Big Words Academy

Big Words Academy Big Words to Big Dreams!

01/09/2026

Post-5| ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုတည်းကိုပဲ ကောင်းအောင်လုပ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။
(အနှစ်ချုပ်ကိုလည်းနောက်ဆုံးမှာရှင်းပြထားပါတယ်)

ရိုးရိုးလေးပဲ ဥပမာပေးရရင်

ခုခေတ်မှာ လူတွေက ကော်ဖီဆိုင်ကို ကော်ဖီ‌သောက်ဖို့ တစ်ခုတည်းအတွက် သွားကြတာမဟုတ်တော့ဘူး။ ဆိုင်ထဲစဝင်ကတည်းက ပြန်ထွက်သွားတဲ့အထိ၊ ပြီးတော့ နောက်တစ်ခါ ထပ်လာချင်စိတ်ဖြစ်လာတဲ့အထိ တစ်ခုလုံးကို ခြုံပြီး ခံစားချင်ကြတာ။

အဲလိုပဲ ပစ္စည်းကိုရောင်းလိုက်ရုံနဲ့မကဘဲနဲ့
အဖက်ဖက်ကနေစဉ်းစားပြီးတော့ တန်ဖိုးမြှင့်ပေးချင်ရင် ဒီလိုလေး လုပ်လို့ရတယ်

▪️Customer Experience
ဆိုင်ထဲခြေချလိုက်တာနဲ့ သာယာတဲ့ တေးဂီတသံလေးတွေ၊ အေးချမ်းတဲ့ အပြင်အဆင်တွေနဲ့ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ ဖတ်လို့ကောင်းမယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးထားတာ။

▪️Customer Service
ဝန်ထမ်းတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုမယ်၊ မီနူးထဲကဟာတွေ ရှင်းပြခိုင်းရင်လည်း စိတ်ရှည်လက်ရှည် ကူညီပေးမယ်ပေါ့။

▪️လက်တွေ့ ဝန်ဆောင်မှုပေးတာနဲ့ ဖြေရှင်းပေးတာ Support
မှာထားတဲ့ ကော်ဖီနဲ့ မုန့်တွေ အမှားအယွင်းမရှိဘဲ အချိန်မှန်မှန် ရောက်လာအောင် လုပ်ပေးတာ။ တစ်ခုခု မှားသွားရင်လည်း ချက်ချင်း တောင်းပန်ပြီး အမြန်ဆုံး အစားထိုး ပြင်ဆင်ပေးတာမျိုး။

▪️Warranty / After-sales
ဆိုင်ကနေ ပြန်သွားတာနဲ့ အကုန်ပြီးသွားတာ မဟုတ်ဘဲ Member ကတ်နဲ့ အမှတ်စုပေးတာ၊ မွေးနေ့ရောက်ရင် လက်ဆောင်လေး ဘာလေး ပေးတာမျိုးနဲ့ ဆက်ပြီး ချိတ်ဆက်ဂရုစိုက်ပေးတာ။

ဒီလိုမျိုး အစအဆုံး အတွေ့အကြုံကောင်းတွေကို ပေးနိုင်မှသာ ဖောက်သည်တွေက ကိုယ့်ဆိုင်ကို စွဲလမ်းလာပြီး သစ္စာရှိတဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်လာမှာလေ။

ဒီလိုမျိုးမှာရှိတာတွေအကုန်လုံးက product ကိုရောင်းထွက်စေနိုင်တဲ့ အရာအားလုံးပါပဲမလို့ အကုန်ထည့်စဉ်းစားရတဲ့ Era လို့ပြောချင်တာပါ။

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်
လိုအပ်တဲ့ Marketing Services များကို
တယ်လီဂရမ်မှာစုံစမ်းနိုင်ပါတယ်။

Telegram -
Email - [email protected]

#ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း #မနှင်းထွဋ်ပြောပြမယ်

31/08/2026

Post(4)| မားကတ်တင်းဆိုတာ Value Creation Process တစ်ခုဖြစ်ပါတယ်။

ရှေ့ကပြောသွားတာတွေအားလုံးကို Summarize လုပ်ပေးထားပါတယ်။

#ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း

30/08/2026

Post-3 | တန်တယ်ဆိုတာ...
သူ့ကိုဝယ်လိုက်ရလို့
ရလိုက်တဲ့အကျိုးအမြတ်
အချိန်ကုန်သက်သာမှု
ငွေကုန်သက်သာမှု
သုံးလိုက်ရတဲ့စိတ်ကျေနပ်မှုတွေ
ခံစားမှု တွေနဲ့ပဲဆုံးဖြတ်ကြပါတယ်။

ရောင်းတတ်ရင် ဘယ်ပစ္စည်းမှ
ဈေးကြီးနေတယ်ဆိုတာမရှိပါဘူး။
သူ့ကိုဝယ်လိုက်ရလို့ ဘာတွေ မတန်ဘူးလဲဆိုတဲ့
အတွေးတွေပဲရှိတာပါ။

ဒီနေ့ ပြောပြချင်တဲ့
ရှင်တို့ပြန်သုံးလို့ရမဲ့ မားကတ်တင်းကတော့
ကိုယ်ပစ္စည်းရဲ့ တန်လိုက်တာဆိုတဲ့အချက်တွေ
ပြောပြတတ်ဖို့ပဲဖြစ်ပါတယ်။

Telegram -
Email - [email protected]

#ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း

29/08/2026

POST -2 | ဒီအတွက် ရှင်တို့ပြန်သုံးလို့ရမဲ့ မားကတ်တင်း သင်ခန်းစာကတော့ ကိုယ်ကဈေးကွက်ထဲမှာ ကြာကြာမြဲနေချင်ရင် ကိုယ်ကောင်းတာကိုလူသိအောင်လုပ်ပြီး၊ အသံကျယ်ပြတတ်ဖို့လည်းလိုတယ်ဆိုတာပါပဲ။

ဟိုးအရင်တုန်းက Sony က ထုတ်တဲ့
Betamax ဗီဒီယိုခွေစက်ဆိုတာရှိတယ်။

ပြီးတော့ခေတ်ပြိုင်အနေနဲ့
JVC က ထုတ်တဲ့ VHS ဆိုတာလည်းရှိတယ်။

Sony က JVC ထက်
ရုပ်ထွက်ရော နည်းပညာပါ အများကြီးသာတယ်။
ပစ္စည်းက ကောင်းတယ်။

ဒါပေမဲ့ ဈေးကွက်ကို ဘယ်လိုထိုးဖောက်ရမလဲ၊
လူတွေလက်ထဲ ဘယ်လိုလွယ်လွယ်ကူကူ ရောက်အောင်
ပို့ရမလဲဆိုတဲ့နေရာမှာ
JVC က မားကတ်တင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ
မဟာဗျူဟာတွေကို သေချာကွက်ကွင်းကျကျ လုပ်နိုင်ခဲ့တယ်။

အဲဒီတော့ နည်းပညာနည်းနည်း‌ညံ့ပေမဲ့
သုံးစွဲသူတွေနဲ့ ဈေးကွက်လိုအပ်ချက်ကို
ပိုကိုက်ညီစေခဲ့တဲ့ VHS က ဈေးကွက်ကို
အကုန်သိမ်းသွားပြီး၊

ပစ္စည်းအရမ်းကောင်းပေမဲ့
မားကတ်တင်းလိုသွားတဲ့
Sony ရဲ့ Betamax ကျတော့
နောက်ဆုံးမှာ ဈေးကွက်ထဲကနေ
လုံးဝပျောက်ကွယ်သွားရတယ်။
ဆိုတော့ကျမဒီနေ့ပြောချင်တာက
Marketing Principle ရဲ့အခန်းတစ်မှာပါတဲ့
Good Product is not equal to Successful Product
Productကောင်း ဆိုတာနဲ့
အောင်မြင်တဲ့ product ဖြစ်လာမယ်လို့ မျှော်လင့်ထားလို့မရဘူး။

ပစ္စည်းက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှန်း မားကတ်တင်းနဲ့ သေချာ မပြောပြနိုင်ဘူးဆိုရင် အဲဒီပစ္စည်းက ဈေးကွက်ထဲမှာ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ဘူး" ဆိုတာပါပဲ။

Telegram -
Email - [email protected]

#ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း

28/08/2026

Post-1| Marketing ဆိုတာ....?
Ads Run တာ၊ Content တင်တာပဲလို့ ထင်နေရင်… Marketing ကို တစ်ဝက်တောင် မသိသေးဘူး။

(တစ်မိနစ်ကျော်ကျော်လေးအတွင်းမှာ မားကတ်တင်းဆိုတာဘာလဲနားလည်သွားချင်ရင် အဆုံးထိကြည့်ကြည့်နော်)

Marketing မှာ
Creating
Communicating
Delivering
Exchanging
ဆိုတဲ့ အဓိကအလုပ် ၄ ခုရှိတယ်။

ဥပမာ ဆပ်ပြာရောင်းမယ်ဆိုရင်—
Creating → ဘာအတွက်ကောင်းတဲ့ ဆပ်ပြာဖန်တီးမလဲ ?
Communicating → ကြော်ငြာလွှင့်မလား? Billboard ထောင်မလား?
Delivering → Sample ဝေမလား? Promotion Campaignလုပ်မလာူ?
Exchanging → Customer ကငွေပေးပြီး ဆပ်ပြာကပေးတဲ့ ကောင်းကျိုးရမယ်

Marketing ဆိုတာ “ရောင်းဖို့ပြောတာ” တစ်ခုတည်းမဟုတ်ဘူး။ Customer အတွက် Value တစ်ခုလုံးကို ဖန်တီးတဲ့ Process ပါ။

Exchange က Product သုံးနေချိန်မှာလည်း ဖြစ်တယ်။ Exchange အကြောင်း vd ထဲပါမသွားလို့။
ဥပမာ Apple ရဲ့ One-to-One Program မှာ
Customer က Annual Fee ပေးတယ်။
Apple Professional က
Training Sessions တွေ ပေးတယ်။
Training Session တစ်ခါတိုင်းမှာ Value Exchange ထပ်ဖြစ်နေပါတယ်။

Product ကို စွန့်ပစ်တဲ့အချိန်မှာလည်း Exchange ရှိတယ်။
ဥပမာ- iPhone အဟောင်းကို သူငယ်ချင်းဆီ ရောင်းတယ်။Car ကို Trade-In လုပ်တယ်။Refrigerator အဟောင်းကို Charity Organization ကို ပေးတယ်။ဒါတွေလည်း Exchange Process နဲ့ ဆက်နွယ်ပါတယ်။

🟥ဒါလေးကြည့်ပြီး ဘာမှတ်ထားလိုက်ရလဲဆိုတာ Comment ပေးခဲ့ဖို့မမေ့နဲ့ဦးနော်။

Telegram -
Email - [email protected]


#ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း

28/08/2026

လုပ်‌ပေးမယ်ဆို စိတ်ဝင်စားကြမလား?

AI Prompt Engineering ကို သင်ဖို့အတွက် ChatGPT သုံးနည်းပဲ သိရင် လုံလောက်လား?ကျွန်မထင်တာတော့ မလုံလောက်ပါဘူး။လက်ရှိ AI ကို...
26/08/2026

AI Prompt Engineering ကို သင်ဖို့အတွက် ChatGPT သုံးနည်းပဲ သိရင် လုံလောက်လား?

ကျွန်မထင်တာတော့ မလုံလောက်ပါဘူး။
လက်ရှိ AI ကို စလေ့လာချင်တဲ့လူအများစုက
“ChatGPT ကို ဘယ်လိုသုံးရမလဲ?”
“ဘယ် Prompt တွေသုံးရမလဲ?”
“ဘယ် AI Tool က အကောင်းဆုံးလဲ?”
ဆိုတာတွေကိုပဲ အရင်ရှာကြပါတယ်။
ဒါပေမယ့် ကျွန်မမြင်တဲ့ ပြဿနာက
AI Tool တစ်ခုသုံးတတ်တာနဲ့ AI Skill တစ်ခု ရသွားတာ မတူပါဘူး။

ဥပမာ ChatGPT ကို Facebook Caption ရေးခိုင်းတတ်တယ်ဆိုတာက Skill တစ်ခုရဲ့ အစပဲရှိသေးတယ်။
ဒါပေမယ့်
ဒီ Task အတွက် AI ကို ဘယ်လို Instruction ပေးရမလဲ?
ဘာ Context တွေလိုအပ်လဲ?
Output က မှန်မမှန် ဘယ်လိုစစ်မလဲ?
Result မကောင်းရင် ဘယ်လိုပြန်ပြင်မလဲ?
ဘယ် AI Tool ကို ဘယ်အလုပ်အတွက် သုံးသင့်လဲ?
AI Tools တွေကို ဘယ်လို Workflow တစ်ခုအဖြစ် ချိတ်ဆက်မလဲ?
နောက်ဆုံး…
AI နဲ့လုပ်ထားတဲ့ Project တွေကို Portfolio အဖြစ် ဘယ်လိုပြမလဲ?
ဒီအရာတွေကို နားလည်လာတဲ့အချိန်မှ AI ကို “သုံးနေတဲ့သူ” ကနေ…
AI နဲ့ အလုပ်လုပ်တတ်တဲ့သူ ဖြစ်လာတယ်လို့ ကျွန်မထင်ပါတယ်။

ဒါကြောင့် ကျွန်မပြင်ဆင်နေတဲ့ AI Prompt Engineering Career Program က
❌ ChatGPT Button ဘယ်လိုနှိပ်ရမလဲ သင်တန်းမဟုတ်ပါဘူး။
❌ Prompt 100 ခု Copy/Paste ပေးတဲ့သင်တန်းလည်း မဟုတ်ပါဘူး။
ဒီ Program မှာ သင်သွားမယ့်အရာက

Level 1 — AI Foundation
AI ဆိုတာဘာလဲ? LLM ဆိုတာဘာလဲ? AI ဘာလုပ်နိုင်လဲ? AI ဘာတွေမှာ မှားနိုင်လဲ?
Level 2 — Basic Prompting
AI ကို ကိုယ်လိုချင်တဲ့ Result ရအောင် ဘယ်လိုရှင်းရှင်းလင်းလင်း ညွှန်ကြားမလဲ?
Level 3 — Advanced Prompting
Prompt ကို တစ်ခါရေးပြီးမရပ်ဘဲ Output ကို ဘယ်လို Improve လုပ်မလဲ?
Level 4 — Real Projects
Content, Marketing, Business, Research စတဲ့ တကယ့်အလုပ်တွေမှာ AI ကို ဘယ်လိုအသုံးချမလဲ?
Level 5 — AI Ecosystem
ChatGPT တစ်ခုတည်းမဟုတ်ဘဲ ဘယ် Problem အတွက် ဘယ် AI Tool ကို သုံးသင့်လဲ?
Level 6 — Portfolio
ကိုယ်လုပ်ထားတဲ့ AI Projects တွေကို Skill Proof အဖြစ် ဘယ်လိုစုစည်းမလဲ?
Level 7 — Career & Monetization
CV, LinkedIn, Freelancing နဲ့ Remote Opportunities တွေအတွက် ဒီ Skill ကို ဘယ်လိုအသုံးချမလဲ?

အင်တာနက်မှာ AI အကြောင်း Free Information တွေ အများကြီးရှိပါတယ်။
ဒါကို ကျွန်မလည်း ဝန်ခံပါတယ်။
ဒါပေမယ့် လူတော်တော်များများရဲ့ ပြဿနာက Information မရှိတာ မဟုတ်ဘူး။

Information တွေ အရမ်းများလွန်းပြီး ဘယ်ကစရမလဲ မသိတာပါ။
ဒါကြောင့် ဒီ Program မှာ ကျွန်မပေးချင်တဲ့ Value က
Information တစ်ခုတည်း မဟုတ်ပါဘူး။
Roadmap ဘာကို အရင်သင်မလဲ?
Practice သင်ပြီး ဘယ်လိုကိုယ်တိုင်စမ်းမလဲ?
Projects Skill ကို ဘယ်လိုလုပ်ပြမလဲ?
Portfolio ကိုယ်လုပ်နိုင်တာကို ဘယ်လိုပြမလဲ?
Career Direction ဒီ Skill ကို ဘယ်လို Opportunity တွေနဲ့ ချိတ်မလဲ?
ဒီအရာတွေကို တစ်နေရာတည်းမှာ စနစ်တကျ ချိတ်ဆက်ပေးချင်တာပါ။

ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်က
AI ကို “စမ်းသုံးကြည့်တဲ့သူ” တွေထက်
AI ကို နားလည်ပြီး ကိုယ့်အလုပ်မှာ အသုံးချနိုင်ပြီး ကိုယ့် Skill ကို တည်ဆောက်နိုင်တဲ့သူတွေ
ပိုများလာဖို့ပါ။

AI Prompt Engineering ဆိုတာ ChatGPT ကို မေးခွန်းမေးတတ်တာ မဟုတ်ပါဘူး။
AI ကို ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်အောင် စနစ်တကျ ညွှန်ကြားပြီး အသုံးချတတ်တဲ့ Skill တစ်ခုပါ။

AI Prompt Engineering Career Program ကို စိတ်ဝင်စားသူများအတွက် အသေးစိတ် Information နဲ့ Enrollment Announcement ကို မကြာခင် မျှဝေပေးသွားပါမယ်။ 🚀

စိတ်ဝင်စားတယ်ဆိုရင် Comment မှာ “AI” လို့ ရေးခဲ့ပါ။
သင်တန်းဖွင့်တဲ့အချိန်မှာ Information ကို အရင်ဆုံး ရရှိနိုင်အောင် Update ပေးသွားပါမယ်။

Telegram -
Email - [email protected]

25/08/2026

We Listen And We Will Definitely JUDGE!
- Content Marketing Version

Telegram -
Email - [email protected]

“Marketing လုပ်နေတယ်ဆိုပြီး… Post တင်တယ်၊ Ads Boost တယ်၊ Customer မရတော့ ‘Marketing မအောင်မြင်ဘူး’ လို့ ပြောနေသေးလား?”တက...
24/08/2026

“Marketing လုပ်နေတယ်ဆိုပြီး… Post တင်တယ်၊ Ads Boost တယ်၊ Customer မရတော့ ‘Marketing မအောင်မြင်ဘူး’ လို့ ပြောနေသေးလား?”

တကယ်တော့ Marketing က ဒီလောက်နဲ့ မပြီးပါဘူး။
လူအများစု Marketing ကို Funnel တစ်ခုလိုပဲ မြင်ကြတယ်။

• Ads တင်မယ်။
• Content တင်မယ်။
• Traffic ရမယ်။
• ပြီးရင် Customer ရမယ်။
ဒါပေမယ့် 2026 မှာ Marketing က ဒီလို ရိုးရိုးလေး မဟုတ်တော့ဘူး။

⬛ဘာကြောင့်လဲ?

လူတစ်ယောက်က Product တစ်ခုဝယ်ဖို့ဆိုတာ
သင့် Ads ကိုမြင်လိုက်တာနဲ့ ချက်ချင်းဝယ်သွားတာ မဟုတ်ဘူး။
သူ့ခေါင်းထဲမှာ မေးခွန်းတွေ အများကြီးရှိတယ်။

“ဒီ Brand ကို ယုံလို့ရလား?”
“ငါ့အတွက် တကယ်အသုံးဝင်လား?”
“တခြား Brand နဲ့ ဘာကွာလဲ?”
“ပိုကောင်းတဲ့ Option ရှိသေးလား?”
အဲ့ဒီ မေးခွန်းတွေကို ဖြေပေးနိုင်တဲ့ Marketing System တစ်ခု လိုတယ်။

အများကြီးတွေးစရာမလိုဘူး။
ဒါတွေပဲလုပ်...

▪️Brand Strategy ချ
ဒီ Brand က ဘယ်သူအတွက်လဲ၊ ဘာကြောင့် ရွေးသင့်လဲ” ဆိုတာ ရှင်းစေတယ်။

▪️Market Research လုပ်
Customer တကယ်ဘာလိုချင်လဲဆိုတာ သိစေတယ်။

▪️Product Positioning သေချာရွေး
သင့် Product ကို Customer ရဲ့ ခေါင်းထဲမှာ နေရာတစ်ခုရစေတယ်။

▪️Content Marketing လုပ်

ရောင်းချဖို့ပဲ မဟုတ်ဘဲ Customer ကို နားလည်စေတယ်၊ ယုံကြည်စေတယ်။

▪️Reviews နဲ့ Social Proof တွေစု

“ငါတစ်ယောက်တည်း မစမ်းရတော့ဘူး” ဆိုတဲ့ ယုံကြည်မှုကို ပေးတယ်။

▪️Social Media က

စကားပြောစေတယ်၊ Relationship တည်ဆောက်စေတယ်။

▪️CRM

တစ်ခါဝယ်ပြီး ပျောက်သွားတဲ့ Customer ကို ပြန်လာစေတယ်။

▪️Community ဆောက်

Customer ကို Audience ကနေ Brand ကို ကိုယ်စားပြုပေးတဲ့ Advocate ဖြစ်လာစေတယ်။

▪️ပြီးတော့ Analytics ကိုမမေ့နဲ့

“ငါတို့ထင်တာ” နဲ့ မဟုတ်ဘဲ

“တကယ် ဘာဖြစ်နေလဲ” ဆိုတာကို ပြပေးတယ်။

အဲ့ဒါကြောင့် Marketing က

Post တင်ခြင်းတစ်ခုတည်း မဟုတ်ဘူး။ Ads Run ခြင်းတစ်ခုတည်းလည်း မဟုတ်ဘူး။

Marketing က

လူတွေကို နားလည်ဖို့၊

သူတို့ရဲ့ Doubt တွေကို လျှော့ဖို့၊

Trust တည်ဆောက်ဖို့၊

ပြီးတော့ Customer ရဲ့ Decision ကို

ပိုလွယ်ကူစေဖို့ လုပ်တဲ့ System တစ်ခုပါ။

ဒါကြောင့် နောက်တစ်ခါ

“ဘယ် Channel မှာ Marketing လုပ်ရမလဲ?” လို့ မေးမယ့်အစား

“ငါ့ Customer က ဘာကြောင့် မဝယ်သေးတာလဲ?” လို့ အရင်မေးကြည့်ပါ။

ဘာလို့လဲဆိုတော့

Great Marketing ဆိုတာ Channel များများသုံးတာ မဟုတ်ဘူး။
Customer ကို ပိုနားလည်တာဖြစ်ပါတယ်။

ထိရောက်မြန်ဆန်တဲ့Marketing Service များအတွက်
Big Words Digital Marketing Services

Telegram -
Email - [email protected]

Content Writer နဲ့ Content Creator အလုပ်လျှောက်တဲ့အခါ ဘာတွေကို သေချာခွဲခြားသင့်လဲ?အလုပ်ရှာတဲ့အခါ Content Writer နဲ့ Cont...
21/08/2026

Content Writer နဲ့ Content Creator အလုပ်လျှောက်တဲ့အခါ ဘာတွေကို သေချာခွဲခြားသင့်လဲ?

အလုပ်ရှာတဲ့အခါ Content Writer နဲ့
Content Creator ဆိုတဲ့ Job Title နှစ်ခုကို တွေ့ရတတ်ပါတယ်။

တစ်ခါတလေ Job Title က Writer ဖြစ်ပေမယ့်
Video ရိုက်ရတာ၊ Edit လုပ်ရတာတွေပါဝင်နေတတ်ပါတယ်။
တစ်ဖက်မှာလည်း Creator လို့ခေါ်ပေမယ့်
အဓိကတာဝန်က စာရေးခြင်း ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် Job Title ကိုပဲ ကြည့်ပြီး အလုပ်ရွေးမယ့်အစား အောက်ပါမေးခွန်းတွေကို ကိုယ်တိုင်မေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
---

1. ကိုယ်က စာရေးတာကို အဓိကလုပ်ချင်တာလား၊ Content တစ်ခုလုံးကို ဖန်တီးချင်တာလား?

Content Writer ရဲ့ အဓိကတာဝန်က Words ဖြစ်ပါတယ်။
Caption, Article, Blog, Website Copy, Advertisement Copy, Video Script စတာတွေကို Audience နားလည်ပြီး စိတ်ဝင်စားလာအောင် ရေးပေးရပါတယ်။

အကယ်၍ ကိုယ်ဟာ Research လုပ်ရတာ၊ စာရေးရတာ၊ Idea တစ်ခုကို စကားလုံးတွေအဖြစ် ပြောင်းလဲရတာကို နှစ်သက်တယ်ဆိုရင် Content Writer Role က ပိုသင့်တော်နိုင်ပါတယ်။
---

2. Idea တစ်ခုကို စာနဲ့ဖော်ပြတာထက် Video, Visual နဲ့ပါ ကိုယ်တိုင်ဖန်တီးချင်သလား?”

ဒီလိုဆိုရင် Content Creator ဘက်ကို စဉ်းစားသင့်ပါတယ်။
Content Creator က စာရေးရုံနဲ့ မပြီးပါဘူး။
Iea စဉ်းစားခြင်း၊ Script ရေးခြင်း၊ Shoot လုပ်ခြင်း၊ Editing၊ Caption ရေးခြင်းနဲ့ Publishing အထိ ပါဝင်နိုင်ပါတယ်။

တစ်နည်းအားဖြင့်
Writer က Content ရဲ့ စာအရေးအသားကို အဓိကတာဝန်ယူတယ်။
Creator က Content ရဲ့
Overall Experience ကို ပိုပြီးတာဝန်ယူတယ်။
---

3. Job Vacancy မှာ Content Writer လို့ရေးထားတာကိုပဲ ယုံသင့်သလား?”

ဒီနေရာမှာ Job Title ကိုပဲ မကြည့်ပါနဲ့။ Job Description ကို အရင်ဖတ်ပါ။

ဥပမာ
Content Writer လို့ရေးထားပေမယ့်
• Video ရိုက်ရမယ်
• Video Edit လုပ်ရမယ်
• TikTok Content ဖန်တီးရမယ်
• Social Media Management လုပ်ရမယ်
• Analytics ကြည့်ရမယ်

ဆိုရင် အဲဒီ Role က Traditional Content Writer Role ထက် ပိုကျယ်နေပါပြီ။
---

4. ဒါဆို Content Writer နဲ့ Content Creator ကို ဘယ်လိုခွဲသိနိုင်မလဲ

အလွယ်ဆုံးနည်းက တာဝန်ယူရမယ့် Output ကိုကြည့်တာပါ။
Writing, Blog, Article, Copy, Script တွေကို အဓိကတောင်းထားရင် Content Writer ဘက်ပိုနီးပါတယ်။
Video, Shoot, Reels, TikTok, Editing, Visual Content တွေကို အဓိကတောင်းထားရင်
Content Creator ဘက်ပိုနီးပါတယ်။

Content Calendar, Strategy, Analytics, Campaign Planning တွေပါလာရင်တော့ Content Specialist / Content Strategist ဘက်ကို ပိုနီးလာပါပြီ။
---

5. ဒါဆို ဘယ် Career ကို ရွေးသင့်လဲ?

ဒီမေးခွန်းရဲ့အဖြေက ကိုယ်ဘာလုပ်ရတာကို နှစ်သက်လဲ ဆိုတာနဲ့ စတင်ပါတယ်။
✅ စာရေးရတာ၊ Research လုပ်ရတာ၊ စဉ်းစားပြီး Words အဖြစ်ပြောင်းရတာကို နှစ်သက်ရင်Content Writerကို စဉ်းစားနိုင်ပါတယ်။

✅ Idea ဖန်တီးရတာ၊ Camera ရှေ့/နောက်မှာ လုပ်ရတာ၊ Video နဲ့ Visual Content တွေ ဖန်တီးရတာကို နှစ်သက်ရင်Content Creatorကို စဉ်းစားနိုင်ပါတယ်။

ဒါပေမယ့် Career ကို ရေရှည်စဉ်းစားမယ်ဆိုရင် Role တစ်ခုတည်းမှာ မရပ်ဘဲ Writing + Content Creation + Marketing Strategy ဆိုတဲ့ Skill Set ကို တဖြည်းဖြည်းတိုးချဲ့ထားဖို့ အကြံပြုချင်ပါတယ်။
---

နောက်ဆုံးအနေနဲ့ တစ်ခုသတိပြုစေချင်တာက
Job Title က Company ကပေးတဲ့ နာမည်ပါ။
Skill Set ကတော့ ကိုယ်တကယ်ပိုင်ဆိုင်ထားတဲ့ တန်ဖိုးပါ။
ဒါကြောင့် “Content Writer လား၊ Content Creator လား?” ဆိုတာထက်

“Content တစ်ခုကို ဘယ်အဆင့်အထိ ကိုယ်တိုင်ဖန်တီးနိုင်သလဲ?”
ဆိုတာကို စဉ်းစားကြည့်ပါ။
အဲဒီအဖြေကပဲ ကိုယ့်ရဲ့ Career Value ကို ပိုပြီးဆုံးဖြတ်ပေးနိုင်ပါတယ်။

Telegram -
Email - [email protected]

Address

Magway

Opening Hours

Monday 00:00 - 22:00
Tuesday 00:00 - 22:00
Wednesday 00:00 - 22:00
Thursday 00:00 - 22:00
Friday 00:00 - 22:00
Saturday 00:00 - 22:00

Telephone

+959755091299

Website

Alerts

Be the first to know and let us send you an email when Big Words Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Big Words Academy:

Shortcuts

Share