18/12/2024
Click တစ်ချက်နှိပ်လိုက်တာ အကုန်သိချင်တာ သိလို့ရနေပြီ ဖြစ်တဲ့ခေတ်မှာ ပညာရေးအတွက် ငွေကြေးကုန်ကျများနေတဲ့ မိဘတွေကို ကြည့်ပြီး စိတ်မကောင်းဘူး။ အခုခေတ်မှာ မသိနိုင်တဲ့ပညာ၊ မဖန်တီးနိုင်တဲ့အလုပ်ဆိုတာ မရှိသလောက်ပါဘဲ့။ မင်မင် တို့ အရင်ခေတ်က ကလေးတွေကို စာသင်ဖို့ဆိုရင် စု၊ တု၊ပြု ဆိုတဲ့ အဆင့်ကို ဖြတ်ကျော်ရတယ်။ စာအုပ်တပုံကြားမှာ ခေါင်းမဖော်နိုင်ဘူး။ Google ခေါက်လိုက်တာကလည်း အကြိမ်ကြိမ်။ အခုကတော့ 1 click ပါဘဲ့။ ဒီလောက် အလွယ်တကူ ပညာဆည်းပူးနိုင်တဲ့ ခေတ်ရောက်နေပြီဆိုတာ အသိသတိလေး ပေးပါရစေလို့ အနှစ်20ကျော် စာသင်စားလာတဲ့ ကျူရှင်ဆရာမကြီးက ပြောပါရစေရှင့်။ သားသမီးတွေကို စာတွေချည်း လိမ့်ကျက်ခိုင်းပြီး အချိန်ကုန်ခံနေရင် ကိုယ့်သားသမီးဘဲ့ နောက်မှာ ကျန်ခဲ့လိမ့်မယ်နော်။ သူများက 5 min နဲ့ ဖြေရှင်းလို့ရတဲ့ပြဿနာကို ကိုယ့်သားသမီးက 5ရက်လောက် ဖြေရှင်းနေရတဲ့အချိန်ရောက်မှ နောင်တ မရနဲ့နော် ...