10/06/2026
ကော်ဖီက ကြိုက်လွန်းတော့လေ
သောက်တဲ့အဆင့်ကိုမရောက်သေးဘူး
တွေးမိတာနဲ့တင်ပျော်တယ်။
မနက်ကိုကြောင်တောင်တောင် ငေါင်တောင်တောင်နဲ့နိုးလာပြီး
ဘာစလုပ်ရမှန်းမသိတဲ့အချိန်မှာလည်း
``အာ. မနက်စာစားရင် ကော်ဖီပါမှာပဲ ´´လို့တွေးမိပြီး
စိတ်ပျော်သွားတာမျိုး
နေ့ခင်းဘက်ကို
တစ်ကောင်တည်း ကြောင်ပျောက်နေရင်လည်း
``အော် ငါကော်ဖီသောက်ချိန်ပဲ ´´လို့တွေးမိတဲ့အခါ
ဘ၀ကထင်သလောက်လည်းမဆိုးပါလားလို့
ရုတ်တရက် ထတွေးမိတာမျိုး
ညဘက်မှာ သေချာပေါက်ကော်ဖီသောက်လို့မဖြစ်ပေမယ့်
တအားစိတ်ရှုပ်ပြီး ပင်ပန်းတဲ့ရက်တွေဆို
``အင်း...ငါကော်ဖီတော့သောက်လို့ရသေးတာပဲ´´လို့
တွေးလိုက်ရင် stress level
တစ်၀က်လောက်ထိုးကျသွားတာမျိုး
အဲ့လိုမျိုး တစ်ခုခုကို
တအားနှစ်ခြိုက်လာတဲ့အခါ
အဲ့အရာက ကိုယ့်ကို
အတွေးနဲ့တင် ပျော်စေတတ်တာမျိုးပေါ့ 🤎