Be to trusting for my own big job - treat

Be to trusting for my own big job - treat Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Be to trusting for my own big job - treat, Marketing Agency, အမှတ် ၂၅၂ ၊၈ ရပ်ကွ က်၊ကရင် ဝင်းစိန်ေ ကျာင်းရှေ့  တွ င်, Chaungzon.

26/11/2022

အ​ရေးအသားမ်ားသားဘဲ

22/11/2022

တိုးတက်မှုခြေလှမ်းတွေ ‌‌နှေးစေတဲ့ အတွေးအခေါ် (3) ခု

ရှုပ်ပွနေတဲ့ ဘဝကျောက်သင်ပုန်းပေါ်မှာ အသစ်ရေးချင်ရင် မလိုအပ်တဲ့ အမှိုက်တွေ၊ အတွေးအခေါ်တွေ အရင်ဖျက်ပစ်ရတယ်။

ကိုယ့်ရဲ့ တိုးတက်မှု ခြေလှမ်းတွေ နှေး‌စေလို့ ခေါင်းထဲက ထုတ်ပစ်ဖို့လိုတဲ့ အတွေးအခေါ် (3) ခုရှိတယ်။

(1)‌ ခရီးစဉ်ကို လျှော့တွက်ခြင်း

အောင်မြင်ချင်ရင် ကိုယ်အားထုတ်ဖို့ မှန်းထားတဲ့ ပမာဏထက် နှစ်ဆ၊ သုံးဆ ပိုရင်းရမယ်လို့ တွက်ထားဖို့လိုတယ်။

တန်ဖိုးရှိတဲ့ အရာတိုင်းက လွယ်လွယ်မရတတ်ဘူး။ ခရီးစဉ်က တလွဲတွေ၊ နာကျင်မှုတွေ ပြည့်နှက်နေမှာပဲ။

သာမန်သူ မဖြစ်ချင်ရင် သာမန်ထက်ပိုတဲ့ ဖိအားတော့ ခံနိုင်စွမ်းရှိရတယ်။

လမ်းတစ်ဝက်မှာ သွေးမပျက်ဖို့ အတွေးအခေါ်မှန်အောင်၊ ဒူပေနာပေခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားဖို့လိုလိမ့်မယ်။

(2) လူတွေရဲ့ အမြင်မှာ ရှင်သန်ခြင်း

လူတွေကိုယ့်ကို ဘယ်လိုထင်ထင်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ ကိုယ်ကိုယ်တိုင်ပဲ။

ဒါကြောင့် ကိုယ့်အတွက်ကိုယ် အသက်ရှင်ဖို့၊ ကိုယ်လိုချင်တဲ့ ဘဝကို ကိုယ်တိုင် ဖန်တီးယူဖို့လိုတယ်။

သူများတွေရဲ့ အမြင်ထက်၊ ကိုယ့်ကိုယ်ကို ချစ်တဲ့အတွက် ဆုတ်ယုတ်စေတဲ့ အလုပ်တွေ မလုပ်တာ၊ ကိုယ့်ရဲ့ သမိုင်းပေးတာဝန် ကျေပွန်ဖို့ မမှတ်မိနိုင်လောက်တဲ့ ကိုယ့်ကို တည်ဆောက်နေတာ ဖြစ်ရမယ်။

ကိုယ့်အတွက် ကိုယ်ကြိုးစားနေမှ ကိုယ့်ခြေလှမ်းတွေ ဝေးဝေးရောက်လိမ့်မယ်။

(3) အနာဂတ်ကို သံသယဝင်ခြင်း

မဖြစ်လာသေးတဲ့ အနာဂတ်ကို တွေးပူနေလို့ ဘာမှ မထူးလာတတ်ဘူး။

ကိုယ့်ဘဝကို ပြောင်းလဲစေမှာက မရောက်လာသေးတဲ့ မနက်ဖြန်မဟုတ်ဘူး၊ တွေးပူနေတဲ့ သံသယတွေ မဟုတ်ဘူး။

ဘဝကို ပြောင်းလဲစေမှာက ဒီနေ့ကိုယ်လုပ်နေတဲ့ အလုပ်‌တွေ၊ လေ့လာနေတဲ့ ပညာတွေပဲ။

အရည်အချင်း၊ တိုးတက်မှုဆိုတာ အလကားဖြစ်ရိုးထုံးစံမရှိဘူး။ သင်ယူနေသမျှက တစ်ချိန်မှာ ရှင်သန်ဖို့ ကိုယ့်ရဲ့ အကောင်းဆုံးလက်နက် ဖြစ်လာမှာပဲ။

ကိုယ့်ဘဝကို ဒုက္ခအပေးနိုင်ဆုံးက ကိုယ်တွေးနေတဲ့ အတွေးတွေပဲ။ ဒီအတွေးအခေါ် သုံးခုကိုသာ လွှတ်ချခဲ့နိုင်ရင် ကိုယ်ရှေ့ဆက်ရမယ့် ခြေလှမ်းတွေ သိသိသာသာ ပေါ့ပါးလာတာ တွေ့နိုင်ပါလိမ့်မယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

22/11/2022

Address

အမှတ် ၂၅၂ ၊၈ ရပ်ကွ က်၊ကရင် ဝင်းစိန်ေ ကျာင်းရှေ့  တွ င်
Chaungzon

Website

Alerts

Be the first to know and let us send you an email when Be to trusting for my own big job - treat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share