PPP ဖြန့်ချီရေး

PPP ဖြန့်ချီရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPP ဖြန့်ချီရေး, Marketing Agency, mandalay, Mandalay.

01/11/2025

ပျင်းရိခြင်းကို ဖြတ်ဖို့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများ

ကျွန်တော်တို့ လူငယ်တိုင်းမှာ ရင်းနှီးတဲ့ ရန်သူတစ်ယောက်ရှိကြတာများပါတယ်။ အဲဒါကတော့ "နောက်မှလုပ်မယ်" ဆိုတဲ့ ပျင်းရိခြင်း (Procrastination) ပါပဲ။ အလုပ်တွေပုံနေပေမယ့် Netflix ကြည့်ချင်တာ၊ စာမေးပွဲနီးနေပေမယ့် ဂိမ်းဆော့ချင်တာ စတဲ့ ဒီခံစားချက်တွေကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိကြတယ်ဟုတ်။

အမှန်တော့ “ပျင်းရိခြင်းဆိုတာ ပျင်းလို့မဟုတ်ဘူး”။ ဒီစာကြောင်းလေးဖတ်ရတော့ “ဟမ်... ဘယ်လိုကြီးလဲ”🙄လို့ တွေးမိသွားတယ်မလား။ ဒီလိုပြောလို့ ခေါင်းမရှုပ်သွားပါနဲ့အုံး။ တကယ်တော့ ပျင်းရိခြင်းဆိုတာ “ကိုယ့်စိတ်နဲ့ ကိုယ် စစ်ဖြစ်နေတဲ့ အခြေအနေတစ်ခု” သာဖြစ်ပါတယ်။ ဒီလို စစ်ပွဲမှာ နိုင်ဖို့အတွက်တော့ ကျွန်တော်တို့က ခပ်မိုက်မိုက် "Mental Hacks" တွေနဲ့ တိုက်ခိုက်ဖို့လိုတယ်။

၁။ The 5-Minute Rule
(ပြဿနာကို “ပုရွက်ဆိတ်” အရွယ်အစားနဲ့ အရင်မြင်ပါ)
ကျွန်တော်တို့ အလုပ်တစ်ခုကို စတင်ဖို့ ကြောက်ရွံ့နေရတာဟာ အဲဒီအလုပ်က အရမ်းကြီးလွန်းတယ် လို့ ထင်နေလို့ပါပဲ။

🔥 Mental Hack နည်းလမ်းကတော့ ကိုယ့်လုပ်ရမယ့် အလုပ်တွေကို "ပုရွက်ဆိတ်အရွယ်အစား" ဖြစ်အောင် အရင်ခွဲလိုက်ပါ။
ဥပမာ: "စာအုပ်တစ်အုပ်လုံး ဖတ်ရမယ်" လို့ မတွေးဘဲ "၅ မိနစ်ပဲ ဖတ်ကြည့်မယ်" လို့ စိတ်ပိုင်းဖြတ်လိုက်ပါ။ ၅ မိနစ်ပြည့်လို့ ရပ်ချင်ရင် ရပ်လို့ရတယ်။ ဒါပေမဲ့ သုတေသနတွေကပြသတာက ၅ မိနစ်စပြီး လုပ်လိုက်ရင် ဆက်လုပ်ချင်စိတ်က ၈၀% အထိ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပျင်းနေတယ်လို့ ခံစားရရင် ၅ မိနစ် ဥပဒေသကို သတိရလိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် စတင်ဖို့ ခက်ခဲတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားပြီး၊ အလုပ်ကို အရှိန်ရအောင် စတင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၂။ Implementation Intention
(အချိန်ဇယားဆွဲမယ့်အစား "ဘယ်အချိန်မှာ လုပ်မလဲ" ဆိုတာ ဆုံးဖြတ်ပါ)
ရိုးရိုး "အချိန်ဇယားဆွဲခြင်း" က ပျင်းရိခြင်းကို မနိုင်ပါဘူး။ တကယ်နိုင်ဖို့အတွက် တိကျတဲ့ အစီအစဉ် လိုပါတယ်။

🔥 Mental Hack နည်းကတော့ ဘာလုပ်မယ်ဆိုတာ အချိန်၊ နေရာ တိတိကျကျ သတ်မှတ်လုပ်ဆောင်ပါ။

ဥပမာ: "မနက်ဖြန် စာဖတ်မယ်" လို့ မပြောဘဲ၊ "မနက်ဖြန် ညနေ ၇:၀၀ နာရီတိတိမှာ စားပွဲမှာထိုင်ပြီး စာအုပ်ကို ဖတ်မယ်" လို့ တိတိကျကျ သတ်မှတ်လိုက်ပါ။ "ကော်ဖီဆိုင်က ပြန်ရောက်တာနဲ့ အီးမေးလ် ၅ စောင်ကို ချက်ချင်းပြန်ပို့မယ်။" စသည်ဖြင့် မှတ်သားပြီး လက်တွေ့လုပ်ဆောင်ပါ။
ဒီလိုလုပ်ခြင်းဖြင့် ဦးနှောက်ဟာ ဆုံးဖြတ်ချက်ချရတာ ပေါ့ပါးသွားမှာဖြစ်ပြီး၊ အခြေအနေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူသွားမှာ ဖြစ်တယ်။

ပျင်းရိခြင်းဆိုတာ ကုသလို့မရတဲ့ ရောဂါမဟုတ်ဘူး။ မွေးမြူထားတဲ့ အကျင့်ဆိုး တစ်ခုသာပါ။ ကျွန်တော်တို့ဟာ ဒီ Mental Hacks (၂)ခုကိုသာ နေ့စဉ်ကျင့်သုံးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကို ပျင်းရိခြင်းကနေ ရည်မှန်းချက်ဆီကို Switch On/Off လုပ်နိုင်စွမ်းရှိတဲ့ ပျင်းရိခြင်းကို အနိုင်ပိုင်းနိုင်တဲ့ တက်ကြွတဲ့လူငယ်တွေ ဖြစ်လာမှာ ဧကန်မလွဲပါပဲ။
ကဲ... အခုဖတ်ပြီးတာနဲ့ ဘယ်အလုပ်ကို ၅ မိနစ်နဲ့ အရင်စလုပ်မလဲ? စိန်ခေါ်လိုက်တယ်နော်!

ချစ်ချင်းမေတ္တာဖြင့်......................မျှဝေခြင်းနှလုံးသားများ
ခွန်း(ကမ်းယံ)


30/05/2025

Data ကို အခြေခံပြီး အလုပ်လုပ်တဲ့ Data Analyst ( Data ဆန်းစစ်သူ) နဲ့ Statistician (စာရင်းအင်း ပညာရှင်) တို့ဟာ မတူညီတဲ့ ရည်ရွယ်ချက်တွေ နည်းလမ်းတွေနဲ့ လုပ်ကိုင်ကြတာပါ။ သူတို့ရဲ့ အဓိက ကွာခြားချက်တွေကို သိရှိထားမယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

1. Data Analyst (Data ဆန်းစစ်သူ)
Data Analyst သူတွေက လက်တွေ့အသုံးချမှုကို အဓိက ထားသူလို့ပြောလို့ရပါတယ်။ Data Analyst တစ်ယောက်ဟာ Business Data တွေကို ရှင်းလင်းစွာ ဖော်ထုတ်ပြီး ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်အောင် လုပ်ဆောင်သူ ဖြစ်ပါတယ်။

Data Analyst က ဘာတွေအဓိကလုပ်လဲ?

Data Analyst က Excel, SQL, Power BI, Tableau စတဲ့ Tool တွေသုံးပြီး Data တွေကို Collect, Cleaning, Analysis လုပ်တယ်။ ရလာတဲ့ အချက်အလက်တွေကို Graph, Chart, Dashboard တွေနဲ့ရှင်းရှင်းလင်းလင်း ပြသပြီး Stakeholder (ဆုံးဖြတ်ချက်ချသူတွေ) ကို အချက်အလက် အခြေပြု ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတယ်။ Business Problem (စီးပွားရေး ပြဿနာ) တွေကို Data အပေါ် အခြေခံပြီး ဖြေရှင်းပေးပါတယ်။

ဘယ်လို လူတွေနဲ့ သင့်တော်လဲ?

Data ကို လက်တွေ့အသုံးချပြီး ရလဒ်ကောင်းတွေ ထွက်အောင် လုပ်ချင်သူ ကိန်းဂဏန်းတွေထက် Data Visualization (Data ကို မြင်သာအောင် ပြခြင်း) နဲ့ Insight ကို ပိုဦးစားပေးသူ Business နယ်ပယ်တွေမှာ အလုပ်လုပ်ချင်သူများ အထူးသင့်တော်ပါတယ်။

2. Statistician (စာရင်းအင်း ပညာရှင်)
Statistician ကို သီအိုရီနဲ့ သုတေသနကို အဓိကထားသူလို့ပြောလို့ရပါတယ်။ Statistician တစ်ယောက်ကတော့ Data ရဲ့ နောက်ကွယ်က သဘောတရားတွေ၊ သိပ္ပံနည်းကျ Model တွေကို လေ့လာပြီး ရှုပ်ထွေးတဲ့ Data တွေကို အတိအကျ ဆန်းစစ်သူ ဖြစ်ပါတယ်။

Statistician ဘာတွေ အဓိကလုပ်လဲ?

Research Design တွေရေးဆွဲတယ် (ဥပမာ - ဆေးဝါး စမ်းသပ်မှု၊ Survey ဒီဇိုင်း)။ Machine Learning, Regression, Probability Theory စတဲ့ အဆင့်မြင့် Statistics Method တွေသုံးပြီး Data ကို ခွဲခြမ်းစိတ်ဖြာတယ်။ Data အသစ်တွေအတွက် Statistical Model တွေ ဖန်တီးတယ်။

ဘယ်လို လူတွေနဲ့ သင့်တော်လဲ?
သင်္ချာနဲ့ စာရင်းအင်း သီအိုရီတွေကို နက်နက်နဲနဲ လေ့လာချင်သူ သုတေသန၊ ကျန်းမာရေး၊ အစိုးရ နယ်ပယ်တွေမှာ အလုပ်လုပ်ချင်သူ ရှုပ်ထွေးတဲ့ Data တွေကို သိပ္ပံနည်းကျ ချဉ်းကပ်ဖြေရှင်းချင်သူများ အထူးသင့်တော်ပါတယ်။

Data Analyst vs Statistician – ဘယ်ဟာ သင်နဲ့ ပိုကိုက်ညီမလဲ?

Data Analyst ဖြစ်ချင်ရင် Data ကို လက်တွေ့အသုံးချပြီး Business Impact ဖြစ်အောင် လုပ်ချင်သူ ။ Excel, SQL, Visualization Tools (Power BI, Tableau) တွေ သုံးရတာ ဝါသနာပါသူ ။ Stakeholder တွေနဲ့ ဆက်သွယ်ပြီး Insight တွေ ရှင်းပြရတာ ကြိုက်သူ များကိုက်ညီပါတယ်။

Statistician ဖြစ်ချင်ရင် သုတေသန၊ သိပ္ပံနည်းကျ တွက်ချက်မှုတွေမှာ ပါဝင်ချင်သူ ၊ R, Python, SAS လို Programming Language တွေနဲ့ Statistical Modeling လုပ်ရတာ စိတ်ဝင်စားသူ ၊ ဆေးဘက်ဆိုင်ရာ၊ စီးပွားရေး သုတေသနတွေမှာ ပါဝင်လုပ်ကိုင်ချင်သူများကိုက်ညီပါတယ်။

သင်ဘယ်လမ်းကို ရွေးမလဲ?
Data နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် Data Analyst လမ်းကြောင်းက လက်တွေ့အသုံးချမှုများပြီး လုပ်ငန်းခွင်ဝင်ရန် ပိုမိုလွယ်ကူပါတယ်။ Statistician ကတော့ ပိုမိုနက်ရှိုင်းတဲ့ သုတေသနနဲ့ သီအိုရီပိုင်းကို ဦးတည်ပါတယ်။ Data Analyst ဖြစ်ဖြစ်, Statistician ဖြစ်ဖြစ်၊ Data ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။

Wai Lin - Learn Business Intelligence




16/05/2025

We don’t just install — we care. ☀️🔧

Free site survey + full installation + after-sales support—one-stop service you can trust.

၁၀၂လမ်းမှာ တပ်ဆင်ပြီးစီးခဲ့တဲ့ဆိုက်လေး ❤️

8KW, 9.44kWp, 3.072kWhr Hybrid Solar Power System

Deye 8KW Hybrid Inverter
Jinko 590W x 16 Nos
Sandi Solar - 51.2V 300Ah x 2 Nos

Send us a message and call to claim your free consultation!

Phone - 09975889702

14/04/2025

📣 ကျန်းမာရေးပြဿနာများ တိုင်ပင်နိုင်ဖို့အတွက် FOC-Teleclinc ပြန်လာပါပြီ

🧑‍⚕️ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ဆေးခန်းတွေကို မသွားနိုင်ဖြစ်နေပြီး ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ မေးမြန်းချင်တယ်ဆိုရင် FOC-Teleclinic Chatbox မှာ အခမဲ့လာရောက်မေးမြန်းနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

ဆေးခန်းဖွင့်ချိန်
နေ့စဉ် မြန်မာစံတော်ချိန် မနက် ၈ နာရီ မှ ည ၁၂ နာရီ

🧑‍⚕️ FOC-Teleclinic က အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ပြည်သူတွေနဲ့အတူ အသင့်ရှိနေပေးမှာ ဖြစ်ပါတယ်။

14/04/2025

မင်္ဂလာပါ

ကျွန်တော် အာဟာရ ဆရာဝန် ဒေါက်တာ ညီညီကျော် ပါ။

ဒီနေ့မှာတော့ အာဟာရ မျှဝေ တဲ့နေရာ မှာ ကုန်ကျစရိတ် နည်းနည်း နဲ့ ထိရောက်မှု့ ရှိပြီး လိုအပ်တဲ့ ကယ်လိုရီ၊ အသားဓါတ် (protein) ပြည့်အောင် ဘာလေးတွေ ထည့်ကြမလဲ မျှဝေ ပေးချင်ပါတယ်။

1. မြေပဲဆားလှော် 100g
2. ငှက်ပျောသီး 1 pcs
3. ကြက်ဥပြုတ် 2 လုံး
4. ပဲနို့ 300 ml
5. ဓာတ်ဆား1 ထုပ်
6. ရေသန့် 1liter 1ဘူး

အခု ဒါဆိုရင် ကယ်လိုရီ 1100၊ အသားဓါတ် (Protein) - 45 grams ပါဝင်ပါတယ်။

လူတယောက် မှာ ကယ်လိုရီ လိုအပ်ချက် 2000 လောက် အကြမ်းဖျင်း ရှိတာဖြစ်လို့အခု လို package ၁ ခု စားလိုက် ပြီး ကျန်တာ အနည်းငယ် လောက် ထပ်ဖြည့်စားလိုက်ရင် ကယ်လိုရီ ၂၀၀၀ ပြည့်သွားနိုင်ပါတယ်။

အခု လို package လေးတွေ ကိုလဲ ကျွန်တော်တို့ Healthy & Happy မှ အလှူရှင်များ ၏ အကူအညီ ဖြင့် အာဟာရ ဝေမျှ ပေးနေတာလဲ ဖြစ်ပါတယ်။

protein bite များ Energy Bar များ ကို ဆက်လက် ဝေမျှနိုင်အောင် ကြိုးစားသွားပါမယ် ခင်ဗျာ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#ငလျင် #အာဟာရ

Address

Mandalay
Mandalay
00000

Telephone

+959760133787

Website

Alerts

Be the first to know and let us send you an email when PPP ဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PPP ဖြန့်ချီရေး:

Share