27/12/2023
Page တခု အသစ်ဖွင့်ပြီးတာနဲ့ ဈေးတန်းရောင်းသင့်လား
အခုနောက်ပိုင်းမှာ online shop လုပ်တဲ့သူတော်တော်များက page တခု ဖွင့်ပြီးတာနဲ့ အရောင်း ပိုစ် တွေ တင်ပြီး တန်းပြီး boost လုပ်ပြီး ဈေးတန်းရောင်းတာတွေအများဆုံး သတိထားမိတယ်
အဲလို ဈေးတန်းရောင်းတဲ့အခါမျိုး မှာ မရောင်းရလိုစိတ်တွေ ညစ်ကြ ဒေါ်လာတွေ ကုန်နဲ့ online shop မလုပ်ချင်ကြတဲ့အထိ ဖြစ်လာကြတယ်
အမှန်တော့ page အသစ်တခုဖွင့်ပြီး ဈေးတန်းရောင်းတာထက်စာ ရင် ကိုယ်ရဲ့ page ကို customer သိအောင်လုပ်သင့်ပါတယ်။
Customer ကို ကိုယ်page သိအောင်
ကိုယ်ရဲ့ page က ဘာလုပ်ငန်းလုပ်တာရယ်၊ကိုယ်က ဘယ်လိုလူမျိုးလဲ ဆိုတာရယ်၊ ကိုယ်ရဲ့ ပစ္စည်း နဲ့ပတ်သက်တဲ့ knowledge sharing တွေ ကို customer သိအောင်အရင်လုပ်သင့်ပါတယ်။
အဲလို customer က ကိုယ်လုပ်ငန်းနဲ့ ကိုယ်အကြောင်းသိ အောင် ပိုစ် ကို boost လုပ်တဲ့အခါမှာလဲ message ကိုအရင် boost လုပ်တာထက်စာရင် Post Engagement၊ Page like Reach တို့နဲ့အရင် boost လုပ်ပြီးမှာ message နဲ့ boost လုပ်ပြီးဈေးရောင်းသင့်ပါတယ်
ဒါဆိုရင် page အသစ်တခုဖွင့်ပြီးတိုင်းဈေးတန်းရောင်းသင့်မသင့်ကိုနားလည်သဘောပေါက်ပြီးလို့ ထင်ပါတယ် ။
ဒီ video က မိတ်ဆွေအတွက်အကျိုးရှိတယ်ဆို သူများတွေသိအောင် ပြန်လည်မျှဝေပေးသွားပါအုန်း။