What's In Mandalay ?

What's In Mandalay ? မန္တလေးကို ရောက်ရင် ဘယ်သွားရမယ် / ဘာစားရမယ် / ဘာလုပ်ရမယ် ဆိုတာ သိချင်သူတွေအတွက်ပါ

"မန္တလေး က Corndog ရောင်းတဲ့ ဆရာကြီးတွေ အားလုံးကို စိန်ခေါ်ရဲတယ်" လို့ ပြောပြီး ယုံကြည်ချက်ရှိရှိနဲ့ ရောင်းနေတဲ့ Corndog...
28/03/2024

"မန္တလေး က Corndog ရောင်းတဲ့ ဆရာကြီးတွေ အားလုံးကို စိန်ခေါ်ရဲတယ်" လို့ ပြောပြီး ယုံကြည်ချက်ရှိရှိနဲ့ ရောင်းနေတဲ့ Corndog ဆိုင်လေး

Corndog ကို Cheese နဲ့ရသလို ယမ်ယမ်ခေါက်ဆွဲခြောက်လေးတွေ အာလူးလေးတွေ ရေညှိလေးတွေနဲ့ပါ ရနိုင်သေးတယ် ။ Size ကို ၂ ခုခွဲထားပြီး ဈေးနှုန်းလေးတွေကလဲ ထောင်ကျော်လေးတွေပဲ ။

ဒါ့အပြင် ပြောင်းဖူးမရောနိစ်လေးတွေ အာလူးလုံးကြော် အပြင်ဖက်က ကြွပ်ကြွပ် နဲ့ အတွင်းသား အိအိလေးတွေလည်း ရနိုင်သေးပြန်ရော ။ ငှက်ပျောပေါင်း နူးနူးအိအိနဲ့ ခပ်စိမ့်စိမ့်လေး စားချင်ရင်လည်း မမေ့သင့်ပြန်ဘူး ။

အအေးတွေဆိုရင်လည်း အရသာမျိုးစုံနဲ့ ဆိုဒါနဲ့ တွဲ Shake ပေးလိုက်လို့ တစ်ဂွတ်သောက်တာနဲ့ အမောပြေစေတာမျိုး ။

▪️လှည်းစိမ်းလေး
၃၀-၃၁ ကြား , ၇၆ လမ်း , မန္တလေး ။
ဖုန်း - 09456811375

🌭နေ့စဉ် နေ့လည် ၃:၀၀ ကစပြီး ရရှိနိုင်ပါသည် ။

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

မန္တလေးမှာ ထိုင်စားရင်း မိုးကောင်း ရောက်သွားဖို့ဆို ဒီဆိုင် ရွေးမှာရမယ်ရှင့် ။ ▪️ဒီ​ဆိုင်မှာက မိုးကောင်းအရသာ ငါးမျှစ်ချဉ...
28/02/2024

မန္တလေးမှာ ထိုင်စားရင်း မိုးကောင်း ရောက်သွားဖို့ဆို ဒီဆိုင် ရွေးမှာရမယ်ရှင့် ။

▪️ဒီ​ဆိုင်မှာက မိုးကောင်းအရသာ ငါးမျှစ်ချဉ်ခေါက်ဆွဲရတယ် ၊ ငါးတစ်မျိုးတည်း လုပ်ထားလို့ လူမျိုးဘာသာမရွေး သုံးဆောင်လို့ရတယ် ။

▪️ဒီဆိုင်လေးက အိမ်ဆိုင်လေးမို့ စိတ်အေးချမ်းသာစွာ သုံးဆောင်လို့ရမယ် ။

▪️ဆန်စီး နဲ့ ရေစိမ် ကို အသုပ်စီးစီးနဲ့ အရည်ဖျော်ဆိုပြီး (၂) မျိုးရတယ် ။

📝ရွှေရသာ-မိုးကောင်းငါးမျှစ်ချဥ်ခေါက်ဆွဲ

ဆိုင်ဖွင့်ချိန် - မနက်ခင်း ၆:၃၀ မှ မနက် ၁၀:၃၀ အထိ

လိပ်စာ - 34 လမ်း, 82-83 ကြား, မန္တလေး ။

Google Map နဲ့ လာချင်ရင်
📌 https://maps.app.goo.gl/nC26ennVSDv29PEY8

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ အိမ်ဆိုင်လေးမှာ ညောင်ပင်ဝန်းလက်ရာ ကြက်အူချက်လေးရယ်, ဆိတ်ဝမ်းတွင်းသားချက်လေးတို့ တခါတလေ ...
12/02/2024

သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ အိမ်ဆိုင်လေးမှာ ညောင်ပင်ဝန်းလက်ရာ ကြက်အူချက်လေးရယ်, ဆိတ်ဝမ်းတွင်းသားချက်လေးတို့ တခါတလေ ရတတ်တဲ့ တောင်ဆိတ်ချက် / ဂျီသားချက် / ငါးဘတ်အူချက် / ငါးရံ့အူချက် / အရိုးနူးငါးကြင်းပေါင်းတွေ စားဖို့ Lady Homemade ဆိုတဲ့ဆိုင်လေးကို ညွှန်းချင်တယ် ။

ဒီဆိုင်လေးမှာကရနိုင်တဲ့ Menu တွေက -

(၁)ကြက်အူချက်(၄၀၀၀)
(၂) ကြက်အူအထုံး ဆီပြန်ချက် (၄၀၀၀)
(၃)ဗမာကြက်ချက်(၄၅၀၀)
(၄) ဝက်အချင်းအူချက်(၅၀၀၀)
(၅) ဆိတ်ဝမ်းတွင်းသားချက် (၄၅၀၀)
(၆)ဆိတ်သားနှပ်(၅၀၀၀)
(၇)ဆိတ်သားခြောက်ဖုတ် (၈၀၀၀)
(၈)ငါးရံ့ခြောက်ဖုတ် (၇၀၀၀)
(၉)မုန်လာချဉ်သုပ်(၂၀၀၀)
(၁၀)သီးစုံပဲကုလားဟင်း(၂၅၀၀)

ညောင်ပင်ဝန်းထမင်းကို ပုံပြင်ထမင်းအနေနဲ့ ဟင်းလေးတွေပါရောပြီး စားရင် တစ်ပွဲကို 2,500 Ks ယူတယ် ။

▪️Company ပွဲများ , အလှူပွဲများ အော်ဒါရင်လည်း ချက်ပြုတ်ပေးတယ် ။

▪️သူတို့တွေရဲ့ ဟင်းတွေမှာ ဟင်းချိုမှုန့် မသုံးတဲ့အပြင် ပဲဆီသန့်ပါ သုံးထားလို့ စိတ်ချယုံကြည်စွာ သုံးဆောင်လို့ရတယ် ။

📝 Lady Homemade

ဆိုင်ဖွင့်ချိန် - မနက်ခင်း ၁၀ နာရီမှ နေ့လည် ၁ နာရီအထိ

လိပ်စာ - 56 လမ်း, 35x36 ကြား, မန္တလေး ။

☎️ - 09954034245

Google Map နဲ့ လာချင်ရင်
📌 https://maps.app.goo.gl/xWLTCQqwatFR9gjH6?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

မုန့်ဟင်းခါးကို ကိုယ့်စတိုင် နဲ့ ကိုယ် ပြင်ဆင်ဖွင့်လှစ်ပြီး ပဲကြော် / ငါးဖယ် / အိုးဘဲဥ အပြင် အီကြာကွေးနဲ့ပါ ရတယ် ၊ ဆိုင်...
07/02/2024

မုန့်ဟင်းခါးကို ကိုယ့်စတိုင် နဲ့ ကိုယ် ပြင်ဆင်ဖွင့်လှစ်ပြီး ပဲကြော် / ငါးဖယ် / အိုးဘဲဥ အပြင် အီကြာကွေးနဲ့ပါ ရတယ် ၊ ဆိုင်အပြင်အဆင်က 80 / 90 ခေတ်ဦးလောက်က ရှိတဲ့ ဆိုင်လေး တစ်ဆိုင်ကို ညွှန်းချင်တယ် ။

ဒီဆိုင်မှာက မုန့်ဟင်းခါးကို
▪️ အလွတ် - 2,000 Ks
▪️ပါဆယ် - 2,200 Ks
▪️ပဲကြော် / ငါးဖယ် / ရိုးရိုးကြက်ဥပြုတ် - 500 Ks
▪️အိုးဘဲဥ - 1,000 Ks ~ ဒီလို ဈေးနှုန်းတွေနဲ့ စားလို့ရတယ် ။

ဆိုင်ဖွင့်ချိန် နေ့လည် 12 ကနေ ည 6 အထိ စိတ်ကြိုက် လာစားလို့ရသလို ဖုန်းဆက်မှာရင်လည်း အိမ်အရောက် Delivery နဲ့ ပို့ပေးတယ် ။

🔺 Kpay / Wave Pay / AYA Pay နဲ့ ရှင်းလို့ရတယ် ။

📝 Lit.Chef

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၂ နာရီ မှ ညနေ ၆ နာရီ အထိ

လိပ်စာ - 33 (A) လမ်း , 60 x 61 ကြား , မန္တလေး ။

☎️ - 09953447086, 09691995928

Google Map နဲ့ လာချင်ရင်
https://maps.app.goo.gl/XEax2V9egeGKWGCJ6?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ရှမ်းခေါက်ဆွဲကို တို့ဟူးနွေးလေးနဲ့ စားချင်တယ် , ဈေးကလည်း 1,500 Ks လောက်ပဲ သုံးချင်တယ်ဆိုရင် "ဝင်းဝင်းလှိုင်" ဆိုတဲ့ ဆိုင...
02/02/2024

ရှမ်းခေါက်ဆွဲကို တို့ဟူးနွေးလေးနဲ့ စားချင်တယ် , ဈေးကလည်း 1,500 Ks လောက်ပဲ သုံးချင်တယ်ဆိုရင် "ဝင်းဝင်းလှိုင်" ဆိုတဲ့ ဆိုင်ကို ရွေးစေချင်တယ် ။

ဝင်းဝင်းလှိုင် က သပ်သပ်ရပ်ရပ်လေး အရသာလေးလည်းရှိပြီး ဈေးနှုန်းတွေ အနေနဲ့က

ရှမ်းခေါက်ဆွဲ
- အသားမပါတာ 1,500 Ks

- ကြက်သား နဲ့ 1,500 Ks

ကျွန်မတို့စားတာ 2,500 Ks ကြက်သားနဲ့ ။ တနေ့ကို မနက် ၆ ခွဲကနေ ၁၀ နာရီအထိ ဖွင့်တယ် ။

📌ဝင်းဝင်းလှိုင်
၇၅ လမ်း , ၃၁-၃၂ ကြား, မန္တလေးမြို့ ။
ဆိုင်ဖွင့်ချိန် - 6:30 AM to 10 AM

Google Map နဲ့ သွားမယ်ဆိုရင် -
https://maps.app.goo.gl/6CfeuHYYgHYCGRKA9?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ရာသီဥတုက အေးစက်စက်လည်း ဖြစ်နေသေးတော့ ကော်ဖီပူပူလေးကိုပဲ မှုတ်သောက်မလား ?နွေကလည်း ပေါက်စပြုပြီဆိုတော့ Iced Americano ပဲ ခ...
31/01/2024

ရာသီဥတုက အေးစက်စက်လည်း ဖြစ်နေသေးတော့ ကော်ဖီပူပူလေးကိုပဲ မှုတ်သောက်မလား ?

နွေကလည်း ပေါက်စပြုပြီဆိုတော့ Iced Americano ပဲ ခါးသက်သက် အေးစက်စက် တကြိုက်မော့မလား ?

ကော်ဖီနဲ့ ပတ်သက်တာပဲ ဖြစ်စေ, Juice တွေနဲ့ရောပြီး Summer အတွက် Drink လေးတွေ ဖြစ်စေ စိတ်ကြိုက်ရောစပ်ပေးနိုင်တဲ့ Slow Bar လေး ရှိနေပါပြီ ။

ဒီဆိုင်လေးမှာ
▪️လူငယ်တွေ တွေ့မယ်
▪️ဂစ်တာလေးတွေ တီးခေါက်ကြမယ်
▪️သီချင်းတွေ ဆိုကြမယ်
▪️Chess ထိုးကြမယ်
▪️စာအုပ်တွေ ဖတ်ကြမယ်
▪️ငြင်းခုန်ကြရင်း အတွေးအခေါ်တွေ ဖလှယ်ကြမယ်
▪️ကော်ဖီသောက်ကြမယ် !

📌 Cafe Vibes
26 x 27 ကြား , လမ်း 70, မန္တလေးမြို့ ။
ဆိုင်ဖွင့်ချိန် - မနက် 9 နာရီ မှ ညနေ 5 နာရီ အထိ ။

Google Map နဲ့သွားမယ်ဆိုရင် -
https://maps.app.goo.gl/sjffwdHLGdmpM8wG9?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ချဉ်ချဉ်စပ်စပ်စားရင်း ရှုးရှုးရှဲရှဲနဲ့ ပွင့်ထွက်ကြေး ဆိုရင် ကံ့ကော် ကို ရွေးလေ !ဒီ ကံ့ကော် ဆိုတဲ့ ဆိုင်လေးက ထိုင်းစာ မျ...
30/01/2024

ချဉ်ချဉ်စပ်စပ်စားရင်း ရှုးရှုးရှဲရှဲနဲ့ ပွင့်ထွက်ကြေး ဆိုရင် ကံ့ကော် ကို ရွေးလေ !

ဒီ ကံ့ကော် ဆိုတဲ့ ဆိုင်လေးက ထိုင်းစာ မျိုးစုံအောင်ရတော့ ဘော်ဒါတွေ မိသားစုတွေကြား ရွေးသင့်တဲ့ ဆိုင်လေးပေါ့ ။ ညနေဆို အပေါ်ထပ်လေးမှာ ထိုင်းစာစပ်စပ်လေးတွေစားရင် မိသားစုနဲ့ အချိန်ကုန်ကြမယ်လေ ။

အရသာရှိတဲ့ ထိုင်းစာလေးတွေ စားဖို့

📝 ကံ့ကော် Thai Food & Noodle

https://www.facebook.com/profile.php?id=100083405647439&mibextid=LQQJ4d

ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၈ နာရီ အထိ

လိပ်စာ - 40A , 72 73 ကြား, ဗောဓိကုန်းဘုရားအနောက်ပေါက်တည့်တည့်လမ်းကြား, မန္တလေးမြို့ ။

☎️ - 09765230674

Google Map နဲ့ လာချင်ရင်
https://maps.app.goo.gl/od67ckwJPvv4Kki67?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ဂျုံရိုးထွက်ကုန်တွေ ကြိမ်ခြင်းတွေ ပြီးရင် ကြိမ်နဲ့ပတ်သက်တဲ့ ပရိဘောဂတွေအပြင် နှီးဖါ / ထန်းခေါက်ဖါ စတာတွေကို ဈေးသက်သက်သာသာ...
29/01/2024

ဂျုံရိုးထွက်ကုန်တွေ ကြိမ်ခြင်းတွေ ပြီးရင် ကြိမ်နဲ့ပတ်သက်တဲ့ ပရိဘောဂတွေအပြင် နှီးဖါ / ထန်းခေါက်ဖါ စတာတွေကို ဈေးသက်သက်သာသာနဲ့ ချက်ချင်းရနိုင်ဖို့ "ဝိသဒံ" ဆိုတဲ့ ဆိုင်လေး မန္တလေးမှာ ရှိနေပြီနော် !

အွန်လိုင်းကနေ ရောင်းလာတာ ၂ နှစ်ခွဲ ၃ နှစ်နီးပါး ရှိပြီဖြစ်ပြီး ဆိုင်ဖွင့်တာကတော့ ၁ နှစ် ရှိပြီ ။

ဒီဆိုင်လေးက မန္တလေးမြို့ ၇၅ လမ်း ၃၁-၃၂ ကြားမှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန် မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိပါရှင် ။

📝 Oizys Handmade Collection

https://www.facebook.com/profile.php?id=100054616233271&mibextid=sCpJLy

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီ
လိပ်စာ - ၇၅ လမ်း , ၃၁-၃၂ ကြား , မန္တလေးမြို့ ။

Google Map နဲ့ လာချင်ရင်
https://maps.app.goo.gl/M3z9ajGRfyBFTFqEA?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ဒီအချိန်မှာ ပုံကြည့်ပြီး ဗိုက်ဆာသွားရင် တာဝန်မယူ 🤪
28/01/2024

ဒီအချိန်မှာ ပုံကြည့်ပြီး ဗိုက်ဆာသွားရင် တာဝန်မယူ 🤪

ဒီဆိုင်ကို သူများတွေက ကြက်အစပ်ချက်တွေ မာလာဝဥချဉ်စပ်ခေါက်ဆွဲတွေနဲ့ တွဲသိပေမယ့် ကျွန်မတို့ကျ ဒီ မေမေ့လက်ရာ ထမင်းသုပ်လေးနဲ့...
26/01/2024

ဒီဆိုင်ကို သူများတွေက ကြက်အစပ်ချက်တွေ မာလာဝဥချဉ်စပ်ခေါက်ဆွဲတွေနဲ့ တွဲသိပေမယ့် ကျွန်မတို့ကျ ဒီ မေမေ့လက်ရာ ထမင်းသုပ်လေးနဲ့ တွဲစေချင်တယ် ။

မေမေ့လက်ရာ ထမင်းသုပ်က ရိုးရိုးရှင်းရှင်းပဲ အာလူးရယ် ပဲကြာဇံရယ်နဲ့ကို စိမ့်တိမ့်တိမ့် ချဉ်တင်တင်လေး သုပ်ထားတာ ။

ပြီးရင် သူတို့ဆိုင်က ၁၆ ကျောင်း ငါးဖယ်သုပ် ထက် ပိုကြိုက်တဲ့ Love To Eat ငါးဖယ်သုပ် ။ ငါးပိနဲ့သုပ်ပြီး ဂေါ်ဖီထုပ်ရယ် ကြက်သွန်ဖြူကြော်လေးရယ်နဲ့ စပ်စပ်လေး သုပ်ထားတာ ။

ဒါလေးတွေကို သူတို့တွေနဲ့ တွဲချပေးတဲ့ ပုဇွန်ခြောက်များများနဲ့ ဟင်းခါးလေးနဲ့ သိပ်လိုက်တယ် ။

နောက်ဆုံးပိတ်က ရန်ကုန်အသုပ်စုံ .. အဆာပလာ နိုင်နိုင်နင်းနင်းနဲ့ သေချာကောင်းကောင်းလေး သုပ်လို့ ကျွန်မ အကြိုက်ဆုံးလို့ ပြောလို့ရတယ် ။

ဒီအသုပ်လေးတွေက တစ်ပွဲမှ 2,500 Ks ပဲ ၊ တန်တယ်လို့ ခံစားရတယ် ။ ဒါမို့ ဒီဆိုင်လေးက အရမ်းလူစည်တယ် ။

▪️ဈေးတန်တာလေးတွေ ရှိတယ်
▪️သဘာဝနဲ့ တအားနီးစပ်တယ် , Garden Vibe အပြည့်ရတဲ့ ဆိုင်
▪️Staff လေးတွေကလည်း ဖေါ်ရွေတယ်

ဒီဆိုင်လေးက
🔺Love To Eat
25 x 26 ကြား, လမ်း ၆၀ , မန္တလေးမြို့ ။
ဆိုင်ဖွင့်ချိန် -

Google Map နဲ့ လာချင်ရင်
https://maps.app.goo.gl/76CwmG1yCWX8RAdb9?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

မန္တလေးရဲ့ ညနေခင်းတွေမှာ လူတွေက တော်တော်များများ ဘီယာဆိုင် သွားလေ့ရှိတယ် ။ ကျွန်မတို့ကတော့ ဒီဆိုင်လို Budget Saved ပြီး ...
23/01/2024

မန္တလေးရဲ့ ညနေခင်းတွေမှာ လူတွေက တော်တော်များများ ဘီယာဆိုင် သွားလေ့ရှိတယ် ။ ကျွန်မတို့ကတော့ ဒီဆိုင်လို Budget Saved ပြီး တကယ်စားလို့ကောင်းတဲ့ ဆိုင်လေးတွေမှာ ထိုင်လေ့ရှိတယ် ။

ဒီဆိုင်မှာ Menu အသစ်တွေလည်း ထွက်တော့ အသစ်လေးလည်း မြည်းရင်း သွားကြတယ် ။

▪️Egg Fried Rice ကို မိုးကုတ်ဝက်သားနီလေးနဲ့က 3,500 Ks

▪️ရေခူသုပ် ချဉ်စပ်လေးက 3,500 Ks

▪️ထောပတ်မွှေးမွှေးကို ကြက်မဲလေးနဲ့ ကြော်ထားတာက ထောပတ်ကြက်မဲ တဲ့ သူက 4,000 Ks

🔺ဈေးတန်တယ်
🔺ဗိုက်ဝတယ်
🔺စားကောင်းတယ်
🔺သောက်စရာ အမောပြေလေးတွေလည်း ရှိတော့ ညနေတိုင်း လိုလို Hideout Food & Drink မှာ ထိုင်လေ့ရှိတယ် ။

📝 Hideout Food & Drink
ဆိုင်ဖွင့်ချိန် - ညနေ ၄ နာရီမှ ည ၉ နာရီထိ
လိပ်စာ - ၂၇ လမ်း , ၆၅-၆၆ ကြား ,မန္တလေးမြို့ ။

Google Map နဲ့ လာချင်ရင်
https://maps.app.goo.gl/DirJcFszLa72xwKt9?g_st=ic

မန္တလေးမှာ ဘယ်နေရာ ဘာစားကောင်းတယ် ဘယ်သွားရမယ်ဆိုတာ သိရဖို့ What's In Mandalay ? ကို Like/Follow ထားစို့နော် !

❌ ပုံများ / စာများ ကူးယူဖေါ်ပြခွင့် မပြုပါ ။

✅ ယခု Page သည် ကြော်ငြာ Page ဖြစ်သောကြောင့် မိမိတို့ စီးပွါးရေးအတွက် သက်သာသော နှုန်းထားဖြင့် ကြော်ငြာများ အပ်နှံနိုင်ပါသည် ။

ကျွန်မတို့ရဲ့ What's In Mandalay ဆိုတဲ့ page လေး စတင်ရတဲ့ ရည်ရွယ်ချက်ကတော့ တခြားမြို့က ဧည့်သည်တွေ မန္တလေးလာတိုင်း ဘယ်သွာ...
16/01/2024

ကျွန်မတို့ရဲ့ What's In Mandalay ဆိုတဲ့ page လေး စတင်ရတဲ့ ရည်ရွယ်ချက်ကတော့ တခြားမြို့က ဧည့်သည်တွေ မန္တလေးလာတိုင်း ဘယ်သွားရမလဲ ဘာစားရမလဲ ဘယ်ဆိုင် ဘာကောင်းလဲ ဆိုတာ မသိကြသူဗတွမို့ လုပ်ပေးရခြင်းဖြစ်ပါတယ် ။

အခု Page စစချင်းမို့ အားလုံးကို သိသလောက် အကုန်မျှဝေပေးပါမယ် ။ ကျေးဇူးပါရှင် 😍

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when What's In Mandalay ? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share