Sales & Marketing Management

Sales & Marketing Management RICHARD SITHU-Sales & Marketing Management

18/02/2024

စီးပွားရေးအကြပ်အတည်းကာလကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို 5W2H Method နဲ့တင်ပြပေးသွားမှာဘဲဖြစ်ပါတယ် ...

04/09/2023



▪️ဝန်ထမ်းလောကရဲ့

▪️ကိုယ့်ရောက်နေတဲ့ နေရာတစ်ခုကို

▪️ကိုယ်တာဝန်ယူပြီး

▪️စီမံခန့်ခွဲတဲ့နေရာမှာ . . .

ဖြစ်အောင်လုပ်နေတာလား

ဖြစ်အောင်လုပ်နေတာလားဆိုတာသိနိုင်ဖို့

ဒီ Video လေးကို အဆုံးထိနားထောင်ကြည့်ပေးနော်။

တစ်ခုခုရသွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။


 #လောကမှာ_ဘယ်တော့မှမမှားတဲ့_အမှန်တရားတစ်ခုက🔺ဉီးတည်ချက်ရှိတဲ့လူတွေဟာ ပိုပြီးဝေးဝေးရောက်တယ်၊ပိုပြီးမြန်မြန်သွားနိုင်တယ်။🔺ပ...
02/10/2022

#လောကမှာ_ဘယ်တော့မှမမှားတဲ့_အမှန်တရားတစ်ခုက

🔺ဉီးတည်ချက်ရှိတဲ့လူတွေဟာ ပိုပြီးဝေးဝေးရောက်တယ်၊ပိုပြီးမြန်မြန်သွားနိုင်တယ်။

🔺ပြီးတော့ သူတို့ဘဝမှာ ကိစ္စတော်တော်များများကိုလည်း ပြီးမြောက်စေနိုင်ပါတယ်။

◾️Skill Will Make Continuous
◾️You Feel Better Continuous


(Sec E)
- (Sec B )
🔹2.10.2022



📌Sales and Marketing သင်တန်းပြန်ဖွင့်ပြီလားဟု စုံစမ်းမေးမြန်းနေကြသောသူများအတွက် သတင်းကောင်း 📣📢▪️Sales and Marketing ကိုအ...
05/08/2022

📌Sales and Marketing သင်တန်းပြန်ဖွင့်ပြီလားဟု စုံစမ်းမေးမြန်းနေကြသောသူများအတွက် သတင်းကောင်း 📣📢

▪️Sales and Marketing ကိုအခြေခံမှ စတင်လေ့လာချင်သောသူများအတွက်
(Level 1) နှင့်

▪️Sales and Marketing ကို Operational Management အတွက် လေ့လာချင်ကြသောသူများ၊Level (1) သင်တန်းတက်ရောက်ခဲ့ပြီး၍ Level (2) တက်ရောက်ရန် စာရင်းပေးသွင်းထားပြီးသော သင်တန်းသူ/သားများအတွက်
(Level 2) သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်ပေးတော့မည်ဖြစ်ပါတယ်။

📌စတင်ဖွင့်လှစ်မည့်နေ့
▪️August 14 , 2022(Sunday)

📌Day
▪️Every Sunday

📌သင်တန်းအချိန်
▪️၁ ပါတ် - ၁ ရက်
▪️၁ ရက် - ၃ နာရီ
▪️၆ ရက် - ၁၈ နာရီ

: Level (1)
▪️9:00(a:m) ~ 12:00(a:m)

: Level (2)
▪️2:00(p:m) ~5:00(p:m)

📌Class
▪️Physical Class
▪️FOSM : Sec (E)
▪️Supervision Skills : Sec (B)

📌သင်တန်းသားဦးရေ
▪️၂၀ ဦးသာဦးသာ

📌Discount : 10%
▪️သင်တန်းသူ/သားဟောင်းများ
▪️RS Member Card ပြနိုင်သောသူများ

သင်တန်းပြီးဆုံးသွားရင် ဘာ Benefits တွေရမလဲဆိုတာ Comment က Review တွေကိုကြည့်ရင်သိနိုင်မှာပါ။
👇👇👇

✅လူဦးရေအကန့်အသတ်ဖြင့်သာ သင်ကြားပေးမည်ဖြစ်ပါသဖြင့်အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီ။

✅အသေးစိတ်သိလိုပါလျှင် CB မှာ လာရောက်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။💕🙏💕

#မှတ်ချက်
နယ်၊အဝေးမှတက်ရောက်လိုသောသူများအတွက် Online(Zoom) ဖြင့်ပါ တစ်ပြိုင်နက်ထည်း(Physical +Online) သင်ကြားပို့ချပေးပါမည်။




 🏆▪️▪️▪️▪️▪️ ောကမှာ 🎗သင် ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် အမြဲရပ်တည်နေနိုင်ပြီး . . .🎗အချိန်ကာလတစ်ခုပေါ်မှာ ရာထူးတိုး၊လစာတိုးပ...
17/01/2022

🏆
▪️▪️▪️▪️▪️

ောကမှာ
🎗သင် ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် အမြဲရပ်တည်နေနိုင်ပြီး . . .
🎗အချိန်ကာလတစ်ခုပေါ်မှာ ရာထူးတိုး၊လစာတိုးပေးတာကို မျှော်လင့်နေပါသလား . . ?
🎗အောက်မှာဖော်ပြထားတဲ့ ချက်အတိုင်းလေ့လာသုံးသပ်ကြည့်လိုက်ပါ . . .

👤မည်သည့်ဝန်ထမ်းမျိုးမဆို ရာထူးတိုး၊လစာတိုးခြင်းကို နှစ်ကုန်တာနဲ့ မျှော်လင့်နေတတ်ကြတဲ့သူတွေချည်းပဲ မဟုတ်လား . . .
👤ဒါပေမယ့် တစ်နှစ်တာရဲ့ အချိန်သာ ကုန်ဆုံးသွားခဲ့တယ် . . . မိမိမျှော်လင့်ထားသလို ဖြစ်မလာတဲ့သူတွေလည်း အများကြီးကြုံတွေ့နေရမှာပါ။
👤ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါကျရင် အဲ့ဒီဝန်ထမ်းဟာ Motivation လည်းကျပြီး လုပ်ငန်းခွင်မှာလည်း မပျော်ရွှင်တော့ဘူး၊result ကောင်းလည်းမထွက်တော့ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးလည်း တိုးတက်မှုမရှိနိုင်တော့ဘူးလေ။
👤ဒါမျိုးတွေမဖြစ်ရအောင် အောက်မှာဖော်ပြထားတဲ့ ၏ တစ်ချက်ခြင်းစီတိုင်းကို စနစ်တစ်ကျလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

1) (လေးစားမှု)
လုပ်ငန်းခွင်ဝင်ရောက်ပြီဆိုတာနဲ့ Respect (လေးစားမှု)သည် အရေးကြီးဆုံးဖြစ်ပါတယ်။
Internal Environment မှာရှိတဲ့ Company ထဲက မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ဌာနပေါင်းစုံမှာရှိတဲ့ ဝန်ထမ်းများအားလုံးအပြင် Company မှာရှိတဲ့လုံခြုံးရေးအထိ လေးစားမှုဖြင့် ဆက်ဆံရေးပြေပြစ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

2) (ရင်နှီးချစ်ခင်အောင် တည်ဆောက်ခြင်း)
Internal Environment မှာရှိတဲ့ မိမိ Company မှ ဝန်းထမ်းများအားလုံးကို Respect ပေးပြီး relationship ကိုလည်းကောင်းမွန်စွာလုပ်ဖို့ လိုအပ်မှာဖြစ်သလို External Environment မှာရှိကြတဲ့ Consumer များ၊ Customer များ Clients များအပါအဝင် မိမိ Company နှင့်ပါတ်သက်ဆက်ဆံမှုရှိနေသော Suppliers များဖြင့်ပါ ရင်းရင်းနှီးနှီးချစ်ခင်မှု ဖြစ်လာအောင် တည်ဆောက်ဖို့လည်းလိုအပ်ပါတယ်။

3) (တာဝန်ယူခြင်း/တာဝန်ရှိခြင်း)
မိမိရာထူးအလိုက် ပြုလုပ်ဆောင်ရွက်ရမည့် Duty & Responsibility များကိုရာထူးအလိုက်သတ်မှတ်ပေးထားသည့် နေ့စဉ်ဆောင်ရွက်ရမည့် JD(Job Description) နှင့် SOP(Standard Operation Procedure)များအတိုင်း အမှားအယွင်းနည်းစွာဖြင့် တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
Daily Management ကို ကောင်းမွန်စွာပြုလုပ်နိုင်ရမည်ဖြစ်သည်။

4) (မှတ်တမ်းတင်သည်)
နေ့စဉ်ပြုလုပ်ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို စနစ်တစ်ကျဖြင့် သေချာစွာမှတ်တမ်းတင်ထားဖို့လည်းလိုအပ်ပါမယ်။

5) (ပြန်လည်ဆန်းစစ်ခြင်း)
နေ့စဉ်ပြုလုပ်ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းဆောင်ရွက်များကို မိမိ၏ JD နှင့် SOP အတိုင်းပြီးစီးဆောင်ရွက်ခဲ့မှု ရှိ/မရှိ ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ပေးရမည်ဖြစ်သည်။

6) (ကိုးကားခြင်း)
မိမိပြုလုပ်ပြီးစီးခဲ့သော လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် Record (မှတ်တမ်း)ထားရှိခဲ့သည့်အတွက် ရှေ့ဆက်ပြီး ပြုလုပ်ဆောင်ရွက်ရမည့် Plan များအတွက် Reference ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည်။

7) (အကြုံပြုထောက်ခံခြင်း)
မိမိအနေဖြင့် စဉ်ဆက်မပြတ် Record ထားရှိခြင်း ၊Review ပြန်လည် ပြုလုပ်ခဲ့ခြင်း ၊Reference ပြန်လည်လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာအထက်လူကြီးအားဖြစ်စေ သက်ဆိုင်ရာ အစည်းအဝေးတွင်ဖြစ်စေ လုပ်ငန်းကိစ္စများကို ယုံကြည်မှုရှိစွာဖြင့် Recommed ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

8) (တုံ့ပြန်သည်/ပြန်ကြားသည်)
ယုံကြည်မှုရှိစွာဖြင့် Recommend ပြန်လည်ပေးနိုင်ပြီဖြစ်သဖြင့် သက်ဆိုင်ရာအထက်လူကြီးမှ မေးမြန်းသည့်သတင်းအချက်အလက်များကို လျှင်မြန်စွာ Respond ပေးနိုင်ရမည်ဖြစ်သည်။

9) (အမှန်တကယ်ဖြစ်ခြင်း)
မိမိတင်ပြပြောဆိုထားသော သတင်းအချက်အလက်များသည်လည်း တိကျ၊မှန်ကန်မှုရှိဖို့လည်း လိုအပ်မည်ဖြစ်သည်။

10) (အကျိုးပေးရလာဒ်)
အရေးကြီးဆုံးလည်းဖြစ်ပါတယ်။
နေ့စဉ်ပြုလုပ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များသည် အထက်မှာ ရှင်းပြပေးခဲ့သည့်အတိုင်း Process များကို စနစ်တစ်ကျပြုလုပ်ဆောင်ရွက်နိုင်ပါက Result Oriented လည်း ကောင်းမွန်စွာရရှိလာနိုင်မည် ဖြစ်ပါသည်။

11) (အစီရင်ခံစာ/တိုးတက်မှုမှတ်တမ်း)
Report ပေးရသည့်အပိုင်းတွင်လည်း
a)Regular Report (Company ၏ လုပ်ငန်းစနစ်နှင့်အညီ ပုံမှန်သတင်းပေးပို့ခြင်း)
b)Urgent Report (အရေးကြီးသောသတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ပေးပို့ခြင်း)
c)Competitors Report (ပြိုင်ဖက်အခြေအနေများသတင်းပို့ခြင်း)
d)Customers & Consumers Feedback Report(စားသုံးသူများနှင့်ဖောက်သည်များ၏ အကြံပြုချက်များအား သတင်းပေးပို့ခြင်း)

အစရှိသည့် Report များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရမည်ဖြစ်သည်။

12) (ဆုလာဒ်များ)
အထက်ဖော်ပြပါ လုပ်ဆောင်ချက်များအား စဉ်ဆက်မပြတ် လုက်ဆောင်နိုင်ခဲ့မည်ဆိုပါက မိမိအား သက်ဆိုင်ရာအထက်လူကြီးများမှ ကျေနပ်အားရမှုရှိကြမည်ဖြစ်သည်။
အချိန်ကာလတစ်ခုပေါ်တွင် စောင့်ကြည့်၍ ရာထူးတိုး၊လစာတိုးပေးမည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးကြမည်ဖြစ်သည်။

🛎အရေးကြီးတာ တစ်ခုတော့ရှိပ့ါသေးတယ်။အဲ့ဒါကတော့

စဉ်ဆက်မပြတ် #လေ့လာပါ
စဉ်ဆက်မပြတ် #သင်ယူပါ
စဉ်ဆက်မပြတ် #မှတ်သားပါ
စဉ်ဆက်မပြတ် #ပြန်လည်အသုံးချပေးပါ

စဉ်ဆက်မပြတ် တိုးတက်အောင်မြင်သော ဝန်ထမ်းကောင်းများဖြစ်နိုင်ကြပါစေ 🙏🙏🙏

Remarks : ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။😍




21ရာစု မှ နည်းပညာတိုးတက်မှုနဲ့ အတူ လူတွေရဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲလာပါတယ်Marketing ဆိုတာ လူတွေရဲ့ ပြုမူဆောင်ရွက်တဲ့...
20/09/2021

21ရာစု မှ နည်းပညာတိုးတက်မှုနဲ့ အတူ လူတွေရဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲလာပါတယ်
Marketing ဆိုတာ လူတွေရဲ့ ပြုမူဆောင်ရွက်တဲ့ အမူအကျင့်တွေပေါ်မှာ တည်ဆောက်ထားတာမို့ တိုးတက်လာတဲ့ ခေတ်မှာ အောက်ပါ အချက် (၃)ချက်ကို သိကိုသိထားဖို့လိုအပ်ပါတယ်

(၁) Online Interaction Vs Offline Interaction
---------------------------------------------------------------------
အွန်လိုင်းပေါ်မှ ဆက်ဆံခြင်း vs ပြင်ပမှ ဆက်ဆံခြင်း

ဆက်သွယ်မှုတွေဖြစ်တဲ့ Online နဲ့ Offline ဆက်သွယ်မှုနှစ်ခုက ဘယ်ဟာကပိုပြီး အကျိုးရှိစေတယ်ဆိုတာ ဒွိဟဖြစ်စေပါတယ်။ ဒီနှစ်တွေအတွင်းCovid 19ကြောင့် Online စီးပွားရေး လုပ်ငန်းတွေ တရှိန်ထိုးတိုးတက်လာတာကတော့ ငြင်းလို့ မရနိုင်ဘူး။ ဒါပေမယ့် ပြင်ပဆက်သွယ်မှုတွေ ကိုတော့ လုံးဝကြီး ပြောင်းလဲပစ်လိုက်တယ်ဆိုတာတော့ လက်ခံလို့ မရပါဘူး။ သူတို့နှစ်ခုကိုပူးပေါင်းပြီးတော့ အသံုးချရင် ပိုကောင်းတဲ့ရလာဒ်တွေရရှိမှာဖြစ်ပါတယ်။

Online ရောင်း၀ယ်မှုတွေ ကြီးထွားလာပေမယ့် လူတွေကကုန်ပစ္စည်း၀ယ်ယူရာမှာ ထိတွေ့မှုကိုလည်း လိုချင်ကြပါတယ်။ Amazon လိုOnline Businessတောင်မှ ထိတွေ့မှုကို အခြေခံတဲ့ လိုင်းတစ်ခုကို တည်ထောင်ထားရပါတယ်။ Online နဲ့ Offline ဆက်သွယ်မှုက အတူတကွ ဒွန်တွဲနေတယ်။ လူတွေက Twitter၊ Facebook တို့ကိုသုံးနေသလို သတင်းတွေကြည့်ဖို့ရာ အတွက်လည်း TV ကို ဖွင့်နေအုံးမှာ ဖြစ်ပါတယ်။

ယခုစျေးကွက်စီးပွားရေးစနစ်က Online/Offline ယှဉ်တွဲတဲ့ စနစ်နဲ့သွားကိုသွားရတော့မှာပါ။ လူတွေက Online မှ ကုန်ပစ္စည်းတွေအပေါ် ထင်မြင်ချက်Reviewတွေ ဖတ်ကြသလို အပြင်မှ ကုန်ပစ္စည်းတွေ ကို ထိတွေ့ပြီး ဝယ်ယူကြတယ်။ ၀ယ်ယူပြီးတဲ့ အသုံးပြုသူတွေက အသုံးပြုရသေးသူတွေကို ပြန်ပြီး ဝေမျှကြတယ်။ ဒီခေတ်ကြီးမှာ ကုမ္ဗဏီတွေအတွက် အဓိက စိန်ခေါ်မှုက Onlineလာကရော Offlineလောကကို အတူတကွ ပေါင်းစပ်ပြီး အသုံးချတတ်ဖို့ရာပင်ဖြစ်တယ်။

(၂) Informed Customer Vs Distracted Customer
-----------------------------------------------------------------------------
ဗဟုသုတရှိသော ဖောက်သည်နှင့် စိတ်‌ရှုပ်ထွေးတတ်သော‌ ဖောက်သည်

ဒီဘက်ခေတ်မှာ Customer တွေက အင်အားကြီးလာပါတယ်။ သူတို့တွေက ပစ္စည်းတွေရဲ့ အချက်အလက်တွေကိုရှာဖွေလာကြတယ်။ အချက်အလက်ပုံသိ‌ေလ ၀ယ်ဖို့ရာခိုင်နှုန်း နည်ပါးလေ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုကို၀ယ်ယူဖို့ဆံုးဖြတ်တဲ့အခါ Customer တွေက အချက်သုံးချက်နဲ့ ဝယ်ယူကြတာတွေ့ရပါတယ်။ ပထမတစ်ချက်က သူတို့က မီဒီယာတွေကနေတဆင့်(Facebook/ TV Advertising) ကြော်ငြာတွေ လွှမ်းမိုးခြင်းခံထားရလို့၀ယ်တာ။ နောက်တစ်ချက်က သူတို့က သူငယ်ချင်း၊ မိသားစုတွေရဲ့ တဆင့်ပြောပြတဲ့ အကြံဥာဏ်တွေကြောင့်၀ယ်တာ။ နောက်ဆုံးတစ်ချက်က အရင်အတွေ့အကြုံတွေကို အခြေခံပြီး သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကိုထည့်သွင်းစဉ်းစားလာကြတယ်။

ယခုအခါလူတွေက သူများတွေရဲ့ အယူအဆ၊ Review တွေကို ကိုယ်ပိုင်အတွေး တွေထက် ပိုပြီး အလေးထား လာကြတယ်။ သူများတွေရဲ့ အကြံဉာဏ်တွေ၊အယူအဆတွက မကောင်းတာကွ မ၀ယ်မိမအောင် ကာကွယ်ပေးတယ်လို့ ထင်ကြတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က တစ်ပါးသူတွေရဲ့ အကြံဉာဏ်ကို လိုက်ပြီး ဆုံးဖြတ်လာကြတယ်။

Marketer တွေလုပ်ရမယ့် အဓိက စိန်ခေါ်မှုနှစ်ချက် ရှိတယ်။ ပထမတစ်ချက်က Customerတွေရဲ့ Attentionကိုရယူခြင်းဖြစ်တယ်။ စက္ကန့် ၃၀အတွင်းBrand Attention ရဖို့ခက်ခဲလာပါမယ်။ အရမ်းကောင်းတဲ့ Branded ကုန်ပစ္စည်းတွေကသာ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ရယူနိုင်တာကြောင့်နောက်ပိုင်းပိုခက်ခဲလာပါလိမ့်မယ်။ ဒုတိယတစ်ချက်က ကုန်ပစ္စည်းအကြောင်းတွေကို Customerတွေဆွေးနွေးဖို့ Community တစ်ခု‌ဖန်တီးခြင်းဖြစ်ပါတယ်။ Marketerတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ထင်မြင်ချက်ကို အလေးထားဖို့ လိုလာတယ်။

(၃) Positive Advocacy Vs Negative Advocacy
------------------------------------------------------------------------
ကောင်းတဲ့ထောက်ခံမှု နှင့် ဆိုးတဲ့ထောက်ခံမှု

ဆက်သွယ်မှုတွေကနေ လူတွေလို့ ထင်မြင်ချက်ကို ရရှိလာတယ်။ လူတွေက တခြား သူတွေရဲ့ ထင်မြင်ချက်တွေကို ပိုပြီး ဂရုပြုလာကြတယ်။ ဆက်သွယ်မှုတွေကနေ ကုန်ပစ္စည်းတွေ အပါ် Customer တွေရဲ့ အားပေးမှုကိုရရှိလာတယ်။

ထောက်ခံမှုဆိုတာက ဈေးကွက်အသစ် မဟုတ်ဘူး။ ထောက်ခံမှုကို စကားလုံးရဲ့ အားလို့လည်းပြော ကြတယ်။သူ့ကို သစ္စာရှိမှုလို့လည်း လက်ခံထားကြတယ်။ Customerတွေက ကုန်ပစ္စည်းတွေ အပေါ် သစ္စာရှိလေလေ သူတို့ရဲ့ ပတ်ဝန်းကျင်ကလူတွေကို ပြောပြချင်တယ်။

Frederick Reichheld ရဲ့ ပြောပြချက်အရ Customers (၃)မျိုး ရှိတယ်လို့ပြောတယ်။ (၁) Promoters - အရောင်းမြှင့်တင်သူ/ Brandကိုrecommend လုပ်သူ (၂) Passives - ကြားနေသူ (၃) Detractors - Brand ကို Recommend မလုပ်တဲ့သူ ဆိုပြီး ဖြစ်တယ်။

စစ်တမ်းအရ Negative Advocacy - (ဆိုးတဲ့ထောက်ခံမှု) က Positive Advocacy - (ကောင်းတဲ့ထောက်ခံမှု) ထက် ပိုအားကောင်းတယ်ဆိုတာ တွေ့ရပါတယ်။ ဆိုးတဲ့ထောက်ခံချက်တွေက မကောင်းတဲ့အရာလို့လည်း ပြောလို့မရပါဘူး။ မကောင်းတဲ့ ထောက်ခံချက်တွေကို အခြေခံပြီး ကောင်းတဲ့ဆီကို သွားရမှာ ဖြစ်တယ်။ မကောင်းတဲ့အမြင်တွေ မရှိရင် ပိုပြီးကောင်လာအောင် ပြုလုပ်ဖို့ရာ ခဲယှဥ်းပါလိမ့်မယ်။ ကောင်းတာနဲ့ ဆိုးတာတွေကို စီမံနိုင်ရမယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကွာလတီပြည့်ဝတဲ့ ကုန်ပစ္စည်း တွေက ကောင်းတဲ့ထင်မြင်ချက်တွေ သိသိသာသာ ရှိရမယ်လို့လည်း မဆိုလိုပါဘူး။

YouGOv BrandIndex အရ Mcdonald ကိုကြိုက်တဲ့သူ ၃၃ရာခိုင်နှုန်းရှိပြီး မကြိုက်တဲ့သူ ၂၉ ရာခိုင်နှုန်းရှိတယ်။ Starbuck မှာဆိုရင် ကြိုက်တဲ့သူ ၃၀ ရာခိုင်နှုန်း ရှိပြီး ကြိုက်တဲ့သူ ၂၃ ရာခိုင်နှုန်းရှိတယ် လို့ပြောတယ်။ Net Promoters Score ကိုလိုချင်ရင် % of Promoters ထဲကနေ % of Detractors ကို နှုတ်ရမှာဖြစ်ပါတယ်။ Net Promoter Score Point of View အရဆိုရင် အဲ့ဒီလုပ်ငန်းကြီးနှစ်ခုနဲ့ အမှတ်က မကြိုက်တဲ့သူများတဲ့အတွက် အမှတ်နည်းတယ်လို့ပြောနိုင်တယ်။ ဒါပေမယ့် ကောင်းတဲ့ ဆိုးတဲ့ ထင်မြင်ချက်တွေမရှိရင် လုပ်ငန်းနဲ့ ရပ်တည်မှုက စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ပါဘူး။

အနှစ်ချုပ်
---------------
Marketer တွေက အွန်လိုင်းလောကနဲ့ ပြင်ပလောကကို ပူးပေါင်းပြီး ဈေးကွက်ရှာတတ်ရမယ်။ Customer တွေဟာ ကိုယ်ပိုင်အကြံဉာဏ်ထက် သူတစ်ပါးအကြံဉာဏ်ကို အားကိုးတတ်လာကြတယ်ဆိုတာ သတိထားရမယ်။ မကောင်းတဲ့ ထင်မြင်ချက်တွေက ကုန်ပစ္စည်းကို ပိုကောင်းအောင် ပြုလုပ်တတ်တယ်။

ကျွန်တော်တို့ Sales & Marketing လောကမှာ လုပ်ကိုင်နေကြတဲ့သူတိုင်းဟာ နေ့စဉ်နဲ့ အမျှ Customer Satisfaction နဲ့ Customer Del...
05/07/2021

ကျွန်တော်တို့ Sales & Marketing လောကမှာ လုပ်ကိုင်နေကြတဲ့သူတိုင်းဟာ နေ့စဉ်နဲ့ အမျှ Customer Satisfaction နဲ့ Customer Delight ဖြစ်အောင် ပြုလုပ်နေကြတဲ့သူတွေပါ။

ဒါပေမယ့် ကိုယ့်ရဲ့ Brand ကို သုံးစွဲနေတဲ့ သူတွေဟာ ဘယ်လို Customer အုပ်စုထဲမှာ ပါနေတာလဲ ဆိုတာကိုတော့ သေသေချာချာ ၊ကွဲကွဲပြားပြား သိရှိအောင် လုပ်နိုင်ရင် ပိုကောင်းမှာပါ။

ဒါကြောင့်လည်း Customer တွေရဲ့ အမျိုးအစားတွေကို အကျွန်တော့်ရဲ့ အတွေ့အကြုံအရ ခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ်။

Video အစအဆုံးကြည့်ပြီးနားလည်းသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
https://user138676.pics.ee/3e6ud9
ကျွန်တော့် Youtube Channel မှာ " SUBSCRIBE " ဆိုတဲ့ အနီရောင်လေးကို မနိုပ်ထားရသေးဘူးဆိုရင် နိုပ်ထားပေးပါ

ဈေးကွက်ထဲမှာBrandတစ်ခုရည်ရှည်တည်တံ့ဖို့အတွက် Customers အဆင့် (၈)ဆင့်How to be a sustainable brand?

𝗦𝗨𝗕𝗦𝗖𝗥𝗜𝗕𝗘❗ဆိုတဲ့ အနီရောင်လေးကိုမနိုပ်ရသေးရင် နိုပ်ထားခြင်းဖြင့် Video အသစ်တင်တိုင်းမှာ လေ့လာနိုင်ပါပြီ။လေးစားစွာဖြင့်,Ri...
02/07/2021

𝗦𝗨𝗕𝗦𝗖𝗥𝗜𝗕𝗘❗ဆိုတဲ့ အနီရောင်လေးကိုမနိုပ်ရသေးရင် နိုပ်ထားခြင်းဖြင့် Video အသစ်တင်တိုင်းမှာ လေ့လာနိုင်ပါပြီ။
လေးစားစွာဖြင့်,
Richard Si Thu

ဈေးကွက်အကြာင်းသိချင်ရင် ဈေးကွက်ထဲဆင်းကြည့်ပါIf you want to know more about the market, go down to the market. in Myanmar

🏆SUBSCRIBE❗ On You Tube Channel
30/06/2021

🏆SUBSCRIBE❗ On You Tube Channel

ယခု Video နှင့်ပတ်သက်ပြီး Selling Concept နှင့် Marketing Concept ကွဲပြားမှုကို ရှင်းရှင်းလင်းလင်း နားလည်သွားလိမ့်မယ်လို့မျှော်လင့...

နယ်ပယ်အသီးသီးမှာရှိကြတဲ့ဝန်ထမ်း‌‌ တွေအတွက်မိမိ Life Carrier တိုးတက်ဖို့You Tube Channelမှာ Subscribeလုပ်နိုင်ပါပြီhttps:...
28/06/2021

နယ်ပယ်အသီးသီးမှာရှိကြတဲ့ဝန်ထမ်း‌‌ တွေအတွက်
မိမိ Life Carrier တိုးတက်ဖို့
You Tube Channelမှာ Subscribeလုပ်နိုင်ပါပြီ
https://youtu.be/zwZvvGwOfCs

SOSTAC Model1. Situation Analysis2. Objectives3. Strategy4. Tactics5. Action6. Control

Sales & Marketing နယ်ပယ်အသီးသီးမှာရှိကြတဲ့ဝန်ထမ်း‌‌ တွေအတွက်You Tube Channelမှာ Subscribeလုပ်နိုင်ပါပြီ
28/06/2021

Sales & Marketing နယ်ပယ်အသီးသီးမှာရှိကြတဲ့ဝန်ထမ်း‌‌ တွေအတွက်
You Tube Channelမှာ Subscribeလုပ်နိုင်ပါပြီ

ဘာကိုဘဲ လေ့လာလေ့လာ အခြေခံကျကျ လေ့လာဖို့တော့လိုအပ်ပါမယ်။ဒါကြောင့် Sales & Marketing ကို အခြေခံကနေစပြီး မျှ‌‌ ‌ ေ၀ပေးလ...

Address

Shwe Sabae Street
Kamayut
253150772

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Telephone

+95 9 509 4147

Website

Alerts

Be the first to know and let us send you an email when Sales & Marketing Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sales & Marketing Management:

Share