မင်းပြားကြော်ငြာသင်ပုန်းကြီး

  • Home
  • Myanmar
  • Minbya
  • မင်းပြားကြော်ငြာသင်ပုန်းကြီး

မင်းပြားကြော်ငြာသင်ပုန်းကြီး This page is powered by Baby World - Minbya မင်းပြားမြို့နယ်မှ ကြေငြာချက်၊အသိပေးစာများ

23/05/2026

ကလေးကျန်းမာဖွံ့ဖြိုးဖို့ မဖြစ်မနေလိုအပ်တဲ့ “အဓိကအစားအစာအုပ်စု ၅ မျိုး”

ကလေးငယ်များနှင့် မတ်တပ်ပြေးစအရွယ် Toddlers များအတွက် နေ့စဉ်စားသုံးသည့် အစားအစာများသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုသာမက ဦးနှောက်ဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်းနှင့် ကိုယ်ခံအားကောင်းမွန်ရေးအတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် အာဟာရပြည့်ဝပြီး လတ်ဆတ်သန့်ရှင်းသည့် Healthy Food များကို အမျိုးမျိုး မျှတစွာ စားသုံးပေးနိုင်ရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။

ကလေးများ ကျန်းမာစွာ ကြီးထွားဖို့အတွက် အဓိကလိုအပ်သည့် အစားအစာအုပ်စု ၅ မျိုးမှာ ဟင်းသီးဟင်းရွက်နှင့် ပဲမျိုးစုံ၊ အသီးအနှံများ၊ ဆန်နှင့် ဂျုံအုပ်စု၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားနှင့် ပရိုတင်းဓာတ်ပါဝင်သည့် အစားအစာများဖြစ်ကြသည်။ အစားအစာအုပ်စုတိုင်းတွင် ကလေးခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် Vitamins, Minerals, Protein, Fiber နှင့် စွမ်းအင်ဓာတ်များ ပါဝင်နေသည်။

အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲမျိုးစုံသည် Vitamins၊ Antioxidants နှင့် Fiber များကြွယ်ဝသဖြင့် ကလေးကို စွမ်းအင်ပေးနိုင်သလို အရွယ်ရောက်လာချိန်တွင် နှလုံးရောဂါ၊ Stroke နှင့် ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေရာတွင် အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် မနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် Snack အချိန်တိုင်းတွင် အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ပါဝင်စေခြင်းသည် ကောင်းမွန်သော အစားအစာအလေ့အကျင့်တစ်ခုဖြစ်သည်။

ဆန်၊ ဂျုံနှင့် အစေ့အဆန်အုပ်စုတွင် ဆန်၊ ပေါင်မုန့်၊ Pasta၊ ခေါက်ဆွဲ၊ Oats နှင့် Breakfast cereals တို့ ပါဝင်ပြီး ကလေးများ၏ လှုပ်ရှားမှုနှင့် သင်ယူမှုအတွက် လိုအပ်သည့် စွမ်းအင်ကို ပေးစွမ်းနိုင်သည်။ Wholegrain အစားအစာများက စွမ်းအင်ကို ပိုမိုကြာရှည်စွာ ထိန်းပေးနိုင်သဖြင့် ကလေးကို ဗိုက်ဝလင်စေပြီး ကျန်းမာရေးအတွက်လည်း ပိုမိုသင့်တော်သည်။

နို့၊ Cheese နှင့် Yoghurt ကဲ့သို့သော နို့ထွက်ပစ္စည်းများတွင် Protein နှင့် Calcium များစွာ ပါဝင်သဖြင့် အရိုးနှင့် သွားများ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် အရေးပါသည်။ ကလေးအသက် ၆ လကျော်လာချိန်မှ စတင်မိတ်ဆက်ပေးနိုင်သော်လည်း အသက် ၁၂ လမတိုင်မီအထိ မိခင်နို့ သို့မဟုတ် Formula နို့ကိုသာ အဓိကထား တိုက်ကျွေးသင့်ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် အသား၊ ငါး၊ ကြက်ဥနှင့် ပဲအမျိုးမျိုးကဲ့သို့ Protein ကြွယ်ဝသည့် အစားအစာများသည် ကလေး၏ ကြွက်သားဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် အရေးကြီးသည်။ Iron၊ Zinc၊ Vitamin B12 နှင့် Omega-3 fatty acids တို့ ပါဝင်သောကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်စွမ်းရည်ကောင်းမွန်စေရန်လည်း ကူညီပေးနိုင်သည်။

ကျန်းမာရေးပညာရှင်များက ကလေးများအား အရောင်၊ အရသာနှင့် texture မတူညီသည့် အစားအစာများကို မျိုးစုံစားသုံးစေသင့်ကြောင်း အကြံပြုထားပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးမီ သန့်ရှင်းစွာ ဆေးကြောပေးရန်လည်း သတိပေးထားသည်။ အခွံစားလို့ရသည့် အသီးများကို အခွံမဖယ်ဘဲ စားသုံးခြင်းက အာဟာရပိုမိုရရှိစေနိုင်ကြောင်းလည်း သိရသည်။

BWM - Baby News

မင်းပြားတွင် လယ်ယာလုပ်ကိုင်နေသည့် သားဖနှစ်ဦး မိုးကြိုးပစ်ခံရပြီး ဆေးကုသမှုခံယူနေရ(မင်းပြား ၊ မေ ၂၃)ရက္ခိုင်ပြည်၊ မင်းပြာ...
23/05/2026

မင်းပြားတွင် လယ်ယာလုပ်ကိုင်နေသည့် သားဖနှစ်ဦး မိုးကြိုးပစ်ခံရပြီး ဆေးကုသမှုခံယူနေရ
(မင်းပြား ၊ မေ ၂၃)

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းတွင် လယ်ယာလုပ်ကိုင်နေစဉ် မိုးသည်းထန်စွာရွာသွန်းလာရာမှ သားဖနှစ်ဦး မိုးကြိုးပစ်ခံရပြီး ဆေးရုံတင်ကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဝရွာမှ လယ်ယာလုပ်ကိုင်ရန် ငစရိုင်းချောင်းကျွန်းသို့ ရောက်ရှိနေသည့် အသက် ၅၈ နှစ်အရွယ် ဦးလှသိန်းထွန်းနှင့် အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူ မဟိန်းမေခိုင်တို့သည် မိုးအလွန်အကျွံရွာသွန်းလာသဖြင့် လယ်တဲအတွင်း ဝင်ရောက်ခိုလှုံနေစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုးကြိုးပစ်မှုကြောင့် ဦးလှသိန်းထွန်း၏ ဘယ်ဘက်နားတွင် ထုံထိုင်းမှုဖြစ်ပေါ်ခဲ့ပြီး၊ သမီးဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သတိလစ်မေ့မြောသွားခဲ့ကြောင်း သိရသည်။ ထို့အပြင် မိုးကြိုးထိမှန်မှုကြောင့် လယ်တဲမှာလည်း နှစ်ခြမ်းကွဲသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးကြိုးပစ်သံကြားရသဖြင့် ရွာသားများက သွားရောက်ကြည့်ရှုရာမှ သားဖနှစ်ဦးကို တွေ့ရှိခဲ့ပြီး ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်းပြားမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။လက်ရှိတွင် နှစ်ဦးစလုံး ဆေးကုသမှုခံယူနေပြီး၊ ဖခင်ဖြစ်သူမှာ နားတစ်ဖက် ထုံထိုင်းနေဆဲဖြစ်ကာ သမီးဖြစ်သူမှာ ညနေ ၆ နာရီခွဲခန့်တွင် သတိပြန်လည်ရရှိလာခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများ မတွေ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် မူဆလင်လူငယ်တစ်ဦး ငါးရှာပြီး အိမ်ပြန်လာစဉ် မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

From - လေးမြို့မီဒီယာ

22/05/2026

ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲခံရသည့် မင်းပြား (ရှားပါးသမိုင်းမှတ်တမ်းရုပ်သံ)

၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ပွဲကြီးအတွင်းက မင်းပြားမြို့အနီးရှိ ဂျပန်စစ်စခန်းများကို ဗြိတိသျှမဟာမိတ်တို့ လေယာဉ်ပေါ်မှ ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် ရှားပါးသမိုင်း၀င်ရုပ်သံမှတ်တမ်းတစ်ခုပါ။ ဤရုပ်သံအား ရိုက်ကူးခဲ့သည့် အချိန်မှာကား ၁၉၄၄ ခုနှစ် ၊ မတ်လ ၆ ရက်နေ့ဖြစ်ကြောင်း သိရသည်။ဤရုပ်သံဖိုင်အား ရိုက်တာသတင်းဌာန၏ သမိုင်းဆိုင်ရာသတင်းများစုစည်းမှုမှ တွေ့ရှိရခြင်းဖြစ်သည်။

ရုပ်သံဖိုင်မှ Voice Over နောက်ခံစကားပြောကို လေ့လာကြည့်ရာ

မူရင်း အင်္ဂလိပ်စာသား (Original English Transcription)

"Now to Burma. Proof that Allied air power is triumphantly in the ascendant in all theaters of the World War. This despite the monsoon. Objective is a concentration of Japanese troops near the Burmese town of Minbya. Air power in the Far East. The Japanese who opened their spectacular march with airborne bombs, have this ever-increasing red retribution."

မြန်မာဘာသာပြန် (Burmese Translation)

"ယခု မြန်မာနိုင်ငံသို့။ ၎င်းသည် ကမ္ဘာစစ်၏ စစ်မျက်နှာအားလုံးတွင် မဟာမိတ်တို့၏ ဝေဟင်အင်အားမှာ အောင်ပွဲခံလျက် အသာစီးရနေပြီဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။ ၎င်းသည် မုတ်သုံရာသီဥတု ဖြစ်နေသော်လည်း ဖြစ်သည်။ ပစ်မှတ်မှာ မြန်မာနိုင်ငံ၊ မင်းပြားမြို့အနီးတွင် စုဝေးနေသော ဂျပန်တပ်ဖွဲ့များ ဖြစ်သည်။ အရှေ့ဖျားဒေသရှိ ဝေဟင်အင်အား။ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ၎င်းတို့၏ ထူးခြားဆန်းပြားသော ချီတက်မှုကို စတင်ခဲ့သည့် ဂျပန်တို့သည် တိုးပွားလာသော ဤကဲ့သို့သော လက်စားချေတုံ့ပြန်မှုများကို ခံစားရတော့မည်ဖြစ်သည်။" ဟု ပြောကြားထားသည်ကို တွေ့ရသည်။

သင်ပုန်းကြီး
Source - Reuters

မင်းပြားမှာ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး နိရဉ္စရာ၊ မေ ၁၉/၂၀၂၆ ရခိုင်ပြည်၊ မင်းပြားမြို့မှာ ၇ နှစ်အရွယ် ကလေးငယ်တစ်...
20/05/2026

မင်းပြားမှာ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

နိရဉ္စရာ၊ မေ ၁၉/၂၀၂၆

ရခိုင်ပြည်၊ မင်းပြားမြို့မှာ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားသူမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ဦးလုံးမောင်ရဲ့ သားဖြစ်သူ မောင်ကိုကိုနိုင် (၇) နှစ် ဖြစ်တယ်လို့ သိရပါတယ်။

မင်းပြားမြို့၊ သံထောင်ရပ်ကွက်ရှိ မှော်ရွာချောင်းမှာ ဒီကနေ့ မေလ ၁၉ ရက်နေ့ နံနက် ၁၁နာရီခန့်က မောင်ကိုကိုနိုင်ဟာ သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ ရေဆင်းချိုးစဉ် ရေနစ်မြုပ် သေဆုံး သွားခဲ့ရတာလို့ မင်းပြားဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောပါတယ်။

" ချောင်းထဲမှာ ရေဆင်းချိုးတာကနေ ရေနစ်သွားတာပါ။ ကလေးက အသက် ၇ နှစ်ဘဲ ရှိသေးတယ်။ ရေကန်တွေ၊ ချောင်းတွေမှာ ရေကူးရင် သတိထားဖို့လိုပါတယ်။ မကြာခဏ ရေနစ်သေတာတွေ ရှိနေတော့ အသိပညာ ပေးဖို့လည်း လိုအပ်တယ်လို့ မြင်ပါတယ် "လို့ ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီကနေ့ နေ့လယ် ၁နာရီခန့်က ကင်းချောင်းအနီးမှာတွေ့ရှိခဲ့ပြီး ညနေပိုင်းမှာ သင်္ဂြိုလ်လိုက်တယ်လို့ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

" အလောင်းကို ကင်းချောင်းအနားမှာတွေ့ပါတယ်။ နေ့ခင်းလောက်ကပါ။ ရက်ချင်း မီးသင်္ဂြိုလ် လိုက်ပါပြီ။"

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်းမအီမြို့ရှိ ခြေတော်ရာဘုရားအနီး စမ်းချောင်းမှာ အသက် ၂၀ ဝန်းကျင်အရွယ် မိန်းခလေးငယ်တစ်ယောက်နဲ့ ယောက်ျားလေးတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ပါတယ်။

From - Narinjara

မင်းပြားက  အသက် ၁၀၆ နှစ်ရှိ သက်တော်ရှည်မိခင်ကြီး ‌ကွယ်လွန် (နာရေး)မင်းပြားမြို့ ၊ အလယ်ပိုင်းရပ်ကွက် ၊ ညောင်ပင်ကန်လမ်းနေ ...
19/05/2026

မင်းပြားက အသက် ၁၀၆ နှစ်ရှိ သက်တော်ရှည်မိခင်ကြီး ‌ကွယ်လွန် (နာရေး)

မင်းပြားမြို့ ၊ အလယ်ပိုင်းရပ်ကွက် ၊ ညောင်ပင်ကန်လမ်းနေ ၊ သက်တော်ရှည်မိခင်ကြီး ဒေါ်မိုးသာဦး (အသက် ၁၀၆ နှစ်) သည် ၁၈ - ၅ - ၂၀၂၆ (တနင်္လာနိ) ၊ ညနေ ၄း၄၆ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါသည်။ ထိုဒေါ်မိုးသာဦး၏ ရုပ်အလောင်းကို နက်ဖြန် (၂၀ - ‌၅ - ၂၀၂၆) ဗုဒ္ဓဟူးနေ့ ၊ နေ့လယ် ၁း၀၀ နာရီအချိန်တွင် ညောင်ပင်ကန်လမ်းနေအိမ်မှ မြို့မသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဆိုပါ ဒေါ်မိုးသားဦးသည် မင်းပြားနာရေးကူညီမှုအသင်းစတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်များစွာအထိ သက်တော်အရှည်ဆုံး မိခင်ကြီးဖြစ်ကြောင်း မင်းပြားနာရေးကူညီမှုအသင်း တာ၀န်ရှိသူများက လေးစားဂုဏ်ယူစွာ ပြောဆိုခြင်းခံရသူလည်း ဖြစ်သည်။

(သင်ပုန်းကြီး)

မင်းပြားကျိန်းတောင်ထက်က ကုသိနာရုံစစ်ဒဏ်ကြောင့် ပြိုပျက်ခဲ့ရသော မင်းပြားကျိန်းတောင်ထက်က ကုသိနာရုံကို ပြုပြင်လျက် ရှိပါသည်...
18/05/2026

မင်းပြားကျိန်းတောင်ထက်က ကုသိနာရုံ

စစ်ဒဏ်ကြောင့် ပြိုပျက်ခဲ့ရသော မင်းပြားကျိန်းတောင်ထက်က ကုသိနာရုံကို ပြုပြင်လျက် ရှိပါသည်။

ဓါတ်ပုံ - အခင်လှမောင်သာ

17/05/2026

"သွေးလွန်တုပ်ကွေး‌ေရာဂါ အထူးသတိပြုကြိုတင်ကာကွယ်ကြပါ"

မိုးရာသီနှင့် ရာသီအကူးအပြောင်းကာလများတွင် လူအများကြား အဖြစ်များလာသည့် ရောဂါတစ်မျိုးမှာ Dengue Fever (သွေးလွန်တုပ်ကွေး) ဖြစ်သည်။ ၎င်းသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့် ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး ကလေးများသာမက လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ ကုသမှုနောက်ကျပါက အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သဖြင့် လူတိုင်း အထူးသတိပြုရန် လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများတွင် များသောအားဖြင့် ကိုယ်ပူချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်ဘက်နာကျင်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားမဝင်ခြင်းနှင့် အန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အချို့လူနာများတွင် အရေပြားအောက် သွေးယိုခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်းကဲ့သို့ သွေးလွန်လက္ခဏာများလည်း တွေ့ရနိုင်သည်။ ထိုကဲ့သို့သော လက္ခဏာများ ပေါ်လာပါက မိမိသဘောဖြင့် ဆေးသောက်မနေဘဲ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်စစ်ဆေးသင့်သည်။

သွေးလွန်တုပ်ကွေးကို ကာကွယ်ရန် အရေးကြီးဆုံးမှာ ခြင်ပေါက်ပွားမှုကို တားဆီးခြင်းဖြစ်သည်။ အိမ်ပတ်ဝန်းကျင်ရှိ ရေတင်နေသော အိုး၊ ခွက်၊ တာယာဟောင်း၊ ပန်းအိုးနှင့် ရေသိုလှောင်ကန်များကို ပုံမှန်စစ်ဆေးပြီး ရေမတင်စေရန် ဖုံးအုပ်ထားရမည်။ ထို့ပြင် ခြင်ဆေးဖြန်းခြင်း၊ ခြင်ထောင်အသုံးပြုခြင်း၊ လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်းတို့လည်း လိုအပ်သည်။

အထူးသဖြင့် ကလေးငယ်များတွင် ကိုယ်ပူနေပါက ပေါ့ပေါ့ဆဆ မယူဆဘဲ သေချာစောင့်ကြည့်ရမည်။ “ဖျားရုံပဲ” ဟု ယူဆကာ အိမ်တွင်ထားမနေဘဲ လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ကုသခြင်းက အသက်ကယ်နိုင်သည်။

သွေးလွန်တုပ်ကွေးသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် မိသားစုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးအတွက် လူတိုင်း ပူးပေါင်းကာ ခြင်အန္တရာယ်ကို လျှော့ချကြပါစို့။

ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် မိမိအသက်ကို ကာကွယ်ခြင်းပင် ဖြစ်သည်။

BWM - Aid

နာရေးအသိပေးကြော်ငြာခြင်းမင်းပြားမြို့ အလယ်ပိုင်းရပ်ကွက် ၊ ကာတောကန်လမ်းနေ  ဦးစောရဲ အသက်(၉၆)နှစ်သည် ယနေ့ (၁၅/၅/၂၀၂၆) ညနေ ...
15/05/2026

နာရေးအသိပေးကြော်ငြာခြင်း

မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက် ၊ ကာတောကန်လမ်းနေ ဦးစောရဲ အသက်(၉၆)နှစ်သည် ယနေ့ (၁၅/၅/၂၀၂၆) ညနေ ၅း၃၀အချိန်တွင် လူကြီးရောဂါနှင့် ကွယ်လွန်အနိစ္စ‌ရောက်သွားပါသဖြင့် (၁၇/၅/၂၀၂၆) တနင်္ဂနွေနေ့ ၊ နေ့လည်(၁း၀၀)အချိန်တွင် မင်းပြားမြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်မည်ဖြစ်ပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။

ပုံ /
ကျန်ရစ်သူမိသားစု

15/05/2026

"မင်းပြားသူ"

တေးဆို - သဇင်ဖြူ
တေးရီး - ကိုခိုင်ဇော်

အိမ် ခြံ မြေ ရောင်းမည်=================နေရာ =အမှုထမ်းရပ်ကွက်                       ဈီးဟောင်းပိုင်း            မင်းပြားမြ...
13/05/2026

အိမ် ခြံ မြေ ရောင်းမည်
=================
နေရာ =အမှုထမ်းရပ်ကွက်
ဈီးဟောင်းပိုင်း
မင်းပြားမြို့

ဦးမောင်ဦးကျော်
ဒေါ် မဆန်းဝင်းနေအိမ်

အကျယ်= 31ပေ×60ပေ
ကန်နဲ့လည်းအပါးချေ/ပတ်ဝန်းကျင်လည်းသန့်ပါရေ /ပိုင်ရှင်ကိုယ်တိုင်ရောင်းဖို့စော်/အရှုတ်အရှင်းကင်းပါရေ/
ဈီး နှုန်း=2100သိန်း /အ​လျှော့အတင်းရှိပါရေ

ဆက်သွယ်ရန်=09409278522
Viber number =09400986910 သို့ဆက်သွယ်မီးမြန်းနိုင်ပါရေ"

မင်းပြားတွင် မိခင်တစ်ဦးမှ သုံးမြွှာပူးကလေးမွေးဖွား(မင်းပြား ၊ မေ ၁၂)ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာတွင် မေ...
12/05/2026

မင်းပြားတွင် မိခင်တစ်ဦးမှ သုံးမြွှာပူးကလေးမွေးဖွား
(မင်းပြား ၊ မေ ၁၂)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာတွင် မေလ ၈ ရက်က မိခင်တစ်ဦးမှ သုံးမြွှာပူးကလေး ၃ ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကလေးများမှာ အမျိုးသားကလေး ၂ ဦးနှင့် အမျိုးသမီးကလေး ၁ ဦးဖြစ်ပြီး တစ်နေ့တည်းအတွင်း အချိန်ကွာ၍ မွေးဖွားခဲ့ခြင်းဖြစ်သည်။

သုံးမြွှာပူးမွေးဖွားခဲ့သည့် မိသားစုမှာ ကမ်းနီရွာနေ ဦးမောင်ယေချေ (၄၀) နှင့် ဒေါ်အေးအေးငြိမ်း (၃၀) တို့ဖြစ်ပြီး လက်ရှိတွင် မိခင်နှင့် ကလေး ၃ ဦးလုံး ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။ ထို့ပြင် United League of Arakan (ULA) မှလည်း မိသားစုအား ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

From - လေးမြို့မီဒီယာ

Address

အမှတ် (၂၆) ၊ မြောင်းဘွေလမ်း ၊ အလယ်ပိုင်း ၊ မင်းပြားမြို့ ၊ ရခိုင်ပြည်နယ်
Minbya

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959450541794

Website

Alerts

Be the first to know and let us send you an email when မင်းပြားကြော်ငြာသင်ပုန်းကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share