Kyaw Tat - Digital Marketing for You

Kyaw Tat - Digital Marketing for You Build successful brand for your Business with us

This is our Visualyou can taste it !
18/09/2025

This is our Visual
you can taste it !

လုပ်ငန်းတူပြိုင်ဘက်တွေကို ကျော်တက်ပြီး အောင်မြင်မှု ပန်းတိုင်ဆီ လှော်ခပ်ဖို့ အဆင့်သင့်ပဲလား  ?Content + Design - 5 Post ...
11/09/2025

လုပ်ငန်းတူပြိုင်ဘက်တွေကို ကျော်တက်ပြီး အောင်မြင်မှု ပန်းတိုင်ဆီ လှော်ခပ်ဖို့ အဆင့်သင့်ပဲလား ?

Content + Design - 5 Post မှ 99000 ကျပ်ထဲနဲ့ နေ့စဉ် ဝယ်သူနဲ့ ထိတွေ့နိုင်ပြီနော် ...🤗

ရေရှည်တည်တံ့တဲ့​ဖောက်သည်​တွေ ပိုင်ဆိုင်ဖို့ က Content Writing✍️

ချက်ခြင်း​ရောင်းအားကို တိုးမြှင့်​ပေးလိုက်မှာက Copywriting ✍️

အမြင်နဲ့ဆွဲ​ဆောင်နိုင်ဖို့ဆို Visual Design 🎊

Online Business တစ်ခု ပေါက်​မြှောက် အောင်မြင်ချင်တယ်ဆိုရင်​​တော့ Digital Marketing Strategy တွေလိုတာ​ပေါ့။

နေ့စဉ်ပုံမှန် ပို့စ် တင်ပြီး Page မှာနေ့တိုင်း Active ဖြစ်ချင်တယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးများအနေနဲ့ နေ့စဉ်တင်မလား တစ်ရက်ခြားတင်မလား ?

Online Business နာမည်ရလာချင်တယ် ဆိုရင်....👌

ပစ္စည်း​တွေ အ​ရောင်းသွက်ချင်တယ်ဆိုရင် ...💸
ဖောက်သည်​ဟောင်း​တွေ မြဲချင်တယ် ဆိုရင် ...💁‍♀️

Kyaw tat - ကျော်တက် မှာ Content & Design တွေကို တစ်ပုဒ်ချင်း (သို့)တစ်လစာ အပ်နိုင်ပါပြီ ...

တလစာ Content + Design - ( 5 Post) - 99000 ကနေစပြီး အပ်လို့ရတာမို့ အရမ်းတန်နေပြီနော် ...

🌟Audience မှန်စေရမယ်။

🌟Research အားကောင်းစေရမယ်။

🌟Strategy ကျတဲ့ marketing များနဲ့ပေါင်းစပ်ပြီး လုပ်ငန်းရှင်များကို အောင်မြင်မှု ပန်းတိုင်ကို အရောက်ခေါ်သွားပေးမယ်။

တစ်လ လုပ်ငန်းရှင် ဉီးရေ (10 ) ဉီးသာ လက်ခံသွားမှာမို့ အမြန်လာအပ်ဖို့တော့လိုတယ်နော် ...

လုပ်ငန်းရှင်တွေ ရဲ့ Product (or) Service အကြောင်း ကို ပြောပါဆိုရင် ဘာတွေ ပြောရမလဲ ?ကျနော်တို့ ဆီ အလုပ်လာအပ်တဲ့ လုပ်ငန်းရ...
12/10/2024

လုပ်ငန်းရှင်တွေ ရဲ့ Product (or) Service အကြောင်း ကို ပြောပါဆိုရင် ဘာတွေ ပြောရမလဲ ?

ကျနော်တို့ ဆီ အလုပ်လာအပ်တဲ့ လုပ်ငန်းရှင်တော်တော်များများ ကို Product အကြောင်းပြောပါ လို့

ကျနော်တို့ က ပြောလို့ရင် သူတို့ က ဘာတွေ ပြောရမှာလဲ လို့ ပြန်မေးကြပါတယ်။

🔸️သင့်ရဲ့ Product အကြောင်းကို သင် ဘယ်လောက်သိလဲ ဆိုတာသင့် Product အကြောင်းကို သင်ဘယ်လောက်ရှင်းပြနိုင်လဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။

Product အကြောင်းပြောပါဆိုရင် ဒီအချက် ( 8 ) ချက် ကို
အခြေခံထားပြီး ပြောနိုင်ပါတယ်။

🔸️1) Product (or ) Service ဘာပစ္စည်း (0r) ဘာ ဝန်ဆောင်မှု လဲ ?
🔸️2) Price- ဈေးနှုန်းက ဘာလဲ ?
🔸️3) ဒီပစ္စည်းကို ဘယ်လိုအခြေအနေမှာ အသုံးပြုရလဲ ?
🔸️4) ဒါကိုဘယ်လို အသုံးပြုရလဲ ?
🔸️5) ဒါကို သုံးရင် ဘာဖြစ်မှာလဲ ?
🔸️6) ဒီပစ္စည်းကို သုံးရမဲ့ အကြောင်းအရင်းက ဘာလဲ ?
🔸️7) features (or) Benefits ကောင်းကျိုးတွေ က ဘာလဲ ?
🔸️8) ဒါက customers တွေရဲ့ လို အပ်ချက်ကို ဘယ်နှ ရာခိုင်နှုန်း ဖြည့်စီးပေးနိုင်လဲ ?

ဒါကို Know your product လို့ပြောကြပါတယ်။
Know your product ဟာ Product knowledge ပါပဲ။

Product knowledge ကို ကိုယ်ကိုကိုယ်တိုင်လဲ တိတိကျကျ သိထားရမှာ ဖြစ်သလို ကိုယ့်ဝန်ထမ်း​တွေ၊ ကိုယ်အလုပ်အပ်မဲ့ online /offline Marketing Agency ​တွေကိုလဲ ​​သေချာ ရှင်းပြ​ပေးဖို့လိုပါတယ်။

Product Knowledge ကို သိ​လေ​လေ ၊ engage ဖြစ်​တဲ့ Content ​တွေ ဖန်တီးဖို့ လွယ်ကူ​လေ​လေဖြစ်တာမို့ Sale ဖြစ်​ဖို့ အတွက် အ​ထောက်အကူ ပြုနိုင်တာပဲဖြစ်တယ်။




လုပ်ငန်းရှင် တွေ အတွက် ကျနော်တို့ ဖန်တီးတဲ့ Content တွေက တစ်ပုဒ် နဲ့ တစ်ပုဒ် ဘယ်လို သက်ရောက်မှု ရှိလဲ ?ကျနော်တို့ တွေ Co...
11/10/2024

လုပ်ငန်းရှင် တွေ အတွက် ကျနော်တို့ ဖန်တီးတဲ့ Content တွေက တစ်ပုဒ် နဲ့ တစ်ပုဒ် ဘယ်လို သက်ရောက်မှု ရှိလဲ ?

ကျနော်တို့ တွေ Content ဖန်တီးတဲ့နေရာမှာ Content Pillar ကို သုံးပါတယ်။

ကျနော်တို့ ရဲ့ Content Pillar ကို Buyer Journey ကနေ တစ်ဆင့် ဖန်တီးပါတယ်။

Buyer Journey မှာ

1) Awareness ( Know ) - စသိတဲ့ အဆင့်
2) Consideration ( engagement ) - သိပြီး နောက် စဉ်းစားစောင့်ကြည့်တဲ့ အဆင့်
3) Decision ( Sale ) - ဆုံးဖြတ်ချက်ချလိုက်တဲ့ အဆင့်

ဆိုတဲ့ ၃ ဆင့် ပါပါတယ်။

ဒီလို အဆင့်ဆင့် ကနေ ဖောက်သည်သစ်တွေရအောင်၊
ဖောက်သည်ဟောင်းတွေ တည်မြဲနေအောင် ကျနော် တို့ရဲ့ Content တွေကို ဖန်တီးရပါတယ် ။

Awareness အတွက် Educated Content Type တွေ ဖြစ်တဲ့ ( Behind the sense / Tips / How to guide / etc )

Engagement အတွက် Entertainment Content Type တွေ ဖြစ်တဲ့ ( Tutorial / FAQS / Quizz / Fun video / MeMe / etc )

Decision &Sale အတွက် Inspire Content Type တွေ ဖြစ်တဲ့ ( Contest / Giftaway/ Promotion/ Event / campaign / etc )

စတဲ့ Content Categories တွေ ဖန်တီးလို့ရပါတယ်။

သက်ဆိုင်ရာ Categories ​တွေထဲကမှ လုပ်ငန်းရှင့်တွေရဲ့
Product (or) service နဲ့သက်ဆိုင်တာကို
Main Topic/ Sub Topic အဆင့်ဆင့်ခွဲ​ဝေလိုက်ပါတယ်။

တစ်လ အတွင်း

Awareness အတွက် Content ဘယ်နှခု
Engagement အတွက် Content ဘယ်နှခု
Decision &Sale ဖြစ်သွားဖို့အတွက် Content ဘယ်နှခု
ဆိုပြီး

Content Pillar ကနေရလာတဲ့ Topics ​တွေကို ကြည့်ပြီး Content အပုဒ်ရေတွေကို အကြမ်းဖျင်း Content Plan စချရပါတယ်။

Goals ပေါ်မူတည်ပြီးတော့ Content Types တွေရဲ့ အပုဒ်ရေကတော့ ပြောင်းလဲမှုရှိနိုင်ပါတယ်။

Schedule (or) Published လုပ်မဲ့ Date & Time နဲ့
Content Calendar တစ်ခုကို ကြိုတင် စီစဉ်လိုက်ပါတယ်။

ဒီလိုမျိုး Buyer Journey ကနေ Content Pillar ကို ဖန်တီးပြီး Content Type က​နေ Categories များစွာကို ထုတ်ပြီး Main Topics / Subtopic များစွာ ဖန်တီးနိုင်ပါတယ်။

Strategy ကျတဲ့ Content Pillar တစ်ခုကို ဖန်တီးပြီး Awareness stage ကနေ sale အထိ တစ်ခုနဲ့ တစ်ခု၊ တစ်ရက်နဲ့ တစ်ရက် သက်ရောက်မှု ကောင်းကောင်းနဲ့ လုပ်ငန်းရှင်​တွေ ရဲ့ Marketing Goal ဆီ ကို ဒီလိုပုံစံမျိုးနဲ့ စနစ်တကျ ချဥ်းကပ်ရပါတယ် ။

ကျနော်တို့ရဲ့ ဒီ Buyer Journey Content Pillar Strategy ကို သုံးပြီးတော့ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်တိုင် Online Marketing လုပ်မယ်ဆိုရင်

ပို​ကောင်းတဲ့ result တစ်ခုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကျနော်တို့ ဆီ အလုပ်လာအပ်တဲ့ Content တွေကို ကျနော်တို့ ဘယ်လို ဖန်တီးကြလဲ ?Content လို့ ပြောလိုက်ရင် Content& Design / Con...
07/10/2024

ကျနော်တို့ ဆီ အလုပ်လာအပ်တဲ့ Content တွေကို ကျနော်တို့
ဘယ်လို ဖန်တီးကြလဲ ?

Content လို့ ပြောလိုက်ရင် Content& Design / Content& Photo /
Content Video ဒါတွေ အကုန်ပါတယ်လို့ သိထားဖို့လိုပါတယ်။

ခေါင်းစဉ်ကို စဉ်းစားပြီး ဆန်းသစ်တဲ့ Content တွေရေးလိုက်တယ်ဆိုတာ Content ဖန်တီးတာလို့ ထင်ပါသလာ?

ဒီလို Content ရေးတာမျိုးကတော့ လူတိုင်းနီးပါး ရေးနိုင်ကြတာပေါ့လို့ တစ်ချို့က ဆိုကြပါတယ်။

ဒါပေမဲ့ ကျနော်တို့ Business တွေ အတွက် Content တွေ ဖန်တီးတယ်ဆို
တာ ရိုးရိုး Content တွေ မဟုတ်ပဲ Marketing Content တွေ ဖြစ်ဖို့လိုပါတယ်။

ကျနော်တို့ Kyaw Tat Digital marketing မှာ
ဒီလို လုပ်ငန်းစဉ်အဆင့်ဆင့်ကနေ Content တွေ ဖန်တီးပါတယ်။
...................................................................................................................................

🌟ပထမဆုံး Content Pillar ကို ဖန်တီးရပါတယ် Content Pillar မှာ ကျနော်တင်မဲ့ Platform အတွက် သီးသန့်ဆန်တဲ့ Content အမျိုးအစားတွေကို အဆင့်ဆင့်ခွဲဝေလိုက်ပါတယ်။

Content Pillar မှာ Content Type ​တွေက​နေ Categories ​တွေ အများကြီး ထွက်လာပြီး
Main Topic / subtopic ​တွေ အများကြီး ပါလာပါတယ်။

​နောက်​တော့ Market Analysis ကို ကြည့်ပြီး Content Strategy ကို စဆွဲပါတယ်။

🌟Content Strategy မှာ Goal တွေ၊ Audience တွေ ၊ keywords ၊ Landing Page ၊ Content Type တွေပါဝင်ပါတယ် ။

Content Strategy နဲ့ Content Pillar ကနေ Content Planning တွေချပါတယ်။

🌟Content Planning မှာ တစ်လစာ / ၃ လစာ / ၆ လစာ / တစ်နှစ်စာ စတဲ့ အချိန် Limit နဲ့ Planning ​တွေဆွဲပါတယ်။

Planning ချပြီးတော့ Content Calendar တွေ ဖန်တီးပါတယ်။

နောက်တော့ Content တစ်ပုဒ်ချင်းစီကို ဖန်တီးပြီးတော့ Edit လုပ်ပါတယ်။

Page (or) Platform အမျိုးမျိုး မှာ Publish ( or ) Scheduled လုပ်ပြီး တော့ Marketing လုပ်ပါတယ်။

🌟နောက်ဆုံးအဆင့်အနေနဲ့ Publish လုပ်လိုက်တဲ့ Content တွေ ဘယ်လောက်ထိ effective ဖြစ်လဲဆိုတာ KPI တိုင်းပါတယ်။

ဒါကတော့ ကျနော်တို့ Kyaw Tat Marketing Agency ရဲ့ Content တွေ ဖန်တီးမှု အဆင့်ဆင့် ပဲဖြစ်ပါတယ်။

ကျနော် ကျော်တက်ကနေ လုပ်ငန်းရှင်တွေရဲ့ အွန်လိုင်းစီးပွားရေးမှာ တိုးတက်အောင်မြင်ဖို့ အတွက် Low Budget / Hight Performance များနဲ့ လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

Content တွေ Design တွေ အပ်လိုက်ရင် ရောင်းအားတက်မှလား ?Content နဲ့ Design တွေ က ဈေးရောင်းရအောင်လုပ်ပေးမှာတော့ မဟုတ်ပါဖူး။...
06/10/2024

Content တွေ Design တွေ အပ်လိုက်ရင် ရောင်းအားတက်မှလား ?

Content နဲ့ Design တွေ က ဈေးရောင်းရအောင်လုပ်ပေးမှာတော့ မဟုတ်ပါဖူး။

ဒါပေမဲ့ Page မှာ Content တွေ Design တွေ သာမရှိတော့ ဈေးရောင်းရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဖူး။

ဈေးရောင်းရချင်တယ်ဆိုရင်တော့ Content တွေ Design တွေ Page မှာ ရှိထားရုံနဲ့ မလုံလောက်ပဲ လူများများကို ပြပေးဖို့လဲ လိုပါသေးတယ်။

Content & Design ဟာ Sale man ပေါင်းများစွာ

ဆိုင်ကို ဈေးဝယ်တစ်ယောက်ဝင်လာပြီဆိုရင်
ပစ္စည်းအကြောင်းကို ရှင်းပြပေးတဲ့သူက Sale Man ပါ။

ကျတော်တို့ Page ထဲကို ဝင်လာမယ်ဆိုရင်တော့ Content နဲ့ Design တွေက ပစ္စည်းအကြောင်းအရာကို ရှင်းပြပေးသူတွေပါပဲ။

ဆိုင်တစ်ဆိုင်ကို လူတွေ အများကြီး ဝင်လာပြီဆိုရင် Sale Man တွေ အများကြီးလိုပေမဲ့

Page မှာကတော့ Content တွေရှိထားရုံနဲ့ လုံလောက်ပါတယ်။

တကယ်ဝယ်ချင်တဲ့သူက CB ထဲ ဝင်လာတဲ့အခါ ရောင်းလိုက်ရုံပါပဲ ။

Content&Design ဟာ Maketing Man ပေါင်းများစွာ

ကျနော်တို့ Marketing လုပ်ဖို့ ဈေးဆိုင်တွေကို ပစ္စည်းသွားစပ်မယ်ဆိုရင်
ပစ္စည်းအကြောင်း အသေးစိတ်ရှင်းပြပေးဖို့ အတွက် Marketing သမား
တွေအနေနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပစ္စည်းစပ်ရပါတယ်။

ကျနော်တို့ Page မှာ တစ်ခုအနေနဲ့ Marketing လုပ်ဖို့အတွက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သွားပြီး ပစ္စည်းစပ်ချင်တယ်ဆိုရင် Content တွေ ကို လူများများဆီ ပြပေးလိုက်ရင်ရပါပြီ။

Content တွေ ပြပေးဖို့ အတွက် အလွယ်ဆုံးနည်းလမ်းကတော့
Group တေထဲ ရှယ်တာ နဲ့ Boost လုပ်တာပါပဲ ။

ဒါပေမဲ့ Content တွေ မပြပေးခင်မှာ တော့ Content တွေမဖြစ်မနေ ရှိထားဖို့လိုအပ်တာပါပဲ ။

နောက်ထပ်ကတော့ Marketing Campaign တွေ လုပ်မယ်ဆိုလဲ Contentတွေ Design တွေကနေ တစ်ဆင့်လုပ်ကြရပါတယ်။

မဲဖောက်တာလား? ပရိုမိုးရှင်းလားး? Event ပွဲတွေ အတွက်လား ?

အင်ဖလူအင်ဇာ ပို့စ်တွေလား ? ရီဗျူး လား အားလုံးမှာ Content & Design (or) Photo တွေ မရှိပဲ လုပ်လို့မရပါဖူး။

Content & Design ကောင်းရင်ကောင်းသလို Target ထိမှာဖြစ်သလို
Content & Design ကောင်းတာနည်းရင်တော့ target ထိနည်းမှာဖြစ်ပါတယ်။

Content & Design မရှိရင်တော့ Online မှာ ဈေးရောင်းဖို့ ဖြစ်ကို မဖြစ်နိုင်တော့ဖူးပေါ့။

Kyaw Tat Digital Marketing ကနေ လုပ်ငန်းရှင်တွေရဲ့ Page အတွက် ထိရောက်မှန်ကန်တဲ့ Audience တွေကို ဘယ်လိုရှာလဲ ? 🔸️Research ...
02/10/2024

Kyaw Tat Digital Marketing ကနေ လုပ်ငန်းရှင်တွေရဲ့ Page အတွက် ထိရောက်မှန်ကန်တဲ့ Audience တွေကို ဘယ်လိုရှာလဲ ?

🔸️Research & Comparison ကနေ ပထမဆုံး Buyer Persona ကိုဆောက်ပြီး

🔸️Content တွေ ဖန်တီးပါတယ်။ Campaign တွေ ADS တွေ လုပ်ဆောင်ပါတယ်။

🔸️ဒီ Content တွေ ၊ Campaign တွေ ၊ ADS တွေ က တစ်ဆင့် engage လုပ်လာတဲ့ Audience တွေကိုစောင့်ကြည့်ပြီး Analysis လုပ်ပါတယ်။

🔸️Analysis လုပ်ထားပြီးတဲ့ Audience တွေထဲကမှ Buyer Persona တွေဆောက်ပြီး တူရာအုပ်စုတွေဖွဲ့ပါတယ်။

- အများဆုံး Engage ဖြစ်တဲ့ Buyer Persona အုပ်စု
- အလယ်အလတ် Engage ဖြစ်တဲ့ Buyer Persona အုပ်စု
- အနည်းဆုံး Engage ဖြစ်တဲ့ Buyer Persona အုပ်စု

စတဲ့ Buyer Persona အုပ်စုတွေကို ဆွဲထုတ်ပြီး လုပ်ငန်း Page တစ်ခုချင်းစီရဲ့ ကိုယ်ပိုင် Demographic Audience ကို ရှာဖွေပါတယ်၊

ကျနော်တို့ Kyaw Tat marketing ကနေ လုပ်ငန်းရှင်တွေ ရဲ့ Budget တွေအလေအလွင့်မဖြစ်စေပဲ မှန်ကန်တဲ့ Audience တွေရှာဖွေပြီး ဒီလိုမျိုး ထိရောက်တဲ့ Digital marketing တွေလုပ်ဆောင်ပေးပါတယ်။

အောင်မြင်တဲ့ ဘရန်းတစ်ခု တည်ဆောက်မယ်ဆိုရင် မဖြစ်မနေ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ် ( ၃ ) ခု 1)Brand Strategy2)Brand Idenity3)B...
01/10/2024

အောင်မြင်တဲ့ ဘရန်းတစ်ခု တည်ဆောက်မယ်ဆိုရင်
မဖြစ်မနေ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ် ( ၃ ) ခု

1)Brand Strategy
2)Brand Idenity
3)Brand marketing

🔸️ကျနော်မြင်သာအောင် ရှင်းပြပေးပါမယ်။
ကျနော်တို့ အဆောက်အဉီးတစ်ခုကို ဆောက်တဲ့အခါမှာ ပထမဆုံး

အိမ်ဆောက်မှာလား ? အလုပ်ရုံလား? ကျောင်းလား ? တစ်ထပ်လား ? နှစ်ထပ်လား ? ဒီလိုမျိုး ပထမဆုံးစဉ်းစားရသလိုပါပဲ ။


🌟Brand Strategy

( ⅰ ) ပန်းတိုင်က ဘာလဲ၊

🔸️ပန်းတိုင်ဆိုတာ ဘယ်လို အဆောက်အဉီးကို ဘယ်လိုမျိုး ဆောက်မှာလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆင်တူပါတယ်။

🔸️ကျောင်းဆောက်မှာလား အင်ဂျင်နီယာနဲ့ဆောက်မှာလား ?
🔸️နေအိမ် ဆောက်မှာလား ပရံခေါင်းဆောင်နဲ့ပဲဆောက်မှာလား ?

🔸️စားသောက်ကုန်ဆိုလဲ ဘယ်လို အစားအစာမျိုးကို ဘယ်လိုရောင်းမှာလဲ ဆိုတာပါ။

🔸️ ဆီသန့်အားလူးကြော်ကို packing နဲ့ထုတ်ပြီး တစ်နိုင်ငံလုံးဖြန့်ချီမှာလား ?

🔸️အားလူးကြော်ဆိုင်တွေကို တစ်နိုင်ငံလုံးက မြို့တွေမှာ ဖွင့်ပြီး KFC လိုမျိုး ရောင်းချင်တာလား ?

🔸️ဒီလို ပန်းတိုင်ကို ‌သေချာစဉ်းစားပြီးသတ်မှတ်ရမှာပဲဖြစ်ပါတယ်။

(ⅰⅰ) High Level လား ၊ Mid Level လား ?

🔸️ကိုယ့်ပစ္စည်းကို လူတန်းစားတိုင်းဝယ်နိုင်တဲ့ Low level Brand အဖြစ်သွားမလား ?

🔸️လူအများစု ဖြစ်တဲ့ လူလတ်တန်းစားတွေကပဲ ဝယ်နိုင်တဲ့ ဈေးမျိုးနဲ့ Mid Level Brand အနေနဲ့ ဈေးကွက်ထဲ ထုတ်ပြီးမလား ?

လူနည်းစုဖြစ်တဲ့ လူချမ်းသာတွေပဲ ဝယ်နိုင်တဲ့ High Brand အဖြစ်သွားမလား ?

(ⅰⅰⅰ ) Plan ထားပြီး ဆောင်ရွက်ရပါမယ် ?

🔸️ဒီတစ်ခုလုပ်ပြီးရင် နောက် တစ်ခုဘာကို လုပ်မယ်ဆိုပြီး ကြိုတင်စီစဉ်တာ Plan ပါပဲ ။

တစ်သတ်မှတ်ထဲဖြစ်နေပါတယ် (Consistency)ဆိုတဲ့ 🔸️အခြေခံ အချက်အလက် နဲ့ သွားရပါတယ်။

🔸️Plan လို့ပြောလိုက်ရင် အရာအားလုံးမှာ Plan ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။

အခု Plan က Brand Strategy ရဲ့ Plan ပါ ။

(ⅳ) ဘယ်လို Tone မျိုးနဲ့ ကျနော့်တို့ Content တွေကိုဖန်တီးမလဲ ?

Tone of Voice တွေကို ပြောင်းလဲမှုမရှိ ပုံစံတစ်ခုထဲကိုပဲ
(Consistency )တစ်သတ်မှတ်ထဲ သုံးသွားဖို့လိုပါတယ်။

(ⅴ) Demographic Audience ကို ဆုံးဖြတ်ပါ။

🔸️Target Audience ကို ဆုံးဖြတ်တဲ့နေရာမှာ တစ်သတ်မှတ်ထဲတော့ ဆုံးဖြတ်လိုက်လို့မရပါဖူး။

🔸️လူအမျိုးမျိုး ကနေ မတူညီတဲ့ ရှုထောင့်တွေ ရှိပြီတော့ မတူညီတဲ့ Audience တွေ အများကြီး ထွက်လာနိုင်လို့ပါ။

🔸️ပထမတော့ ကြိုတင်စီစဉ်ထားတဲ့ Audience ကိုသုံးပြီး ကျနော်တို့ Content တွေ ဖန်တီးရပါတယ်။

🔸️ဒီ Content တွေကတစ်ဆင့် engage လုပ်လာတဲ့ Audience တွေကိုစောင့်ကြည့်ပြီး Analysis လုပ်ရပါတယ်။

🔸️Analysis လုပ်ထားပြီးတဲ့ Audience တွေထဲကမှ အများဆုံး Engage ဖြစ်တဲ့ Audience အုပ်စုကို

ဆွဲထုတ်ပြီး ကျနော်တို့ရဲ့ ကိုယ်ပိုင် Demographic Audience ကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

🌟Brand Identity

1) မပြောင်းလဲတဲ့ Consistency ဖြစ်မဲ့ Logo ကို သတ်မှတ်ရပါမယ်
2) Brand Color ကို ရွေးချယ်သတ်မှတ်ရပါမယ်။
3) Brand Message ကို သတ်မှတ်ခြင်း

Brand Message ကို ဘယ်လိုသတ်မှတ်ရမလဲဆိုရင်
Audience နဲ့ ဆက်သွယ်မှုဖြစ်စေမဲ့ အကြောင်းအရာနဲ့ Audience ကို အဓိက ပေးချင်တဲ့ Message ကို Tone နဲ့ ပေါင်းစပ်ပြီး သတ်မှတ်ရတာပဲဖြစ်ပါတယ်။
( Slogan တွေဟာ အကောင်းဆုံး ဥပမာပါပဲ )

🌟Brand marketing

Brand မာကတ်တင်းဆိုတာ ခုန အပေါ်က Brand Strategy နဲ့ Identity ကို ဘယ်လို အသုံးပြုရမလဲဆိုတာပါပဲ ။

ဒီနှစ်ခုကို သုံးပြီး Generate လုပ်မယ်ဆိုရင် အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင်မှာပဲဖြစ်ပါတယ် ။

မာကတ်တင်းလုပ်တယ်ဆိုတာ မေးခွန်းတွေကို အဓိက ထားပါတယ်။

🔸️ဘယ် ပလက်ဖောင်းမှာလုပ်မှာလဲ?

🔸️ပလက်ဖောင်းတစ်ခုစီအတွက် ဘက်ဂျက်ဘယ်လောက်စီခွဲဝေလုပ်မှာလဲ ?

🔸️ဘယ်လို Campaign တွေ Run မှာလဲ ?

🔸️Marketing Strategy က ဘာလဲ?

🔸️Content Strategy ကဘာလဲ ?

🔸️ဘယ်လို Content တွေ ဖန်တီးမှာလဲ ?

ဒီလုပ်ငန်းစဉ်သုံးခုကို သုံးပြီး တည်ဆောက်မယ်ဆိုရင် အောင်မြင်တဲ့ Brand တစ်ခု ဖြစ်ဖို့က မြေကြီး လက်ခတ်မလွဲပါပဲခင်ဗျာ။

Branding လုပ်ချင်သူတွေ ဒီချက် 5 ချက် ကို မလုပ်ထားရင်မအောင်မြင်နိုင်ပါ Purpose ( Why We exist )Vision ( What we aim to ac...
26/09/2024

Branding လုပ်ချင်သူတွေ ဒီချက် 5 ချက် ကို မလုပ်ထားရင်
မအောင်မြင်နိုင်ပါ

Purpose ( Why We exist )
Vision ( What we aim to achieve our vision )
Mission ( How we plan to achieve our vision )
Value ( What we stand for how we behave )
Positioning ( How we differentiate from our competition)

စီးပွားရေးလောက မှာ အောင်မြင်ချင်တယ်ဆိုရင် ခိုင်မာတဲ့ အမှတ်တံဆိပ် တစ်ခုကို တည်ဆောက်ထားနိုင်ဖို့လိုပါတယ် ။

Branding ဆိုတာ ကုမ္မဏီရဲ့ ပုံရိပ် ၊ တန်ဖိုး နဲ့ ဂုဏ်သတင်း ကို ဖော်ဆောင်ပေးပါတယ်။

အောင်မြင်တဲ့ Brand လို့ဆိုလိုက်ရင် Logo ကို ပြေးမြင်လေ့ ရှိကြပါတယ်။
စွဲနေတဲ့ Slogan လို ဆောင်ပုဒ်မျိုး ကလဲ ကုန်ပစ္စည်းကို ပြေးမြင်သွားစေနိုင်ပါတယ်။

ဘရန်းတင်းမှာ ဒါနှစ်ခုက အရင်ဆုံး မဖြစ်မနေရှိထားဖို့ လိုတယ်ဆိုပေမဲ့ တကယ်ပေါက်မြောက်အောင်မြင်ချင်သူတယ်ဆိုသူတွေကတော့

Brand တစ်ခုအနေနဲ့ ထုတ်ကုန်တွေ ရောင်းချတော့မယ်ဆိုရင် ဒီ အချက် ( ၅ ) ချက်ကို စာရွက်ပေါ်မှာ လိုက်ရေးပြီး လိုက်လုပ်ဖို့လိုပါတယ်။

1) Purpose – အမှတ်တံဆိပ် ရဲ့ ရည်ရွယ်ချက်

အမှတ်တံဆိပ်ရဲ့ ရည်ရွယ်ချက် ကို သတ်မှတ်ပြီး အားလုံးသိအောင် ဖော်ပြထားဖို့လိုပါတယ်။

အမှတ်တံဆိပ်ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ ဈေးရောင်းဖို့ ဆိုတဲ့ အမြတ်အစွန်းရှာဖို့ ဆိုပေမဲ့ ဒီလိုမျိုး ပိုက်ဆံရှာဖို့ ကျနော် ဒီတံဆိပ်ကို ထုတ်တာဗျာဆိုပြီး လူတွေကို ချပြလို့မရပါဖူး။

ကျနော် တို့ ရဲ့ အမှတ်တံဆိပ်က လူတွေကို အကျိုးပြုဖို့ဆိုတဲ့ သတ်မှတ်ချက်မျိုးထားရှိဖို့လိုပါတယ်။

လူတွေကိုလဲ ဒီလို ရည်၇ွယ်ချက်မျိုးနဲ့ ကျနော်တို့ရဲ့ အမှတ်တံဆိပ်ကို ထုတ်လုပ်ထားပါတယ်ဆိုပြီး ပေးသိထားရပါမယ်။

ပိုက်ဆံရှာဖို့အတွက် Energy Drink တံဆိပ်တစ်ခု ထုတ်ထားတယ်။
ရည်ရွယ်ချက်က - လူတွေ ပင်ပန်းနွမ်းနယ်လာတဲ့အချိန်မှာ အားပြည့်သွားစေချင်တဲ့ ရည်ရွယ်ချက်

ဒီလိုမျိုးပါ ။
သင့်လုပ်ငန်း နဲ့ သင့်အမှတ်တံဆိပ်က လူတွေ အတွက် လမ်းပြ အလင်းရောင်လို ဖြစ်တည်မှုမျိုး ဖြစ်တယ်ဆိုတယ် သတ်မှတ် ချက်တစ်ခုခု ထား၇ှိပြီး ဒီသတ်မှတ်ချက်ကို လူတွေသိအောင် ဖော်ပြပေးဖို့လိုပါတယ်။

2) Vision

လက်ရှိလုပ်ဆောင်မှုတွေကို အသိပေးဖို့
အနာဂတ်မှာလုပ်ဆောင်သွားမဲ့ အရာတွေကို အသိပေးဖို့

ကျနော်တို့ ဘရန်းက ရေရှည်မှာ လူတွေရဲ့ ပြဿနာကို ဖြေရှင်းအောင်မြင်အာင် မျှော်မှန်းထားတဲ့ ပုံကို ချပြရပါတယ်။

လူတွေ ရဲ့ ကျနော် ဘရန်းအပေါ်အမြင် ဘယ်လိုရှိမလဲဆိုတာ ကို ပုံဖော်ရတာပဲဖြစ်ပါတယ်။

Apple ရဲ့ Brand Vision က “ကမ္ဘာပေါ်မှာ အကောင်းဆုံး Product ဖြစ်ဖို့တဲ့”

Coca Cola “ အချိန်တိုင်းနေရာတိုင်းမှာ ခံစားချက်တွေကို မျှဝေဖို့ ရွေးချယ်သောက်စရာဖြစ်ဖို့တဲ့”

Pepsi “ အစားအသောက်မှာ ကမ္ဘာ့နဲ့ချီတဲ့ ခေါင်းဆောင်ဖြစ်ဖို့တဲ့”

Nike ကတော့ ကမ္ဘာ့နံပါတ် တစ် အားကစား စွမ်းဆောင်ရည်မြင့်ဖို့ တဲ့”

ကိုယ့် Brand ကို ဘယ်လို မြင်စေချင်လဲ? လူတွေ မြင်စေချင်တဲ့ အတိုင်း ပုံဖော်ပြသထားပေးရပါမယ်။

3) Mission

Mission တစ်ခုကိုလဲ မဖြစ်မနေ ထုတ်ပြန်ထားဖို့လိုပါသေးတယ်။

မစ်ရှင်ဆိုတာ ရည်ရွယ်ချက် ကို ဘယ်လို အောင်မြင်အောင် လုပ်ဆောင်သွားမလဲ ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုပါပဲ။

Purpose ကို ပီးမြောက်စေရန် Vision ကို အောင်မြင်စေရန်
အများကြီးအထောက်အကူဖြစ်ပါတယ်။

Nike ရဲ့ Mission က “ To bring inspiration and innovation to every athlete in the world.”

Nilke လို့ ပြောလိုက်တာနဲ့ တစ်မူထူးဆန်းသစ်တဲ့ ဖိနပ်ပုံစံနဲ့ အတူ
ကစားသမားတိုင်းကို စိတ်အားထက်သန်တဲ့ လှုံ့ဆော်မှုဖြစ်စေချင်တာပါ။

ဒီတော့ လူကြီးမင်းရဲ့ mission ကို လူကြီးမင်းကိုယ်တိုင်ပဲသတ်မှတ်လိုက်ပါ။

..............▫️................▫️.................▫️...........

4) Brand Vale

👉Brand Value ဟာ ကာစတာမာရဲ့ ဘရန်းအပေါ် ယုံကြည်မှုကို တည်ဆောက်ပေးတဲ့ အရာပဲဖြစ်ပါတယ်။

👉ကာစတာမာရဲ့ လိုအပ်ချက်ကို ကျနော်တို့ ဖော်ပြထားတဲ့ အတိုင်း တကယ်ပဲ ဖြည့်စည်းပေးနိုင်ရဲ့လား ?

✅ ဘယ်လောက် % အထိ စိတ်ကျေနပ်အောင်ဖြည့်စည်းပေးနိုင်လဲ ဆိုတာ ဘရန်း Value ပါပဲ ။

🔸️ကာစတာမာရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားတဲ့ ဘရန်းဟာ Value အမြင့်ဆုံးပါ။

🔸️ကာစတာမာကို ဘယ်လောက်ိ Care လုပ်နိုင်လဲ?

🔸️ထုတ်ကုန်က ကျနော်တို့ ကြော်ငြာထားတဲ့ Customer ကို ဘယ်လောက်ထိ ကူညီပေးနိုင်လဲ?

✅အသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှု Level က Brand Vlaue ကို ဆုံးဖြတ်ပေးပါတယ်။

Industry အမျိုးမျိုး မှာ တစ်ခုနဲ့ တစ်ခု တန်ဖိုးကိုသတ်မှတ်ပုံချင်းမတူတာမို့လို့သင့် ဘရန်းကို ဘယ်လို သတ်မှတ်လိုက်ပါဆိုပြီး အကြံပေးလိုက်လို့တော့ကျနော့် အနေနဲ့ မဖြစ်နိုင်ပါဖူး။

ဒီတော့ ကိုယ့် Brand တန်ဖိုးကို ကိုယ်တိူင်ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။

👉မီးနဂါးခွန်အားပြည့် အချိုရည်ရဲ့ Value က လူတန်းစားပေါင်းစုံ ဝယ်သောက်နိုင်တဲ့ ငွေကြေးနဲ့ သောက်လိုက်တိုင်း ခွန်အားပြည့်တယ်လို့ ခံစားမိစေဖို့ ဆိုရင်

🔸️လူကြီးမင်းရဲ့Brand Value က ဘာပါလဲ ခင်ဗျာ ။
အခုပဲစဉ်းစားပြီး ချရေးလိုက်ပါ။

5) Positioning

တမူထူးခြားတဲ့ Positioning ကို စဉ်းစားပြီးချပြပါ။

👉လုပ်ငန်းတိုင်းမှာ ပြိုင်ဘက်တွေ အများရှိကြပါတယ်။

👉ဒါကြောင့်ပဲ သင့်ရဲ့ အမှတ်တံဆိပ်ကို တစ်မူထူးခြားတဲ့ အနေအထားမှာ ရှိတဲ့ အခြေအနေအဖြစ် ဖန်တီးယူရပါမယ်။

လူတွေဆီကို ဒီလို တစ်မူထူးနေတဲ့ အနေအထားမျိုးရှိတဲ့ အမှတ်တံဆိပ်ဖြစ်မှုနဲ့အတူ ဆက်သွယ်ချဉ်းးကပ်ရမှာပါ ။

..............▫️................▫️.................▫️...........

✅Brand Strategy ထဲမှာ အဓိက အကျဆုံးလဲဖြစ်ပါတယ်။
လူကြီးမင်းရဲ့ Positioning က ဘာပါလဲ ဗျာ …

အခုပဲ စဉ်းစားပြီး အခုပဲ ချရေးဖို့လိုပါတယ်။

🔸️ဒီ အဓိက သော့ချက် ( ၅ ) ချက်ကို စဉ်းစားပြီး ချရေးထားမယ်။ ချရေးထားပြီး Brand ထုတ်တဲ့ အခါမှာ ဒါတွေပေါ်မူတည်ပြီး ထုတ်လုပ်ရပါမယ်။

ထုတ်လုပ်ပြီးနောက်ပိုင်း Brand Mrketing ဆင်းတဲ့နေရာမှာ ဒီအကြောင်းအရာတွေကို ချပြရပါမယ်။

🔸️Online Page မှာဆိုလဲ ဒီချရေးထားတဲ့ အကြောင်းအရာတွေကို တင်ပေးဖို့လိုပါတယ်။

လူကြီးမင်းတို့ကိုယ်တိုင်းချရေးထားတာကို Online Platfrom တွေပေါ် တင်လိုက်ခြင်းက အလိုလိုကို Branding တည်ဆောက်ပြီးသားဖြစ်သွားစေမှာပါပဲ ။

Branding လုပ်တယ် ၊ Branding လုပ်တယ်ဆိုတာ ဘာလဲ ? Branding   လုပ်ရင် ဈေးရောင်းကောင်းမှာလား ?▪️လူမှာ နာမည်ရှိတယ်။▪️အလုပ်တို...
25/09/2024

Branding လုပ်တယ် ၊ Branding လုပ်တယ်ဆိုတာ ဘာလဲ ? Branding လုပ်ရင် ဈေးရောင်းကောင်းမှာလား ?

▪️လူမှာ နာမည်ရှိတယ်။
▪️အလုပ်တိုင်းမှာ လုပ်ငန်းအမည်ရှိတယ်။
▪️ပစ္စည်းတိုင်းတံဆိပ်ရှိတယ်။

👉 အားလုံးမှာ Brand တစ်ခုဆီ ရှိကြပါတယ်။

..............▫️................▫️.................▫️...........

ကိုယ့်ကို လူ​တွေ ဘယ်လိုမြင်ကြလဲ ?

🔸️ကိုယ့်နဲ့ ​ပေါင်း​နေတဲ့သူ​တွေက ကိုယ့်ကို ဘယ်လို ပုံစံမျိုးနဲ့ မှတ်မိ​နေကြလဲ ဆိုတာက စပြီး​တွေးကြည့်ပါ။

ဘွဲ့ရ ပညာတက် သူ​ဌေးသား သ​ဘော​ကောင်းပြီး ရုပ်​ချောတဲ့သူမို့ ဘဝင်မြင့်တဲ့သူလို့ လူ​တွေ မြင်ကြလား?

​နွေ​ထွေးကြင်နာပြီး ပရဟိတ လုပ်ရင်း လူထုအကျိုးကို သယ်ပိုး​နေသူလို့ မြင်ကြလား?

👉Branding ဆိုတာ ကိုယ့် အမှတ်တံဆိပ်ပစ္စည်းကို လူ​တွေ ဘယ်လို ပုံစံမျိုး​နဲ့ မှတ်မိ​​နေ​စေချင်လဲ ဆိုတာပါပဲ။

​အားလုံးသော Brand တွေ ဟာ အသက်ဝင်ရဲ့လား ?
အားလုံးသော Brand တွေကို လူတိုင်းသိရဲ့လား ?

..............▫️................▫️.................▫️...........

လူတိုင်းလူတိုင်းကတော့ ကိုယ့် လုပ်ငန်း ၊ ကိုယ့် အမှတ်တံဆိပ်၊ ကိုယ့် ဘရန်းကို လူတိုင်းလူတိုင်းကို သိစေချင်ကြတာပါပဲ ။

👉ကိုယ့် ဘရန်းကို ဘယ်လို ပုံစံမျိုးနဲ့ သိ​စေချင်တာလဲ ဆိုတာ ပိုပြီး အဓိကကျပါတယ်။

ဘရန်းကို ကိုယ်မြင်​စေချင်တဲ့အတိုင်း လူတိုင်းကို မြင်​စေ သိစေချင်တယ်ဆိုရင် လုပ်ရမှာက ဘရန်တင်း ပါပဲ။

🔸️ကိုယ်သိ​စေချင်တဲ့ အဓိပ္ပါယ်အတိုင်း လူတိုင်းမသိသေးဖူးဆိုတာ Branding ကောင်းကောင်းလုပ်မထားလို့ပဲဖြစ်ပါတယ်။

🔸️ကိုယ်သိ​စေချင်တဲ့ အဓိပ္ပါယ်အတိုင်း လူနည်းနည်းပဲ သိတယ်ဆိုတာ Branding လိုအပ်နေသေးလို့ပဲဖြစ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်သိကြပြီဆိုရင် Relationship လို့ သတ်မှတ်ထားကြသလိုပါပဲ ။
စသိတဲ့ လူအချင်းချင်းဆို စသိတဲ့ Relation ပေါ့နော် …

စစသိချင်းဆို မယုံကြည်ရသေးဖူး။

စသိပြီး ဆက်ပြီး မပေါင်းတော့ဖူးဆိုလဲ ပြီးသွားတဲ့ ရီလေးရှင်းပေါ့နော်။

ဒါပေမဲ့ ဆက်ပြီးပေါင်းနေမယ်။ တဖြေးဖြေးနဲ့ ရင်းနှီးလာပြီဆို နည်းနည်းလေး ယုံကြည်လာပြီ။ နောက် ပိုပြီ ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်သွားပြီ ဒါနဲ့ဆင်တူပါတယ် ။

..............▫️................▫️.................▫️...........

👉Branding ဆိုတာကလဲ ဒီအတိုင်းပါပဲ လူတစ်ယောက်ချင်းစီနဲ့ အမှတ်တံဆိပ်နဲ့ ကြားက Relationship တစ်ခုကို တည်ဆောက်ခြင်းပါ ။

ကိုယ့်အမှတ် တံဆိပ်ကို ဝယ်ဖို့ဆိုတာ ယုံကြည်မှုရှိနေဖို့လိုပါတယ်။

👉ယုံကြည်မှု ရစေဖို့က စသိတဲ့ Relationship မှာပဲ ရပ်မနေပဲနဲ့ ရင်းနှီးလာတဲ့ Close Relationship အထိ သွားဖို့လိုပါတယ်။

တစ်ခါ သိရုံလောက်နဲ့ မလုံလောက်ပါဖူး။ ၂ ခါသိရုံလောက်နဲ့ မလုံလောက်ပါဖူး။

Close Relationship ဖြစ်ဖို့ Close ဖြစ်တဲ့ အထိ အမြဲ ထိတွေ့နေဖို့လိုပါတယ်။

..............▫️................▫️.................▫️...........

🔸️ဒီတော့ ဘရန်းတင်းလုပ်ရင် ဈေးရောင်းရမှာလား ဆိုတဲ့ အဖြေကိုတွေးကြည့်ပါ။

ကျနော်တို့ကိုယ်တိုင် သိတဲ့ အမှတ်တံဆိပ်တစ်ခုကို တွေးကြည့်ပါ။

အ​မေရှိရင် အီလန်ရှိတယ်​ဆိုတဲ့
အီလန် ဆပ်ပြာမှုန့်ကို လူတိုင်းသိပေ့မယ့် လူတိုင်း မသုံးပါဖူး။

ဒါပေမယ့် သုံးတဲ့ သူတွေလဲ အများ ကြီးပါ။

မသုံးတဲ့ သူတွလဲ အများကြီးပါ ။

👉လူတိုင်းသိတယ်၊ လူတိုင်း ဒီတံဆိပ်ကို စွဲနေအောင် မှတ်မိတယ် ဆိုရင် မဝယ်သေးသည့်တိုင် တစ်ချိန်ချိန်တော့ ဝယ်ဖို့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

🔸️ဒီတော့ Branding ဆိုတာ လုပ်သင့်လားး?
🔸️ငွေကုန်မှာစိုးလို့ ဒီတိုင်း ပဲ ဈေးဆက်ရောင်းနေမလား ?

ဆိုတာ လူကြီးမင်းတို့ ကိုယ်ကိုတိုင်ပဲ တွေးကြည့်လိုက်ပါတော့ …

နောက်ရက်မှာတော့ Branding တစ်ခု ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ See First လုပ်ထားဖို့ မမေ့နဲ့နော် …

Address

101&102/30
Mandalay

Telephone

+959265451260

Website

Alerts

Be the first to know and let us send you an email when Kyaw Tat - Digital Marketing for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Tat - Digital Marketing for You:

Share