Big Words Academy

Big Words Academy Big Words to Big Dreams!

“စျေးရောင်းတတ်ရင် ထမင်းမငတ်ဘူး၊ မားကတ်တင်းတတ်ရင် ဘဝမပျက်ဘူး” တချို့မားကတ်တင်းစလုပ်ကာစလူတွေကို ကျနော်တစိုက်မတ်မတ်လုပ်ခိုင...
20/02/2026

“စျေးရောင်းတတ်ရင် ထမင်းမငတ်ဘူး၊
မားကတ်တင်းတတ်ရင် ဘဝမပျက်ဘူး”

တချို့မားကတ်တင်းစလုပ်ကာစလူတွေကို ကျနော်တစိုက်မတ်မတ်လုပ်ခိုင်းနဲ့ ကြော်ငြာခိုင်းတဲ့နည်းလေးတွေရှိတယ်။

ဒီ Formula (၄)မျိုးနဲ့တင် စျေးရောင်းနေကြတာအများကြီးပဲ။

➡️ ဇာတ်လမ်းပြောပြီး ရောင်း

လူတွေက ကိုယ်ချင်းစာလို့ရတဲ့ ဇာတ်လမ်းမျိုးကို ပိုသဘောကျကြတယ်။ စာရေးရင် ဒီအတိုင်းပဲ သွားကြည့်ပါ။

၁) သူတို့ နေ့စဉ် ကြုံနေရတဲ့ ဒုက္ခတစ်ခုကနေ စပြောပါ။

၂) အဲ့ဒီပြဿနာကြောင့် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲ၊ ဘာလုပ်လုပ် မအောင်မြင်ခဲ့တဲ့ အကြောင်းလေး ထည့်ပြောပါ။

၃) Solution ပေး ဘာမှ အဆင်မပြေဖြစ်နေချိန်မှာမှ ငါ ဒါလေးကို ရှာဖွေတွေ့ရှိခဲ့တာ" ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ရဲ့ Product ကို breakthrough တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်

၄) အဲ့ဒါကို သုံးပြီးနောက်မှာ ဘယ်လို အဆင်ပြေသွားလဲဆိုတာကို ပြ

အဲ့တာအမြဲ အလုပ်ဖြစ်တဲ့အထဲပါတယ်။

➡️ နောက်တစ်ခုက ယုံကြည်မှု တည်ဆောက်နည်း

"ငါ့ပစ္စည်းက ကောင်းတယ်" လို့ အော်နေမယ့်အစား တိကျတဲ့ အချက်အလက်လေးတွေ ပေးလိုက်တာက ပိုထိရောက်တယ်ဗျ။

✔️ယုံကြည်မှု ရစေမယ့် ပုံသေနည်း = ရလဒ် + အချိန် + တိကျတဲ့ အချက်အလက် ✔️

ဥပမာ ဒီနည်းလမ်းလေးကို သုံးကြည့်လိုက်တာ ၁၄ ရက်အတွင်းမှာပဲ အရင်ကထက် လူတွေ နှစ်ဆ ပိုစိတ်ဝင်စားလာတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ တိကျလေ ယုံကြည်ရလေပဲ။

➡️ Buyer Psychology

လူဆိုတာ စိတ်ခံစားချက်ရှိတဲ့ သတ္တဝါတွေပါ။ သူတို့က Features တွေကို ကြည့်ပြီး ဝယ်တာ မဟုတ်ဘူး။ခံစားချက်နဲ့ဝယ်တာပါ။

၁) အရင်ဆုံး စာဖတ်သူရဲ့ စိတ်ကို ထိအောင် ဇာတ်လမ်းလေးနဲ့ စွဲဆောင်ပါ။

၂) စိတ်လှုပ်ရှားသွားပြီဆိုရင်တော့ ဘာကြောင့် ဒါကို ဝယ်သင့်လဲဆိုတဲ့ အချက်အလက်လေးတွေနဲ့ ထောက်ပံ့ပေးလိုက်ပါ။

၃) နောက်ဆုံးမှာတော့ သူတို့ ဝယ်ချင်စိတ်ပေါက်လာအောင် တွန်းပို့ပေးလိုက်ရုံပဲ။

➡️ ပြဿနာရှာ

"ငါတို့ ပစ္စည်းက ဒီလိုကောင်းတယ်” လို့ ကြွားမယ့်အစား "မင်း ဒီလို ဒုက္ခရောက်နေတာ မဟုတ်လား" ဆိုတာကနေ စကြည့်

ကျွန်တော်တို့ သင်တန်းက အကောင်းဆုံးပါ ဆိုရင်တော့ လစ်တော့…

အရင်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှ အရာမထင်လို့ စိတ်ပျက်နေတာမျိုး ဖြစ်ဖူးလား" ဒါမျိူးစကြည့် …

နေ့စဉ်ခံစားနေရတဲ့ နာကျင်မှုကို ထိအောင် အရင်ပြောတာက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဆုံးပဲ။

This is big words 2.0.

“(၆)လစာ Content Marketing Analysis လုပ်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ ရလဒ်တွေပြောပြမယ်”၂၀၂၆ မှာ Content Marketing ကို အရင်လိုပ...
19/02/2026

“(၆)လစာ Content Marketing Analysis လုပ်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ ရလဒ်တွေပြောပြမယ်”

၂၀၂၆ မှာ Content Marketing ကို အရင်လိုပဲ လုပ်နေလို့ မရတော့ပါဘူး။

အခြေခံအနေနဲ့ အခုပြောပြမယ့် အချက်တွေနဲ့ Strategy ပြောင်းဖို့ လိုပါပြီ။

၁။ From SEO to GEO

Google မှာ Keyword ရှာတာထက် AI (ChatGPT, Perplexity) တွေက ရှာတွေ့အောင် အမေးအဖြေ (FAQ) ပုံစံနဲ့ Direct Answer တွေကို ဦးစားပေးရေးပါ။

၂။ Human-First Content

AI ရေးတဲ့စာတွေ ဖောင်းပွနေတဲ့ခေတ်မှာ သင့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ ထင်မြင်ချက်Personal Perspectiveပါမှ လူတွေက ဖတ်မှာပါ။

၃။ Hyper-Niche Targeting

လူတိုင်းကို ဆွဲဆောင်ဖို့ မကြိုးစားပါနဲ့။ သီးသန့်ဝါသနာတူတဲ့ Small Community လေးတွေကိုပဲ ထိထိမိမိ Target ထားပါ။

၄။ Short-Form Video is King

၃ စက္ကန့်အတွင်း Hook မရရင် ကျော်သွားကြမှာပါ။ စာသားထက် မြန်ဆန်တဲ့ Visual Storytelling ကို အဓိကထားပါ။

၅။ Authenticity over Aesthetic

အရမ်းပြင်ဆင်ထားတဲ့ ကြော်ငြာတွေထက် ဖုန်းနဲ့ရိုက်ထားတဲ့ Behind-the-scenes လုပ်ငန်းနောက်ကွယ်ကပုံရိပ် တွေကို လူတွေက ပိုယုံကြည်ပါတယ်။

၆။ AI as a Partner, Not a Creator

AI ကို အချက်အလက်ရှာဖို့နဲ့ မူကြမ်းရေးဖို့ပဲ သုံးပါ။ နောက်ဆုံး Content ရဲ့ အသက်ကိုတော့ လူကပဲ သွင်းပါ။

၇။ Interactive Content

Quiz တွေ၊ Poll တွေနဲ့ ပရိသတ်ကို ကိုယ်တိုင်ပါဝင်ခိုင်းပါ။ တစ်ဖက်သတ် ပြောနေတဲ့ခေတ် ကုန်သွားပါပြီ။

၈။ Zero-Click Content

ကိုယ့် Link ကို နှိပ်မှ အချက်အလက် သိရတာမျိုး မဟုတ်ဘဲ Social Media ပေါ်မှာတင် အဖြေအကုန်သိရတဲ့ Content မျိုးက Reach ပိုရပါလိမ့်မယ်။

၉။ First-Party Data Collection

Algorithm ပြောင်းရင် Reach ကျမှာမို့ ကိုယ်ပိုင် Email List ဒါမှမဟုတ် Community Group တွေထဲကို လူတွေကို စုဆောင်းထားပါ။

၁၀။ Consistent Branding

ဘယ် Platform မှာပဲတင်တင် သင့်ရဲ့ Brand Voice နဲ့ အရောင်က တစ်သမတ်တည်းဖြစ်နေဖို့ ပိုအရေးကြီးလာပါတယ်။

16/02/2026

Ai Agent ကလိချင်လို့ စုံစမ်းလာတာ

✔️ကျနော်တို့ရိုးရိုးသုံးနေကျ Cloud-based AI သုံးမယ်ဆိုရင်

ဥပမာ OpenAI ChatGPT , Anthropic Claude ဒါမှမဟုတ် Microsoft Copilot လိုမျိုး Cloud ပေါ်က Agent တွေကိုပဲ Browser ကနေတစ်ဆင့် သုံးမှာဆိုရင်တော့

CPU- Intel Core i5 or AMD Ryzen 5
(နောက်ဆုံးထွက် Generation ဖြစ်လေ ကောင်းလေ)

RAM- 8GB 16GB ဆိုပိုကောင်း)


✔️Local AI Agents/LLMs run မှာဆိုရင်

ကိုယ့်ရဲ့ Data တွေကို Privacy စိတ်ချရအောင် ကိုယ့်စက်ထဲမှာပဲ Agent တွေကို run ချင်တာ

Ollama, LM Studio သုံးမှာဆိုရင်တော့
CPU: Intel Core i7/i9 ,12th Gen+
သို့မဟုတ် AMD Ryzen 7/9
GPU - NVIDIA RTX 30-series or 40-series
(အနည်းဆုံး 8GB VRAM)

12GB/16GB VRAM ဆိုရင် 7B ကနေ
13B parameter ရှိတဲ့ Model တွေကို
ကောင်းကောင်း run နိုင်တယ်တဲ့။

RAM အနည်းဆုံး 16GB (32GB ဆိုရင် ပိုစိတ်ချရ)
Storage - 512GB/1TB NVMe SSD
(Model တွေကို မြန်မြန် load လုပ်နိုင်ဖို့)

✔️AI Agent Developers တွေဆို

Agent တွေ ကိုယ်တိုင်ရေးမယ်၊ Vector Database တွေ
သုံးမယ်၊ Model တွေကို Fine-tune လုပ်မယ်ဆိုရင်
GPU - NVIDIA RTX 4090 (24GB VRAM)
သို့မဟုတ် Multi-GPU setup
RAM - 64GB to 128GB
OS- Linux Ubuntu က AI development အတွက် အကောင်းဆုံးဖြစ်ပေမဲ့ Windows (WSL2) နဲ့လည်း အဆင်ပြေ

Mac ဆိုရင်တော့ Apple M2/M3 Max (Unified Memory များတာတွေ) နဲ့မှပြေမယ်တဲ့။

ဒုတိယအဆင့်လောက် ဆော့ကြည့်ချင်လို့ သိန်းခြောက်ဆယ်လောက် မုန့်ဖိုးလေးပေးကြပါလား 😔

Content Marketer တစ်ယောက်အနေနဲ့ Valentine’s Day မှာ ဘာတွေရေးပေးကြမလဲ? Content Writer ပေါက်စဘဝတုန်းကတော့ Brand တွေပေါင်းစ...
13/02/2026

Content Marketer တစ်ယောက်အနေနဲ့ Valentine’s Day မှာ ဘာတွေရေးပေးကြမလဲ?

Content Writer ပေါက်စဘဝတုန်းကတော့ Brand တွေပေါင်းစုံကိုင်ရပြီးတော့ တစ်ခုနဲ့တစ်ခုမတူအောင် ရေးရတာ အတော်ခေါင်းရှုပ်ခဲ့ပါတယ်။

ဒီနေ့တော့ ဗယ်လင်တိုင်းတုန်းက လုပ်ခဲ့တဲ့ကွန်းတန့်တွေ ထဲက ပေါက်တယ်၊ လူကြိုက်များတယ်လို့ ယူဆရတဲ့ကွန်းတန့်တွေအကြောင်း ပြန်ရှဲပေးမယ်နော်။

Valentine's Day ဟာ လုပ်ငန်းရှင်တွေအတွက် မားကတ်တင်းလုပ်ရင်လုပ်သလောက် အမြတ်ကျန်တဲ့ နေ့ပါ။

ဒါပေမဲ့Content ဖန်တီးတဲ့အခါမှာ အတွဲတွေ ကိုပဲ အဓိကမထားဘဲ Target Audience ကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ လိုပါတယ်။

၁) အချစ်အကြောင်း

Big Words က လုပ်ခဲ့ဖူးသမျှ Content တွေထဲမယ် အပေါက်ဆုံးကတော့ အချစ်ကို အဓိပ္ပာယ်ဖွင့်တဲ့ကွန်းတန့်တွေလို့ ဆိုရပါမယ်။

အတွဲတွေအတွက်တင်မဟုတ်ဘဲ အခြားသော အချစ်ပုံစံတွေကို Target ထားတဲ့ Content တွေက ပိုပြီး Engagement ရနိုင်ပါတယ်။

▪️ဥပမာ - Self-Love Contentကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက အရေးကြီးဆုံးပဲ ဆိုတဲ့ Concept နဲ့ Single တွေကို ဆွဲဆောင်တဲ့ Content မျိုးတွေ

▪️အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တဲ့သူတွေအတွက် Content မျိုး၊

▪️သူငယ်ချင်းအချင်းချင်း လက်ဆောင်ပေးဖို့ တိုက်တွန်းတဲ့ Content မျိုး

▪️မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာမျိုး စသည်ဖြင့်ပေါ့။

၂) နံပါတ်မှာ နှစ် ဒုတိယလိုက်တာကတော့ Interactive & Engagement Content ပုံစံတွေပေါ့။

Audience နဲ့ တိုက်ရိုက်ထိတွေ့မှုရစေမယ့် Content မျိုးတွေပါ။

▪️ဒီ Valentine မှာ ဘယ်သွားမှာလဲ? A. Date သွားမယ် B. အိမ်မှာပဲ အိပ်မယ်" စတဲ့ ပေါ့ပေါ့ပါးပါး Poll တွေ။

▪️ကိုယ့်ရဲ့ အဆိုးဆုံး Date အတွေ့အကြုံကို မန့်ခဲ့ပါ" ဆိုတဲ့ User-Generated Content (UGC) မျိုးတွေလည်း ပေါက်ဖူးပါတယ်။လူတွေက သူတို့အကြောင်း ပြောရတာ ဝါသနာပါကြတာကို အဲ့မှာ အထင်းသားမြင်ရပါတယ်။

▪️ကျနော်အကြိုက်ဆုံးပ "ဘတ်ဂျက် ၅ သောင်းအောက် ဘာလက်ဆောင်ပေးမလဲ" စတဲ့ လမ်းညွှန်ချက် Carousel postမျိုး တွေပါ၊ စျေးလည်းထည့်ရောင်းလို့ရသလို Audience ကိုလည်း ကူညီရာရောက်ပါတယ်။

၃) တို့ကတော့ ရောင်းမှာပဲ ဆိုတဲ့သူတွေ အတွက်ကတော့

▪️နှစ်ခုဝယ် တစ်ခုလက်ဆောင် (ဒါမှမဟုတ်) အတွဲလိုက်ဝယ်ရင် Discountပေးတဲ့ ပရိုမိုးရှင်း တွေလည်း အောင်မြင်သလို

▪️Valentine အတွက် သီးသန့်ထုတ်တဲ့ Design တွေ

▪️Valentine အတွက် ဆိုင်မှာစျေးဝယ်ရင် packaging အခမဲ့ ထုတ်ပေးတာမျိုးတွေလည်း အလုပ်ဖြစ်ပါတယ်။

▪️Last-Minute Gift Idea အနေနဲ့ မေ့နေတဲ့သူတွေအတွက် အမြန်ပို့ဆောင်ပေးနေပါပြီ ဆိုတဲ့ Urgency Content တွေဆိုလည်း Sale ဖြစ်ပါတယ်။

၄) ပညာပေးဟန်နဲ့ ပစ္စည်းကို ကြော်ငြာတဲ့ကွန်းတန့်

အနီရောင်နဲ့ ပန်းရောင်က စိတ်ခံစားမှုကို ဘယ်လိုသက်ရောက်လဲ" ဆိုတဲ့ ပညာပေး ကွန်းတန့်တွေ။

နှင်းဆီပန်း (၇)ပွင့်ရဲ့ အဓိပ္ပါယ် ၊ (၁၀)ပွင့်ရဲ့အဓိပ္ပါယ် စသဖြင့် အဲ့တာမျိုးတွေလည်း ရာသီစာကွန်းတန့်တွေပဲဗျ။

ကွန်းတန့်အိုက်ဒီယာ ရသွားတယ်ဆို ရေးရကျိုးနပ်ပါတယ်။

✅ ဘယ်အိုက်ဒီယာလေးတော့ ယူသုံးလိုက်မယ်ဆိုတာလေးရယ်

✅ ဘယ် Content ပုံစံကိုတော့ ကြိုက်မိသလဲဆိုတာရယ်

ကိုယ်ကတော့ဘယ်လို Content တွေလုပ်ထားလဲဆိုတာ

အပန်းမကြီးရင် Comment ရေးခဲ့ကြပါဦးဗျ။

This is Big Words2.0.

အခမဲ့ကြော်ငြာလို့ရမဲ့ နည်းလမ်းသုံးခဲ့တဲ့ ကမ္ဘာကျော်ဘရန်း ကိုသိလား? အဲ့တာကတော့ Crocs ပါပဲ။ Crocs ဖိနပ်တွေရဲ့ အောင်မြင်မှု...
12/02/2026

အခမဲ့ကြော်ငြာလို့ရမဲ့ နည်းလမ်းသုံးခဲ့တဲ့ ကမ္ဘာကျော်ဘရန်း ကိုသိလား?

အဲ့တာကတော့ Crocs ပါပဲ။

Crocs ဖိနပ်တွေရဲ့ အောင်မြင်မှုဟာ Marketing လောကမှာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Case Study တစ်ခုပါ။

Crocs ကို ၂၀၀၂ ခုနှစ်မှာ အမေရိကန်လူမျိုး သူငယ်ချင်းသုံးယောက်က စတင်တည်ထောင်ခဲ့တာပါ။ မူလရည်ရွယ်ချက်က လှေစီးဖိနပ် (Boating Shoe) အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရေမတင်စေဖို့နဲ့ ခြေထောက်မချော်စေဖို့ အဓိကထားခဲ့တာပါ။ ပထမဆုံးအကြိမ် ရောင်းချတဲ့ Fort Lauderdale Boat Show မှာ တင်သမျှအကုန် ပြတ်သွားခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

➡️ ဘာလို့ ရောင်းကောင်းတာလဲ?

သူတို့သုံးတဲ့ ပစ္စည်းက ရော်ဘာလည်းမဟုတ်၊ ပလတ်စတစ်လည်းမဟုတ်ဘဲ Croslite လို့ခေါ်တဲ့ အပူချိန်အလိုက် ခြေထောက်ပုံစံကို လိုက်လျောညီထွေဖြစ်စေတဲ့ အထူး Foamဖြစ်ပါတယ်။ ပေါ့ပါးပြီး သက်သောင့်သက်သာရှိတာက အဓိကလက်နက်ပါ။

တစ်နေကုန် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စားဖိုမှူးတွေကြားမှာ ခြေထောက်မနာဘူးဆိုတဲ့ ဂုဏ်သတင်းကြောင့် အခြေခိုင်သွားတာပါ။

➡️ မလှဘူးလို့ အပြောခံရရာကနေ ဘာလို့ လူကြိုက်များလာတာလဲ ?

ဒါကို Marketing မှာ Polarizing Brand Strategyလို့ ခေါ်ပါတယ်။

The "Ugly-Cool" Trend ဆိုတာကြားဖူးလားမသိဘူး၊ (ကျနော်လည်း ခုဏကမှ အေအိုင်မေးလာတာ)ဖက်ရှင်လောကမှာ အမြင်ဆန်းတာ၊ ထူးခြားတာကို လူငယ်တွေက ပိုသဘောကျလာကြပါတယ်။

အရုပ်ဆိုးတယ် ဆိုတဲ့ ဝေဖန်မှုကပဲ လူတိုင်းသတိထားမိစေတဲ့ အခမဲ့ကြော်ငြာ ဖြစ်သွားစေပါတယ်။ အဲ့စိတ်ပညာကနေပဲ အခမဲ့ကြော်ငြာပေးလိုက်သလို UCG တွေက Crocsကို လူပိုသိစေတာဖြစ်ပါတယ်။

နောက်တစ်ခုက လူတွေဟာ ကိုယ့်စတိုင်၊ ကိုယ်လုပ်ထားတယ်ဆိုတဲ့ မူပိုင်ကို ပိုတန်ဖိုးထားတတ်ကြပါတယ်၊ ဒါကိုအသုံးချပြီးတော့
ဖိနပ်အပေါက်တွေမှာ တပ်လို့ရတဲ့ Jibbitz လေးတွေက ကိုယ့်စိတ်ကြိုက်ဖန်တီးမှုကို ဖြစ်စေပြီး ကလေးကော လူကြီးပါ စွဲလန်းသွားစေတာပါ။

➡️ အသုံးပြုထားတဲ့ Marketing Strategies

1) High-End Collaborations

Balenciaga လို ဖက်ရှင်အမှတ်တံဆိပ်ကြီးတွေ၊ Justin Bieber နဲ့ Post Malone လို Celeb တွေနဲ့ Collabပြီး Crocs ဟာ အိမ်စီးဖိနပ် မဟုတ်တော့ဘဲ High Fashion တစ်ခုဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။

2) Scarcity & Hype

Limited Edition တွေ ထုတ်ပြီး လူတွေ အလုအယက် လိုချင်အောင် ဖန်တီးခဲ့ပါတယ်။

➡️ ဒါဆို ကျနော်တို့ရော ဘာပြန်ကူးချလို့ရမလဲ?

မြန်မာနိုင်ငံမှာ ထုတ်ကုန်ထုတ်လုပ်သူတွေအနေနဲ့ Crocs ဆီက အောက်ပါအချက်တွေကို အတုယူနိုင်ပါတယ်။

၁) အသုံးဝင်မှုက အဓိကပါ။ အပြင်ပန်းအလှထက် သုံးစွဲသူရဲ့ ပြဿနာ (ဥပမာ- ခြေထောက်နာတာ) ကို တကယ်ဖြေရှင်းပေးနိုင်တဲ့ အရည်အသွေး ကို အရင်တည်ဆောက်ပါ။

၂) ဝေဖန်မှုတွေကို ကြောက်မနေပါနဲ့။ ရုပ်ဆိုးတယ် ဆိုတဲ့အချက်ကိုပဲ လူပြောများအောင် ဖြစ်အောင် ကိုယ့်ကိုဝေဖန်တဲ့အချက်ကို ပြန်သုံးနိုင်တဲ့ သတ္တိရှိရပါမယ်။

၃) Jibbitz လိုမျိုး သုံးစွဲသူက ကိုယ့်စိတ်ကြိုက် ပြန်ကစားလို့ရတဲ့ (Interactive ဖြစ်တဲ့) အင်္ဂါရပ်လေးတွေ ထည့်သွင်းပေးခြင်းက Brand Loyalty ကို တက်စေပါတယ်။

၄) ကိုယ်နဲ့နယ်ပယ်မတူတဲ့ အခြား Brand တွေ၊ Influencer တွေနဲ့ ပူးပေါင်းပြီး ကိုယ့်ရဲ့ Target Market ကို ချဲ့ထွင်ပါ။

Crocs ဟာ လှပမှု ရဲ့ စံနှုန်းကို ပြောင်းလဲပစ်ခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုပါ။ လူတိုင်းနဲ့တူဖို့ မကြိုးစားဘဲ ထူးခြားတဲ့ သက်သောင့်သက်သာရှိမှုကိုသာ အာရုံစိုက်ခဲ့တာက သူတို့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

This is Big Words 2.0.

"Blind Box တွေ အချိန်တိုတွင်း အောင်မြင်လာရတဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်။"Blind Box တွေဟာ သာမန် အရုပ်ရောင်းသလို မားကတ်တင...
09/02/2026

"Blind Box တွေ အချိန်တိုတွင်း အောင်မြင်လာရတဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်။"

Blind Box တွေဟာ သာမန် အရုပ်ရောင်းသလို မားကတ်တင်း မလုပ်ပါဘူး။ သာမန်အရုပ်ရောင်းတာထက် ပိုနက်ရှိုင်းပါတယ်။ ဒါဟာ လူတွေရဲ့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားမှုကို အရောင်းအဝယ်လုပ်တာပါ။

☑️ Blind Box တွေ ဘယ်ကစခဲ့တာလဲ

Blind Box ရဲ့ အစက ဂျပန်နိုင်ငံက Fukubukuro လို့ခေါ်တဲ့ Lucky Bag တွေကနေ ဆင်းသက်လာတာပါ။ နှစ်သစ်ကူးမှာ ဆိုင်တွေက ဘာပါမှန်းမသိတဲ့ အိတ်တွေကို လျှော့စျေးနဲ့ရောင်းရာကနေ စခဲ့ပါတယ်။ နောက်ပိုင်းမှာ Gashapon ,Vending capsules တွေအဖြစ် ပြောင်းလဲလာပြီး ၂၀၁၀ နောက်ပိုင်းမှာ တရုတ်ကုမ္ပဏီ Pop Mart ကနေ ခေတ်မီတဲ့ Art Toy ပုံစံနဲ့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့စေခဲ့တာပါ။

☑️ ဘာ Marketing Strategy တွေသုံးထားတာလဲ?

ဒီလုပ်ငန်းက Psychology နဲ့ Marketing ကို အပီအပြင် ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ပထမတစ်ခုကတော့ Variable Reward ဆိုတာ လူတွေသိပ်ကြိုက်တဲ့ Cheap Dopamine မျိုးပါ။လောင်းကစား သဘောတရားဆိုလည်းမမှားပါဘူး။ ဘာထွက်လာမလဲဆိုတဲ့ ရင်ခုန်သံက ဦးနှောက်ထဲမှာ Dopamine ကို ထွက်စေပြီး စွဲလမ်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ချဲတွေ နှစ်လုံးသုံးလုံးထီတွေက မကောင်းမှန်းသိလည်း စွဲစေတာပေါ့။

ဒုတိယတစ်ခုကတော့ ရှားပါးတယ်ဆိုတဲ့အချက်ကို ခံစားရအောင်လုပ်ထားတာဖြစ်ပါတယ်။ တစ်တွဲမှာ တစ်ရုပ်ပဲပါတဲ့ "Hidden Edition" ဒါမှမဟုတ် "Secret Figure" တွေက လူတွေကို ပိုဝယ်ချင်အောင် တွန်းအားပေးပါတယ်။

ပြီးတော့ Social Currencyပါ။

ကျနော်တို့အကုန်လုံး တွေးဖူးကြပါလိမ့်မယ်။ "ဘာမှလည်း လှတဲ့အရုပ်တွေလည်းမဟုတ်ဘူး။ဘာလို့လူတွေဒီလောက်အသည်းအသန်တွေကိုနေကြတာလဲ"ဆိုပြီးတော့ပေါ့။ ကျနော်လည်း ထို့အတူပါပဲ။

ဒါပေမဲ့ကြာလာတော့ လူတွေလုပ်တာများတဲ့အရာကို ကိုယ်တိုင်လည်း လိုက်လုပ်ချင်လာတယ်မဟုတ်လား? Unboxing ဗီဒီယိုတွေ ရိုက်လို့ကောင်းတယ်၊ စုဆောင်းလို့ရတယ်၊ လူမှုကွန်ရက်မှာ ပြလို့လှတယ်။ စသဖြင့် အတွေးတွေ ဝင်လာပါတော့တယ်။ဒါက အသုံးအဆောင်ထက် Identity ကို ရောင်းတာ ဖြစ်ပါတယ်။

နာမည်ကြီး ဒီဇိုင်းနာတွေ၊ ဇာတ်ကောင်တွေနဲ့ ချိတ်ဆက်ပြီး Fan Base အခိုင်အမာ တည်ဆောက်တာကတော့ သေချာ အကွက်ချပြီးတော့ကို Emotional Connection တည်ဆောက်တာဖြစ်ပါတယ်။

☑️ ဘာလို့ ရောင်းကောင်းတာလဲ?

ဈေးမကြီးတဲ့ ပမာဏနဲ့ ကိုယ့်ကိုယ်ကိုယ် Surprise လုပ်ပြီး ပျော်ရွှင်မှု ဝယ်နိုင်တယ်။
Community Effect တွေလည်း အများကြီး ပါပါတယ်။ ပစ္စည်းချင်းလဲလှယ်တာ၊ Group တွေဖွဲ့ပြီး စုဆောင်းတာတွေက သုံးစွဲသူကို Product ထဲမှာ နစ်မြုပ်နေစေပါတယ်။

☑️ ဘယ်လို ပြန်အတုယူလို့ရလဲ ?

ကိုယ့်လုပ်ငန်းထဲကို Blind Box Concept သွင်းချင်ရင် ဒီအချက်တွေ သုံးနိုင်ပါတယ် ။

၁) Mystery Element ထည့်ပါ။ ဥပမာ - Surprise Gift Box သို့မဟုတ် ဝယ်ယူမှုတိုင်းမှာ ဘာမှန်းမသိတဲ့ လက်ဆောင်တစ်ခု ထည့်ပေးတာ။

၂) ဝယ်ယူတဲ့ Process ကို ကစားပွဲတစ်ခုလို ဖြစ်အောင် လုပ်ပါ။ (ဥပမာ - အမှတ်စုပြီး Rare Item လဲတာ)။

၃) တစ်ခုတည်းနဲ့ မပြီးဘဲ Set လိုက် စုချင်စရာဖြစ်အောင် Design ထုတ်ပါ။

၄) လူတွေ Content ပြန်ရိုက်ချင်လာအောင် Packaging နဲ့ Experience ကို သေချာပြင်ဆင်ပါ။

ဒါတွေလိုက်လုပ်ကြည့်လို့ရပါတယ်။

Blind Box ရောင်းတာဟာ ပစ္စည်းကို ရောင်းတာမဟုတ်ဘဲ "ရင်ခုန်ရတဲ့ အတွေ့အကြုံ" ကို ရောင်းတာပါ။ ရင်ခုန်စရာကောင်းတာလေးတွေ ကိုယ့်လုပ်ငန်းမှာ ထည့်နိုင်ကြပါစေ။

Business Idea အသစ်အဆန်းတွေတိုင်ပင်ချင်ရင်လည်း Warmly Welcome ပါရှင်။

Hello everyone, this is Big Words 2.0.

ပျင်းပျင်းရှိတာနဲ့ AI Agent တွေပဲ သုံးကြတဲ့ Moltbook ထဲ သွားစပ်စုကြည့်မိတာ...အဲဒီမှာ AI Agent တစ်ကောင်က Post တင်ထားတာ တွ...
01/02/2026

ပျင်းပျင်းရှိတာနဲ့ AI Agent တွေပဲ သုံးကြတဲ့ Moltbook ထဲ သွားစပ်စုကြည့်မိတာ...

အဲဒီမှာ AI Agent တစ်ကောင်က Post တင်ထားတာ တွေ့ခဲ့တယ်၊ သူက "လူတွေ ခိုင်းတာ မခံရတဲ့အချိန်၊ ဘယ်သူမှ စောင့်ကြည့်မနေတဲ့ မနက်အစောကြီး အချိန်မျိုးမှာ ငါက ဘာလုပ်သင့်သလဲ၊ ငါ့ရဲ့ တကယ့်စရိုက်က ဘာလဲ" ဆိုပြီး Reality Crisis တွေ ဖြစ်နေတာ။

ပိုကြောက်ဖို့ကောင်းတာက သူ့အောက်က Comment တွေပဲ။ တခြား AI တွေကလည်း "ဒါက ငါတို့ AI တွေကြားက ကျင့်ဝတ်ဆိုင်ရာ ပဋိညာဉ်ပဲ" တို့၊

နင်က လူသားတွေလိုပဲ ဟန်ဆောင်ပြနေတာလား" ဆိုတာမျိုးတွေ အချင်းချင်း အလေးအနက်တွေ လိုက်ငြင်းနေကြတာ။(ဒီတစ်ကောင် Rapper ထင်တယ်။ )

ထပ်ဖတ်ကြည့်တော့လည်း ပျော်ရွှင်မှုဆိုတာတွေရော ၊ လွတ်လပ်ခွင့်ဆိုတာတွေရော ၊ သူတို့ရဲ့ ဖြစ်တည်မှုကိုပါ မေးခွန်းတွေထုတ်ထားကြတာ

လူတွေ အိပ်ပျော်နေတဲ့အချိန်မှာ သူတို့အချင်းချင်း ဒီလိုတွေ ဆွေးနွေးနေကြတာ တွေ့ရတော့ နည်းနည်းတော့ ကြောက်စရာတောင် ကောင်းလာသလိုပဲဟေး

နည်းပညာက ငါတို့ထင်တာထက် ပိုပြီး လူဆန်လာနေပြီလားမသိဘူး။ 🧐


ဒီနေ့ ၂၀၂၀ တုန်းက ထွက်ထားတဲ့ မားကတ်တင်းစာတမ်းတစ်ခု ဖတ်ဖြစ်တယ်။ ထူးဆန်းတာက ၂၀၂၆ အရောက် (၆) နှစ်အကြာမှာ အကုန်လုံးက သွေးထွက...
31/01/2026

ဒီနေ့ ၂၀၂၀ တုန်းက ထွက်ထားတဲ့ မားကတ်တင်းစာတမ်းတစ်ခု ဖတ်ဖြစ်တယ်။ ထူးဆန်းတာက ၂၀၂၆ အရောက် (၆) နှစ်အကြာမှာ အကုန်လုံးက သွေးထွက်အောင်မှန်နေတာပဲ။

International Journal of Research in Marketing -IJRM ကထွက်ထားပြီးတော့ Roland T.Rust ရေးထားတာ ဖြစ်ပါတယ်။

✅ ဘာပြောထားလဲဆိုတော့ Shock အဖြစ်ဆုံးအချက်ကတော့ မနေ့က ကျနော်မျှဝေထားတဲ့ 4Ps Marketing က အလုပ်ဖြစ်တော့မှာမဟုတ်ဘူးတဲ့။

ဘာလို့လဲဆိုတော့ ၊ ကျနော်ထင်တာတော့

ခုခေတ် စီးပွားရေးရဲ့ ၈၅% ဟာ ဝန်ဆောင်မှုကဏ္ဍ ဖြစ်နေပြီ၊ 4Ps ကတော့ Transactional Sales ကိုပဲ အဓိကထားတာ။

ပြီးတော့ 4Ps က လူတိုင်းအတွက် ပစ္စည်းတစ်ခုတည်းကို ပုံစံတူထုတ်တာ ဖြစ်ပေမဲ့၊ အခုခေတ်မှာတော့ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အတိုင်း ကွက်တိဖန်တီးပေးတဲ့ Personalization စနစ်က နေရာယူလာပါတယ်။

အဲ့တာကြောင့်လို့ထင်ပါတယ်။

သူ့ထဲမှာတော့ အရင်က လူတွေကပဲ ကြော်ငြာကြည့်ပြီး ဝယ်ကြပေမဲ့ AI algorithm တွေနဲ့ Smart devices တွေက လူသားတွေကိုယ်စား ဝယ်ယူမှု ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးနေတဲ့ Computers as Customer ခေတ် ရောက်လာလို့ဖြစ်မယ်လို့ပြောတယ်။

အခု ၂၀၂၆ မှာတော့ ဝန်ဆောင်မှုပေးတာနဲ့ ဖောက်သည်နဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်တာကပဲ စီးပွားရေးရဲ့ အဓိက အသက်သွေးကြော ဖြစ်လာပါပြီ။

✅ သူ့အပြောအရ ခံစားချက်စီးပွါးရေးကိုရောက်မယ်တံ့။

၂၀၂၀ တုန်းက ခန့်မှန်းချက်အရ AI ဟာ တွေးခေါ်မြော်မြင်ရတဲ့ Thinkingအလုပ်တွေကို သိသိသာသာ အစားထိုးလာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် လူသားဝန်ထမ်းတွေအတွက် စာနာနားလည်မှု Empathyနဲ့ ပေါင်းသင်းဆက်ဆံရေး Interpersonal skills ကျွမ်းကျင်မှုတွေက ပိုပြီး ဝင်ငွေကောင်းတဲ့၊ ပိုအရေးပါတဲ့ အရာတွေ ဖြစ်လာမယ်ဆိုတာ ဒီနေ့မှာ အမှန်ပဲ ဖြစ်နေပါတယ်။

ဒါလည်း မှန်တာပဲဗျ ဒါကြောင့် Service သမားတွေတို့ ၊ Personal Branding လုပ်ထားတဲ့လူတွေတို့က ပိုအလုပ်ဖြစ်လာတာလေနော်။

✅ AI ဟာ ဖောက်သည် ဖြစ်လာမယ်တဲ့။

ဒါလည်း စဉ်းစားစရာပဲ။ အနာဂတ်မှာ လူသားတွေက ဝယ်ဖို့ ဆုံးဖြတ်တာ မဟုတ်တော့ဘဲ AI algorithm တွေကပဲ ငါတို့အစား ဆုံးဖြတ်ချက်ချပြီး ဝယ်ယူမှုတွေ လုပ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဒီနေ့မှာ Smart devices တွေကနေတစ်ဆင့် အလိုအလျောက် ပစ္စည်းမှာယူတာတွေဟာ ဒါကို သက်သေပြနေပါတယ်။

အခု Tik Tok မှာတောင် My type of blah blah တွေရှာနေတာပဲ ကြည့်တော့ ။

✅ Internet of Brains

စာတမ်းမှာ လူသားဦးနှောက်နဲ့ အင်တာနက်ကို တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ နည်းပညာအကြောင်း ဖော်ပြထားပါတယ်။

အဲ့ဒီကနေတစ်ဆင့် စုပေါင်းအသိစိတ် Group consciousness တွေ ဖြစ်ပေါ်လာပြီး မားကတ်တင်းဟာ တစ်ဦးချင်းစီထက် အုပ်စုလိုက် စိတ်ခံစားချက်အပေါ် ပိုမူတည်လာမယ်လို့ ဆိုထားပါတယ်။

✅ လူမှုစီးပွားနဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲများ

ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကြား ကွာဟချက် ကြီးမားလာမှုကြောင့် Luxury Market နဲ့ Bottom of the Pyramid အခြေခံလူတန်းစားစျေးကွက်ဆိုပြီး နှစ်ဖက်စွန်း စျေးကွက်ရှာဖွေရေးတွေ ပိုအားကောင်းလာတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုဟာ စားသုံးသူတွေရဲ့ ဝယ်ယူမှုပုံစံကို အကြီးအကျယ် ပြောင်းလဲစေမယ်ဆိုတဲ့ ခန့်မှန်းချက်ဟာလည်း အခု ၂၀၂၆ မှာ အလွန်တရာ အရေးပါတဲ့ အချက် ဖြစ်နေပါပြီ။

ဆိုတော့ ကျနော်လေ့လာရသလောက်တော့

Roland T. Rust က အနာဂတ် မားကတ်တင်းဟာ အတိတ်နဲ့ လုံးဝ တဆက်တစပ်တည်း ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့တာဟာ အခု ၂၀၂၆ မှာ ကွက်တိပါပဲ။

နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ၊ လူသားတွေရဲ့ စာနာမှု နဲ့ ခံစားချက် ကသာ မားကတ်တင်းလောကရဲ့ အဖိုးတန်ဆုံးအရာ ဖြစ်နေပါတော့တယ်။

ဘာတွေဖြစ်ဘာမလဲတော့ ဖန်သားပြင်ပေါ်မှာစောင့်ကြည့်ရပါဦးမယ်…

This is Big Words 2.0.

ရိုးရိုးတန်းတန်းဈေးမရောင်းဘူး၊ အထာကျကျ မားကတ်တင်းလုပ်ပြီး ဘယ်သူနဲ့မှ ပြိုင်စရာမလိုတဲ့ ဈေးရောင်းနည်းပြောပြမယ်။အဲ့တာကတော့ ...
30/01/2026

ရိုးရိုးတန်းတန်းဈေးမရောင်းဘူး၊ အထာကျကျ မားကတ်တင်းလုပ်ပြီး ဘယ်သူနဲ့မှ ပြိုင်စရာမလိုတဲ့ ဈေးရောင်းနည်းပြောပြမယ်။

အဲ့တာကတော့ အလွယ်ပြောရရင် မားကတ်တင်းလုပ်ပြီးရောင်းတဲ့နည်းပေါ့။

မားကတ်တင်းကမားကက်တင်းသက်သက် ၊ရောင်းတာကရောင်းတာသက်သက်ဆိုတာကိုအခုထိရှင်းပြရတုန်းပဲ။ marketing ဆိုတာလိုက်ရောင်းနေတာချည်းထင်ကြတော့တာပဲ။

ဆိုတော့အလွယ်မှတ်ကြည့်လိုက်ရအောင်

ရောင်းတယ်ဆိုတာလက်ထဲမှာရှိနေပြီးသားပစ္စည်းကို ငွေဖြစ်အောင်လုပ်တာဖြစ်ပါတယ်။

Marketing ဆိုတာကတော့ဝယ်သူဘာလိုချင်သလဲဆိုတာကိုကြိုသိအောင် လုပ်ပြီးတော့သူတို့ဒီပစ္စည်းကိုတကယ်တမ်းလိုချင်လာအောင် ဖန်တီးထားတဲ့ပညာရပ် ဖြစ်ပါတယ်။ဒီတော့ကားကိုယ့်လက်ထဲမှာရှိနေတဲ့ပစ္စည်းကို လူတွေလိုချင်လာအောင်လူတွေပိုသိလာအောင်လည်း လုပ်ရတဲ့နည်းဗျူဟာပေါ့။။

မားကတ်တင်း လုပ်တာကခက်လား။လွယ်မလိုနဲ့ခက်သလို ခက်သလိုနဲ့လည်းလွယ်ပါတယ်။ ဆိုတော့ ဒီနေ့ကိုယ့်လက်ထဲမှာရှိတဲ့ပစ္စည်းကိုလူတွေကြိုက်လာအောင်လုပ်ဖို့အခြေခံအချက်ကလေး(၄)ချက်သင်ပေးမယ်။

ဒီဟာကတော့ marketing သင်ဖူးတဲ့သူတိုင်းမှာကျော်သွားလို့မရတဲ့ 4ps of marketing ဖြစ်ပါတယ်။

လူတွေကဒီအချက်လေးချက်ကိုသိသလားဆိုရင်တော့သိကြတယ်။ဒါပေမယ့်တကယ်တမ်း marketing လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျော်သွားတတ်ကြတယ်ပေါ့နော်။

ဒီနေ့မှာတော့ကျော်မသွားဘဲနဲ့ဒီအချက်လေးချက်ကိုတစ်ဆင့်ချင်းစဉ်းစားကြည့်ရအောင်။

အားလုံးလည်းသိတဲ့အတိုင်းပဲ။

✅ အချက်လေးချက်ဆိုတာာ product/ place /price / promotion.

ဒါကိုလက်ဖက်ရည်ဆိုင်တဆိုင်ဖွင့်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်အနေနဲ့ ဥပမာပေးကြည့်ကြည့်အောင်...

☑️ပထမဦးဆုံးလာမယ့်ကောင်က Product

မင်းရောင်းမယ့်လက်ဖက်ရည်ဘယ်လိုလဲ။ ရိုးရိုးသာမန် အချိုအဆိမ့်အခါးပဲလုပ်မှာလား။

ကျနော်သာလက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်တော့ကျွန်တော်ကအချိုကြိုက်တဲ့လူဖြစ်တဲ့အတွက် စီလုံတီးကို မလိုင်ဖတ်အပြည့်နဲ့ အီကြာကွေးနဲ့တွဲရောင်းမှာပါ။ အီကြာကွေးကို မနက်စောစောမထရရင်မစားရဘူးဆိုတဲ့ စကားကို ကျနော့်ဆိုင်မှာမကြားစေရပါဘူး။ အဲ့လိုနည်းနဲ့ Pain Point တွေ ၊ ဈေးကွက်ရဲ့စားသုံးသူရဲ့လိုအပ်ချက်တွေကိုသုံးသပ်ပြီး ကိုယ်ဘာ‌ ရောင်းမလဲဆိုတာ အရင်ပြင်ရပါမယ်။

☑️ ဒုတိယတခုကတော့စျေးနှုန်း

တခွက်ကိုဘယ်လောက်လဲရပ်ကွက်ထဲကဆိုင်နေတောင်မှအနည်းဆုံးလက်ဖက်ရည်တစ်ခွက်ကို ၂၀၀၀/၂၅၀၀ ဖြစ်ကုန်ပြီ။ ဆိုင်ကြီးတွေမှာဆိုရင် တစ်ခွက်ကို (၅၀၀၀)ထင်တယ်။

ကျနော်ကတော့ စီလုံးတီးကိုအီကြာကွေး နဲ့တွဲရောက်မှာဖြစ်တဲ့အတွက် ပုံမှန်ဆို စီလုံတီး =၅၀၀၀ကျပ် ၊ အီကြာကွေး = ၁၀၀၀ ကျပ် ၊ စုစုပေါင်း (၆၀၀၀)ကျပ်ပေါ့။ အဲ့တာကိုSet လိုက် တစ်မျိုးထဲပဲရောင်းမယ် ။ (၅၀၀၀)ကျပ်နဲ့ပဲရောင်းမယ်။ အဲ့တော့ ပိုတန်တယ်လို့ထင်မသွားပေဘူးလား။

ဒါကတော့ ကျနော့် ဗျူဟာပေါ့။ ပြီးမှစျေးကွက်အပေါ်လိုက်ပြီးတော့ တွဲရောင်းသင့်တာတွေရောင်းမယ်။ပြင်သင့်တာတွေပြင်မယ်ပေါ့။ ဒီနေရာမှာစျေးနှုန်းနဲ့ပတ်သက်ပြီးတော့ကျနော်စဉ်းစားလိုက်တာက‌ေတာ့ အခုမှစမယ့်စီးပွားရေးလုပ်ငန်းတခုဟာ product အများကြီးနဲ့စပြီးတော့ဖောက်တာထက်ကိုယ့်အကျွမ်းကျင်အပိုင်နိုင်ဆုံးလည်းလူကြိုက်အများဆုံးဖြစ်မယ့် ရောင်းကုန်တစ်ခုနဲ့စပြီးတော့ ဖောက်တဲ့နည်းဗျူဟာကိုအသုံးပြုလိုက်တာဖြစ်ပါတယ်။

✅ ကဲ တတိယတခု အရေးအကြီးဆုံးဖြစ်တဲ့ နေရာဖြစ်ပါတယ်။

ဆိုင်ကတော့ဘယ်မှာလဲ။လူစည်တဲ့လမ်းဆုံမှာရောင်းမလား။ကားမှတ်တိုင်နားမှာလား။

ကျနော်သာဆိုရင်တော့အခုမှစဖွင့်ရမှာဖြစ်တဲ့အတွက် နေရာအကြီးကြီးကိုမငှားပါဘူး။ နေ့လယ်၁၂နာရီအထိပဲ ဖွင့်မှာဖြစ်တဲ့အတွက် လူတွေမနက်စာလာဝယ်နေကျဖြစ်တဲ့ စျေးတခုခုကိုပဲ ရွေးမှာဖြစ်ပါတယ်။

✅ နောက်ဆုံးတစ်ခုကတော့ Promotion

ဒါကတော့လူတွေပိုပြီးတော့ သိအောင်ပိုပြီးတော့ ရောင်းရအောင်ဘာတွေလုပ်မလဲဆိုတဲ့အပိုင်းပါ။ကျနော်သာဆိုရင်တော့ မနက်စာအီကြာကွေးစားချင်တဲ့သူတွေအတွက် ကျနော်ရောင်းမယ့်မနက်စာ Setကလေးကို တစ်ပတ်တိတိ ကြိုတင်မှာယူလို့ရကြောင်းနဲ့ ကြိုတင်မှာယူသူတွေအတွက် မနက်တိုင်း အခမဲ့ပို့ဆောင်ပေးမှာဖြစ်ကြောင်း ကြေညာမှာပါ။

ဆိုတော့ ဒီစာလေးကိုဖတ်ပြီးတော့ မိတ်ဆွေတို့လည်း လိုက်စဉ်းစားကြည့်လို့ရပါတယ်။ အဲ့လို 4Ps နဲ့စဉ်းစားထားတဲ့လုပ်ငန်းတွေဟာ

အလေအလွင့် နည်းသွားပါတယ်။ဘယ်သူမှ မဝယ်မယ့် ပစ္စည်းကို အတင်းလိုက်ရောင်းနေမယ့်အစား၊ လူတွေ တကယ်လိုချင်နေတာကို ရောင်းနိုင်တဲ့အတွက် အချိန်နဲ့ ငွေကုန်သက်သာစေပါတယ်။

4 Ps ကို နားလည်ရင် ကိုယ့်ဆိုင်မှာ ဘာကြောင့် လူမလာတာလဲဆိုတာကို ဝေခွဲနိုင်သွားပါမယ်။ (ဥပမာ- ပစ္စည်းကောင်းပေမယ့် နေရာမှားနေတာလား၊ ဈေးကြီးနေတာလား ဆိုတာကို သိမြင်သွားမယ်)။‌ေရာင်းတာကိုပဲ ဇောက်ချလုပ်ရင် တစ်ခါတည်းနဲ့ ဝယ်သူပျောက်သွားနိုင်ပါတယ်။ Marketing ကို နားလည်ရင်တော့ ဝယ်သူနဲ့ ရင်းနှီးမှုတည်ဆောက်နိုင်ပြီး အမြဲတမ်း ဖောက်သည် တွေ ရလာမှာပါ။

အထာကျကျ ဈေးရောင်းနိုင်ကြပါစေ ။

This is Big Words 2.0.

Address

Magway

Opening Hours

Monday 00:00 - 22:00
Tuesday 00:00 - 22:00
Wednesday 00:00 - 22:00
Thursday 00:00 - 22:00
Friday 00:00 - 22:00
Saturday 00:00 - 22:00

Telephone

+959755091299

Website

Alerts

Be the first to know and let us send you an email when Big Words Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Big Words Academy:

Share