Academy Trophy & Printing

Academy Trophy & Printing ဆုတံဆိပ်၊ဖိတ်စာ၊မိတ္တူနှင့်တံဆိပ်ရိုက်လုပ်ငန်း

💡 သင်သိပါသလား? "Trophy"ဆိုတဲ့ စကားလုံးက ဘယ်ကလာတာလဲ?အောင်မြင်မှုရဲ့ ပြယုဂ်ဖြစ်တဲ့Trophyဆိုတဲ့စကားလုံးဟာ ဂရိစကား "Tropaion...
15/05/2026

💡 သင်သိပါသလား?
"Trophy"ဆိုတဲ့ စကားလုံးက
ဘယ်ကလာတာလဲ?

အောင်မြင်မှုရဲ့ ပြယုဂ်ဖြစ်တဲ့Trophyဆိုတဲ့
စကားလုံးဟာ ဂရိစကား "Tropaion" ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သမိုင်းကြောင်းကတော့...
ရှေးခေတ် ဂရိနဲ့ ရောမစစ်ပွဲတွေမှာ စစ်နိုင်တဲ့အခါ ရန်သူ့ဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေ၊ ဒိုင်းလွှားတွေကို သစ်ပင်မှာ ချိတ်ဆွဲပြီး အောင်ပွဲခံခဲ့ကြရာကနေ စတင်ခဲ့တာပါ။

၁၈ ရာစုနှောင်းပိုင်းလောက်မှာတော့ အောင်ပွဲခံတဲ့ပွဲတွေမှာ စပျစ်ရည်သောက်တဲ့ "ဖလား" (Cup) တွေကို ဆုအဖြစ် ပေးအပ်လာကြရာကနေ အခုခေတ်မှာ မြင်တွေ့နေရတဲ့ Cup ပုံစံ ဆုဖလားတွေ ဖြစ်လာခဲ့တာပါ။

ဒီကနေ့ခေတ်မှာတော့ ဆုဖလားတွေဟာ စစ်ပွဲနိုင်တဲ့ အထိမ်းအမှတ်ထက်
အားကစား၊ ပညာရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်၊ အောင်မြင်မှုရဲ့ မှတ်တိုင်အဖြစ် ခန့်ညားလှပတဲ့ Crystal, Acrylic နဲ့ သတ္တုဒီဇိုင်း မျိုးစုံနဲ့ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

✨အောင်မြင်မှုတိုင်းဟာ
ဂုဏ်ယူထိုက်တာမို့
အဲဒီမှတ်တိုင်ကို
အကောင်းဆုံး ဆုတံဆိပ်တွေနဲ့
မှတ်တမ်းတင်လိုက်ပါ🏆

#ဗဟုသုတ #ဆုဖလားသမိုင်း

လူကြီးမင်းရဲ့ "Hole-in-One" ဂေါက်သီးလေးကိုဂုဏ်ယူစွာ ပြသဖို့ အဆင်သင့်ပဲလား? ⛳ကိုယ့်ဂေါက်သီးလေးနဲ့ကိုယ် အမှတ်တရ Trophy အပ်...
05/05/2026

လူကြီးမင်းရဲ့
"Hole-in-One" ဂေါက်သီးလေးကို
ဂုဏ်ယူစွာ ပြသဖို့ အဆင်သင့်ပဲလား? ⛳

ကိုယ့်ဂေါက်သီးလေးနဲ့ကိုယ်
အမှတ်တရ Trophy အပ်ချင်တဲ့
ဂေါက်သီးရိုက် ဝါသနာရှင်များအတွက်
အထူးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်

✅ ကိုယ်ပိုင်ဂေါက်သီးနဲ့ဘာတွေလုပ်ပေးလဲ?
❇️မိမိယူလာတဲ့ ဂေါက်သီးကို
Trophy မှာ ထည့်သွင်းပေးခြင်း။
❇️Modern & Luxury Look ရစေဖို့
အရည်အသွေးမြင့် Acrylic နဲ့ Wooden Base များကို အသုံးပြုပေးခြင်း။
❇️အမည်၊ ရက်စွဲနဲ့အောင်မြင်မှုမှတ်တမ်းတွေကိုစိတ်ကြိုက်ရေးထိုးပေးခြင်း။

✨အောင်မြင်မှုဆိုတာ သိမ်းထားရုံနဲ့ မပြီးပါဘူး၊ အလှပဆုံး ပြသထားဖို့လည်း လိုအပ်ပါတယ်။
“အကယ်ဒမီ”မှာ စိတ်ကြိုက် Customized လာအပ်လိုက်ပါရှင်🤝

မှာယူအားပေးလိုပါက
Page Chat box/Ph/Viber (သို့)
ဆိုင်လိပ်စာ
32လမ်း၊80*81ကြား
မန္တလေးမြို့

Ph/Viber-09666114107 ✅
Viber Only 09663660554✅
ကိုဆက်သွယ်အားပေးနိုင်ပါပြီရှင်



 #ပြီးပြည့်စုံတဲ့ဆုပေးပွဲတစ်ခုဖြစ်လာစေဖို့ စီစဉ်သူတိုင်းသိထားသင့်တဲ့ဆောင်ရန်၊ ရှောင်ရန် အခြေခံလမ်းညွှန်✨🏆ဆုပေးပွဲတစ်ခုဆိ...
01/05/2026

#ပြီးပြည့်စုံတဲ့ဆုပေးပွဲတစ်ခုဖြစ်လာစေဖို့ စီစဉ်သူတိုင်းသိထားသင့်တဲ့
ဆောင်ရန်၊ ရှောင်ရန် အခြေခံလမ်းညွှန်✨

🏆ဆုပေးပွဲတစ်ခုဆိုတာ
အောင်မြင်မှုတွေကို သက်သေပြတဲ့
ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်လို့
စီစဉ်သူတွေဘက်က
အမှားအယွင်းမရှိအောင်
သေချာပြင်ဆင်ဖို့ လိုပါတယ်။

ဧည့်သည်တွေရော၊ ဆုရရှိသူတွေပါ စိတ်ကျေနပ်မှုရစေဖို့ သတိထားရမယ့် အချက်တွေကို အောက်မှာ စုစည်းပေးလိုက်ပါတယ်။

ဆုပေးပွဲစီစဉ်သူများအတွက် ဆောင်ရန် နှင့် ရှောင်ရန်များ

✅ ဆောင်ရန် (Dos)
🍃စံသတ်မှတ်ချက်ကို ရှင်းလင်းစွာဖော်ပြပါ။
ဘယ်လိုအရည်အချင်းတွေကြောင့်
ဒီဆုကို ရရှိတာလဲဆိုတဲ့ Criteria ကို
ကြိုတင်ရှင်းပြထားတာက
ဆုရဲ့တန်ဖိုးကို ပိုတက်စေပါတယ်။

🍃နာမည်နှင့် စာလုံးပေါင်းကို အထပ်ထပ်စစ်ဆေးပါ။
ဒါက အရေးကြီးဆုံး ပါပဲ။
(ဝန်ဆောင်မှုပေးတဲ့ဆိုင်ဖက်ကလဲ မှားနိုင်လို့ပါ)
ဆုဖလားပေါ်မှာဖြစ်ဖြစ်၊
Certificate ပေါ်မှာဖြစ်ဖြစ်
ဆုရသူရဲ့ နာမည်နဲ့ ရာထူး စာလုံးပေါင်း မှားနေရင် ဂုဏ်ပြုရာမရောက်ဘဲ
အားနာစရာ ဖြစ်သွားနိုင်ပါတယ်။

🍃အချိန်ဇယား (Flow) ကို တိကျပါစေ။
အစီအစဉ်တစ်ခုနဲ့တစ်ခုကြား
ဟာကွက်မရှိအောင်နဲ့
ပွဲကြာချိန် အလွန်အကျွံမဖြစ်အောင်
Timing ကို သေချာတွက်ထားပါ။

🍃အရည်အသွေးရှိသော ဆုဖလားများကို ရွေးချယ်ပါ။
ဆုရရှိသူက အိမ်မှာ အမှတ်တရ
သိမ်းထားမှာဖြစ်လို့
ကြည့်လိုက်တာနဲ့ ခန့်ညားပြီး
တာရှည်ခံမယ့် ပစ္စည်းအမျိုးအစား (ဥပမာ- Crystal, Resin, Wood) ကို ရွေးချယ်ပေးပါ။

🍃ကြိုတင်ဇာတ်တိုက်လေ့ကျင့်ပါ (Rehearsal)
အသံစနစ်၊ မီးအလင်းအမှောင်နဲ့
ဆုတက်ယူမယ့် လမ်းကြောင်းတွေကို
ကြိုတင်စစ်ဆေးထားပါ။

❌ ရှောင်ရန် (Don'ts)
🔻ဘက်လိုက်မှုကို ရှောင်ပါ။
ဆုရွေးချယ်တဲ့နေရာမှာ မျှတမှုမရှိရင်
ပွဲရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။

🔻စကားပြောအလွန်အကျွံမရှည်ပါစေနဲ့။
အဖွင့်အမှာစကား ဒါမှမဟုတ်
ဆုပေးသူရဲ့ စကားပြောတွေ
အရမ်းရှည်သွားရင်
ပွဲကပျင်းစရာကောင်းသွားတတ်ပါတယ်။

🔻နည်းပညာပိုင်း အမှားအယွင်းများ။
မိုက်မထွက်တာ၊
Slide တွေ မှားပြတာမျိုးတွေဟာ
ပွဲရဲ့ Flow ကို ပျက်စေပါတယ်။
Backup တွေ အမြဲပြင်ထားပါ။

🔻ဆုရရှိသူကို မေ့လျော့ခြင်း။
ဆုပေးရုံတင်မဟုတ်ဘဲ
ဓာတ်ပုံလှလှပပ ရိုက်နိုင်ဖို့နဲ့
ဆုရရှိသူရဲ့ ခံစားချက်ကို ပြောပြနိုင်ဖို့ အခွင့်အရေးလေးတွေ ဖန်တီးပေးဖို့
မမေ့ပါနဲ့။

❇️အဓိကအချက်အနေနဲ့
ဆုပေးပွဲတစ်ခုမှာ ဆုဖလားဟာ ပွဲရဲ့ ဗဟိုချက်(Centerpiece)ဖြစ်ပါတယ်။
ဒါကြောင့် ဆုဖလားကို စင်ပေါ်မှာတင်ထားတဲ့အခါ မီးအလင်းအမှောင်နဲ့ လိုက်ဖက်ပြီး တောက်ပြောင်နေအောင် ပြင်ဆင်ထားတာက ပွဲကို ပိုပြီး Professional ကျစေပါတယ်ရှင်✅

✨ ဂုဏ်ပြုဖို့ အရည်အသွေးမြင့်
ဆုတံဆိပ်လိုအပ်ခဲ့ရင်
အကယ်ဒမီ ဆုတံဆိပ်ဆိုင်ကို
လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

မှာယူအားပေးလိုပါက
Page Chat box/Ph/Viber (သို့)
ဆိုင်လိပ်စာ
32လမ်း၊80*81ကြား
မန္တလေးမြို့

Ph/Viber-09666114107 ✅
Viber Only 09663660554✅
ကိုဆက်သွယ်အားပေးနိုင်ပါပြီရှင်
#ပွဲစီစဉ်သူ #စီစဉ်မှုကောင်းမွန်ရေး #ဆောင်ရန်ရှောင်ရန်
#ဆုဖလား #ဆုတံဆိပ် #အမှတ်တရ

Golf Trophies 🏌️‍♂️⛳️🏆မိမိကြိုက်နှစ်သက်ရာဒီဇိုင်းကိုလဲAcrylic ဖြင့် စိတ်ကြိုက်ဒီဇိုင်းအပ်နှံနိုင်ပါတယ်ရှင်🤝
29/04/2026

Golf Trophies 🏌️‍♂️⛳️🏆
မိမိကြိုက်နှစ်သက်ရာဒီဇိုင်းကိုလဲ
Acrylic ဖြင့် စိတ်ကြိုက်ဒီဇိုင်း
အပ်နှံနိုင်ပါတယ်ရှင်🤝

🏅သတ္တုဆွဲပြား (Metal Medal)🏅“အကယ်ဒမီဆိုင်”ရဲ့ Premium Medal ဆွဲပြားတွေက သင့်အသင်းရဲ့ အောင်မြင်မှုကို ပိုမိုတောက်ပစေမှာပါ...
28/04/2026

🏅သတ္တုဆွဲပြား (Metal Medal)🏅
“အကယ်ဒမီဆိုင်”ရဲ့ Premium Medal ဆွဲပြားတွေက သင့်အသင်းရဲ့ အောင်မြင်မှုကို ပိုမိုတောက်ပစေမှာပါရှင်✨

❇️ တာရှည်ခံပြီး ကိုင်လိုက်တာနဲ့
အလေးချိန်စီးစီးပိုင်ပိုင်ရှိတဲ့ သတ္တုသားစစ်စစ်ကို အသုံးပြုထားပါတယ်ရှင်

❇️ အရည်အသွေးကောင်းမွန်ပြီး လည်ပင်းမှာ ဆွဲထားရင်လည်း သက်သောင့်သက်သာရှိစေမယ့် ကြိုးသားအမျိုးအစားကို သုံးပေးထားပါတယ်။

❇️ ဆွဲပြားပေါ်မှာ ရေးချင်တဲ့ ဂုဏ်ပြုစာသားတွေကို သပ်သပ်ရပ်ရပ်နဲ့ အပြီးစီး ကပ်ပေးပါတယ်။

❇️ ကြိုးမှာပါ မိမိတို့အသင်းနာမည် (Team Name) နဲ့ Logo ကို စိတ်ကြိုက် တပ်လို့ရတာကြောင့် သင့်အသင်းရဲ့ Identity ကို ပိုမိုပေါ်လွင်စေမှာပါ!

ဂုဏ်ပြုဖို့
ဆုတံဆိပ်လိုအပ်ရင်
အကယ်ဒမီ ဆုတံဆိပ်ဆိုင်ကို
လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

မှာယူအားပေးလိုပါက
Page Chat box/Ph/Viber (သို့)
ဆိုင်လိပ်စာ
32လမ်း၊80*81ကြား
မန္တလေးမြို့

Ph/Viber-09666114107 ✅
Viber Only 09663660554✅
ကိုဆက်သွယ်အားပေးနိုင်ပါပြီရှင်

ပွဲမှာ ခန့်ခန့်ထည်ထည်နဲ့ လှနေမယ့်ဖလားတွေပါရှင်🏆ဘောလုံးပွဲ၊ဂေါက်ပွဲ၊ကြက်တောင်ရိုက်ပွဲတွေအတွက်ကြိုက်နှစ်သစ်ရာ အရုပ်များ ပြ...
27/04/2026

ပွဲမှာ ခန့်ခန့်ထည်ထည်နဲ့
လှနေမယ့်ဖလားတွေပါရှင်🏆
ဘောလုံးပွဲ၊ဂေါက်ပွဲ၊ကြက်တောင်ရိုက်ပွဲတွေအတွက်
ကြိုက်နှစ်သစ်ရာ အရုပ်များ ပြောင်းလဲတပ်ဆင်ပေးပါတယ်။

အောင်မြင်မှုမှတ်တိုင်တိုင်းအတွက်အသင့်တော်ဆုံး Trophy ကို ဘယ်လိုရွေးချယ်မလဲ?🤔အောင်မြင်မှုတခုကို အသိအမှတ်ပြုတဲ့နေရာမှာ ဆုဖ...
26/04/2026

အောင်မြင်မှုမှတ်တိုင်တိုင်းအတွက်
အသင့်တော်ဆုံး Trophy ကို
ဘယ်လိုရွေးချယ်မလဲ?🤔

အောင်မြင်မှုတခုကို အသိအမှတ်ပြုတဲ့
နေရာမှာ ဆုဖလားရဲ့ ပစ္စည်းအမျိုးအစား (Material)ကလည်း အရေးကြီးပါတယ်။

Trophyတခုချင်းစီရဲ့ အားသာချက််တွေကို
သိထားမယ်ဆိုရင် သင့်ပွဲအတွက်
အမှန်ကန်ဆုံး ရွေးချယ်နိုင်မှာပါ... ✨

💎Crystal Trophy(ကြည်လင်တောက်ပမှု)
Luxuryအဆန်ဆုံးနဲ့အဆင့်အတန်းအရှိဆုံး
အမျိုးအစားပါ။
ပရော်ဖက်ရှင်နယ်ကျပြီး တောက်ပတဲ့အတွက် Corporateပွဲတွေနဲ့
ဂုဏ်ထူးဆောင်ဆုတွေအတွက်
နံပါတ်(၁)ရွေးချယ်မှု ဖြစ်ပါတယ်။

✨ Acrylic Trophy (ဒီဇိုင်းမျိုးစုံပုံဖော်နိုင်မှု)
စိတ်ကြိုက်ပုံသဏ္ဌာန် (Custom Shape) မျိုးစုံ ဖော်ရလွယ်ကူပြီး ခိုင်ခံ့ပါတယ်။ ဖန်သားလို ကြည်လင်ပေါ့ပါးပြီး
တော်ရုံမကွဲတာကြောင့် ခေတ်မီဆုဖလားဒီဇိုင်းတွေမှာ အသုံးများပါတယ်။

🏆Resin Trophy(ရုပ်လုံးကြွလက်ရာမြောက်မှု)
ပန်းပုရုပ်တုလို ရုပ်လုံးကြွဒီဇိုင်းတွေအတွက် အကောင်းဆုံးပါ။
အလေးချိန် စီးစီးပိုင်ပိုင်ရှိပြီး
ဆေးရောင်ခြယ်သမှုမှာ အသေးစိတ်ကျတဲ့အတွက် အားကစားပြိုင်ပွဲတွေမှာ အလွန်ရေပန်းစားပါတယ်။

🪵 Wooden Trophy(ရိုးရှင်းခန့်ညားမှု)
သဘာဝဆန်ပြီး အချိန်ကြာလေ
တန်ဖိုးရှိလေ အမျိုးအစားပါ။
ရိုးရာနဲ့ ခေတ်မီမှုကို ပေါင်းစပ်ထားပြီး
သဘာဝပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေရှိတဲ့ ဂုဏ်ယူမှုကို
ပေးစွမ်းပါတယ်။

🎗️Plastic Trophy(ဈေးနှုန်းသက်သာမှု)
ပေါ့ပါးပြီး ဈေးနှုန်းအသက်သာဆုံး အမျိုးအစားပါ။
အရေအတွက်အများကြီး လိုအပ်တဲ့
ကျောင်းသားပွဲတွေ၊ လူငယ်ပွဲတွေနဲ့
အသေးစားပြိုင်ပွဲတွေအတွက်
အသင့်တော်ဆုံး ဖြစ်ပါတယ်။

🏆 သင့်ပွဲရဲ့ ဂုဏ်ဒြပ်နဲ့ လိုက်ဖက်တဲ့ အဆင့်မြင့်ဆုဖလားတွေကို
“အကယ်ဒမီ ဂုဏ်ပြုဆုတံဆိပ်ဆိုင်”မှာ
စိတ်ကြိုက်မှာယူအားပေးနိုင်ပါတယ်ရှင်

မှာယူအားပေးလိုပါက
Page Chat box/Ph/Viber (သို့)
ဆိုင်လိပ်စာ
32လမ်း၊80*81ကြား
မန္တလေးမြို့

Ph/Viber-09666114107 ✅
Viber Only 09663660554✅
ကိုဆက်သွယ်အားပေးနိုင်ပါပြီရှင်

Wooden Award တွေ စိတ်ကြိုက်ဒီဇိုင်းပြ၍ အပ်နှံနိုင်ပါတယ်ရှင်
25/04/2026

Wooden Award တွေ စိတ်ကြိုက်ဒီဇိုင်းပြ၍ အပ်နှံနိုင်ပါတယ်ရှင်

24/04/2026

အသစ်ရောက်လာတဲ့
Golf Trophy လေးပါရှင်

23/04/2026

MHT Golf Club အတွက်
ဝန်ဆောင်မှုပေးဖြစ်တဲ့
Golf Trophyလေးတွေပါရှင်

မှာယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်

ဂုဏ်ပြုဖို့ ဆုတံဆိပ်လိုအပ်ရင်
အကယ်ဒမီ ဆုတံဆိပ်ဆိုင်ကို
လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

မှာယူအားပေးလိုပါက
Page Chat box/Ph/Viber (သို့)
ဆိုင်လိပ်စာ
32လမ်း၊80*81ကြား
မန္တလေးမြို့

Ph/Viber-09666114107 ✅
Viber Only 09663660554✅
ကိုဆက်သွယ်အားပေးနိုင်ပါပြီရှင်



Address

Mandalay

Opening Hours

Monday 08:30 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Academy Trophy & Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share