Tiny Seeds

Tiny Seeds May I suggest ……

မေးခွန်းမေးတာ မရပ်ဘူး”“ဘာလဲ? ဘာကြောင့်လဲ?”ဒီလိုပြောနေတဲ့ ကလေးကိုလူကြီးတော်တော်များများပင်ပန်းစရာ လို့ ထင်တတ်ကြပါတယ် 😔ဒါပ...
25/01/2026

မေးခွန်းမေးတာ မရပ်ဘူး”
“ဘာလဲ? ဘာကြောင့်လဲ?”
ဒီလိုပြောနေတဲ့ ကလေးကို
လူကြီးတော်တော်များများ
ပင်ပန်းစရာ လို့ ထင်တတ်ကြပါတယ် 😔
ဒါပေမယ့်
👉 Science နဲ့ Child Psychology အရ
မေးခွန်းများများမေးတဲ့ ကလေးတွေဟာ
✅ စဉ်းစားနိုင်စွမ်း တိုးလာနေပါတယ်
✅ ဉာဏ်ဖွံ့ဖြိုးမှု မြင့်လာနေပါတယ်
✅ ကိုယ့်အမြင်ကို တည်ဆောက်နိုင်လာပါတယ်
❌ “မမေးနဲ့”
❌ “နောက်မှမေး”
ဆိုပြီး ပိတ်လိုက်မယ်ဆိုရင်
ကလေးရဲ့ စူးစမ်းချင်စိတ်က
တဖြည်းဖြည်း လျော့သွားနိုင်ပါတယ်
✔ “ဘာကြောင့်လဲ ထင်လဲ?”
✔ “မင်းဘယ်လို ထင်လဲ?”
လို့ ပြန်မေးပေးလိုက်ရင်
ကလေးရဲ့ ဉာဏ်က ပိုပြီးဖွံ့ဖြိုးလာပါတယ် 💡

💬 သင့်ကလေးက မေးခွန်းများများမေးတတ်လား?

(ဥပမာ – “မေးတာအများဆုံး ဘာအကြောင်းအရာလဲ?”)

👉 “သင့်ကလေးလည်း Why? လို့ မေးတတ်ပြီလား?”

အသက် ၆–၁၂ နှစ် ကလေးတွေ စာလုပ်ပျင်းနေရင်စနစ်တကျ စာလုပ်ချင်စိတ်ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ?အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်...
23/01/2026

အသက် ၆–၁၂ နှစ် ကလေးတွေ စာလုပ်ပျင်းနေရင်
စနစ်တကျ စာလုပ်ချင်စိတ်ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ?

အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်းကာလဟာ
အလေ့အကျင့် (habit) နဲ့ စိတ်ထား (attitude) ကို အရေးကြီးဆုံး တည်ဆောက်ရမယ့်အချိန်ဖြစ်ပါတယ်။
စာလုပ်ပျင်းခြင်းက
“မထက်မြက်လို့” မဟုတ်ပါဘူး ❌

အများဆုံးက နည်းလမ်းမမှန်ခြင်း၊ ဖိအားများခြင်း ကြောင့်ဖြစ်တတ်ပါတယ်။

၁️⃣ ကလေးတွေစာလုပ်ရတာပျင်းရတဲ့ အကြောင်းရင်းကို အရင်နားလည်အောင်လုပ်ပါ။

ကလေးတွေ စာလုပ်မလုပ်ချင်တာဟာ
✔ စာအရမ်းခက်လို့
✔ မအောင်မြင်ဖူးလို့ (အောင်မြင်မှုကိုရဖို့ ခတ်ခဲတယ်ထင်ပြီး စိတ်ဓာတ်ကျသွားတာ)
✔ ဖိအားများပြီး ကြောက်စိတ်ဖြစ်နေတာ
✔ Screen time များလွန်းတာ
✔ ချီးကျူးမှု မရတာ
ကြောင့် ဖြစ်တတ်ပါတယ်။

👉 အရင်မဆူပါနဲ့။ အရင်နားထောင်ပါ။

၂️⃣ “အချိန်သတ်မှတ်ထားတဲ့ စာလုပ်အလေ့အကျင့်” ကိုတည်ဆောက်ပါ
📌 တစ်နေ့ကို ဘယ်လောက်ဆိုပြီးအချိန်သတ်မှတ်ပါ။
📌 စာလုပ်ဖို့နေရာ တစ်သတ်မှတ်တည်းသတ်မှတ်ပါ။

📌 အချိန်တိုတိုသတ်မှတ်ပါ။(၂၀–၃၀ မိနစ်)
ဥပမာ –
🕓 ညနေ ၄ နာရီဆိုရင် စာလုပ်
🧠 စာလုပ်ပြီးရင် အနားယူချိန်
👉 စာများများလုပ်တာထက် နေ့တိုင်းလုပ်တာ ၊အချိန်မှန်မှန်လုပ်တာက ပိုအရေးကြီးပါတယ်။

၃️⃣ ရည်မှန်းချက်ကို “သေးသေးလေး”ကစပြီး ခွဲပေးပါ။
❌ “ဒီအခန်းလုံးပြီးအောင်လုပ်”ဆိုတာထက်
⭕ “ဒီစာမျက်နှာ ၂ မျက်နှာပြီးရင် နားကြမယ်”ဆိုတာက ပြီးမြောက်သွားတဲ့အခါ ကလေးကို
👉 “ငါလုပ်နိုင်တယ်” ဆိုတဲ့ စိတ်ယုံကြည်မှု ပေးပါတယ်။

၄️⃣ ဆုကြေးထက် ချီးကျူးမှုကို အသုံးချပါ 🌟
❌ “ပြီးရင် ဖုန်းပေးမယ်”ဆိုတာထက်
⭕ “ကြိုးစားလုပ်တာကို မေမေမြင်တယ်”နော်ဆိုပြီး ချီးကျူးပေးရပါမယ်။

ချီးကျူးရမယ့်အချက်တွေ👇
✔ ကြိုးစားမှု
✔ တိုးတက်လာမှု
✔ အချိန်မပြတ်လုပ်နိုင်တာ
👉 ချီးကျူးမှုဟာ ကလေးရဲ့ အတွင်းစိတ်အား(intrinsic motivation)ကို တည်ဆောက်ပေးပါတယ်။

၅️⃣ စာကို “အပြစ်မပေးတဲ့နေရာ” ဖြစ်အောင်လုပ်ပါ
စာလုပ်တဲ့အချိန်မှာ
❌ မဆူသင့်ပါ။
❌ နှိုင်းယှဉ်စရာမလိုပါ။
❌ “မင်းညံ့တယ်” မပြောရပါ။

ကလေးရဲ့ စိတ်ထဲမှာ
📖 = ကြောက်စရာ
မဖြစ်အောင်
📖 = လေ့လာရတဲ့နေရာ
ဖြစ်အောင် ဖန်တီးပေးရပါမယ်။

၆️⃣ မိဘက ကိုယ်တိုင် Model ဖြစ်ပါ
ကလေးကို
📱 ဖုန်းပိတ်ပြီး စာလုပ်ခိုင်းတဲ့အချိန်
မိဘကိုယ်တိုင် ဖုန်းကြည့်နေမယ်ဆိုရင်
ကလေးက မလိုက်နာနိုင်ပါဘူး။
👉 မိဘလုပ်ပြတာက အကြီးဆုံး သင်ခန်းစာပါ။

၇️⃣ ကလေးရဲ့ စွမ်းရည်ကို လက်ခံပေးပါ။

ကလေးတိုင်းက
📌 သင်ယူမြန်နှုန်း မတူ
📌 စိတ်ဝင်စားရာ မတူ
အမှတ်နည်းတယ်ဆိုတာ
အနာဂတ်မကောင်းဘူးလို့ မဆိုလိုပါဘူး။
👉 အလေ့အကျင့်ကသာ အနာဂတ်ကိုဆုံးဖြတ်ပါတယ်။
💡 အဆုံးသတ်အကြံပြုချက်အနေနဲ့ကတော့

စာလုပ်ချင်စိတ်ဆိုတာ
တစ်နေ့တည်းနဲ့ မရပါဘူး။
ဒါပေမယ့်
✔ စနစ်တကျ
✔ နားလည်မှုရှိရှိ
✔ စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပေးရင်
ကလေးတိုင်းမှာ
📚 “စာလုပ်ချင်စိတ်”
ဖြစ်လာနိုင်ပါတယ်။

အထောက်အကူြဖစ်နိုင်ပါစေ
Tinyseeds

၂-၅နှစ်အရွယ်ကလေးလေးတွေ စိတ်ဆိုးလာတဲ့အခါ # # # မိဘတွေ ဘယ်လိုပြုမူသင့်သလဲ? အသက် **၂–၅ အရွယ်ကလေးလေးတွေ** ဟာ👉 စိတ်ကိုထိန်းချ...
17/01/2026

၂-၅နှစ်အရွယ်ကလေးလေးတွေ စိတ်ဆိုးလာတဲ့အခါ

# # # မိဘတွေ ဘယ်လိုပြုမူသင့်သလဲ?

အသက် **၂–၅ အရွယ်ကလေးလေးတွေ** ဟာ
👉 စိတ်ကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်အပိုင်း (Prefrontal Cortex) မပြည့်စုံသေးတဲ့အတွက်
👉 စိတ်ဆိုးလာတဲ့အခါ **အော်ခြင်း၊ငိုခြင်း၊ပစ္စည်းပစ်ခြင်း၊ကိုက်ခြင်း** စတာတွေဖြစ်တတ်ပါတယ်။
ဒါဟာ **မရိုင်းတာမဟုတ်ဘဲ ဖွံ့ဖြိုးမှုအဆင့်တစ်ခု** ဖြစ်ပါတယ်။

---

# # ၁️⃣ မိဘကအရင်ဆုံး “တည်ငြိမ်” ရပါမယ် 🫶

ကလေးစိတ်ဆိုးနေချိန်မှာ
❌ မိဘပါ အော်လိုက်မယ်ဆိုရင်
👉 ကလေးရဲ့ ဦးနှောက်က “အန္တရာယ်” လို့သတ်မှတ်ပြီး ပိုမိုဆိုးရွားလာပါတယ်။

✔️ အသက်ရှူနည်းလေ့ကျင့်ခန်းလုပ်ပြီး
✔️ အသံကို နိမ့်ထားပါ
👉 မိဘရဲ့ တည်ငြိမ်မှုက ကလေးကို တဖြည်းဖြည်းအေးချမ်းစေပါတယ်။

---

# # ၂️⃣ စိတ်ခံစားချက်ကို အမည်ပေးပါ။(Name the Feeling) 💬

ကလေးတွေဟာ **ကိုယ့်စိတ်ကို စကားနဲ့မဖော်ပြတတ်သေး** ပါဘူး။

✔️ “ကလေးလေးစိတ်ဆိုးနေတာလား?”
✔️ “ကစားချင်တာမကစားးရလို့ စိတ်ဆိုးတာလား?”

👉 စိတ်ကို အမည်ပေးပေးခြင်းက
🧠 ကလေးရဲ့ ဦးနှောက်ကို “နားလည်ခံစားပေးထားတယ်” လို့ သတင်းပို့ပေးပါတယ်။

---

# # ၃️⃣ မတားချုပ်ပါနဲ့၊ လမ်းညွှန်ပါ 🚦

❌ “မငိုနဲ့!”
❌ “ဘာမှမဖြစ်ဘူး!”

ဒီလိုပြောခြင်းက ကလေးရဲ့ စိတ်ကို ပိုပိတ်ပင်လိုက်တာပါ။

✔️ “ငိုလို့ရတယ်၊ ဒါပေမယ့် ကိုက်လို့မရဘူး”
✔️ “စိတ်ဆိုးတာကောင်းတယ်၊ ဒါပေမယ့် လူမထိခိုက်စေရဘူး”

👉 **စည်းကမ်း + နားလည်မှု** ကို တစ်ပြိုင်နက်ပေးရပါမယ်။

---

# # ၄️⃣ ကိုယ်ခန္ဓာနဲ့ စိတ်ကိုအေးအေးဆေးဆေးဖြစ်အောင်ကူညီပါ 🌬️

စိတ်ဆိုးနေချိန်မှာ စကားနားမထောင်တတ်ပါဘူး။

✔️ ဖက်ပေးခြင်း
✔️ အသက်ရှူသွင်းထုတ်၃ ခါလုပ်ပေးခြင်း
✔️ ရေသောက်ခိုင်းခြင်း
✔️ တိတ်ဆိတ်တဲ့နေရာမှာ အတူထိုင်ပေးခြင်း

👉 ဒါတွေက **Nervous System** ကို အနားရစေပါတယ်။

---

# # ၅️⃣ စိတ်ငြိမ်ပြီးမှ သင်ကြားပါ 🧩

စိတ်မငြိမ်သေးချိန်မှာ သင်ကြားရင် မထိရောက်ပါ။

✔️ စိတ်ငြိမ်သွားပြီးမှ
👉 “နောက်တခါ စိတ်ဆိုးလာရင် ဘယ်လိုလုပ်လို့ရမလဲ?”

ဥပမာ –
• စကားပြောမယ်
• အရုပ်ကိုဖက်မယ်
• ဆရာ/မေမေကိုခေါ်မယ်

---

# # 🌱 အရေးကြီးဆုံး မှတ်ထားရမယ့်အချက်

ကလေးတစ်ယောက် စိတ်ဆိုးတာက
❌ မကောင်းတဲ့အကျင့်မဟုတ်ပါ
✔️ စိတ်ကို စီမံခန့်ခွဲဖို့ သင်ယူနေခြင်းပါ

👉 မိဘရဲ့ တည်ငြိမ်မှု၊ နားလည်မှု၊ အမြဲတူညီတဲ့ပြုမူပုံက
ကလေးကို **စိတ်ထိန်းနိုင်တဲ့ လူကြီးတစ်ယောက်** ဖြစ်လာအောင် ဖန်တီးပေးပါတယ် ❤️

---

👶 အသက် ၂–၅ အရွယ်ကလေးတွေရဲ့ Screen Time ⚠️(ဖုန်း၊ Tablet၊ TV များလွန်းသုံးရင် ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးမ...
16/01/2026

👶 အသက် ၂–၅ အရွယ်ကလေးတွေရဲ့ Screen Time ⚠️
(ဖုန်း၊ Tablet၊ TV များလွန်းသုံးရင် ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ)
အသက် ၂–၅ နှစ် ဆိုတာ
👉 ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးအချိန်
👉 အလေ့အကျင့်၊ စိတ်ခံစားချက်၊ အပြုအမူတွေ အခြေခံချနေတဲ့အချိန် ဖြစ်ပါတယ်။

ဒီအချိန်မှာ Screen Time များလာရင်
👉 မြင်ရတာတော့ ငြိမ်နေပေမယ့်
👉 အတွင်းစိတ်ထဲမှာ မမြင်နိုင်တဲ့ သက်ရောက်မှုတွေ ဖြစ်နေတတ်ပါတယ်။

🧠 ၁။ စကားပြောဖွံ့ဖြိုးမှု နောက်ကျခြင်း (Speech Delay)
Psychology အရ
ကလေးတွေက စကားပြောတတ်လာတာဟာ လူနဲ့ လူ အပြန်အလှန်ဆက်သွယ်မှု ကြောင့်ပါ။

📱 Screen မှာ
❌ လိုချင်တာပြန်မဖြေပေးဘူး
❌ ကလေးရဲ့မျက်နှာအခြေအနေမကြည့်ဘူး
❌ ခံစားမှူ မမျှဝေဘူး
➡️ Screen ကိုများများကြည့်တဲ့ကလေးတွေမှာ
စကားနည်းတာတွေဖြစ်လာနိုင်တယ်။

စကားပြောတာတွေကို အလွယ်တကူနားလည်ဖို့ခတ်ခဲလာမယ်။

ကိုယ်လိုချင်တာကို တဇွတ်ထိုးဆန်စွာနဲ့ ဖော်ပြတတ်လာခြင်း ဖြစ်တတ်ပါတယ်။

😤 ၂။ ဒေါသလွယ်၊ စိတ်မရှည် (Low Frustration Tolerance)
Screen မှာ
✔️ ကြည့်ချင်တာကိုချက်ချင်းကြည့်လို့ရနိုင်တယ်။
✔️ စိတ်ကြိုက်ပြောင်းလဲလို့ရတယ်။
✔️ စောင့်ဆိုင်းစရာမလိုဘူး
ဒါကြောင့်

👉 အပြင်လောကမှာ
စောင့်ရတဲ့အချိန်
မလိုချင်တဲ့အရာတွေ ကြုံလာရင်
လိုချင်တာမရတဲ့အခါ
❗ ဒေါသပေါက်ခြင်း
❗ ငိုကြွေးခြင်း
❗ ပစ္စည်းပစ်ပေါက်ခြင်း ဖြစ်လာတတ်ပါတယ်။

🧩 ၃။ အာရုံစူးစိုက်မှု အားနည်းခြင်း (Attention Span Short)
Screen က
👉 အရောင်တောက်တောက်တွေရှိတယ်
👉 အသံမျိုးစုံရှိတယ် ကျယ်လောင်တဲ့အသံကိုဖန်တီးလို့ ပြောင်းလို့ရတယ်
👉 screenရဲ့လှုပ်ရှားမှူကမြန်ဆန်တယ်
အခြေအနေတွေကပြောင်းလဲမှုမြန်ဆန်တယ်
ဒီလိုအချက်တွေကြောင့် ကလေးရဲ့
ဦးနှောက်ကို အလျင်အမြန်လှုပ်ရှားခိုင်းသလို/အမ့န်နှိူးဆွသလိုဖြစ်တယ့်အတွက်

➡️ စာအုပ်ဖတ်ရင်
➡️ ကစားရင်
➡️ စကားပြောတာ နားထောင်ရင်
❌ ကြာကြာမနေနိုင်
❌ အာရုံမစိုက်နိုင်
❌ ခဏခဏ အာရုံလွဲလိုက်တာမျိုး
ဖြစ်လာတတ်ပါတယ်။

💔 ၄။ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း ကျဆင်းခြင်း
အသက် ၂–၅ အရွယ်က
👉 ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်သေးတဲ့အချိန်ပါ။
Screen ကို “စိတ်ငြိမ်အောင်” ပေးလိုက်ရင်
❌ ဝမ်းနည်းတဲ့အချိန် ၊လက်မခံနိုင်တဲ့ကိစ္စမျိုးဖြစ်တဲ့အချိန်ကျရင် ကိုယ်တိုင်ဖြေရှင်းမတတ်တော့တာမျိုး စိတ်ကိုမထိန်းချုပ်နိူင်တော့တာမျိုးတွေကြုံလာတတ်ပါတယ်။

❌ Screen မရှိရင် ငြိမ်ငြိမ်မနေနိုင်(less attention)
➡️ အချိန်ကြာလာတာနှင့်အမျှ
Screen ကို စိတ်အပန်းဖြေရာ တစ်ခုအနေနဲ့စွဲလမ်းလာနိုင်ပါတယ်။

👥 ၅။ လူမှုဆက်ဆံရေး အားနည်းခြင်း(lack of social interaction)

Screenတွေက
❌ ကလေးရဲ့မျက်နှာအရိပ်အကဲမကြည့်တတ်ဘူး
❌ ကလေးရဲ့အပြုအမူကိုမသိန်ိုင်ဘူး
❌ ကလေးရဲ့ခံစားချက်ကို နားလည်မပေးနိုင်ဘူး
ဒါကြောင့်

သူငယ်ချင်းနဲ့ ကစားရတာခက်ခဲတာမျိုး
မျှဝေကစားရတာမျိုး၊စာနာ နားလည်ပေးတာမျိုး၊
အပြန်အလှန်ဆက်ဆံမှုအားနည်းတာမျိုးတွေ
ဖြစ်လာတတ်ပါတယ်။
😴 ၆။ အိပ်စက်မှု ပြဿနာ
Screen မှ ထွက်တဲ့ Blue Light က
👉 Melatonin ဟော်မုန်းကို လျော့စေပါတယ်။
➡️ အိပ်ချိန်နောက်ကျမျိုး
➡️ ညဘက်ခဏခဏနိုးတာမျိုး
➡️ မနက်နိုးတာနဲ့ မငြိမ်မသက်ဖြစ်တာမျိုး
ဒီအရာတွေက
👉 စိတ်ရှည်မှူလျော့နည်းတာဖြစ်တတ်ပါတယ်။
👉 သင်ကြား သင်ယူ မှတ်ရတာမျိုးတွေမှာလျော့နည်းလာနိုင်ပါတယ်။
👉 အပြုအမူ (အလွယ်တကူAgainstဖြစ်တာမျိုး/screen ထဲက characters တွေရဲ့ပုံစံကို အတုယူကာလိုက်သရုပ်ဖော်ပြီး ပြောင်းလဲစေပါတယ်။
💡 Psychology အရ အရေးကြီးဆုံး အချက်
👉 Screen Time က အန္တရာယ်မဟုတ်ပေမယ့်
👉 အစားထိုးမဖြစ်သင့်တဲ့အရာ ကို အစားထိုးနေမယ်ဆိုရင် အန္တရာယ်ဖြစ်ပါတယ်။
Screen က အစားမထိုးနိုင်တဲ့အရာများ
❤️ မိဘ၊ပတ်ဝန်းကျင်နဲ့ မျက်နှာချင်းဆိုင်ပြောဆိုမှု
❤️ ကစားခြင်း
❤️ ကိုယ်လက်လှုပ်ရှားမှု
❤️ အပြင်ကမ္ဘာအတွေ့အကြုံ စတာတွေဖြစ်ပါတယ်။

🌱 မိဘများအတွက် အကြံပြုချက်

✔️ အသက် ၂–၅ → တစ်နေ့ ၁ နာရီအောက်
✔️ Screen သုံးတဲ့အချိန် မိဘနဲ့အတူသုံးသင့်ပါတယ်
✔️ Screen ကို ဆု၊ဒဏ် အဖြစ် မသုံးသင့်ပါ။

✔️ ကစား၊ စကားပြော၊ စာအုပ်ဖတ် အချိန် ပိုပေး

✨ မိဘတိုင်းအတွက် သတိရစေချင်တဲ့ စကားလေး
“ကလေးငြိမ်နေတာက ကောင်းတာမဟုတ်ပါဘူး
ဖွံ့ဖြိုးနေတယ်ဆိုတာက ပိုအရေးကြီးပါတယ်”

ပတ်ဝန်းကျင်၊ ဆွေမျိုး၊ အသိမိတ်ဆွေကကိုယ့်ကလေးကို စနောက်လာတဲ့အခါမိဘအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲ။ကလေးကို စနောက်တာကို“စိတ်ဆိုးတ...
15/01/2026

ပတ်ဝန်းကျင်၊ ဆွေမျိုး၊ အသိမိတ်ဆွေက
ကိုယ့်ကလေးကို စနောက်လာတဲ့အခါ
မိဘအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲ။

ကလေးကို စနောက်တာကို
“စိတ်ဆိုးတာလေးက ချစ်ဖို့ကောင်းလို့ပါ”
“လူကြီးတွေက ချစ်လို့စတာပါ”
လို့ ထင်လွယ်တတ်ပေမယ့်

မိဘအနေနဲ့ အရေးကြီးဆုံးက
ကိုယ့်ကလေးရဲ့ စိတ်လုံခြုံမှုကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

၁။ ချက်ချင်း တိတ်တိတ်လေး ရပ်တန့်ပေးပါ။
ကလေးက မကြိုက်ကြောင်း ပြသလာတဲ့အချိန်
(မျက်နှာညှိုး၊ ငို၊ ဝေးသွား)
မိဘအနေနဲ့ ချက်ချင်း ဝင်ပြီး
နူးညံ့စွာ ပြောနိုင်ပါတယ်။
“သူ မကြိုက်ဘူးနော်၊ ဒီလို မလုပ်ပေးပါနဲ့”
ဒီလိုပြောတာဟာ မရိုင်းမစိုင်းပါဘူး။
ဒါဟာ ကိုယ့်ကလေးအတွက် ရပ်တည်ပေးခြင်း ဖြစ်ပါတယ်။

၂။ ကလေးရဲ့ ခံစားချက်ကို လူရှေ့မှာ အတည်ပြုပေးပါ။

Child Psychology အရ
ကလေးက မိဘက သူ့ဘက်မှာ ရှိနေတယ်လို့ ခံစားရဖို့ အရေးကြီးပါတယ်။
“သူ အဆင်မပြေဘူး ထင်တယ်၊ အဲ့လိုစတာမျိုး သူကမကြိုက်လို့ပါ”

ဒီလိုပြောပေးခြင်းက
ကလေးကို “ငါ့ကို ကာကွယ်ပေးမယ့်သူ ရှိတယ်”
လို့ ယုံကြည်စေပါတယ်။

၃။ မိဘမိတ်ဆွေကို အပြစ်တင်သလို မပြောပါနဲ့
အပြစ်တင်သလို ပြောရင်
ပတ်ဝန်းကျင်က ပိုပြီး ကာကွယ်တတ်လာပါတယ်။
အစား…
“သူက ဒီလိုစနောက်တာကို မကြိုက်တတ်လို့ပါ”
လို့ ပြောရင်
အခြေအနေကို ငြိမ်းချမ်းစေပါတယ်။

၄။ နောက်ပိုင်းမှာ ကလေးကို သီးသန့် ပြန်ပြောပေးပါ။

အိမ်ပြန်ရောက်တဲ့အခါ
ကလေးကို ဒီလိုပြောပေးပါ—
“မကြိုက်ရင် မကြိုက်ဘူးလို့ ပြောတာ မှန်တယ်နော်”
“မေမေ/ဖေဖေက မင်းဘက်မှာ အမြဲရှိတယ်”
ဒါဟာ
ကလေးရဲ့ Self-confidence ကို တည်ဆောက်ပေးပါတယ်။

၅။ မကြိုက်တဲ့အခါ ပြောတတ်အောင် သင်ပေးပါ
အသက်အရွယ်အလိုက်
စကားလေးတွေ သင်ပေးနိုင်ပါတယ်—
“မကြိုက်ဘူး”
“ရပ်ပါ”
“မလုပ်ပါနဲ့”
ဒါဟာ
ကလေးရဲ့ Personal Boundary ကို သင်ပေးခြင်း ဖြစ်ပါတယ်။
မိဘများ သတိထားရမယ့် အချက်
ကလေးကို စနောက်တဲ့အခါ
မိဘက တိတ်နေရင်
ကလေးအတွက် အမှတ်မှားစရာတစ်ခု ဖြစ်သွားပါတယ်—

“ငါ့ကို ကာကွယ်ပေးမယ့်သူ မရှိဘူး”
“ဖေဖေမေမေတို့က သားသား/မီးမီးကိုမချစ်တော့ဘူး”ဆိုပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှူဖြစ်သွားနိုင်ပါတယ်။

မိဘရဲ့ တုံ့ပြန်ပုံက
ကလေးရဲ့ အနာဂတ် ဆက်ဆံရေးပုံစံကိုပါ
သင်ကြားပေးနေပါတယ်။
ကလေးကို ကာကွယ်ပေးတဲ့ မိဘဖြစ်ခြင်းဟာ
အချစ်ဆုံးဆုံးမနည်းပါပဲ။

(မိဘများအတွက်သတိထားစရာ)“ချစ်လို့စတာပါ”“မငိုပါနဲ့”“စနောက်တာပါ”လို့ ထင်လွယ်တတ်တဲ့ အပြုအမူတချို့ဟာကလေးရဲ့ စိတ်ဖွံ့ဖြိုးမှုအ...
14/01/2026

(မိဘများအတွက်သတိထားစရာ)
“ချစ်လို့စတာပါ”
“မငိုပါနဲ့”
“စနောက်တာပါ”
လို့ ထင်လွယ်တတ်တဲ့ အပြုအမူတချို့ဟာ
ကလေးရဲ့ စိတ်ဖွံ့ဖြိုးမှုအပေါ်
အလွန်နက်နဲတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

၁။ မိဘက ကလေးရဲ့ စိတ်လုံခြုံရာ နေရာ ဖြစ်ရပါမယ်
Child Psychology အရ
ကလေးတစ်ယောက်အတွက်
မိဘဆိုတာ စိတ်အေးချမ်းရာနေရာ ဖြစ်ရပါမယ်။
မိဘကပဲ သူမကြိုက်တဲ့အရာတွေကို
တမင်လုပ်ပေးနေမယ်ဆိုရင်
ကလေးရဲ့ စိတ်လုံခြုံမှု (Emotional Safety) ပျက်စီးနိုင်ပါတယ်။

၂။ “မကြိုက်ဘူး” လို့ ပြောခွင့်မရတဲ့ ကလေး ဖြစ်လာနိုင်ပါတယ်။
ကလေးက မကြိုက်ကြောင်း ပြောတဲ့အခါ
ဆက်ပြီး စနောက်နေတယ်ဆိုရင်
ကလေးအတွက်
“မပြောတာက ပိုလုံခြုံတယ်”
ဆိုတဲ့ သင်ခန်းစာကို သင်ယူသွားပါတယ်။
ဒါဟာ နောက်ပိုင်းမှာ
ကိုယ့်ခံစားချက်ကို မပြောတတ်တဲ့ လူကြီးအဖြစ်
ပြောင်းလဲစေနိုင်ပါတယ်။
၃။ (စိတ်အခြေအနေ)ဒေါသကိုထိန်းချုပ်နိုင်စွမ်းနည်းပါသွားနိုင်ပါတယ်။
မိဘရဲ့ အပြုအမူကို အတုယူတတ်ကြပါတယ်။
ဒေါသထွက်အောင် တမင်စတာတွေကို မြင်ရင်
ဒေါသထွက်ခြင်း၊စိတ်နာစေတဲ့အပြုအမူတွေဟာ
သာမန်လို့ ထင်သွားနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်

“ငါ့ခံစားချက်က အရေးမကြီးဘူး”
“ဖေဖေမေမေတို့က ငါ့က်ိုမချစ်ဘူး”
ဆိုတဲ့ ခံစားချက်တွေဟာ
ကလေးရဲ့ Self-esteem ကို
မမြင်ရတဲ့နေရာမှာပဲ
တဖြည်းဖြည်း ထိခိုက်စေပါတယ်။

၅။ မိဘ–ကလေး ယုံကြည်မှု ဆက်ဆံရေးကို ထိခိုက်စေတတ်ပါတယ်။

ကလေးက စိတ်နာတဲ့အခါ
အရင်ဆုံး ပြေးလာရမယ့်သူက
မိဘ ဖြစ်ရပါမယ်။
ဒါပေမယ့် မိဘကပဲ စနောက်သူဖြစ်နေမယ်ဆိုရင်
ကလေးဟာ စိတ်ကို ပိတ်ပြီး
ဝေးသွားနိုင်ပါတယ်။

***မိဘများအတွက်အရေးကြီးတဲ့မေးခွန်းတစ်ခု***
👉 ကလေးရဲ့ မျက်လုံးထဲမှာ
ဒါဟာ “ပျော်စရာ” လား
ဒါမှမဟုတ် “စိတ်နာစရာ” လား?
ကလေးကို ပြုစုပျိုးထောင်ရာမှာ
အကောင်းဆုံးသော ဆုံးမပညာရေးက
ကလေးရဲ့ ခံစားချက်ကို လေးစားပေးခြင်း ဖြစ်ပါတယ်။
ကလေးကို ချစ်တဲ့နည်းက
သူ့စိတ်ကို မနာအောင် ကာကွယ်ပေးခြင်းပါ။

***သတိထားစရာ အချက်***
ကလေးအတွက်
လူကြီးရဲ့ “စနောက်ခြင်း” နဲ့
သူ့အတွက် “စိတ်နာစရာ” ဆိုတာက
အဓိပ္ပါယ် မတူပါဘူး။

ကလေးရဲ့ စိတ်ကို ကစားစရာ မလုပ်ပါနဲ့
အနာဖြစ်သွားရင် ကုဖို့ခက်ပါတယ်။

မေးခွန်းလေးမေးချင်လို့ပါနော်။(၁)ကလေးလေးတွေကို လူကြီးတွေဘာလို့စိတ်ဆိုးကြတာလဲ????????(၂)ကလေးလေးတွေအပေါ်စိတ်မဆိုးခင်ရော အဓိ...
21/12/2025

မေးခွန်းလေးမေးချင်လို့ပါနော်။
(၁)ကလေးလေးတွေကို လူကြီးတွေဘာလို့စိတ်ဆိုးကြတာလဲ????????

(၂)ကလေးလေးတွေအပေါ်စိတ်မဆိုးခင်ရော အဓိကပြဿာနာတွေကိုအရင်စဉ်းစားမိကြရဲ့လား။

(၃)ဘာလို့များ ကျွန်မတို့လူကြီးတွေကဒီကလေးလေးတွေကိုစိတ်ဆိုးမိကြသလဲ????

(၄)စိတ်ဆိုးတာက တကယ်ထိရောက်သလား။

သေချာတာက ကိုယ်ဖြစ်စေချင်သလို၊လုပ်စေချင်သလို ၊ပြောစေချင်သလို မဖြစ်လို့ ၊မလုပ်ကြလို့၊မပြောကြလို့ပေါ့ ။

ဒါဆိုရင် (၅) ကလေးလေးတွေက လူကြီးတွေဖြစ်စေချင်သလို၊လုပ်စေချင်သလို၊ပြောစေချင်သလို
ဘာလို့ မဖြစ်ကြ ၊မလုပ်ကြ၊ မပြောကြရတာလဲ ??????

စဉ်းစားလို့ရရင် အဖြေလေးတွေရေးပေးပါဦး။


ချစ်ရတဲ့ မေမေဖေတို့ရေ….ဒီနေ့တော့ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ ကလေးလေးတွေကို ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာ ရှေးဦးကူညီမှူပြုလုပ...
03/05/2025

ချစ်ရတဲ့ မေမေဖေတို့ရေ….
ဒီနေ့တော့ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ ကလေးလေးတွေကို ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာ ရှေးဦးကူညီမှူ
ပြုလုပ်သင့်လဲဆိုတာလေး မျှဝေချင်ပါတယ်

ငလျင်ပြီးနောက် မူကြိုကလေးများအတွက် Psychological First Aid (PFA) ကိုပေးရာတွင် အထူးဂရုစိုက်ပြမှူဖို့လိုအပ်ပါသည်။မူကြိုကလေးများ (အသက် ၂-၅ နှစ်အတွင်း) သည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှူဖြစ်တယ်ဆိုတာကို တကူးတကထုတ်ပြောနိုင်ရန် ခဲယဉ်းတဲ့အရွယ်ဖြစ်ပါတယ်။
PFA ကို ကလေးငယ်များအတွက် လုပ်ဆောင်သင့်သောနည်းလမ်းများမှာ—
၁။ လုံခြုံမှုရှိကြောင်း ခံစားအောင်လုပ်ပါ
* အရင်ဆုံး ကလေးကို သက်သာအေးချမ်းသောနေရာတွင်ထားပါ။
* “အခုအဆင်ပြေသွားပြီနော်။သားသားမီးမီးတို့နဲ့အတူရှိတယ်နော်”ဆိုတဲ့စကားများဖြင့် စိတ်အေးအောင်ပြောပါ။
* မတည်ငြိမ်မှုရှိသောပတ်ဝန်းကျင်မှ ဝေးအောင်ကြိုးစားပါ။
၂။ စိတ်ခံစားချက်ကို သိရှိစေပြီး ခံစားခွင့်ပေးပါ
* “ကြောက်တယ်ပြောပါက ဒါကသဘာဝပဲဖြစ်တတ်တယ် မေမေ/ဖေဖေ /တီချယ်ဆိုလည်းကြောက်တာပဲ ဆိုပြီး ခံစားချက်ကိုလက်ခံနိုင်အောင်ပြောပေးပါ။
* သူတို့သုံးနိုင်တဲ့စကားလုံး၊အရုပ်၊ပုံဆွဲခြင်းနဲ့ ခံစားချက်ထုတ်ဖော်ခွင့်ပေးပါ။
၃။ နားထောင်ပါ၊ သဘောပေါက်ကြောင်းပြပါ
* အကြောင်းမဲ့ညည်းခြင်း၊ တုန်လှုပ်ခြင်းတွေရှိရင် ပျော်ရွှင်အောင်ဖန်တီးရန်မဟုတ်ဘဲ စိတ်ကူညီမှုဖြစ်အောင်နားထောင်ပါ။
* မေးခွန်းများမထပ်မံမေးဘဲ ငြိမ်သက်စွာနားထောင်ပြီး လက်ခံသည့်ပုံစံဖြင့်တုံ့ပြန်ပါ။
၄။ အထိအတွေ့ဖြင့် တည်ငြိမ်မှုပေးပါ
* မျက်လုံလေးကိုနူးညံ့စွာကြည့်ပေးခြင်း၊လက်ကိုင်ခြင်းစသည်ဖြင့် ကိုယ့်အနားမှာရှိတယ်ဆိုတာကိုခံစားစေပါ။
* ငြိမ်သက်စွာဖက်ပေးပြီး ကျောကိုနူးညံ့စွာပုတ်ပေးပါ။
၅။ နေ့စဉ်ဘဝကို ပုံမှန်ဖြစ်စေဖို့ ကူညီပေးပါ
* စားချိန်၊အိပ်ချိန်ကို ထပ်မံချိန်ညှိ၍ နေ့စဉ်အသွင်အပြင်ပြန်လာအောင်လုပ်ပါ။
* ချဉ်းကပ်ရလွယ်သော simple routine တစ်ခုတည်ဆောက်ပေးခြင်းသည် ယုံကြည်မှုနှင့်သက်သာမှုတိုးစေနိုင်သည်။
၆။ မေးခွန်းများကို တိကျရိုးရှင်းစွာဖြေပါ
* “ငလျင်ကဘာလို့ဖြစ်တာလဲ” “ငလျင်ဆိုတာ ဘာလဲ”ဆိုသည့်မေးခွန်းများကို ကလေးနားလည်လွယ်အောင် အသက်အလိုက်သေချာစွာရှင်းပြပါ။
၇။ အတူရှိနေပါ
* တစ်ယောက်တည်းထားမနေပါနှင့်၊ အတူနားထိုင်ပေးခြင်း၊စကားပြောပေးခြင်း၊ကစားပေးခြင်း၊ပုံပြင်ပြောခြင်းတွေလုပ်ပေးနိုင်ပါတယ်။
* ချစ်ခြင်းများစွာဖြင့် အပြုံးပေးခြင်း၊
* ဘေးကင်းစွာရှိလို့ ချိီးကျူးပေးခြင်းတို့ကိုလည်းလုပ်ပေးနိုင်ပါတယ်။
နှစ်သိမ့်မှူပေးခြင်း
နှစ်သိမ့်ရာတွင် အဖြစ်အပျက်များကိုနားထောင်ပေးပြီး ကလေးလေးတွေရဲ့ခံစားချက်ကိုအကုန်ဖွင့်ပြောလာစေဖို့ လမ်းဖွင့်ပေးထားပါ ။သို့ပေမဲ့ ကလေးကအဖြစ်အပျက်ကိုပြောဖို့ စိတ်အခြေအနေအဆင်မပြေလျှင် အတင်းတိုက်တွန်းစရာမလိုပါ။မေးသမျှကိုလည်း စိတ်ရှည်စွာ နူးညံ့သိမ်မွေ့စွာပြန်လည်ဖြေကြားပေးဖို့ရာလည်းလိုအပ်ပါသေးတယ်။
သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်တတ်သောသဘောဖြစ်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသေချာစွာရှင်းပြပေးပါ။အားလုံးကြုံတွေ့ရတာဖြစ်ကြောင်းနဲ့အခုလို အခြေအနေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုချီးကျူးပေးပါ။သေချာစွာ(နွေးထွေးစွာ)ဖက်ပေးပြီး အဆင်ပြေသွားမှာဖြစ်ကြောင်းကိုလည်း ပြောပြပေးပါ။
လိုအပ်သောအကူအညီအထောက်အပံ့ပေးခြင်း (သို့)အထောက်အပံ့ပေးနိုင်သူများနှင့် ချိတ်ဆက်ပေးခြင်းတို့ကိုသေချာ
လုပ်ကိုင်ပေးနိုင်ရန်လိုအပ်ပါသည်။
အခြေခံအားဖြင့်လိုအပ်သော စားဝတ်နေရေးကို
စဉ်းစားပြီး စားစရာ၊သောက်ရေနှင့်အတူ
ဘေးကင်းသောနေရာထိုင်ခင်းတွင် နေနိုင်ရန်ကူညီ
ပေးသင့်ပါသည်။အကယ်၍ အခြားသောနောက်ဆက်တွဲ လိုအပ်ချက်များအရ အထောက်အပံ့ လိုအပ်ပါက ပေးနိုင်သောအဖွဲ့အစည်း၊အသင်း
အဖွဲ့များကို ချိတ်ဆက်ကူညီပေးခြင်းကို တိုက်ရိုက်သော်လည်းကောင်း ၊သွယ်ဝိုက်၍သော်
လည်းကောင်း ပြုလုပ်ပေးသင့်ပါသည်။
ဖေဖေမေမေတို့အားလုံးလည်း ဒီအခတ်အခဲတွေကနေ အောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
#စိတ်ကလေးတွေကျန်းမာကြပါစေ။

#အစေ့လေးတစ်စေ့ကနေလှပပြီးတစ်နေရာရာကိုအကျိုးပြုတဲ့အဖူးအပွင့်လေးဖြစ်လာပါစေ

တိီချယ်တို့ရဲ့ ကလေးလေးတွေလည်း စိတ်လေးတွေပျော်ပြီး ဘေးအန္တရာယ်အပေါင်းကနေကင်းဝေးကြပါစေ။
ဒီpostလေးကိုဖတ်ပြီး အကျိုးတစုံတရာရှိမယ်လို့
ယုံကြည်ပါတယ်💙

ကလေးလေးတွေဝမ်းနည်းဒေါသကြီးတဲ့အခါဘယ်လိုကိုင်တွယ် ဖြေရှင်းပေးကြမလဲ?။မေမေတစ်ယောက်ကပြောတယ် တီချယ်ရေသားသားကအရမ်းစိတ်ကြီးတယ် ။...
09/01/2025

ကလေးလေးတွေဝမ်းနည်းဒေါသကြီးတဲ့အခါ
ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးကြမလဲ?။
မေမေတစ်ယောက်ကပြောတယ် တီချယ်ရေ
သားသားကအရမ်းစိတ်ကြီးတယ် ။ တစ်ခုခုလိုချင်ရင် ချက်ချင်းလုပ်ပေးမှ ကျေနပ်တာ၊မလုပ်ပေးရင်ကြမ်းပြင်ပေါ် တန်းလှဲချပြီး
ငိုတော့တာပဲ။
တခါတလေကျ အပြင်ထွက်လို့ ဆိုင်တွေဘာတွေဝင်မယ်ဆိုရင်တောင် သူလိုချင်တာမဝယ်ပေးရင်
အဲ့ဆိုင်ရှေ့ကြီးမှာ ငိုတော့တာ ကျွန်မလည်းအဲ့ဒီအခါကျ စိတ်မထိန်းနိုင်တော့ဘူး ရိုက်မိတဲ့အခါ ရိုက်မိပြီး အော်မိတဲ့အခါ အော်လိုက်တော့တာပါပဲ ။

ဘယ်လိုလုပ်ရမလဲ တီချယ်?
ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲ?
ဘယ်လိုကိုင်တွယ်ရမလဲ ?ပြောပေးပါဦး။

ဒါ့ကြောင့် ပထမဦးဆုံး ကလေးကိုမိဘဖြစ်သူ၊
အိမ်အတူနေသူတွေကဘယ်လိုမျိုး ပြုစုစောင့်ရှောက် ပေးသလဲကိုပြန်စဉ်းစားရပါမယ်။
အများစုအဲ့လိုကြုံရတဲ့ကလေးတွေမှာဆိုရင်
အိမ်ကရှိရှိသမျှလူကုန် အကုန်လုံးက အရမ်းအလိုလိုက်၊ဖြစ်ချင်တာကိုတန်းလုပ်ပေး ၊တန်းဖြည့်ဆည်းပေးကြတာကိုတွေ့ရတယ် ။
နောက်ထပ်တွေ့ရတာက အစွန်းရောက်တာမျိုးပါ
ကလေးပြုစုသူအနီးကပ်နေတဲ့သူ စိတ်အခြေနေကောင်းတဲ့အခါ အရမ်းကိုအလိုလိုက် ဖြည့်ဆည်း နားလည်းပေးပြီး စိတ်မကြည်လင်တဲ့အခါ အဆင်မပြေတဲ့အခါ စိတ်မရှည်တော့ဘဲ အော်ငိုက်ဆူပူမိပြီးအပြစ်တင်တာမျိုးတွေပြုလုပ်ကြတာပါ။
နောက်တစ်ချက်ကတော့ မိဘဖြစ်သူနဲ့အတူမနေရတဲ့အခါမျိုးမှာ ကလေးရဲ့ လိုအပ်ချက် လိုအင်ကိုမသိတာမျိုး ကလေးရဲ့ ခံစားချက်ကိုမသိတော့တာမျိူးကြောင့် အနာနဲ့ဆေးမတည့်တဲ့အခါမှာလည်းဖြစ်တတ်ပါတယ်။
ပတ်ဝန်းကျင်မှာ တွေ့ရကြားရတဲ့အရာတွေဆီကလည်း စိတ်ဆိုး ဒေါသဖြစ်တာတွေကိုလည်း လူကြီးတွေမသိလိုက်ခင်မှာ သင်ယူလိုက်တဲ့အခါ ပြန်လည်အသုံးချတာမျိုးလည်း လုပ်တက်ကြပါ
တယ်။
ဒါ့ကြောင့် ဘယ်အချက်တွေက ကလေးကိုဒီအပြုအမူဖြစ်စေတာလဲကို အရင်စဉ်းစားပါ။
အဓိကအကြောင်းအရာကို သိရတဲ့အခါ အဖြေကိုရှာလို့ရပါပြီ။
ကိုယ်ကသိပြီဆိုရင် I ပထမဆုံးအနေနဲ့
💡ကလေးကိုမပြင်ခင် ကိုယ့်ကိုကိုယ်အရင်ပြင်ပါ။
💡ကိုယ်က စည်းကမ်းချပါ။ (ဥပမာ-အိပ်ရာနိုးရင် မျက်နှာသစ်၊သွားတိုက်ပြီးမှ မနက်စာစားရမယ်ဆိုတာမျိုး ၊ဖိနပ်ကိုညိီညီလေးချွတ်ရမယ်ဆိုတာမျိုး ၊
အပြင်ရောက်ရင် ဘယ်လိုနေရမယ်ဆိုတာမျိုး၊ လိုချင်တာရှိရင် အေးအေးဆေးဆေးတောင်းဆိုတာမျိူး စတာတွေကို ဖြည်းဖြည်းသတ်မှတ်ပါ။)
ဘယ်လိုပုံစံမျိုးဖြစ်စေချင်တာလဲဆိုတာစဉ်းစားပါ။
ပြီးရင်တော့
💡ကလေးနဲ့အတူဆွေးနွေးပါ ။
💡ကလေးကိုလည်း ဆုံးဖြတ်ချက်ချခွင့်ပေးပါ။ခွင့်ပြုလို့နားလည်လို့ရတဲ့အခါ ခွင့်ပြုပေးလိုက်ပါ။
ကလေးစကားကိုနားထောင်ပါ။ပြီးရင်တော့ ကိုယ်ဖြစ်စေချင်တာကို တောင်းဆိုပါ။
💡တောင်းဆိုတဲ့အခါ အပေးအယူသဘောကိုအသုံးမပြုဘဲ နားလည်မှူနဲ့သာ တောင်းဆိုပါ။(အပေးအယူသဘောမျိုးထက် လုပ်သင့်လုပ်ထိုက်တာမို့ လုပ်ကိုလုပ်ရမဲ့အကြောင်းကိုပြသရပါမယ်။)
💡ကလေးရှေ့မှာ အပြုအမူတွေကိုဆင်ခြင်ပါ။
ကလေးတွေကပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အပြုအမူ အမူအရာတွေကို ကူးယူပြီးလက်တွေ့ပြန်လည်အသုံးချတတ်ကြပါတယ်။
ကိုယ်မကြိုက်တဲ့အပြုအမူကိုကလေးကပြုလုပ်တဲ့အခါ ရိုက်တာ အော်တာတွေအစား ကလေးရဲ့
မျက်လုံးကိုသေချာကြည့်ပြီးမှ လေးလေးနက်နက်
ပုံစံယူကာစကားပြောပါ။စိတ်ဆိုးတဲ့အခါ စိတ်ဆိုးကြောင်းပြောပြပါ။
💡ကလေးကို တစ်နေရာရာမှာ ထိုင်ပြီး ပြန်စဉ်းစားခိုင်းပါ။ဘာကြောင့် မေမေစိတ်ဆိုးတာလဲ။
ဘာကြောင့် ကလေးကမေမေ မကြိုက်တာကိုလုပ်လိုက်တာလဲ ။ဘာကြောင့်မလုပ်ခိုင်းရတာလဲ
ဒါတွေကိုစဉ်းစားခိုင်းပါ ။ပြီးရင်တော့ ကတိပြုခိုင်း
ပါ။
အရေးကြီးတဲ့အချက်တချက်ကတော့
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺လိုချင်တာတွေ၊ဖြစ်ချင်တာတွေ၊ရချင်တာတွေ
အမြဲရနေမှာမဟုတ်ကိုလည်းပြောပြထားပေးရမဲ့အပြင် မရရင်လည်း လက်ခံနိုင်ရမယ်ဆိုတာက်ုလည်း ပြောပြထားရပါမယ်။

တချို့အချိန်တွေမှာ ကလေးမကြိုက်တာကို တစ်စုံတစ်ယာက်ကလုပ်တဲ့အခါ ကလေးကမကြိုက်တာကိုမပြောဘဲ ငိုတယ် ၊စိတ်ဆိုးတယ်၊
အော်တယ်၊ရိုက်တယ်၊ပစ္စည်းတွေပစ်ပေါက်
တယ်ဆိုရင် မဆူမငေါက်ဘဲ ဘာကြောင့်ဒါမျိုးတွေလုပ်ရတာလဲဆိုတာကိုမေးပါ။
💡အပြစ်မတင်ပါနဲ့။
(ခဏတာလောက် ဆက်ပြီးငိုပါစေ။တစ်ယောက်ယောက်ကိုရိုက်တဲ့အခါ ရိုက်လို့မရကြောင်းတခါတည်း ပြတ်ပြတ်သားသားပြောပါ။
ငိုလို့ပြီးတဲ့အခါ ကဲ ပြောပြပါဦး ဘာလို့ငိုတာလဲ။
အခုငိုလိုက်တော့ လိုချင်တာရသွားလား။ငိုမဲ့အစား ဖြစ်ချင်တာကိုလာပြောပေါ့ ငိုရတာမောတယ်နော်
နားပြီးရင်ရေသောက်ပါဦး ။လို့ပြောပြီး ကလေးကိုဖက်ကာနားလည်းပေးတဲ့ပုံပြပါ။စိတ်ဆိုးရင်စိတ်ဆိုးကြောင်းကိုပြောနော်စတာမျိူးလေးတွေပြောပေးလို့ရပါတယ်။)၊ပစ္စည်းတွေပစ်ပေါက်တဲ့အခါ ဒါကိုနောက်တစ်ခါထပ်မဝယ်တော့တဲ့အကြောင်းကိုပြောပြပေးပြီး ပျက်စီးသွားတာကိုတခါတည်းပြပါ။ တစ်စုံတစ်ယောက်ကို ရိုက်တဲ့အခါ
ဒါကကောင်းတဲ့အပြုအမူမဟုတ်ကြောင်း၊ကလေးလေးလိုပဲ တခြားသူလည်းနာကျင်တတ်ကြောင်းပြောပြပြီး တောင်းပန်စေပါ။
💡တာဝန်ယူခိုင်းပါ။
ကိုယ်လုပ်လိုက်တဲ့အရာကြောင့် ဖြစ်သွားခဲ့ရင်
ကိုယ်တိုင်ဖြေရှင်းလို့ ရတဲ့အခါ ဖြေရှင်းခိုင်းပါ။
မိဘကကိုယ်စားမလုပ်ပေးပါနဲ့။(ဥပမာ-စိတ်ဆိုးလို့ မုန့်တွေလွှင့်ပစ်ရင် ကိူယ်တိုင်ပြန်သိမ်းခိူင်းပါ။)

ဒီလောက်ဆိုရင်တော့ မေမေတို့လည်း နားလည်သဘောပေါက်မယ်ထင်ပါတယ်
အဓိကကတော့
🌟အပြုအမူတိုင်းမှာ ခံစားချက်ရှိတယ်
🌟ကလေးမှာလည်း ဆုံးဖြတ်ချက်ချခွင့်ရှိတယ်
🌟စိတ်ဆိုးဒေါသဖြစ်တာကလည်း ဖွံ့ဖြိူးမှူဖြစ်တယ်ဆိုတာကိုသိပြီး နားလည်စိတ်ရှည်စွာနဲ့ ပြုပြင်ပေးရမှာဖြစ်ပါတယ်။

#အစေ့လေးတစ်စေ့ကနေလှပပြီးတစ်နေရာရာကိုအကျိုးပြုတဲ့အဖူးအပွင့်လေးဖြစ်လာပါစေ

Please like ,share and follow Tiny Seeds
Thanks for reading.

Pl

“အလုပ်ကများပါတယ်ဆို ပြောလို့မရဆိုလို့မရစိတ်ဆိုးလာတော့ အော်လိုက်မိရော”ဒါမျိူးမေမေတို့ ဖြစ်ဖူးကြလား။အခုခေတ်မေမေတို့က သိပ်တ...
28/12/2024

“အလုပ်ကများပါတယ်ဆို ပြောလို့မရဆိုလို့မရ
စိတ်ဆိုးလာတော့ အော်လိုက်မိရော”ဒါမျိူးမေမေတို့ ဖြစ်ဖူးကြလား။
အခုခေတ်မေမေတို့က သိပ်တော်ကြတယ်ဆိုတာ
ဘယ်သူမှငြင်းမရဘူးနော် ။အလုပ်ဆိုလည်း တာဝန်ကျေအောင်လုပ်နိုင်ကြသလို မိသားစုမှာဆိုရင်လည်း လိုလေသေးမရှိအောင်စီမံနိုင်ကြသေးသလို သားသမီးတွေရဲ့ပညာရေးမှာလည်း ပါဝင်ကြရပါသေးတယ်။ ဒီလိုဘက်စုံတော်တဲ့ မေမေတို့မှာလည်း တခါတလေ စိတ်တိုတာ၊ဝမ်းနည်းတာ ၊စိတ်ဓာတ်ကျတာတွေ၊အားမရတာတွေလည်းကြုံတွေ့နိုင်ကြပါသေးတယ် ။ဒီလိုတွေ ကြုံတွေ့ရတဲ့အခါ မိမိတို့နဲ့အနီးကပ်နေတဲ့ကလေးတွေအပေါ်
အော်မိတာတွေ ၊စိတ်မရှည်တာတွေ ၊နားလည်မပေးနိုင်တော့တာတွေဖြစ်လာကြတာတော့ပါပဲ။
ဒီလိုကြုံတွေ့တဲ့အခါ စိတ်တိုတုန်းလုပ်မိလိုက်တာတွေက ကိုယ့်ရဲ့ကလေးအပေါ်ဘယ်လိုသက်ရောက်မှူမျိုးကျရောက်နိုင်လဲဆိုတာမစဉ်းစားနိုင်တော့ဘဲ စိတ်ကြိုက်ပြုမူပြီးမှသာ မှားလေခြင်းဆိုပြီး နောက်ကျမှသာ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။အများစုသော မေမေတွေကတော့ ဒိလိုအချက်တွေကြောင့် စိတ်တိုလွယ်ကြပါတယ်။

(၁) အလုပ်တွေများပြီးအစားစားဖို့မေ့နေကြတဲ့အခါ ဆာလောင်တာကြောင့် စိတ်တိုလွယ်ကြပါတယ်။
(၂)တယောက်တည်းနေဖို့အချိန်မရှိတာကြောင့် ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်းမသိဘဲ အားမလိုအားမရဖြစ်ပြီး အကြောင်းမရှိစိတ်ညစ်တာ ဒေါသကြီးတာမျိုးတွေဖြစ်တတ်ကြပါတယ်။
(၃)ရှူပ်ပွနေတဲ့အိမ် ရှင်းမနိုင်တဲ့အိမ်ကြောင့်လည်း
စိတ်မကြည်မလင်ဖြစ်ကြပါတယ် ။
ကိုယ်ကသိမ်းလိုက် ကလေးရှိတော့ပွလိုက်
အလုပ်ကသွားရသေးတယ် ပြန်လာတော့လည်းပွစာတွေကြဲပြီး အမောမပြေစတာတွေကြောင့် ဘယ်ကနေ ဘာစလုပ်ရမလဲမသိတော့တာတွေ
ကြောင့်လည်း စိတ်မကြည်ဖြစ်ပြီး ဝမ်းနည်း၊ဒေါသလွယ်တာတွေဖြစ်စေတတ်ပါတယ်။
(၄)မေးခွန်းတွေများတာတွေကြောင့်လည်း စိတ်တို၊
ဒေါသဖြစ်စေနိုင်ပါသေးတယ်။ ကလေးတွေကသိချင်တာတွေမေးလို့တမျိုး အိမ်ကလူတွေကမေးကြတာတမျိုး အလုပ်ထဲကမေးခွန်းတွေကတမျိုးနဲ့မို့
ကြာတဲ့အခါစိတ်မရှည်နိုင်ဖြစ်ပြီး ကလေးတွေကိုအော်တဲ့အဆင့်ရောက်သွားပါလေရော။
(၅)အကူအညီမဲ့တာမျိုးကြုံရင်လည်း မေမေတို့
စိတ်ဓာတ်ကျဝမ်းနည်းနိုင်ပါတယ် ။ ကိုယ်က ကလေးတဖက်နဲ့မို့ တခြားအရာတခုခုကို ကလေးအဖေကို (သို့)တစ်ယောက်ယောက်ကို အကူအညီတောင်းတဲ့အခါ ၊လုပ်စေချင်တဲ့အခါ မသိကျေးကျွန်ပြုတာမျိုးတွေကြုံတွေ့ရရင်လည်း
ဝမ်းနည်းကြေကွဲရပြန်ပါတယ် ။
(၆)ငွေကြေးကြောင့်ရတဲ့စိတ်ဖိဆီးမှူပါ။
အလုပ်တွေလုပ်နေပေမဲ့ မတွင်ကျယ်တဲ့အခါ ၊မိသားစုစားဝတ်နေရေးကိုပူပန်ရတဲ့အခါ ၊စဉ်းစားစရာတွေများပြီး စိတ်တွေပူပန်ပြီး လောကကြီးကိုမုန်းပြီး မကျေနပ်တာတွေများလာပြီး ဒေါသကြီးတာ၊စိတ်တိုလွယ်တာ ၊စိတ်မထိန်းချုပ်နိုင်တာ၊ဝမ်းနည်းလွယ်တာ ၊စိတ်ဓာတ်ကျလာတာတွေဖြစ်လာတတ်ပါတယ် ။

💡💡💡💡💡💡💡💡💡💡💡💡💡💡💡ဒီလို မေမေတို့ စိတ်ကြီးတာတွေ၊စိတ်တိုလွယ်တာတွေ၊စိတ်ဆတ်တာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ?
🔺အလုပ်အရမ်းများတဲ့မေမေတွေပထမဆုံးလုပ်ရမှာကတော့ ကိုယ့်ကိုကိုယ်ချစ်ရမှာပါ ။
မေမေတို့အများစုက အလုပ်ကိုချစ်တယ်၊မိသားစုကိုချစ်တယ်၊သားသမီးလေးတွေကိုချစ်တယ် ဒါ့ကြောင့် တခါတလေမှာ ကိုယ့်ကိုကိုယ်ချစ်ဖို့မေ့ကြတယ် အဲ့ဒီအခါမှာ ကိုယ့်ကိုကိုယ် စိတ်တွေကိုယ်တွေအနားမပေးပဲ ဇွတ်တွေခိုင်းတတ်ကြပါ
တယ် ။စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာတွေမှာလည်း သက်တမ်းရှိကြပါတယ်။အနားမယူတာ
ကြာတဲ့အခါ စိတ်အစာမကျွေးတဲ့အခါ expiredဖြစ်ပြီး ဘာကိုမှလက်မခံနိုင်ကြတော့ပါဘူး။ လက်မခံနိုင်ကြတော့တဲ့အခါ လာသမျှအရာကို အေးဆေးစွာမဆုံးဖြတ်နိုင်တော့ဘဲ အကန်တွေသာ လုပ်မိတတ်ကြပါတယ်။ဒါ့ကြောင့်
*️⃣စိတ်ကိုအနားပေးပါ။(စိတ်ဆိုး၊စိတ်တိုခြင်းအစပြုလာတဲ့အခါ ချက်ချင်းရပ်တန့်ပြီး အသက်
မှန်မှန်ရှူပါ။)
*️⃣အလုပ်ကိုကန့်သတ်ပါ။(အတတ်နိုင်ဆုံးညဘက်တွေမှာ အလုပ်မလုပ်မိစေဘဲ ကလေးနဲ့အချိန်ကုန်ဆုံးပါ။)ကိုယ်ကိုယ်တိုင် ဘယ်အချိန်မှာတော့ အလုပ်လုပ်မယ် ဒီအချိန်မှာတော့ ကလေးကိုဘာလုပ်ပေးထားမယ် ဘယ်လိုစီမံမယ်ဆိုတာကို ကြိုစဉ်းစားပါ။
*️⃣အနားယူပါ။(တနေ့တာတည်းက နာရီဝက်လေုက်အချိန်ကို တယောက်တည်း(သိူ့)
စိတ်ငြိမ်းအေးစေမဲ့ သူနဲ့အတူ လမ်းလျှောက်ပြီး ပေါ့ပေါ့ပါးပါးနေကြည့်ပါ။)
*️⃣စာအုပ်ထဲမှာ ချရေးကြည့်ပါ။(ဘာကြောင့် စိတ်ဆိုးရတာလဲ ၊ကိုယ်ရဲ့ဒေါသကို ဘယ်လိုမျိုးဆ်ို
ထိထိရောက်ရောက်ပိုပြီး ထိန်းချုပ်နိုင်သလဲ ။ဥပမာ- စိတ်အရမ်းဆိုးတဲ့အခါ၊ စိတ်ညစ်တဲ့အခါအဲ့ဒီနေရာကနေ ခဏလောက်ထွက်သွားတာမျိုး၊ရေချိုးရင်းသီချင်းဆိုတာမျိူး၊ မုန့်တွေသွားစားတာမျိူး၊စျေးဝယ်ထွက်လိုက်တာမျိုး ၊စာအုပ်ဖတ်တာမျိုး အစရှိတာတွေထဲကဘယ်လိုအရာနဲ့ထိန်းချုပ်ဖြေသာလဲဆိုတာ ရှာကြည့်ပါ။အဲ့ဒိအခါ ကိုယ်ရဲ့ စိတ်ဖြေရာကိုသိပြီး လုပ်ကြည့်ရင် အဆင်ပြေနိုင်မှာပါ။
*️⃣ကိုယ်ကအမြဲမှန်နေစရာမလိုပါဘူး။
တခါတလေ မေမေတွေက လိုအပ်ချက်မရှိအောင် ၊ကိုယ့်ဘက်ကတတ်စွမ်းသမျှအရာရာလုပ်ပေးနေပေမဲ့ တခါတလေ စေတနာအမှားတွေဖြစ်ပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်ပြီး ငါတော့ မှားသွားပြီဆိုပြီး
ကိုယ့်ကိုကိုယ်အပြစ်တင်ကြပါတယ် ။အဲ့ဒီအခါ မှားတာကိုလက်ခံပြီး ငါလဲမှားလို့ရတာပဲ It’s Ok .I can try againဆိုပြီး ပြန်ပြီးသာကြိုးစားပါ။
🤝မှားဖူးမှသာ အမှန်ကိုပိုသိမြင်နိုင်တာပါ။
ဒါ့ကြောင့် အမြဲတမ်းအရမ်းကြီးစိတ်မတင်းထားပါနဲ့။
*️⃣ကိုယ်ရဲ့ စိတ်ကျန်းမာရေး၊ကိုယ်ကျန်းမာရေးကိုကိုယ်တိုင် ဂရုစိုက်ပါ။
စိတ်ကြည်လင်ဖို့ ကိုယ်ကျန်းမားဖို့လည်းလိုတယ်မလား။ဒါ့ကြောင့် လေ့ကျင့်ခန်း(ဥပမာ-ယောဂကျင့်တာမျိုး၊Zumbaကတာမျိုး စတာတွေမှန်မှန်လုပ်ပြီး စိတ်ပျော်အောင် ကိုယ်ကြိုက်တာတွေကိုလည်းလုပ်ကြည့်ပါ။
*️⃣တခါတလေ အကူအညီတောင်းကြည့်ပါ။
ငါလုပ်ပေးမှဖြစ်မှာ ၊ ငါရှိမှရတာ ၊ကိုယ်တိုင်လုပ်ရမှ အဆင်ပြေတာ ဒါတွေခဏဖယ်ထားလိုက်ပါ ။အချို့ကိစ္စတွေကို မိသားစုဝင်တွေကိုအကူအညီတောင်းကြည့်ပါ ။(ဥပမာ-တာဝန်အချို့ခွဲဝေပေးတာမျိုး၊အိမ်ရှင်းခိုင်းတာမျိုး၊ကလေးထိန်းပေးခိုင်းတာမျိူး စတဲ့အသေးအဖွဲလေးတွေကိုအကူအညီတောင်းပါ။)
တပတ်ကိုတရက်ကတော့ အဆင်ပြေကြမှာပါ။
*️⃣ဆွေးနွေးတိုင်ပင်နှီးနှောဖော်ထားပါ။
ယုံကြည်ရတဲ့သူ ၊သူငယ်ချင်း၊ခင်ပွန်း မိဘ စတဲ့သူတွေကို ရင်ဖွင့်ပါ။တိုင်ပင်ပါ ။အကြံဥာဏ်တောင်းကြည့်ပါ။ကိုယ်လိုလားတဲ့အဖြေမဟုတ်သည့်တိုင် လက်ခံပြီး စဉ်းစားကြည့်ပါ။
*️⃣ကိုယိကဘယ်လိုအချက်တွေကြောင့်အများဆုံး
စိတ်မကြည်မလင်ဖြစ်ရတာလဲဆိုတာကိုလည်းရှာကြည့်ပါ။
ဒီပိုစ့်လေးကိုဖတ်ပြီး တစ်စုံတရာအကျိုးရှိမယ်လို့ယုံကြည်ပါတယ် ကျွန်မက မေမေတို့ကိုစာနာပြီးနားလည်ပေးနိုင်ပြီး တချို့သောအကြံဥာဏ်လေးတွေပေးချင်မိပါတယ် အချိန်မရွေး လာပြီးရင်ဖွင့်နိုင်ပါတယ် ။
မေမေတို့ရဲ့ စိတ်လေးတွေအေးချမ်းပြီးကျန်းမာပါစေလို့ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်

#အစေ့လေးတစ်စေ့ကနေလှပပြီးတစ်နေရာရာကိုအကျိုးပြုတဲ့အဖူးအပွင့်လေးဖြစ်လာပါစေ

ကျွန်မရဲ့Tiny Seedsဆိုတဲ့ဒီpageလေးကိုlike and shareလုပ်ပြီး followနဲ့commentsများပေးပြီး
အားပေးလို့ရပါတယ် ❤️

Address

Mandalay
05051

Telephone

+959759707076

Website

Alerts

Be the first to know and let us send you an email when Tiny Seeds posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tiny Seeds:

Share