Arcane Studio

Arcane Studio Reflection of Art | Sonic of Soul | Craft of Heart | Pride of Mandalay.

ဒီနေ့ကတော့ Cotton (ချည်သား) အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ အဲ့တော့.....ယနေ့ခေတ်အမျိုးသားဝတ် အဝတ်အစားများ၏ 75% ခန့်တွင...
11/03/2024

ဒီနေ့ကတော့ Cotton (ချည်သား) အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ အဲ့တော့.....

ယနေ့ခေတ်အမျိုးသားဝတ် အဝတ်အစားများ၏ 75% ခန့်တွင် Cotton (ဝါချည်) ပါပါတယ်၊ စျေးသက်သာပြီး နေရာစုံအသုံးပြုသောကြောင့် အသုံးများဆုံးသော ချည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာထွန်ယက်စိုက်ပျိုးနိုင်သောမြေ၏ (၂) ရာခိုင်နှုန်းခွဲခန့်တွင် Cotton (ဝါချည်) ကိုစီးပွားဖြစ်စိုက်ပျိုးကြသည်။ Gossypium အုပ်စုဝင်အပင် ဖြစ်ပြီး အစေ့ကိုကာကွယ်ပေးရန် အမျှင်များကကာကွယ်ပေးထားသော အပင်အမျိုးအစားဖြစ်သည်။ ဝါချည်သည် နူးညံ့ပြီးဝတ်ဆင်ရာတွင်သက်သောင့်သက်သာရှိသော တီရှပ်/ရှပ်အင်္ကျီများ သာမကအကြမ်းခံနိုင်ရည်မြင့်မားသော ဂျင်း၊ ဖလန်နယ်များကိုပါထုတ်လုပ်နိုင်သောကြောင့် ယနေ့ခေတ်တွင် လူကြိုက်များသော ချည်အမျိုးအစားဖြစ်သည်။ ဒါတွေကတော့နောက်မှ အလျင်းသင့်ရင်သင့်သလိုရှင်းပြပါမယ်။ ခုတော့ Cotton အကြောင်းပဲ ဆက်ကြရအောင်...

ချည်ထည်များသည် နူးညံ့ပြီး လေဝင်လေထွက်ကောင်းခြင်း ရေစုပ်ယူနိုင်စွမ်းမြင့်မားခြင်းတို့ကြောင့် ပူနွေးသောရာသီဥတုနှင့် sensitive skin ရှိသောသူများအတွက်အထူးသင့်လျော်ပါသည်။ Body fit (form-fitting) ဝတ်ချင်သူများနှင့် sport wear (active wear) ဝတ်ဆင်ချင်သူများအတွက်တော့ 100% cotton ကိုမရွေးချယ်ဖို့အကြံပြုပါရစေ။ ချည်သား 100% Pure cotton T-shirt များသည်အစိုဓာတ်ထိန်းသိမ်းမှု အားကောင်းသောကြောင့် (ရေထဲတွင်၎င်းချည်ထည်၏­­­­­­­­­­­အလေးချိန်ထက် ၂၇ဆ ခန့်ရှိသောရေကိုစုပ်ယူထားနိုင်သည်) ကိုယ်လက်လှုပ်ရှားမှုမှ ဖြစ်ပေါ်လာသောချွေးများကို စုပ်ယူကာ ခြောက်သွေ့ရန်ခက်ခဲခြင်းကြောင့် ­­ချွေးအအေးပတ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါသည်။

-----------------------------------------

အရည်အသွေးမြင့် T-shirt များဖန်တီးနိုင်ဖို့

- ဆေးသားပါးလွှာမှု၊ Design နှင့် အင်္ကျီတစ်သားတည်းကျနေသော soft-hand feeling texture

- နိုင်ငံတကာအဆင့်မှီ USA standard cotton / Asian size cutting T-shirt များနှင့် အရည်သွေးမြင့် Ink type များကိုရှာဖွေနေပါသလား

- သင့်၏စိတ်ကူးနှင့် ထပ်တူဖန်တီးပေးနိုင်သော Production Team တစ်ခုကိုရှာဖွေနေပါသလား။

ဒါဆိုရင်တော့ မန္တလေးက Arcane Studio ကိုသတိရလိုက်ပါ။

Arcane Studio - Design & Silk Screen Printing Service

service နဲ့ price များကို ဖုန်း📞 ‪- 09980788788‬ ဆက်သွယ်မေးမြန်းနိုင်ပါသည်

လိပ်စာ🚩 - 73(c), 113 x 114 လမ်းကြား၊ မန္တလေးမြို့။










ဒီနေ့ကတော့ကျွန်တော်တို့ Arcane Studio က Screen printing ဆိုတာဘာလဲ၊ Screen printing ပညာဘယ်ကနေစတင်မွေးဖွားခဲ့တာလဲ ဆိုတာနဲ့...
04/03/2024

ဒီနေ့ကတော့ကျွန်တော်တို့ Arcane Studio က Screen printing ဆိုတာဘာလဲ၊ Screen printing ပညာဘယ်ကနေစတင်မွေးဖွားခဲ့တာလဲ ဆိုတာနဲ့ပတ်သက်လို့ အပိုင်းလေးတွေခွဲပြီး ရှဲရင်းလုပ်ပေးဖို့ရည်ရွယ်ထားပါတယ်။ အဲ့တော့စလိုက်ကြရအောင်ဗျာ....

Screen Printing ဆိုတာဘာလဲ?
_________

Screen Printing ဆိုတာ မျက်နှာပြင်တစ်ခုပေါ်သို့ မှင်များကို mesh screen (ပုံကူးမျက်နှာပြင်)မှဖြတ်သန်းစေပြီး ပုံရိုက်ခြင်းလုပ်ငန်းစဥ်တစ်ခုပါ။ Screen ၏အချို့သော ဧရိယာများသည် မှင်မစိမ့်ဝင်နိုင်သော Stencil (ရုပ်ပုံဘောင်ကူးကော်သုတ်ပြီးဖြစ်လာသောမျက်နှာပြင်အစိတ်အပိုင်း) ကိုဖန်တီးပေးပြီး screen မှဖြတ်သန်းသွားသော မှင်များသည် မျက်နှာပြင်ပေါ်တွင် ပုံနှိပ်ထားသော ပုံဖြစ်လာပါတယ်။

Screen Printing ရဲ့သမိုင်း
___________

အစောပိုင်း Screen Printing ပညာရပ်ဟာတရုတ်ပြည်စုန့်(宋)မင်းဆက်‌‌ခေတ် (အေဒီ ၉၆၀ မှ ၁၂၇၉) အတွင်းစတင်တွေ့ရှိခဲ့သည်။ စုန့် (宋) ခေတ်သည် တရုတ်နိုင်ငံတွင် ထူးထူးခြားခြား ဆန်းသစ်တီထွင်မှုများနှင့် ယဥ်ကျေးမှုထွန်းကားသည့်ကာလဖြစ်ပြီး ကုန်သွယ်မှုထွန်းကားမှု၊ နည်းပညာတိုးတက်မှုနှင့် အနုပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုများ ရရှိခဲ့သောခေတ်လည်းဖြစ်သည်။ စုန့် (宋) ခေတ်အစောပိုင်းပုံစံများသည် အထည်၊ စက္ကူနှင့် ကြွေထည်များ အပါအဝင် အမျိုးမျိုးသော မျက်နှာပြင်များပေါ်တွင် ဒီဇိုင်းများကို လွှဲပြောင်းသည့်နည်းလမ်းအဖြစ် ပေါ်ပေါက်ခဲ့သည်။ အစောပိုင်းပုံနှိပ်ခြင်းတွင် တရုတ်လူမျိုးတွေဟာ လူ့ဆံပင်များကိုဆွဲဆန့်၍ သစ်သားဘောင်ကိုဖြတ်ကာ mesh screen များအဖြစ်အသုံးပြုခဲ့ကြပြီးသစ်ရွက်များကိုမူ Stencil အဖြစ်အသုံးပြုခဲ့ကြတာပါ။ အာရှယဥ်ကျေးမှု ကူးလူးဆက်ဆံမှု‌ကြောင့် နောက်ပိုင်းတွင်ဂျပန်များက ဆံပင်အစား ပိုမိုခိုင်ခန့်သောပိုးချည်ကို အစားထိုးအသုံးပြုလာပြီး Screen printing မှ Silk Screen Printing အဖြစ် ပိုမိုတွင်ကျယ်လာခဲ့သည်။ ၁၈ ရာစုလောက်မှသာ silk screen printing ပညာရပ်သည် ပိုးလမ်းမကြီးမှတစ်ဆင့် ဥရောပ‌သို့ ပြန့်နှံသွားခဲ့သည်။ ၂၀ ရာစုအစောပိုင်းသို့ရောက်သောအခါ အင်္ဂလိပ်လူမျိုး Samual Simon သည် ပုံရိပ်ကိုလျင်မြန်စွာ ပြန်လည်ထုတ်လုပ်ရန်အတွက် ၎င်း၏ကိုယ်ပိုင် silk screen stencils ဖန်တီးရန်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်း၏နည်းလမ်းသည် ပိုမိုမြင့်မားသောဆန့်နိုင်စွမ်းအား နှင့် အရွယ်အစားတည်ငြိမ်မှုကို အာမခံသည့် silkscreen ကိုအသုံးပြုပြီးပုံရိုက်တာပါ။ ဒီနေရာမှာ rubber blade နဲ့ squeegees တွေပါအသုံးပြုပါတယ်။ ဒီပစ္စည်းတွေကယနေ့အထိ screen printing industry တွေမှာအသုံးပြုဆဲပါပဲ။ Simon ရဲ့နည်းလမ်းက high-quality custom wallpaper များရိုက်နှိပ်ရန်၊ Cotton ပိုးသား (သို့) Linen ပိတ်ချောပစ္စည်းများပေါ်တွင် ရိုက်နှိပ်ရန်ဖြစ်တာကြောင့် ထိုခေတ်ကာလ လူချမ်းသာများအတွက်ကိုက်ညီသလိုဖြစ်နေပါတယ်။ နောက်ပိုင်းမှာ Screen Printer များသည် အလင်းနှင့်တုန့်ပြန်သည့် ဓာတုပစ္စည်းများကို စတင်စမ်းသပ်ခဲ့ပြီး ၎င်း၏အသုံးချမှုအတွက် ပိုမိုတိကျသော အသွင်အပြင်ကို ဖန်တီးရန် gelatin နှင့်ပေါင်းစပ်ပြီး ပြုပြင်ခဲ့ကြသည်။ ထိုခေတ် အနုပညာရှင်(artist)များသည် လက်တင်စကားလုံး seri (ပိုးထည်) နှင့် ဂရိစကားလုံး graphein (စာရေးခြင်း)တို့မှ ဆင်းသက်လာသော serigraphy ဝေါဟာရဖြင့်ခေါ်ကြပြီးကို စီးပွားရေးလောကမှာတော့ Screen printing ဟုသာ အသုံးပြုကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း အနုပညာရှင် Andy Warhol သည် အမေရိကတွင် Screen printing ကိုအနုပညာဆန်သောနည်းပညာတစ်ခုအဖြစ် အသုံးပြုသောကြောင့် အနောက်တိုင်းလူ့အဖွဲ့အစည်းတွင်ခေတ်စားလာခဲ့သည်။





မင်္ဂလာပါခင်ဗျာ..ဒီနေ့ကတော့ ကျွန်တော်တို့ မန္တလေးမြို့အငွေ့အသက်နှင့် မြန်မာ့ယဥ်ကျေးမှု အရှိန်အဝါများကို တီရှပ်ထည်များပေါ...
27/02/2024

မင်္ဂလာပါခင်ဗျာ..

ဒီနေ့ကတော့ ကျွန်တော်တို့ မန္တလေးမြို့အငွေ့အသက်နှင့် မြန်မာ့ယဥ်ကျေးမှု အရှိန်အဝါများကို တီရှပ်ထည်များပေါ်တွင် ဂုဏ်ယူစွာချပြဖန်တီးပေးမည့် Arcane Studio (Silkscreen Printing and Design) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ စတူဒီယိုရဲ့ ရည်ရွယ်ချက်ကတော့

✅နိုင်ငံတကာအဆင့်မှီအရည်အသွေးကောင်းသော Tee၊ Hoodies များကိုပြည်တွင်းရှိ စိတ်ကူးစိတ်သန်းရှိပြီး ကိုယ်ပိုင် Brand ထုတ်ချင်သောလုပ်ငန်းရှင်များအား ဝန်ဆောင်မှုပေးနိုင်ရန်။

✅စိတ်ဝိညာဥ်၏ စည်းချက်နှင့်ကိုက်ညီသောကိုယ်ပိုင်ဖန်တီးမှု အစစ်အမှန်၊ ဒီဇိုင်းများကိုချပြရန်

✅Customized design များအပြင် ပြည်တွင်း Brand အနေဖြင့်စတင်အကောင်အထည်ဖော်လိုသူများအတွက်.. စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်သော Tee နှင့် Hoodies များကို အရေအတွက်များများကုန်ကျစရိတ်သက်သာစွာဖြင့်ညှိုနှိုင်းဆောင်ရွက်ထုတ်လုပ်ပေးနိုင်ရန် သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ..

ကျွန်တော်တို့ Arcane ကိုဘာကြောင့်ရွေးချယ်လက်တွဲသင့်သလဲဆိုရင်..

✅Plastisol, Discharge Ink စသည့်အရည်အသွေးမြင့် Ink Type များသာအသုံးပြုသောကြောင့် ဆေးသားပါးလွှာမှု၊ ဒီဇိုင်းနှင့် အင်္ကျီ တစ်ထပ်တည်းကျသော Soft Hand Feeling ခံစားမှုကိုပေးစွမ်းနိုင်ခြင်း

✅International Grade, 100% Pure USA Cotton စသည့်အရည်အသွေးမြင့်သော ပစ္စည်းများကိုသာ In-stock ထားရှိပြီး Arcane တွင်ရွေးချယ် အသုံးပြုထားရှိခြင်း

✅ခံစားသက်ဝင်မှု အားကောင်းသောကျွမ်းကျင် Traditional & Digital Artist များနှင့် Skillful Screen Printers များအတူတကွ ပူးပေါင်းဖန်တီးမှုကြောင့် လက်ရာ၊ ဒီဇိုင်းပိုင်း သူမတူ ထူးခြားကောင်းမွန်ခြင်း

✅Tie-dye Color Way, Acid Wash စသဖြင့် ပြင်ပစျေးကွက်တွင် မရသော Complex Pattern များကို Arcane တွင် ဖန်တီးရရှိနိုင်ခြင်း

✅Wholesalers များအတွက်လည်း Arcane Studio ၏ ဒီဇိုင်းများကို လက္ကားစျေးဖြင့် ရောင်းချပေးခြင်း စသော ဝန်ဆောင်မှုများကိုထားရှိပေးထားပါသေးတယ်ခင်ဗျာ။

Silkscreen Printing နဲ့ပတ်သက်ပြီး..
🔥Qualityလည်း အကောင်းဆုံးဖြစ်ရမယ်
🔥ဈေးလည်းမှန်ရမယ်
🔥ပေးရတဲ့ဈေးနဲ့လည်း တန်ရမယ်
🔥စိတ်တိုင်းကျဖြစ်ချင်တယ်ဆိုရင်
ကျွန်တော်တို့ Arcaneကို အရောက်သာ လှမ်းခဲ့ပါတော့ခင်ဗျာ။






Arcane Studio  Grand Opening ဆိုင်ဖွင့်ပွဲကြီး အမှတ်တရပုံရိပ်များ 🔥✨ကြွရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည်တော်များအားလုံးကို...
19/02/2024

Arcane Studio Grand Opening ဆိုင်ဖွင့်ပွဲကြီး အမှတ်တရပုံရိပ်များ 🔥✨

ကြွရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည်တော်များအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..

15/02/2024

FEB 16! Arcane is Back! 🔥

ဂုမ္ဘာန် ရက္ခCreation Art by Nyan LinnSilk Screen printing by Arcane Clothing Studio
23/07/2020

ဂုမ္ဘာန် ရက္ခ
Creation Art by Nyan Linn
Silk Screen printing by Arcane Clothing Studio

Congratulation ပါဗျို့😍😍😍ကျနော်တို့ Arcane Clothingကနေ အာဇာနည်နေ့ အထိမ်းအမှတ် T-Shirt Giveaway ပေါက်တဲ့ ကံထူးရှင်တေ ထွက်...
17/07/2020

Congratulation ပါဗျို့😍😍😍

ကျနော်တို့ Arcane Clothingကနေ အာဇာနည်နေ့ အထိမ်းအမှတ် T-Shirt Giveaway ပေါက်တဲ့ ကံထူးရှင်တေ ထွက်ပေါ်လာပါp😊😊
😍 No.9 သူရအောင်
😍 No.22 Ko Shane
😍 No.14 Htet Win Tun
😍 No.23 Vo Ne Ze Khao
😍 No.6 Thu Ra
😍 No.29 Yan Naung Lay
😍 No.15 Swann Hsaung
😍 No.2 Wanna Zaw
😍 No.31 Htay Ko Ko
😍 No.26 Ko Kyaw Gyi

Giveaway ပေါက်တဲ့ကံထူးရှင်များ CB
မှာ လာဆက်သွယ်ပေးပါ 😇😇😇
👉MDY Delivery Free👈
👉နယ်မှ ကံထူးရှင်များ တန်ဆာခ ကျခံပေးရပါမည်👈

❤️❤️အာဇာနည်နေ့ အထိမ်းအမှတ် အင်္ကျီ giveaway ကျနော်တို့ arcane clothing ကနေ limited edition အဖြစ်  အာဇာနည်နေ့ကို ဂုဏ်ပြုသ...
15/07/2020

❤️❤️အာဇာနည်နေ့ အထိမ်းအမှတ် အင်္ကျီ giveaway

ကျနော်တို့ arcane clothing ကနေ limited edition အဖြစ် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်လုပ်ထားတဲ့ အင်္ကျီ (၁၀) ထည်ကို ဘော်ဒါတို့ အတွက် လက်ဆောင် giveaway လေးပေးပါမယ်။

ဒီ giveaway လေးကို ဝင်ကံစမ်းမဲ့ဘော်ဒါတို့အတွက် လိုက်နာရမယ့် အချက်လေးတွေပြောပြပါ့မယ်

📌ပထမအချက်အနေနဲ့ ကံစမ်းမည့် ဘော်ဒါတို့ဟာ arcane clothing page ကို like လုပ်ရပါမယ်။

📌ဒုတိယအချက်အနေနဲ့ အခု giveaway post ကို Like & share လုပ်ရပါမယ်။

📌တတိယအနေနဲ့ကတော့ Like & share လုပ်ထားတဲ့ ပုံလေးကို ယခု giveaway post ရဲ့ comment မှာ မန့်ပေးရမယ်။

ကျနော်တို့ ဘက်ကနေ ဘော်ဒါတို့ မန့် ထားတဲ့ comment တစ်ခုချင်းဆီကို နံပါတ်စဉ်တပ်ပေးမှာဖြစ်ပါတယ်။

Winner (10) ဦးကို random.org website ကိုအသုံးပြုပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။

Giveaway post ကို ၁၇ ရက်နောက်ဆုံးထားပီး ပိတ်မှာဖြစ်လို့ အခုပဲ ကံစမ်းလိုက်ကြတော့ ဘော်ဒါတို့ရေ။

🤘🤘 ကျနော်တို့   မှ ကိုရေမွန် အတွက်လက်ဆောင်မွန်                       🔥still rock🔥
15/06/2020

🤘🤘 ကျနော်တို့ မှ ကိုရေမွန် အတွက်လက်ဆောင်မွန်

🔥still rock🔥

Address

Mandalay

Opening Hours

Monday 08:00 - 12:00
13:00 - 17:30
Tuesday 08:00 - 12:00
13:00 - 17:30
Wednesday 08:00 - 12:00
13:00 - 17:30
Thursday 08:00 - 12:00
13:00 - 17:30
Friday 08:00 - 12:00
13:00 - 17:30
Saturday 08:00 - 12:00
13:00 - 17:30

Telephone

+959980788788

Website

Alerts

Be the first to know and let us send you an email when Arcane Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share