Nomania I2I Content Creation

Call

Nomania I2I Content Creation Providing the I2I Content Creation for your brand.

အသိုင်းဝိုင်းပတ်ဝန်းကျင်ကို မ​ပြောင်းလဲနိုင်ရင်ကိုယ်ပိုင်ရပ်ဝန်းတစ်ခု စဖန်တီးလိုက်ပါ။
29/06/2026

အသိုင်းဝိုင်းပတ်ဝန်းကျင်ကို မ​ပြောင်းလဲနိုင်ရင်
ကိုယ်ပိုင်ရပ်ဝန်းတစ်ခု စဖန်တီးလိုက်ပါ။

Trapped in a Family _Relatives 🍀
(မိသားစုဆွေမျိုးအသိုင်းအဝိုင်းထဲမှာ
ပိတ်မိသွားကြသူများ) 🍀

လူ​တွေဟာ တစ်​ယောက်တည်း ရှင်သန်​ မ​နေနိုင်ကြပါဘူး.. အစပိုင်းမှာ​တော့ လူ နှစ်ဦး နဲ့ စတင်ခဲ့တဲ့ ဆက်ဆံ​ရေးပါပဲ.. ​တွေ့ဆုံကြတယ်.. ချစ်ကြိုက်ကြတယ်.. ​လက်ထပ်တယ်..ပြီး​တော့ က​လေး​တွေ​မွေးလာတယ်.. ကိုယ်ပိုင် မိသားစု အသိုက်အမြုံလေးတစ်ခု​ ဖြစ်လာပါတယ်။

■ ကိုယ်​တွေ မိသားစု တစ်ခုပဲလားဆို​တော့ မဟုတ်ပါဘူး.။ သားသမီး​တွေကတစ်ဆင့် ​သူတို့လည်း အိမ်​ထောင်​တွေပြုကြတယ်.. က​လေး​တွေ​မွေးလာကြတယ်.. မိသားစုမှာ Family household members ​တွေ တိုးလာကြတာ​ပေါ.။ ​ဒေစီတို့ရဲ့ တစ်ဦးချင်းစီမှာလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ မိသားစု​တွေ ကိုယ်စီပိုင်ဆိုင်လာကြပါတယ်။

■ "မိသားစု" ဆိုတာ ဘာကို​ခေါ်တာလဲ ? ​သေချာပါတယ် လူနှစ်ဦးပေါင်းဆုံပြီး ဖြစ်​ပေါ်လာတဲ့အသိုက် အမြုံအိမ်လေးတစ်ခုပါ..။ ထိုမှတစ်ဆင့် ကိုယ်နဲ့ သက်ဆိုင်တဲ့ ညီအစ်ကို ​မောင်နှမတွေ ဘိုး​ဘေး​တွေနဲ့ ဆက်စပ်ပတ်သက်သူ​တွေ အားလုံးက ​ဆွေမျိုးဖြစ်လာကြတာပါပဲ။

■ မိသားစုလို့ ပြောလိုက်ရင် တစ်မျိုးတစ်​ဆွေလုံးထက် ကိုယ်ပိုင်မိသားစု အ​ရေးက ပိုအ​ရေးပါတာ​ပေါ့.. ဒါ​ပေမဲ့​ ဆွေမျိုး​တွေ၊ ညီအစ်ကို ​မောင်နှမ​တွေဆိုတာကလည်း အ​ရေးကြီးပါတယ်.။

■ လူကြီးသူမ​တွေက ဆိုဆုံးမကြတယ်ဆိုရင် မျိုးရိုးဂုဏ် ​ဆွေမျိုး​တွေ သိက္ခာကျ​အောင် မလုပ်နဲ့​။ ဒီစကား​တွေဟာ အရိုးထိ​အောင် စွဲ​စေပါတယ်.။ တစ်ခါတစ်​လေ ကိုယ်ဖြစ်ချင်တာ​တွေ ကိုယ်လုပ်ချင်တာ​တွေ ကိုယ်​ပြောချင်တဲ့စကား​တွေဟာ အလိုလို ထိန်းချုပ်ထားပြီးသား ဖြစ်သွားတတ်ပါတယ်..။ မိသားစုဆွေမျိုးတွေထဲမှာ မွေးဖွားလာကြတဲ့ သားသမီးတွေဟာလည်း ဒီရွေးချယ်ခွင့်မရှိတဲ့ ဆွေမျိုးဆိုတဲ့ ခေါင်းစဥ်အောက်ကို ဝင်သွားကြတော့တာပါပဲ။

■ အရင်ခေတ်တွေမှာတော့ သားယောကျ်ားကို မွေးနိုင်တဲ့ အမျိုးသမီးတွေဟာ မြင့်မြတ်တယ်လို့၊ ဂုဏ်သိက္ခာရှိတယ်လို့ ခံယူထားခဲ့ကြပါတယ်။ ဒါပေမဲ့ သားယောကျ်ားလေး မွေးလာဖို့ဆိုတာ လင်ယောကျ်ားရဲ့ သုတ်ပိုး (S***m) ခရိုမိုဆုန်း (XY) ကပဲ ဆုံးဖြတ်ပေးတယ်ဆိုတာ အခုထိ သိပ္ပံနည်းကျ ရှင်းပြထားပေမဲ့လည်း လက်ခံဖို့ ငြင်းဆန်နေကြဆဲပါပဲ.

■ ခရိုမိုဆုန်း(XY) ဆိုတာ ယောကျ်ားရဲ့ S***m (သုတ်ပိုး) ကြောင့်ပဲ ဖြစ်ပေါ်လာနိုင်ပြီး သားယောကျ်ားလေး ဖြစ်လာတယ်ဆိုတာကို လက်မခံကြတဲ့ Generation တွေ ရှိပါသေးတယ်။ ဒေစီတို့လို 90s borns တွေထဲမှာလည်း အဲဒီလို မိသားစုဆွေမျိုးတွေရဲ့ ထိန်းကျောင်းမှုအောက်မှာ မွေးဖွားလာကြတဲ့ မျိုးဆက်တွေမှာ ယောကျ်ား၊ မိန်းမ၊ သားယောကျ်ား၊ သမီးမိန်းကလေး ခွဲခြားဆက်ဆံခံရတဲ့ ဒဏ်တွေကို ကြုံတွေ့နေရတဲ့ ဖိအားပေးမှု (relative pressure) တွေပဲ ရှိနေကြဆဲ ဖြစ်ပါတယ်။

■ အမျိုးသမီးတွေကမှာ မျိုးဉ ခရိုမိုဆုန်း (X) ကိုပဲ ထုတ်ပေးပြီးတော့ အမျိုးသားတွေက (X or Y) ကို ထုတ်ပေးပါတယ်.. သမီးမိန်းကလေးဆိုရင် (XX) ဖြစ်ပြီးတော့ သားယောကျ်ားဆိုရင် (XY) ဖြစ်ပါတယ်.. သားယောကျ်ားလေးမွေးဖိ့ဆိုရင် အဖေဆီက (Y)ခရိုမိုဆုန်းပါမှ မွေးနိုင်မှာ ဖြစ်ပါတယ်..

■ ရိုးရာအစဉ်အလာတွေ ယုံကြည်ကိုးကွယ်မှုတွေအရ အမေတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ သားဆုပန်သည်ဖြစ်စေ၊ ငါးပါးသီလ မြဲမြံအောင် ကျင့်ကြံအားထုတ်ပေမဲ့လည်း အဖေဖက်က (Y)ခရိုမိုဆုန်း သုတ်ပိုးမလွှတ်ရင် သားယောကျ်ားလေး လုံးဝ မမွေးလာနိုင်ပါဘူး..။

■ သမီးမိန်းကလေးပဲ မွေးလာတယ်ဆိုရင် အဲဒီအမျိုးသမီးကို ရပ်ရွာအသိုင်းအဝိုင်း၊ ဆွေမျိုး အသိုင်းအဝိုင်းမှာ နှိမ်ချစွာ ဆက်ဆံကြတယ်။
သမီးမွေးတာက အမျိုးသမီးတစ်ယောက်ရဲ့အားနည်းချက် ဖြစ်ပြီး လင်ယောကျ်ားကလည်း
အဲဒီအပေါ်မှာ အရှက်ရပြီး သားမယားအပေါ်မှာ နှိပ်စက် အကြမ်းဖက်တာတွေတာတွေ၊​ အိမ်ထောင်ရေး ဖောက်ပြန်တာတွေကို လုပ်ဆောင်လာပါတယ်။ **(ဖောက်ပြန်တဲ့လူက သားယောကျ်ားမမွေးပေးနိုင်လည်း ဖောက်ပြန်မှာပါပဲ. ဒါပေမဲ့ အကြောင်းပြချက်ပေးဖို့ အခွင့်အရေးပိုရသွားတဲ့သဘောကို ပြောချင်တာပါ)**
သားယောကျ်ား မမွေးနိုင်တာက လင်ယောကျ်ားနဲ့ပဲ​ သက်ဆိုင်တယ်ဆိုတာကို သိနားလည်လာဖို့အတွက် အများကြီး လိုအပ်နေပါသေးတယ်။

■ အခုနောက်ပိုင်းမှာတော့ သမီးအရမ်းလိုချင်တဲ့ မိဘတွေလည်း ရှိလာကြတာကလည်း ကောင်းသော အပြောင်းအလဲတစ်ခုပါပဲ။ အမျိုးသမီး တစ်ယောက် ဖြစ်ရတာဟာ ဘယ်တုန်းကမှ မနိမ့်ကျခဲ့ပါဘူး။
ပြောချင်တာကတော့ သမီးဖြစ်ဖြစ်၊ သားဖြစ်ဖြစ် အမေ ဝမ်းထဲကနေ မွေးလာတယ်ဆိုရင် ကိုယ့်သွေးသားအရင်းအချာပါပဲ ။

■ သားယောကျ်ားမွေးနိုင်မှ အမွေဆက်ခံနိုင်မယ်.. မိသားစု ဂုဏ်သိက္ခာကို တက်စေနိုင်ဆိုတာက stereotypes (ပုံသေကားချပ်အယူအဆများ)တွေသက်သက်ပါပဲ။ . သားယောကျ်ား မွေးမယ်၊ သမီးမိန်းကလေး မွေးမယ်ဆိုတာကို ဘယ်သူမှ ဆုံးဖြတ်မပေးနိုင်ပါဘူး.။ (ဘုရားမှာ သားဆုပန်တယ်၊​ နတ်ပင့် ဗေဒင်မေးတယ်၊ ယတြာချေတယ်၊ ဆုတောင်းတယ် စတဲ့ ရိုးရာနည်းလမ်းတွေနဲ့ လုပ်ဆောင်နေကြတာတွေရှိပါတယ်..

■ ဒီရိုးရာနည်းလမ်းတွေမှာ အလုပ်ဖြစ်တယ်ဆိုတဲ့ အစွဲအလမ်း၊ ထင်ယောင် ထင်မှားဖြစ်စေတဲ့ အခြေအနေတွေလည်း ကြုံဖူးတဲ့သူတွေလည်း ရှိနိုင်ပါတယ်.. ဒါကတော့ တစ်ဦးချင်းစီရဲ့ ယုံကြည်ချက် (believes) နဲ့ သက်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ကလေးမွေးချင်တယ်, ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင် ကာယံကံရှင်တွေက ကိုယ်တိုင် ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်..

■ ဒီလို သားယောကျ်ားမမွေးနိုင်တဲ့ အမျိုးသမီးတွေကို criticize (ဝေဖန်ကဲ့ရဲ့) ကြတဲ့ လူ့အသိုင်းအဝိုင်းကိုကြည့်လိုက်ရင် ကိုယ့်ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းက လူတွေဟာ ပထမဆုံး ဖြစ်နေတတ်ကြပါတယ်..
ဘာကြောင့်လဲ ?​ သားယေကျ်ားလေး မမွေးနိုင်တဲ့ အမျိုးသမီးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆွေမျိုးအသိုင်းအဝိုင်းကို အရှက်ရစေလို့ပါ.. ဒါတွေဟာ
တကယ့်ကို အန္တရာယ်များတဲ့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားကြတဲ့ လူမှုစံနှုန်းသတ်မှတ်ချက် (harmful traditional norms) တွေပဲ ဖြစ်ပါတယ်။

■ ခေတ်ကာလ၊ အချိန်တွေသာ ပြောင်းလဲလာတယ်၊ လူတွေရဲ့အတွေး အခေါ်၊ အယူအဆတွေ၊ စိတ်နေ သဘောထားတွေ၊ အမြင်တွေဟာလည်း ခေတ်နဲ့အညီ ပြောင်းလဲဖို့ လိုအပ်ပါတယ်.. "စျေးသုံးလည်း မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့" စတဲ့ ရှေးထုံးအစဥ်အလာတွေထဲမှာလည်း ခေတ်ကာလာအရ အပြောင်း အလဲ လုပ်သင့်တာတွေ၊ မလျော်ညီတာတွေ အကျိုးမရှိတာတွေ များလာပြီရင်ဆိုရင် ပြောင်းလဲလာရမှာပဲ ဖြစ်ပါတယ်။

■ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း တွေဆိုတာ အတွေးအခေါ် အမြင်တွေ အယူအဆတွေ မတူညီတဲ့သူတွေ ပေါင်းစည်းထားတာ ဖြစ်တဲ့အတွက် ကိုယ် လက်မခံနိုင်တဲ့ အရာတွေဆိုတိုင်းလည်း အမှားချည်းပဲမဟုတ်ပါဘူး.။

■□ လူအများ လက်ခံကြတဲ့ အရာတွေကလည်း အမှန်တရား ဖြစ်ချင်မှဖြစ်မှာပါ..။ ကိုယ်ပိုင် အသိတရား ဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ပြီး အမှား၊ အမှန်၊ ကျိုးကြောင်းတရား ဖြစ်မဖြစ်ကို ဆင်ခြင်သုံးသပ်မှ တော်ကာကြမှာ အမှန်ပါပဲ။

ဒေစီ 🌼
Women Life - Reality
Nomania I2I Content Creation
TOUCH Illustration

21/06/2026

စိတ်ရောကိုယ်ပါ ဘယ်တော့များ
နားနေနိုင်ပါ့မလဲ 🍀

ကျမ ဘဝမှာ ဘယ်တုန်းကမှ မနားခဲ့ဘူး..
မနားရဲခဲ့ဘူး..

နားလိုက်ရင် အကုန်လုံး ရပ်တန့်သွားမှာစိုးလို့..

မိသားစုကို ဘယ်သူထောက်ပံ့မလဲ ?​

အမေ, အဖေတို့အတွက် လစဉ်အသုံးစရိတ်
ဘယ်သူပေးမှာလဲ ?

တူ, တူမလေးတွေကို ကျောင်းစရိတ် ဘယ်လိုထောက်ပံ့ပေးရမလဲ ?

ကျမရော နိုင်ငံရပ်ခြားမှာ ဝင်ငွေမရပဲနဲ့ ဘယ်လို ရှင်သန်နေထိုင်ရမလဲ​ ?

မိဘတွေ အသက်ကြီးလာရင် ကျန်းမာရေးကိစ္စတွေအတွက် ပိုက်ဆံတွေ လိုအပ်တယ်..

မောင်နှမတွေအတွက်ကြီးလာရင် သူတို့ဘဝတွေအတွက် ကျမ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုတယ်..

နိုင်ငံရပ်ခြားမှာ တွေ့ကြုံရတဲ့ အခက်အခဲပေါင်းစုံကို ရုန်းကန်ရင်း တစ်ယောက်တည်း ကြိတ်မှိတ်ဖြေရှင်းနေရတယ်..

အမေ အဖေရော ညီအစ်မတွေရော မိသားစုဝင်တွေအားလုံးက ပဋိပက္ခဖြစ်နေတဲ့ နေရာမှာ အသက်ရှင်သန်ရေးအတွက် စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းနေရတယ်..

အမေ အဖေ ကျန်းမာပါစေ, အသက်အန္တရာယ်ကင်းပါစေ ဘေးရန်အပေါင်းမှ လွတ်ကင်းပါစေ..
အသက်ရှည်အနာကင်းပါစေ အမေ အဖေ...

အတူတူ တစ်ဖန် ပြန်ဆုံရမဲ့ နေ့ရက်တွေကို
မျှော်မှန်းရင်း ကျမ အားတင်းထားတယ်..
စိတ်ဓါတ်မကျဘူး.. နောက်မဆုတ်ဘူး..
အရှုံးမပေးဘူး..

အထူးသဖြင့် အမေ အဖေတို့အတွက် ဘယ်တော့မှ​ အရှုံးမပေးပါဘူး..

ဒါကြောင့် လူကနားနေတယ်ဆိုရင်တောင်..
စိတ်က တစ်မိနစ်မှ မနားနိုင်ပါဘူး..
ဘယ်တုန်းကမှလည်း မနားခဲ့ပါဘူး..
မနားရဲခဲ့ပါဘူး..

ဒေစီ 🌼

Women Life - Reality
TOUCH Illustration
Nomania I2I Content Creation

TOMO ရဲ့ ငါးမှီးတံသွယ်​ခြောက်​ကြော် ကိုထမင်းမှာ ပုန်းရည်ကြီး​လေး နယ်စားလိုက်ရရင်ဖြင့် 😋
18/06/2026

TOMO ရဲ့ ငါးမှီးတံသွယ်​ခြောက်​ကြော် ကို
ထမင်းမှာ ပုန်းရည်ကြီး​လေး နယ်စားလိုက်ရရင်ဖြင့် 😋

18/06/2026
14/06/2026
တိုမို 😋
11/06/2026

တိုမို 😋

11/06/2026

အ​ဝေး​ရောက်​​နေတဲ့သူ​တွေမှာ
အိမ်လွမ်းစာ​လေး​တွေလဲ စားချင်တယ်
အစာပလာ​တွေလဲ အစုံမရနိုင်ဘူးဆိုရင်
ဇလုံကြီးအနှစ်ထုတ်နဲ့သာ သုပ်ချပလိုက်
မုန့်တီသုပ် ရှယ်သုပ်​လေးကိုဖြစ်သွား​ရောပဲ 😋😋

Address

Chiang Mai
Chiang Mai

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959768507987

Website

Alerts

Be the first to know and let us send you an email when Nomania I2I Content Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share