01/10/2025
GPU ထဲက RX 580 8GB (Used) တစ်ကဒ် ရောင်းပါဦးမယ်။ မိနစ် ၃၀ စမ်းသပ်ထားတဲ့ Furmark ရလဒ်မှာ 72 FPS ကို အပူချိန် 68° ပဲ တက်တဲ့အပြင် အော်စည်းမပျက်သေးတဲ့ ဒီကဒ်ရဲ့ Condition ပိုင်းဟာလည်း ၉၀%နှုန်းအထက် သန့်ပြန့်မှုရှိပါသေးတယ်။ RX 580 ကဒ်မှန်ပေမဲ့ Sapphire Nitro+ ဘရန်းဖြစ်တဲ့အတွက် Cooling ပိုင်းကတော့ အတော်လေးစိတ်ချရပြီးသားပါ။ ဒါ့အပြင် 8GB GDDR5 ဆိုတဲ့အတိုင်း VRAM များတာကြောင့် High Texture Resolution ကြီးတဲ့ဂိမ်းတွေအတွက်လည်း အဆင်ပြေပါတယ်။ 1080p မှာဆိုရင်တော့ CS2, Valorant, DOTA 2 နဲ့ AAA Games အတော်များများကို Low/Medium-High Settings တွေနဲ့ FPS ကောင်းကောင်း ရနိုင်ပါတယ်။ အရင်ကတည်းက Dota2 လို ပေါ့ပေါ့ပါးပါး ဂိမ်းလောက်ပဲဆော့ထားတာမို့ ရေရှည်သုံးမယ်ဆိုလည်း စိတ်ချရပါသေးတယ်ခင်ဗျ။ ကဒ်ကတော့ မူရင်းဘူးခွံမရှိတော့ပါဘူး။
GPU : RX 580 8GB
Brand/Model : Sapphire NITRO+
Cooling System : Dual-X Cooling
Power Connector : 8-pin + 6-pin
(ပါဝါတော့ ကောင်းကောင်းကျွေးရပါမယ်)
VRAM : 8GB GDDR5
Ports : 2x HDMI, 2x DP, 1x DVI
ဈေးနှုန်း - ၄၂၀,၀၀၀ ကျပ်
အာမခံတစ်ပတ်ပေးပါမယ်ခင်ဗျ။
ဖုန်း - 09254521193, 09777838300
လိပ်စာ - ဒေါ (၂၅၉)၊ ဘူတာလမ်း၊ ဘူတာပင်မဝင်ပေါက် အရှေ့ပေါက်၊ ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့။