရပါတယ်။

Ref : Forbes Business Magazine / Digital Workplace
: The Evolution of Employees

Credit:

Tin Zan Kyaw
President & Founder
Device Consulting Group

“ စမတ်ကျကျဈေးဝယ်တတ်အောင် ကလေးကို ငယ်ငယ်တည်းက ဘယ်လိုသင်ပေးမလဲ” ဈေးဝယ်ခြင်းဆိုတာလည်း အနုပညာတစ်ခုပါပဲ။ဝယ်လိုက်တဲ့ ပစ္စည်းတစ...
23/05/2020

“ စမတ်ကျကျဈေးဝယ်တတ်အောင် ကလေးကို ငယ်ငယ်တည်းက ဘယ်လိုသင်ပေးမလဲ”

ဈေးဝယ်ခြင်းဆိုတာလည်း အနုပညာတစ်ခုပါပဲ။
ဝယ်လိုက်တဲ့ ပစ္စည်းတစ်ခုလက်ထဲရောက်လာချိန် ၊ ဖွင့်ကြည့်လိုက်ချိန် ၊ ပစ္စည်းအသစ် ရဲ့ အနံ့လေးရလိုက်ချိန် ပျော်ရွှင်ရတဲ့ ခံစားချက်မျိုးက ဘာနဲ့မှမတူပါဘူး။

ဒီပစ္စည်းတစ်ခုရဖို့ မိမိငွေတွေ၊ အချိန်တွေ ရင်းနှီးခဲ့ရတယ်ဆိုတာကိုတောင် မေ့သွားစေလောက်အောင် စိတ်တိုင်းကျစေဖို့ဆိုတာမှာ လူပေါင်းများစွာရဲ့ အားထုတ်မှုတွေလိုပါတယ်။
ထုတ်လုပ်သူ၊ ရောင်းချသူ၊ သယ်ယူပို့ဆောင်ပေးသူ၊ ကြော်ငြာသူ စသည်ဖြင့်ပေါ့။
ဒါပေမဲ့ အခရာအကျဆုံးကတော့ ဒီပစ္စည်းကို ဝယ်ယူသူပါပဲ။
“ဝယ်သူမရှိရင် ဈေးမမည်ပါဘူး”။

မိမိကိုယ်တိုင်စိတ်တိုင်းကျမဲ့ ပျော်ရွှင်စေမဲ့ ကုန်ပစ္စည်းတစ်ခုဝယ်မိဖို့ဆိုရင် ရိုးရိုးပြောရရင်တော့ “ဈေးဝယ်တတ်ဖို့”
ကဗျာဆန်ဆန်ပြောရရင်တော့ “ဈေးဝယ်ခြင်းအနုပညာကိုခံစားနားလည်တတ်ဖို့” ပဲဖြစ်ပါတယ်။

ဈေးဝယ်ခြင်းကို ခေတ်အဆက်ဆက် အမျိုးသမီးတွေလုပ်ရတဲ့ အလုပ်လို့ ယူဆခဲ့ကြပါတယ်။
တကယ်တော့ အမျိုးသမီးမှ မဟုတ်ပါဘူး။
လူသားမှန်ရင် အားလုံးဈေးဝယ်တတ်ဖို့လိုပါတယ်။

အသေးဆုံး မီးဖိုချောင်သုံး ဆားတစ်ထုပ်ကစလို့ အကြီးဆုံး ရတနာရွှေငွေ၊ ကားနဲ့ တိုက်တာအိမ်ခြံမြေတွေ အထိ ဝယ်တတ်တယ်.. အကောင်းအဆိုးခွဲခြားတတ်တယ်..လိမ်ညာလှည့်ပတ်ခြင်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ရှောင်ရှားတတ်တယ်ဆိုတာမျိုးဖြစ်ဖို့ “မဟာအသိဉာဏ်”ကြီးမလိုပါဘူး။
ဒါပေမဲ့ ငယ်ငယ်တည်းက လေ့ကျင့်ပေးထားဖို့တော့လိုပါတယ်။

ဘယ်လိုလေ့ကျင့်ပေးကြမလဲ ??

- Pretend Play က စတင်ပါ
ကလေးတွေငယ်စဉ်မှာ အကြိုက်ဆုံးကစားနည်းထဲမှာ ဈေးရောင်းတမ်းဆော့တာက ထိပ်ဆုံးက ပါပါတယ်။
ပိုက်ဆံအတု၊ ပစ္စည်းအတုလေးတွေနဲ့ ဟန်ဆောင်ဆော့နေတဲ့ ကစားနည်းတစ်ခုက ကလေးတွေရဲ့ စီးပွားရေးဘဝ၊ လုပ်ငန်းရှင်ဘဝ အစပါပဲ။
ဒီကစားနည်းကို ပိုယုတ္တိရှိရှိဆော့တတ်ဖို့တော့ လူကြီးအကူအညီလိုပါတယ်။

ဝယ်သူ၊ရောင်းသူ၊ငွေကြေးနဲ့ ပစ္စည်းအပြင် စနစ်တကျတွက်ချက်မှုတွေ၊ ကုန်ပစ္စည်းမှာယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အတုအစစ်ခွဲခြားဖို့ လိုအပ်ပုံ၊ ပစ္စည်းတစ်ခုမဝယ်ခင် စနစ်တကျ လေ့လာသင့်ပုံ ၊ Customer service အရေးကြီးပုံ၊ စားသုံးသူအခွင့်အရေးစတာတွေကို ကလေးတွေရဲ့ ဈေးရောင်းတမ်းကစားနည်းမှာ ထည့်သွင်းအသုံးချပေးတတ်ဖို့လိုပါတယ်။

- ကလေးတွေကို တတ်နိုင်သမျှ နေရာပေးပါ
အွန်လိုင်းကဖြစ်စေ၊ အပြင်ကဖြစ်စေ ဈေးဝယ်တော့မဲ့ အချိန်တွေမှာ တတ်နိုင်သမျှကလေးကိုအသိပေးပါ။
သူ့အတွက်လိုအပ်ချက်ကို သူ့ဟာသူတတ်နိုင်သမျှ စဉ်းစားခိုင်းပါ။
ဒီနေရာမှာလည်း အောက်မှာဆက်ဖော်ပြမဲ့ Needs or Wants ကစားနည်းကို အသုံးချလို့ရပါတယ်။

- Needs or Wants Game
Smart Shopping ဆိုတဲ့ ဈေးဝယ်ခြင်း အနုပညာရဲ့ အသက်က လိုချင်တာနဲ့ လိုအပ်တာခွဲခြားဝယ်ယူနိုင်စွမ်းဖြစ်ပါတယ်။
ငွေများများသုံးလိုက်တိုင်း ပစ္စည်းတွေများများရလာတိုင်း.. Discount items တွေ ရှာဖွေဝယ်ယူနိုင်တိုင်း Smart Shopping လို့ ပြောလို့မရပါဘူး။
ဒီတော့ ဈေးဝယ်စာရင်းလုပ်တိုင်း၊ ဈေးဝယ်သွားတိုင်း ကလေးရော မိမိကိုယ်တိုင်ပါ ဒါတကယ်လိုအပ်ရဲ့လားဆိုတာ ပြန်တွေးရပါမယ်။
တတ်နို်ငသမျှကလေးကို ဈေးဝယ်ခြင်းမှာ ပါဝင်ခိုင်းပါ။

ကလေးငယ်တွေဆိုရင် ဂိမ်းတစ်ခုလို တူတူဆော့ပေးပါ။
သုံးမဲ့ ငွေပမာဏထက် ဈေးဝယ်စာရင်းကို ပိုများထားပြီး တကယ်မလိုတာဘာလဲ ပြန်ရွေးပြီး လျှော့ခိုင်းတဲ့ ကစားနည်းမျိုးက ကလေးတွေကို ပိုSmart ဖြစ်လာစေမှာပါ။
ကြီးလာတဲ့ အခါမှာလည်း impulse ဆိုတဲ့ စိတ်ခံစားမှုကို မထိန်းနိုင်ဘဲ မြင်သမျှအကုန်ဝယ်ချင်တဲ့ buying disorder လို ပြဿနာမျိုးကို ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

- သင်္ချာနဲ့ အတွက်အချက်
စားသောက်ဆိုင်မှာ ငွေရှင်းတာဖြစ်စေ၊ ဈေးဝယ်သွားချိန် ငွေရှင်းတာဖြစ်စေ ကလေးကို ထပ်တွက်ချက်စစ်ဆေးခိုင်းပါ။
သိပ်မခက်ခဲတဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ receipts စာရွက်တွေကနေစတင်ပါ။
အတွက်အချက်ပိုတိုးတက်လာစေသလို သူ့ကိုပေးတဲ့ ယုံကြည်မှုက သူ့ကိုယ်သူယုံကြည်တဲ့ Self Confidence အဖြစ်ပြောင်းလဲသွားစေမှာပါ။

- သင်ပေးပါ

ပိုက်ဆံဆိုတာ ကဒ်ထဲမှာရှိတယ်၊ ATM စက်ထဲမှာ ရှိတယ်ဆိုတဲ့ အသိလောက်မှာရပ်မနေစေဘဲ ပိုက်ဆံရဖို့ အလုပ်လုပ်ရတယ်.. ပိုက်ဆံမရှိရင် ဈေးဝယ်လို့မရဘူးဆိုတဲ့ အခြေခံအသိတရား ရအောင်သင်ပေးပါ။
မုန့်ဖိုးကို စုဆောင်းထားပြီးမှ သူကိုယ်တိုင်လိုချင်တာဝယ်စေတာမျိုး လုပ်ပေးပါ။
ဒီအခါမှာ အလုပ်ရဲ့ အရေးကြီးပုံ၊ စုဆောင်းခြင်းရဲ့ တန်ဖိုးတွေကို ကြီးတဲ့အထိနားလည်လာပါလိမ့်မယ်။

စီးပွားရေးနဲ့ ပတ်သတ်တဲ့ အသိအမြင်တွေ၊ စာရင်းကိုင်နည်းတွေ၊ ဥပဒေတွေ၊ တွက်ချက်နည်းတွေကိုလည်း
အသက်အရွယ်အလိုက် တစ်ဆင့်ဆီ သင်ပေးသွားပါ။

ဘယ်စီးပွားရေးနယ်ပယ်အတွက်မဆို အခြေခံသိထားသင့်တဲ့ အရာတွေအကုန်သင်ပေးထားပါ။
မိဘကိုယ်တိုင် မသိတဲ့အရာဆိုရင် ကျွမ်းကျင်သူတွေ၊ သင်တန်းတွေ၊ အွန်လိုင်းပို့ချမှုတွေရဲ့ အကူအညီယူပါ။
စီးပွားရေး၊ငွေကြေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ကလေးတွေကို ငယ်ငယ်တည်းက စိတ်ဝင်စားတတ်အောင် ပြောပြပါ။
ဒီလိုသင်ကြားခဲ့တာတွေအားလုံးက ကလေးတစ်ယောက်ကို ဈေးဝယ်တတ်စေရုံတင်မကဘဲ ဘဝတစ်သက်စာအောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေအထိပါ ခေါ်ဆောင်သွားမှာပါလို့ ယုံယုံကြည်ကြည် တိုက်တွန်းလိုက်ရပါတယ်။
ကဲ...ခုပဲ စလေ့ကျင့်ပေးလိုက်ကြရအောင်..

Credit: Tin Zan Kyaw

22/05/2020

ဘာစီးပွားရေးတွေ လုပ်သင့်လဲ
ကြည့်ကြည့်

21/05/2020

#တစ်သက်လုံးတန်ဖိုးထားသင့်တဲ့လူ(၆)မျိုး။

#ကျေးဇူးတရား။

(၁) #ငွေချေးပေးသူ။

• ငွေဆိုတာ တစ်ပြားတစ်ကျပ်ပဲဖြစ်ပါစေ သွေးနဲ့ချွေးနဲ့ ရင်းရတာမို့ လူတိုင်းတန်ဖိုးထားကြပါတယ်၊ ဒါကြောင့် ငွေချေးပေးသူဟာ သင့်ကို သိပ်တန်ဖိုးထားယုံကြည်လို့ပါ။

(၂) #ပေးကမ်းရက်ရောသူ။

• သင့်ဆီက ဘာမှ မမျှော်လင့်ဘဲ ရက်ရက်ရောရောပေးတတ်သူက ပစ္စည်းတွေပေါလွန်းလို့တော့ မဟုတ်ပါဘူး၊
သင့်အပေါ် စေတနာ မေတ္တာရှိလို့ပါ။

(၃) #အကျိုးအမြတ်ရပိုင်ခွင့်တွေကိုထည့်သွင်းစဉ်းစားပေးသူ။

• ထုံအလို့တော့ မဟုတ်ပါဘူး၊ သင်နဲ့အတူ မျှဝေခံစားလိုတဲ့ စိတ်ရင်းစေတနာ ရှိလို့ပါ။

(၄) #အလုပ်အတူတူလုပ်တဲ့အခါပိုလုပ်တတ်တဲ့သူ။

• နုံအလို့တော့ မဟုတ်လောက်ပါဘူး၊ တာဝန်သိစိတ် တာ
ဝန်ယူစိတ် အပြည့်ရှိလို့ပါ။

(၅) #ဘေလ်အရင်ရှင်းပေးသူ။

• သိပ်ချမ်းသာလို့ မဟုတ်ပါဘူး၊ ခင်မင်လေးစားမှုကို ငွေထက်ပိုပြီး တန်ဖိုးထားလို့ပါ။

(၆) #သင့်ကိုကူညီသူ။

• ကူညီပေးဖို့ အကြွေးတင်နေလို့ ပြန်ကူညီတာမျိုးမဟုတ်ပါဘူး၊ မိတ်ဆွေသူငယ်ချင်း အရင်းလို သတ်မှတ်လို့ပါ။

• ဒီလို လူ (၆) မျိုးနဲ့ တွေ့ခဲ့ရင် တသက်လုံး ရင်းနှီးခင်မင်
သူကျေးဇူးရှိသူအဖြစ် သတ်မှတ်ပေါင်းပါ၊ သစ်ပင်ရိပ်
ကို နားခိုပြီးရင်တောင် အရိပ်နေနေ အခက်ချိုးချိုး မလုပ်
သင့်ပါဘူး၊ ကျေးဇူးတရားကို သိရတယ် လို့ ဆုံးမခဲ့ကြပါတယ်။

• ဒါကြောင့် ကျေးဇူး သိတတ်ပါ၊ တန်ဖိုး ထားပါ၊ ကျေး
ဇူးဆပ်ခွင့် ရရင် ပြန်ဆပ်ဖို့မမေ့ပါနဲ့။

• ဘဝတစ်လျှောက် မိမိအပေါ်ကျေးဇူးရှိခဲ့ဘူးသော မိတ်
ဆွေများအားလုံးကို တန်ဖိုးထားလေးစားလျက် . . .

Ref : 6 Types Of People To Cherish Forever


U Tin Zan Kyaw
President & Founder
Device Consulting Group

16/05/2020

#ရောင်းသူ_ဝယ်သူ_အပြုအမှု_အချို့။

• ရောင်းကုန်တစ်မျိုးထဲအော်ရောင်းတာတွေ့တော့အစုံရောင်းပါလားဆီုမရောင်းချင်ကြဘူး။

• စျေးပေါတယ်ထင်ရင်သိမ်းကြုံးဝယ်၊ရောင်းသူရဲ့အလှည့်ဖျားခံနေရတာကိုလုံးဝမသိတော့ပဲကျေကျေနပ်နပ်ပေး
နေကြလေရဲ့။

• စျေးဆစ်တာအရမ်းဝါသနာထုံ၊စျေလျော့ပေးရင်ကျေ
နပ်နေလေတော့စျေးတင်ထားတာကျသူတို့မသိရှာဘူး။

• မလိုအပ်ပဲစျေးဝယ်အချိန်တွေအများကြီးယူတော့အ
ခြားအခွင့်အလမ်းစရိတ်တွေနစ်နာဆုံးရှုံးနေတာကျတော့သူတို့သိရှာဘူး။

• အဝတ်အစားအကောင်းဆုံး၊အလှဆုံးပြင်ဆင်ပြီးစျေးဝယ်ထွက်ကြတော့နောက်ဆုံးစျေးကြီးကြီးနဲ့ပစ္စည်းတွေပေးဝယ်လိုက်ရတာကိုတော့သူတို့မသိကြပြန်ဘူး။

• စျေးဝယ်ရင်ငွေစက္ကူအစုတ်ဆုံး၊အကြွေအစုတ်အပြတ်ပေးပြီးရောင်းသူဆီကကျတော့ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုအကောင်းဆုံးလိုချင်ကြတယ်။

• စျေးဝယ်အချို့စျေးရောင်းတဲ့သူတွေကိုအထင်အမြင်သေးချင်နှိမ်ချင်ကြတာသူ့အဆင့်အတန်းသူပြနေတာမသိရှာကြဘူး။

• ဖြစ်နိုင်ရင်အကြွေးဝယ်ချင်ကြသလိုအကြွေးပေးပြန်တော့လည်းသတ်မှတ်ရက်ပြန်မဆပ်ချင်ကြပြန်ဘူး။

• အလှုပ်ရှုပ်တယ်ထင်ရင်ငွေပိုရလည်းစျေးမရောင်းချင်ကြပြန်ဘူး။

• စျေးရောင်းဆိုင်အချို့အစားအသောက်တွဲရောင်းတယ်။ငွေပိုပေးမယ်ခွဲရောင်းပေးဆိုမရောင်းချင်ကြဘူး။

• စျေးရောင်းသူရောင်းကုန်တစ်မျိုးတစ်ရက်ဆီရောင်းတာနေ့စဉ်တွဲရောင်းပါဆိုမရောင်းချင်ကြဘူး။

• မြင်တွေ့ကြတာလေးထပ်ဖြည့်ပေးကြပါဉီး၊အပြုသ
ဘောနဲ့သတိထားမိကြပြင်ဆင်နိုင်ကြအောင်လို့ပါ။

Credit

https://www.facebook.com/100000783890296/posts/2902290746473693/

04/03/2020

သင့်စီးပွားရေးလုပ်ငန်းမှာ ဒီ (၁၀) ချက် ကို ဂရုစိုက်ပါ။
(၁) အိုင်ဒီယာ (Idea)
အိုင်ဒီယာကောင်းတစ်ခု ဆိုတာ ..
အချိန်ကုန်အများကြီး သက်သာစေပါတယ်။
မလုပ်ခင် သေချာစဉ်းစားဖို့အချိန်ပေးပါ။
တုံးနေတဲ့ပုဆိန်နဲ့နဖူးချွေး ခြေမကျသည်အထိ
ခုတ်နေမယ့်အစား၊ ခဏနားပြီး ပုဆိန်သွေးပါ။
မလုပ်ခင်အချိန်ပေးပါ။
အိုင်ဒီယာကောင်းတစ်ခု ထွက်ပါစေ။

(၂) ဈေးကွက်ထိုးဖောက်ခြင်း (Marketing)
လုပ်ငန်းမှာ မားကက်တင်းဆိုတာ မရှိရင် သူဖုန်းစားလိုပဲ သူများပေးသလောက်ပဲ ရမယ်။

(၃) ဝင်ငွေရလမ်းကြောင်းပုံစံ (Business Model)
လုပ်သမျှအားလုံး တပြေးညီ ဝင်ငွေဝင်နေကြတာမဟုတ်ဘူး။
မြောင်းကြီးရင် ရေလာများမယ်။
မြောင်းငယ်ရင် ရေလာနည်းမယ်။
ရေလာဖို့..မြောင်းအရင်ပေးရတယ်။သဘာဝပဲ။

(၄) ဗျူဟာ (Strategy)
သွားတာချင်းတူပေမယ့်၊ ရောက်ခြင်း မရောက်ခြင်း ဆိုတာ ဗျူဟာ နဲ့ဆိုင်တယ်။

(၅) စီမံအုပ်ချုပ်မှု (Management)
အချိန်၊ငွေ၊လုပ်အားတွေဆိုတာ
အကန့် အသတ်နဲ့ရှိကြတာချည့်ပဲ။
မစီမံမအုပ်ချုပ်နိုင်ရင် ပရမ်းပတာဖြစ်ပြီး လေလွင့်ကုန်တာပဲ။

(၆) လုံဆော် တွန်းအားပေးခြင်း (Motivation)
ကိုယ်တောင် နေ့စဉ် တွန်းအားပေးမှုတွေ လိုအပ်နေတာ၊ ဝန်ထမ်းတွေလဲ ကိုယ်လိုပဲ ဆိုတာသတိရပါ။

(၇) ဈေးကွက် အခြေအနေ (Industry)
ဈေးကွက်အခြေအနေမကောင်းရင်၊ကိုယ်လဲမကောင်းဘူး။ လောကဓံကို အရွဲ့တိုက်ရင် ကိုယ်ပဲခံရမယ်။
ဈေးကွက်ကို အရွဲ့တိုက်ရင် လုပ်ငန်းပဲ ရွဲ့မယ်။
လိုက်လျောညီထွေ၊ နေတတ်ပစေ။

(၈) အဖွဲ့သားများ (Team)
ဘယ်လုပ်ငန်းမဆို အဖွဲ့သားတွေမပါရင် လည်ပတ်လို့မရဘူး။ အဖွဲ့နဲ့မလုပ်ချင်ရင်ရေခဲချောင်းရောင်းပါ။

(၉) ငွေကြေး (Finance)
ငွေကြေးမရှိရင် အိမ်ပြင်တောင်ထွက်လို့မရဘူး။
အိုင်ဒီယာတွေ ဘယ်လိုအကောင်အထည်ဖော်မှာတုန်း။

(၁၀) လှိုင်းစီးနိုင်ခြင်း (Timing)
လှိုင်းစီးတတ်ရင် အထက်ပါအကြောင်းအရာတွေ တစ်ခုမှ မလိုပြန်ဘူး။ ကြီးပွားတော့တာပဲ။
ဒါပေမယ့် လှိုင်းဆိုတာ အချိန်အခါနဲ့လာတာ၊
သူ့စောင့်နေရင် ထမင်းငတ်လိမ့်မယ်။
လုပ်စရာရှိတာလုပ်။

#မာသင်
စီးပွားရေး ဒိုင်ယာရီ
March 4,2020

Address

Office Street, Myo Ma Quarter
Chaung-U
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959970700727

Website

Alerts

Be the first to know and let us send you an email when ချောင်းဦးစျေးဝယ်လမ်းညွှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share