19/06/2025
အာရုံသွားစားရင် Ad က fail မှာဘဲ။
ကျွန်တော်တို့ marketing strategy တွေချပြီး Ad တွေ ဆွဲတယ်ဆိုတာ နောက်ဆုံး ရှင်းရှင်းပြောရရင် ဈေးရောင်းနေတာဘဲ။
ဈေးရောင်းနေတာ ဖြစ်တဲ့အတွက်ကို ကြော်ညာတွေမှာ puzzle ဆန်ဆန် စကားဝှက်ဆန်ဆန် အာရုံသွားစားနေလို့မရဘူး။
Dose 1 တုန်းကပြောခဲ့သလိုဘဲ လူတွေရဲ့ attention spam 8 seconds အတွင်းမှာ မိအောင်ဖမ်းမယ့် ချိတ်လိုတဲ့အပြင် ကြည့်လိုက်တာနဲ့ ကိုယ်က ဘာကိုကြော်ညာနေတာလဲ ဘာရောင်းနေတာလဲဆိုတာ ထင်းနေရမယ်။
ဘာရောင်းနေလဲဆိုတာ လူတွေက စဉ်းစားနေရဦးမယ်ဆိုရင် fail ပြီဘဲ။
ဒီလောက် ကြော်ညာတွေ ပေါများနေတဲ့ခေတ်မှာ ဘယ်သူမှ တော်ရုံတန်ရုံ အာရုံမစားနေတော့ဘူး၊ မစဉ်းစားချင်နေတော့ဘူး။
ဥပမာလေးပြောပြမယ် Coca Cola က 2016 မှာ သူတို့ရဲ့ campaign slogan "Open Happiness" ကနေ "Taste the Feeling" ဆိုပြီး ပြောင်းလိုက်တယ်။
Slogan နှစ်ခုလုံးကတော့ clarify ရှင်းလင်းပြတ်သားမှုကို ဦးစားပေးထားတယ် ဆိုပေမယ့် Taste the Feeling ကတော့ ဥပမာပေးလို့ပိုကောင်းမယ်။
"Open Happiness" ကတောင် နဲနဲ ဆက်စပ်ပြီး တွေးရသေးတယ်။ သူတို့ ဆိုလိုချင်တာက Coke ဘူးတွေကို ဖောက်တာက ပျော်ရွှင်မှုတွေကို ဖောက်လိုက်တာနဲ့ တူတူဘဲပေါ့။
"Taste the Feeling" ကကျတော့ ပိုရှင်းတယ် ဘာမှစဉ်းစားစရာမလိုဘူး။
"ခံစားမှုကို အရသာခံကြည့်လိုက်" ရှင်းရှင်းလေး။
ဆိုလိုချင်တာက coke သည် အရသာဘဲ ပေးတာမဟုတ်ဘဲ ခံစားမှုကို ပေးတာ။
"Coca Cola ဆိုတာ globally recognized ဖြစ်တဲ့ အချိုရည်၊ sugar က 30g ပါပြီးတော့ Caramel အရောင်ပါတဲ့အပြင် phosphoric acid လည်းပါတဲ့အတွက် ပျော်ရွင်စေတဲ့ dopamine hormone ကို ပိုထုတ်ပေးပါတယ်" ဘာညာ ???
မရှုပ်ဘူးလား ?
ကျွန်တော်တော့ ရေးသာရေးလိုက်တာ ရှပ်ရှက်ခပ်နေတာဘဲ အဆုံးထိတောင် သေချာဖတ်လိုက်မိရဲ့လား ?
ပြောချင်တာ ဒါဘဲ။ သူတို့သည် အဲလိုတွေမရေးသွားဘူး ရှင်းရှင်းလေး "Taste the Feeling" ခံစားမှုကို အရသာခံကြည့်လိုက် ဒီလောက်ဘဲ။
Local ကြော်ညာ တော်တော်များများမှာ ခနကလို အရှည်ကြီးတွေ ပြောသွားရေးသွားတာမျိုးက ပုံနေတာဘဲ။
ဘာတွေပါပါတယ် ဘာဓာတ်က ဘာဖြစ်တယ် ဘာက ဘာညာကွိကွ...etc
တကယ်ပြောတာ အဲလောက်ကြီးကျ ကျွန်တော်တို့လည်း အဆုံးထိမဖတ်မိသလို အဆုံးထိလည်း နားမထောင်ဘူး။
လမ်းဆုံက Billboard တွေမှာလည်း clarify မရှိဘဲ အများကြီး ရှုပ်နေအောင် လျှောက်ရေးပြီး ပိုက်ဆံအကုန်ခံ ထောင်ထားတဲ့ ကြော်ညာတွေရှိတယ်။
အဲထဲက တစ်ခုခုနဲ့ ဥပမာ ထပ်ပေးချင်ပေမယ့် တစ်ခုမှ မမှတ်မိနေဘူး ပြသနာဘဲ။
ကျွန်တော်က ပုံမှန်ဆို မမှတ်မိတာ ရှားတယ်။
ပြောချင်တာဒါဘဲ အရမ်း confusing ဖြစ်နေရင် ကျွန်တော်မှ မဟုတ်ဘူး ဘယ်သူ့စိတ်ထဲမှာမှ မစွဲဘူး၊ မှတ်မိမှာမဟုတ်ဘူး။
ဆိုတော့ကာ Ad ဆွဲပြီဆိုရင် ၁၂ သား ကလေးနဲ့ အသက် ၆၀ လူကြီးနဲ့ နှစ်ယောက်လုံးကို ပေးဖတ်ကြည့် နှစ်ယောက်လုံး နားလည်တယ်ဆိုရင် အဆင်ပြေတယ်။
နှစ်ယောက်ထဲက တစ်ယောက်နားမလည်ရင် ပိုရှင်းလင်းပြတ်သားအောင် ပြန်ဆွဲ။
နှစ်ယောက်လုံး နားမလည်ရင်တော့ idea ပါ ချိန်းပြီး ဟိုးအစကနေ ပြန်လုပ်တော့ဘဲ။
အချုပ်ကတော့ Ad တွေဆွဲတဲ့အခါ ဖန်တီးတဲ့အခါ အရမ်း ပညာမပြနဲ့ မကွန့်နဲ့။
အရမ်းပညာပြချင် ကွန့်ချင်ပါတယ်ဆိုရင်လည်း နားလည်လွယ်အောင်လုပ်။
ကဲဒီလောက်ပါဘဲ။
ရှင်းလင်းပြတ်သားဖို့ အဓိကပါ ဆရာကြီးတို့။
AdClinic - Smarter Strategies, Better Results