14/12/2025
မောင့်နဲ့ယူပြီးရင် မနက်၅နာရီထိုးတာနဲ့ မောင့်ရဲ့ မနက်စာနဲ့ နေ့လည်စာအတွက်ထမင်းနဲ့ဟင်းထချက်မယ် ။ပြီးရင် မောင့်အတွက် သွားပွတ်တံမှာ သွားတိုက်ဆေးလေး ရယ်ဒီလုပ်ပြီးမှ မောင့်ကို အာဘွားပေးပြီး နှိုးမယ် ။ပြီးရင် မောင့်နဲ့ မနက်စာစားမယ် ။ပြီးရင်အလုပ်သွားမယ် အလုပ်ရောက်ရင် မောင့်ကို အလုပ်ရောက်ပြီဖြစ်ကြောင်းဖုန်းဆက်မယ် ။ အလုပ်ကပြန်လည်း ပြန်လာပြီဖြစ်ကြောင်းဖုန်းဆက်မယ် ။ အလုပ်က ပျော်စရာတွေ မောင့်နဲ့ ပြောပြီးရီမယ် ။ ဝမ်းနည်းစရာကိုလည်းမောင့်ရဲ့ ပခုံးလေးမှာမှီပြီး ငိုမယ် ။ မောင့်ရဲ့ နေ့စဥ်ဘဝတွေကိုလည်းနားထောင်မယ် ။ မောင့်ခေါင်းလျှော်ရင် မောင့်ရဲ့ဆံပင်ရေသုတ် dryer နဲ့မှုတ်မယ် ။ အိပ်ရာမဝင်ခင် မောင့်ကို ဦးသုံးကြိမ်ချ အာဘွားသုံးချက်ပေးမယ် ။ ပြီးရင် မောင့်နဲ့ဖက်ပြီးအိပ်မယ်။