AKARI Computer & Copier

AKARI Computer & Copier "ဧကရီ" - စေတနာရှေ့ထား၊ အရည်အသွေးဖြင့် ဝန်ဆောင်မှုပေးပါသည် ✨

ဒေါပုံ ယမုံနာ (၂) ရှိ DMA ရုံးနှင့် ရပ်ကွက်ရုံးအနီးမှ လူကြီးမင်းတို့၏ စာရွက်စာတမ်းနှင့် နည်းပညာလက်ထောက်။
"စာစီစာရိုက် ကျွမ်းကျင်မှု၊ ဧကရီမှာ အကောင်းဆုံးပြု ..."

05/06/2026

ဈေးကွက်ထဲမှာ ဈေးနှုန်းတွေ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ချပြီး လုပ်နေကြတာ မြင်တော့... တွေးမိတာလေးတစ်ခုရှိတယ်။ ကိုယ်တွေ ကွန်ပျူတာနဲ့ မိတ္တူကူးတဲ့ လုပ်ငန်းလောကမှာလည်း တစ်ခါတလေ ဈေးပြိုင်ချရင်းနဲ့ ဘာမှမကျန်တဲ့ အခမဲ့ ကူလီထမ်းသမားဘဝ ရောက်မှန်းမသိ ရောက်နေကြတာမျိုးတွေ ရှိတတ်ကြတယ်။

ဒီလို ဈေးနှုန်းတွေ လျှော့ချပြီး ခါးကုန်းအောင် အပြိုင်အဆိုင် လိုက်လုပ်နေကြတာကို ကြည့်ရင် သမိုင်းထဲက သင်ခန်းစာတစ်ခုကို ပြေးမြင်မိတယ်။ ဟိုးယခင်က အရင်းအနှီးရော Backing ပါ တောင့်တင်းလှပါတယ်ဆိုတဲ့ သူဌေးကြီး ဦးနာအောက်ကို အားလုံး သိကြလိမ့်မယ်။

အဲ့ဒီခေတ်က ဦးနာအောက်ဟာ ဘယ်လောက်ပဲ ငွေကြေးအင်အား တောင့်တင်းပြီး နာမည်ကြီးခဲ့ပေမဲ့၊ ဧရာဝတီသင်္ဘောကုမ္ပဏီကြီးနဲ့ အပြိုင်အဆိုင် သွားလုပ်မိတဲ့အခါမှာတော့ တကယ့်ကို ခွေးဖြစ် (ဒူးထောက်ရှုံးနိမ့်) သွားခဲ့ရတာ ရာဇဝင်ပဲ။

အင်အားကြီးတဲ့ လုပ်ငန်းစုကြီးတွေနဲ့ ဈေးနှုန်းချင်း၊ အရင်းအနှီးချင်း သွားပြိုင်တာဟာ ကိုယ့်ဘက်က ဘယ်လောက်ပဲ အားသာချက်ရှိရှိ ရေရှည်မှာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားတတ်တာကို အဲ့ဒီ သမိုင်းက သက်သေပြနေတာမျိုးပါ။

ဒါကြောင့်မို့လို့ လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါ ဈေးနှုန်းတွေ သတ်ပြီး သူသေကိုယ်သေ လိုက်ပြိုင်နေမယ့် အလုပ်မျိုးကို လုံးဝ အားမပေးဘူး။ လူလည်းပင်ပန်း၊ လုပ်ငန်းလည်း ရေရှည်မရပ်တည်နိုင်ဘဲ အချည်းနှီးဖြစ်မယ့် ကူလီထမ်းတဲ့ အလုပ်မျိုးတော့ ကျနော်တို့ လုံးဝ မလုပ်သင့်ဘူးလို့တော့ ထင်ပါတယ်။

တကယ်တော့ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ဖို့အတွက် ဈေးကွက်ထဲမှာ အပြိုင်အဆိုင် လုပ်ရမှာက "ဈေးနှုန်း" မဟုတ်ဘဲ ကိုယ့်ရဲ့ "ဝန်ဆောင်မှု အရည်အချင်း (Quality)" ပဲ ဖြစ်ရမယ်။ လုပ်ငန်းတစ်ခုဖြစ်တည်ဖို့ ရင်းနှီးမြှုပ်နှံထားတဲ့ ပစ္စည်းတန်ဖိုးတွေနဲ့ တတ်ကျွမ်းတဲ့ ပညာအရည်အချင်းတွေကိုတော့ လေးစားဖို့ကောင်းတယ်၊ အဲ့ဒီ တန်ဖိုးတွေကို ဈေးပေါပေါနဲ့ ဖျက်ဆီးမပစ်သင့်ဘူး။

အဲ့ဒါကြောင့် ကျနော်တို့ ကွန်ပျူတာနဲ့ မိတ္တူလုပ်ငန်းလောကမှာလည်း ဈေးပေါပေါနဲ့ အရည်အသွေးမပြည့်တဲ့ လမ်းဟောင်းကြီးအတိုင်း လိုက်မသွားကြဖို့ အကြံပြုချင်ပါတယ်။ ကိုယ်ပေးရတဲ့ တန်ဖိုးထက် ပိုကောင်းတဲ့ ဝန်ဆောင်မှု၊ ပိုစိတ်ချရတဲ့ အရည်အသွေးမျိုးနဲ့ပဲ ရေရှည်ခိုင်မြဲအောင် အတူတူ သက်သေပြသွားကြဖို့ တိုက်တွန်းချင်ပါတယ်။

15/04/2026

လွန်ခဲ့တဲ့ ၅ နှစ်က Adobe After effects နဲ့ လုပ်ထားတာ ပြန်တွေ့လို့။ အခု AI ခေတ်မှာကျ လွယ်လိုက်တာ၊ စိတ်ကူးရှိရာကို prompt တစ်ကြောင်းနဲ့ ပြီးသွားရော၊၊ အဲ့တုန်းကဆို ရိုက်လိုက်ရတဲ့ ဗီဒီယို၊ စက္ကန့်အနည်းငယ်စာအတွက် လုပ်လိုက်ရတဲ့ edit ... ဒီဖိုင်ကို ပြန်ကြည့်တာ ကိုယ့်ပါကိုယ်တောင် ပြန်သနားမိတယ်။



USB Virus နဲ့ နည်းပညာစစ်မြေပြင် 💻🛡️———————————————“ဖိုင်လေးတစ်ခု ကူးပေးပါဦး…”ဆိုတဲ့ စကားနောက်မှာ တခါတရံ မမြင်ရတဲ့ ပြဿနာတ...
10/04/2026

USB Virus နဲ့ နည်းပညာစစ်မြေပြင် 💻🛡️
———————————————

“ဖိုင်လေးတစ်ခု ကူးပေးပါဦး…”
ဆိုတဲ့ စကားနောက်မှာ တခါတရံ မမြင်ရတဲ့ ပြဿနာတွေ လိုက်ပါလာတတ်တယ် 🤔
USB တစ်ခု ထိုးလိုက်တာနဲ့...
🔹 Shortcut Virus
🔹 Folder ပျောက်စေတဲ့ Virus
တွေက “ဧည့်သည်တော်” မဟုတ်ဘဲ မဖိတ်ဘဲဝင်လာတဲ့ ပြဿနာတွေ ဖြစ်လာတတ်တယ်။

😵 အလုပ်ရှုပ်တဲ့အချိန်မှ ကြုံရတတ်တဲ့ ဒုက္ခ
"ပူအိုက်လို့ နားခါမှ ယပ်တောင်လက်ကကျ" ဆိုသလိုပဲ... ဖိုင်တွေမမြင်ရတော့တာ၊ စက်လေးသွားတာ၊ အလုပ်ရပ်သွားတာတွေက နည်းပညာဝန်ဆောင်မှုပေးသူတွေအတွက် တကယ့် စစ်မြေပြင်ပါပဲ။

🧠 နည်းပညာ + စိတ်ရှည်မှု = ဧကရီ (AKARI) ရဲ့ ဖြေရှင်းချက်
တခါတရံ Customer တွေက ဖိုင်မပွင့်ရင် စက်ကိုပဲ အပြစ်တင်တတ်ကြပေမယ့်...
ကျနော်တို့ ဧကရီ မှာတော့ -
❌ အပြစ်မတင်ဘူး
✅ နားလည်အောင် ရှင်းပြတယ်
✅ ဖိုင်တွေကို စနစ်တကျ ပြန်ဖော်ပေးတယ် (Recovery)
ဖိုင်တွေ ပြန်ရသွားတဲ့အချိန် Customer မျက်နှာပေါ်က အံ့ဩဝမ်းသာမှုက ကျနော်တို့အတွက်တော့ အကြီးမားဆုံး ပီတိပါပဲ။

🛡️ ဧကရီ (AKARI) ရဲ့ အလုပ်လုပ်ပုံ (Security First)
✔️ USB တစ်ခုချင်းစီကို Antivirus နဲ့ သေချာစစ်ဆေး
✔️ Virus မကူးစက်အောင် ကြိုတင်ကာကွယ်
✔️ ဖောက်သည်ရဲ့ Data မပျက်စီးအောင် အလေးထားဂရုစိုက်
“ကူးပေးပြီးရင် ပြီးရော” မဟုတ်ဘဲ တာဝန်ယူမှုအပြည့်နဲ့ လုပ်ဆောင်ပေးပါတယ်။

✨ ဧကရီရဲ့ စေတနာစကားနဲ့ အကြံပြုချက်အချို့ ✨
🔍 USB ဖွင့်မတိုင်ခင် Shortcut လားဆိုတာ အမြဲစစ်ပါ
🛡️ Antivirus ကို အမြဲ Update လုပ်ထားပါ
💡 နည်းပညာအသိလေးတွေကို အချင်းချင်း မျှဝေပါ
"အသိပညာဆိုတာ မျှဝေလေလေ ပိုတိုးပွားလေလေပါပဲ"
💬 ဒီနေ့… သင်တွေ့ခဲ့တဲ့ USB ပြဿနာက ဘာလဲ? ကွန်မန့်မှာ ပြောပြခဲ့ဦးနော်။

ဧကရီ (AKARI) ကွန်ပျူတာနှင့် မိတ္တူ
📍 ဒေါပုံမြို့နယ်
——————————————

#ဧကရီ

အရေးကြီးတဲ့ ရုံးကိစ္စ စာရွက်စာတမ်းတွေ၊ အချိန်လုနေရတဲ့ အလုပ်တွေနဲ့ စိတ်ကူးထဲက ဒီဇိုင်းတွေကို အချိန်တိုအတွင်း အရည်အသွေး အပ...
06/04/2026

အရေးကြီးတဲ့ ရုံးကိစ္စ စာရွက်စာတမ်းတွေ၊ အချိန်လုနေရတဲ့ အလုပ်တွေနဲ့ စိတ်ကူးထဲက ဒီဇိုင်းတွေကို အချိန်တိုအတွင်း အရည်အသွေး အပြည့်အဝနဲ့ ပုံဖော်ပေးနိုင်မယ့် နေရာလေးတစ်ခုကို ရှာနေပါသလား? 🤔

ကျနော်တို့ "ဧကရီ ကွန်ပျူတာနှင့် မိတ္တူ" ဟာ ရိုးရိုး Print / Copy ဆိုင်တစ်ခု သက်သက်မဟုတ်ပါဘူး။ ကိုယ်တိုင်က စာစီစာရိုက် (Typing Speed) အထူးကျွမ်းကျင်တာမို့ အလုပ်အပ်သူတွေအတွက် စောင့်ဆိုင်းရချိန်ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ ဆိုင်လေးက DMA ရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့ မူလတန်းကျောင်းတို့ရဲ့ အနီးနားမှာရှိတာမို့ လိုအပ်ချက်တွေကို Network တစ်ခုလို ချိတ်ဆက်ပြီး အမြန်ဆုံး ဖြည့်ဆည်းပေးနေပါတယ်။

"Ability is a poor man's wealth. (ဆင်းရဲသားတစ်ဦးအဖို့ မိမိရဲ့အရည်အချင်းသည်သာ ဥစ္စာဓန ဖြစ်ပေတော့သည်။)"

ကြွားဝါတာမျိုး မဟုတ်ဘဲ ရိုးရိုးသားသား ကြိုးစားရပ်တည်နေတဲ့ ကျနော်တို့လို တစ်နိုင်တစ်ပိုင်သမားတွေအတွက်တော့ ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်လေးကသာ အားထားရာ ဓနဥစ္စာ ဖြစ်နေလို့ပါပဲ။ ကျနော့်အတွက်တော့ မြန်ဆန်တိကျတဲ့ စာစီစာရိုက်စွမ်းရည်နဲ့ လိုင်စင်ပုံတွေကို စတူဒီယိုမှာ ရိုက်ထားသလို ရုပ်ထွက်ရှယ်လှအောင် ပြင်ဆင်နိုင်တဲ့ အရည်အချင်းတွေဟာ "ဧကရီ" ဆိုင်လေးကို ခိုင်ခိုင်မာမာ ရပ်တည်ပေးနေတဲ့ အဖိုးတန် ဓနဥစ္စာတွေပဲ ဖြစ်ပါတယ်။

"သိပ္ပဉ္စ" (အပြစ်ကင်းသော အတတ်ပညာကို တတ်မြောက်ခြင်း) ဟာ မင်္ဂလာတစ်ပါးလို့ ဟောကြားထားပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ DMA ရုံးကို လာရောက်ကြတဲ့ သင်္ဘောသားညီအစ်ကိုတွေရဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ရပ်ကွက်သူ/သားတွေရဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ဧည့်စာရင်း ကိစ္စတွေ၊ လူကြီးမင်းများရဲ့ စာရွက်စာတမ်းများ စာစီခြင်း၊ မိတ္တူကူးခြင်းစသည့်အထွေထွေကိစ္စများအပြင်၊ မူလတန်းကျောင်းက သားသားမီးမီးတို့ရဲ့ ဖတ်စာအုပ်တွေကို ခိုင်ခံ့လှပအောင် အဖုံးချုပ်ပေးတာတွေကိုပါ စေတနာထားပြီး အကောင်းဆုံး လုပ်ဆောင်ပေးနေပါတယ်။

"Quality is the best business plan." စာရွက်တစ်ရွက်ထုတ်တာတောင် "ပုံမှန်ထုတ်တာ" နဲ့ "Quality နဲ့ထုတ်တာ" ကြားမှာ အများကြီး ကွာခြားပါတယ်။ "ပြီးအောင်လုပ်တာ မဟုတ်ဘူး၊ ကြည့်လိုက်တာနဲ့ သဘောကျသွားအောင် လုပ်တာ" ဟာ “ဧကရီ”ရဲ့ ပင်မမူဝါဒပါ။
_______________________

💡 "ဧကရီ" တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ 👇
• ✔️ High-Speed Typing & Formatting ==> မြန်ဆန်တိကျသော စာစီစာရိုက်ဝန်ဆောင်မှု။
• ✔️ Studio-Quality License Photos ==> ရုပ်ထွက်ကြည်လင်လှပသော အမြန်လိုင်စင်ဓာတ်ပုံ။
• ✔️ DMA & Admin Office Services ==> ရုံးသုံးစာရွက်စာတမ်း၊ မိတ္တူ၊ ပလတ်စတစ်လောင်းခြင်း။
• ✔️ Online-to-Offline (O2O) Service ==> ဆိုင်ကို ကိုယ်တိုင်လာစောင့်စရာမလိုဘဲ Viber, Telegram တို့ကနေ ဖိုင်လှမ်းပို့၊ အသင့်ဖြစ်မှ ဆိုင်ကို ခဏဝင်ယူရုံပါပဲဗျ။
• ✔️ Digital & Soft Copy Services ==> လိုအပ်တဲ့ File Format မျိုးစုံ (PDF, JPG, PNG, Word စသည်) သို့ ပြောင်းလဲပေးနိုင်သလို၊ ပရင့်မထုတ်ဘဲ Soft Copy သီးသန့် လိုချင်ရင်လည်း သေသပ်စွာ စီစဉ်ပေးပါတယ်။
Design လိုချင်တာလား? Print / မိတ္တူ အမြန်ထုတ်ချင်တာလား? ဒါမှမဟုတ် ကိုယ့် Idea ကို ပုံဖော်ချင်တာလား?
👉 Page ကို အခုပဲ Message ပို့လိုက်ပါ။
👉 "ဧကရီ" မှာ လာလုပ်ရင် အချိန်မကုန်၊ အလုပ်မရှုပ်စေရပါဘူး။
“Quality က စကားမပြောဘူး… ဒါပေမဲ့ မြင်တာနဲ့ သိတယ်”
📍 တည်နေရာ - ရွာမ (သင်္ဘောကျင်း) လမ်းနှင့် စံပြ (၄) လမ်း (ပေ ၈၀) ထောင့်ထိပ်၊ DMA ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်း/Viber/WhatsApp ==> 09 793 759029
📲 Telegram ==> [https://t.me/AkariComputerCopier] (သို့မဟုတ်) []
🌐 page ==>[https://www.facebook.com/share/1CczAfnXgK/]

#ဧကရီ
____________________________

Address

ရွာမ(သင်္ဘောကျင်း)လမ်းနှင့် စံပြ (၄)လမ်း(ပေ၈၀) လမ်းထိပ်ထောင့်၊ ယမုံနာ (၂)ရပ်ကွက်၊
Dawbon
11241

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:30 - 19:00

Website

Alerts

Be the first to know and let us send you an email when AKARI Computer & Copier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share