Pobbathiri Directory

Pobbathiri Directory ပုဗ္ဗသီရိ သို့မဟုတ် အ​ရှေ့ကျက်သ​ရေ?

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ
06/11/2021

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ

အားပေးလိုက်ကြပါဦးခင်ဗျာပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ ပညာရေးရန်ပုံငွေ အနုပညာဖျော်ဖြေတင်ဆက်ပွဲအတွက် လက်မှတ်တွေ စတင်ရော...
02/11/2021

အားပေးလိုက်ကြပါဦးခင်ဗျာ

ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ ပညာရေးရန်ပုံငွေ အနုပညာဖျော်ဖြေတင်ဆက်ပွဲအတွက် လက်မှတ်တွေ စတင်ရောင်းချနေပြီဖြစ်ပြီး လက်မှတ်တွေကို unitedxyz.com မှာ သွားရောက်ဝယ်ယူရမှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့အောင်လံကို မနှေးအမြန်လွှင့်ထူနိုင်ဖို့ လှူဒါန်းပါဝင်ရင်း စိတ်ဓါတ်ခွန်အားရရှိဖို့နဲ့ ခဏတာ စိတ်အပန်းပြေနိုင်ဖို့ ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ အနုပညာဖျော်ဖြေပွဲလက်မှတ်တွေ အခုပဲ ဝယ်ယူလိုက်ကြရအောင်ပါ။
အရေးတော်ပုံ အောင်တော့မည်။

ထန်တလန်ကိစ္စ လက်တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင် နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus  YBS 20 ယာဉ်ကို  ခရီးသွားပြည်သူမျာ...
31/10/2021

ထန်တလန်ကိစ္စ လက်တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင် နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus YBS 20 ယာဉ်ကို ခရီးသွားပြည်သူများကို ဆင်းခိုင်းပြီးမှ မီးပုလင်းပစ်မီးရှို့ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်ကောင်စီက ပြည်သူအိမ်များကို မီးရှို့ ဖျက်ဆီးသည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင် နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus YBS 20 ယာဉ်ကို ခရီးသွားပြည်သူများကို ဆင်းခိုင်းပြီးမှ မီးပုလင်းပစ်မီးရှို့လိုက်ကြောင်း ဒေသပျောက်ကြားကာကွယ်ရေးတပ်၏ ပြောဆိုချက်ကိုးကား၍ ဒေသသတင်းရင်းမြစ် Kamaryut Information က သတင်းဖော်ပြသည်။

YBS 20 ကားကို မီးရှို့မှုကို နေရောင်ခြည်မြို့ပြ‌ပျောက်ကြားအဖွဲ့က လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူများထိခိုက်မှုမရှိ‌စေရန် ခရီးသည်များကိုအရင်ဆင်းခိုင်းပြီး ဗုံးခွဲခြင်းမဟုတ်ဘဲ မီးပုလင်းပစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့အတွက် စစ်အုပ်စု၏ပိုင်ဆိုင်မှုထဲမှ တစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Kamaryut Information က ပြောသည်။

စစ်အာဏာရှင်၊ ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus ကုမ္ပဏီ၏ YBS 20 ယာဉ်သည် ရန်ကုန်ဆင်မလိုက်တွင် ယနေ့နံနက်ပိုင်း မီးလောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ဆင်မလိုက်မှတ်တိုင်တွင် ယနေ့ ၁၀ နာရီ ၁၆ မိနစ်အချိန် YBS 20 ကားမီး လောင်ပြီး ၁၀ နာရီ၂၀ မိနစ် တွင် မီးငြိမ်းသွားကြောင်း ၊ လူနာတင်ကားတစ်စီးလာရောက်သည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

Omni Focus General Services Public Co., ltd သည် ၎င်းပိုင် ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့် YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိပြီး ယင်းကုမ္ပဏီသည် စစ်တပ်ထောက်ခံသူ ၊ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏မြေးကျော်နေဝင်း(အေးနေဝင်း၏ အကိုဖြစ်သူ) က ဦး
ဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ ဖျက်ဆီးမီးရှို့ခဲ့သော ပြာပုံမြို့ ထန်တလန်ရန်ကုန်၊ အောက်တိုဘာ ၃၁ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တို...
31/10/2021

စစ်ကောင်စီတပ်များ ဖျက်ဆီးမီးရှို့ခဲ့သော ပြာပုံမြို့ ထန်တလန်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်များက မီးတင်ရှို့ခဲ့ရာ နေအိမ် ၁၆၄ လုံး၊ ဘုရားရှိခိုးကျောင်း ၂ ခု မီးလောင်ကျွမ်းပြာကျခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် မီးလောင်ပြာကျခဲ့သည့် ထန်တလန်မြို့ မြင်ကွင်းတချို့ကို ဒေသသတင်းရင်းမြစ်က ဖော်ပြလာသည်ကို ရန်ကုန်ခေတ်သစ်က ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

Photo Credit - The Chin Journal

သင်းတို့တတွေ အတွက် ကျိန်စာ_____________________________ဟေ့  … မင်းတို့မီးလို လောင် ၊  ပြာလို လွင့်ရေလို မျောကြပါစေသားဟေ့...
30/10/2021

သင်းတို့တတွေ အတွက် ကျိန်စာ
_____________________________

ဟေ့ … မင်းတို့
မီးလို လောင် ၊ ပြာလို လွင့်
ရေလို မျောကြပါစေသားဟေ့ … ။

ဟေ့ … မင်းတို့
မသေနဲ့ဦး ၊ မကြေနဲ့ဦး ၊ မကြွေနဲ့ဦး
အဆိုး လောကဓံများကို
အတိအကျ တရစ်ပြီး တရစ်
ခံစားရအုံးမယ် …
နောက်ဆုံးထွက်သက်အထိ
မီး ( ၁၁ ) မီး (ပူစေ ၊ ပြင်းစေ ၊ လောင်စေ) ဟေ့ … ။

ဟေ့ … မင်းတို့
ရုပ်တရား နာမ်တရား
မကွဲပြားပါစေနဲ့ …
(မ ဂ် တ ရား ၊ ဖို လ် တ ရား )
လားလားမှ မဆိုင်တဲ့သူ
ရွှံ့ညွန်တောမှာ ထိုးခဲ့တဲ့ နှင်းဆီပွင့်တွေလို
ညှိုးရော်နွမ်းခြောက်
သံသရာ အထွက်လမ်းမှာ
ခရီးမှောက်ပါစေ ၊ လမ်းပျောက်ပါစေသား ဟေ့ … ။

တို့ပြည်သူတယောက် ကျပျောက်ရင်
မင်းတို့လူ တစ်ကျိတ် ကျပါစေ
…………
အမှောင်နယ် တောင်စွယ်ကမ်းပါးမှာ
လမ်းသလားတဲ့ သူတွေဖြစ်ပါစေ
ဟေ့ !
ဧရာဝတီမြစ်ကြီးမခမ်းသရွေ့
မကျွတ်စေ မလွတ်စေ
ဓမ္မဆိုတဲ့ အမြိုက်တရားနဲ့ ဝေးစေ ဟေ့ … ။

ငါတို့ မြေကိုပုတ်မယ်
ငါတို့ ကြမ်းကိုပုတ်မယ်
ငါတို့ တိုင်ကိုလှုပ်မယ်

ဟေး ဟေး ဟေး ဟေး .... မင်းတို့ !
အသင်္ချေ အနန္တ
အသိုက်အမြုံ မဲ့ပါစေ
အသိုက်အဝန်း ကင်းပါစေ
တဒင်္ဂ တဆံချည်မျှ
ငြိမ်းချမ်းသော တရားနဲ့ ဝေးပါစေသား ဟေ့… ။
__________________________________________________

ကိုညိုမောင်
Credit

18/10/2021

မိတ္ထီလာတွင် ထောင်မှလွတ်လာသူ (၁၁)ဦးကို အကြမ်းဖက် ပုဒ်မတပ်ကာ ထောင်ပေါက်ဝတွင် ချက်ချင်း ပြန်ဖမ်း
==========
MFP ၊ အောက်တိုဘာ -၁၈

မန္တလေးတိုင်း မိတ္ထီလာမြို့ အကျဉ်းထောင်မှ ယနေ့ ညနေပိုင်းအချိန် ပြန်လည်လွှတ်မြောက်လာသူ (၁၁) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတပ်ကာ စစ်ကောင်စီရဲများက ထောင်ပေါက်ဝတွင် ပြန်လည် ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။

NLD မိတ္တီလာမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလွင်မောင်မောင်၊ ပါတီဝင်များဖြစ်သည့် မိတ္ထီလာမြို့မှ ဦးသက်မောင်မောင်၊ ဒေါ်သင်းကြူအောင်၊ သာစည်မြို့နယ်မှ ဦးမြင့်သိန်းနှင့် ဦးသော်ကြီး၊ သာစည်မြို့မှ သပိတ်ခေါင်းဆောင် ဒေါ်လေးလေးနိုင် စသူတို့ ပါဝင်ကြောင်း နီးစပ်သူများက ပြောသည်။

“လွတ်မယ်ဆိုလို့ ထောင်ပေါက်ဝမှာ စောင့်နေတာ။ အပြင်ကနေတော့ တွေ့လိုက်တယ် ။ ခဏနေတော့ ရဲကားတွေ အချုပ်ကားတွေ ဝင်လာပြီး သူတို့ကို ပြန်ခေါ်သွားတယ် ။ ကျွန်မတို့ကို အကြမ်းဖက်စစ်တပ်က စိတ်ဒဏ်ရာပေးတာ ကျွန်မတို့ လုံးဝ ကမ္ဘာမကြေဘူး ။ ပြန်ဖမ်းဆီးခံလိုက်ရတာသိလို့ မိသားစုဝင်တစ်ဦးလည်း အသက်အန္တာရယ် စိုးရိမ်နေရတယ် “ ဟု မိသားစုဝင်တစ်ဦးက ပြောပြသည် ။

အဆိုပါ ပြန်လွတ်သူ (၄၃)ဦးအနက် (၁၁)ဦးကို ချက်ချင်းပြန်ဖမ်းသွားသည်ဟု မိသားစုဝင်များက ဆိုသည်။ လက်ရှိတွင် မိတ္ထီလာရဲစခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုနှင့် တွေ့ခွင့်မရဟု ဆိုသည်။

“နားလှည့်ပြီး ပါးရိုက်တာပါ။ ၅၀၅-က ၊ကို လွှတ်ပြီး အခု ၁၀ လပိုင်း ၇ ရက်နေ့မှ ထပ်စွဲတဲ့ အကြမ်းဖက်မှု ပူဒ်မ ၅၀-က၊ ၅၂-ည နဲ့ အချုပ်ထဲ ထားခဲ့ရပါတယ်။ လူချင်းတွေ့ခွင့် မပေးပါဘူး။ ငါတို့ စိတ်ကို ဒဏ်ရာတွေ ထပ်ပေးတာပါ။ အနာကို ဓားနဲ့ထပ်မွှန်းတာပါ “ ဟု ပြန်လည်ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

Crd
PD

မြန်မာနိုင်ငံကျော် အဆိုတော် ကိုဟန်ထူးလွင်(ခ) ကိုကျားပေါက်ရဲ့လက်ရာ ဂစ်တာ လေလံဈေး ချိတ်ပိတ် ကမ္ဘာ့အမြင့်ဆုံးဈေး $ 27,500 ဖ...
17/10/2021

မြန်မာနိုင်ငံကျော် အဆိုတော် ကိုဟန်ထူးလွင်(ခ) ကိုကျားပေါက်ရဲ့လက်ရာ ဂစ်တာ လေလံဈေး ချိတ်ပိတ်
ကမ္ဘာ့အမြင့်ဆုံးဈေး
$ 27,500 ဖြင့် ပိတ်သိမ်း

၁၇အောက်တိုဘာ၂၀၂၁

17/10/2021

17/10/2021 at 8:10am
နောက် ၂၄နာရီအတွင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်း မကွေးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပါတယ်🌧🌧🌧🌧🌧🌧
Su Su San
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

sususan

မန္တလေး ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းရှိ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်တု ဖျက်ဆီးခံရ MFP...
16/10/2021

မန္တလေး ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းရှိ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်တု ဖျက်ဆီးခံရ

MFP ၊ အောက်တိုဘာ - ၁၅

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို အောက်တိုဘာလ (၁၄)ရက် မနက် လေးနာရီ​ကျော်အချိန်က ဖျက်စီးခံခဲ့ရကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ် ၅၅ လမ်း၊ ၄၀ × ၄၁ လမ်းကြားရှိ ကျောင်းအရှေ့သို့ ကားများရောက်လာပြီး ကျောင်းဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ကာ လူ (၃၀)ဦးခန့်က ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျောင်းတိုက်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

" စုစုပေါင်း တစ်မိနစ်လောက်ပဲ ကြာသွားတယ်၊ သူတို့က တုတ်တွေ ဓားတွေနဲ့ ဝင်လာပြီး လုပ်သွားကြတာ၊ အပေါ်ပိုင်း အင်္ကျီဗလာတွေနဲ့လို့ သိရတယ်၊ ကြိုတင်ကြံစည်ထားတဲ့သဘောပဲ၊ လုပ်ပြီး ပြေးသွားကြတယ် အပြင်မှာက ကားတွေက အသင့်စောင့်နေတာ " ဟု နီးစပ်သူတစ်ဦးက ပြောဆိုသည်။

လမ်းဘေးတွင်ထားသည့်ရုပ်တုမဟုတ်ဘဲ သံဃာ၊ လူ အယောက် (၂၀၀)ဝန်းကျင်ခန့်ရှိသည့် ဘုန်းကြီးကျောင်းတိုက်တစ်ခုအတွင်း ဝင်ရောက်ကာ ဖျက်ဆီးသွားခြင်းမှ မိုက်ရိုင်းယုတ်ညံ့သည့် လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

‌လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တစ်ခုတွင် မည်သူမည်ဝါ မသဲကွဲသည့် လူတစ်စုက ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို တုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးနေသည်ကို တွေ့ရပြီး အနောက်ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု၏ ခေါင်းကို ဖြုတ်ရန် ဗီဒီယိုရိုက်ကူးနေသူက ညွှန်ကြားနေသည်ကို တွေ့ရသည်။

အချိန် (၂၉)စက္ကန့် ကြာမြင့်သည့် ယင်းရုပ်သံဖိုင်အရ " ခေါင်းကိုထု၊ အောက်ပိုင်းထု " စသဖြင့် ညွှန်ကြားနေသည့်အသံကို ကြားရပြီးနောက် " ရပြီ သွား သွား " ဟုဆိုကာ ထွက်ပြေးသွားကြသည်ကို တွေ့မြင်ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ၅ ပေ ၄ လက်မ အမြင့်ရှိ ပုံတူအင်္ဂတေရုပ်တုကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ဓာတ်ပုံ၊ ပေးပို့

#မန္တလေး #ဒေါ်အောင်ဆန်းစုကြည်ရုပ်တု #ကံတက်ကုန်းမစိုးရိမ်

အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်အောက်တိုဘာ၊ ၁၅ ရက်ပြည်ထောင်စုသမ္မ...
15/10/2021

အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်

အောက်တိုဘာ၊ ၁၅ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ၊
နိုင်ငံခြားရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၁၄ ရက်က အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကြေညာချက် တစ်ရပ်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူဗဟိုပြု ၍ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စံတန်ဖိုးများကို အခြေခံသည့် “လွတ်လပ် တက်ကြွသော နိုင်ငံခြားရေးမူဝါဒ “ ကို လက်ကိုင်ကျင့်သုံးပါကြောင်း၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် အစဥ်အလာ ချစ်ကြည်ရင်းနှီးမှု ကို ဆက်လက်ထိမ်းသိမ်းရေး ၊ နှစ်နိုင်ငံအကျိုးစီးပွား ရှိရေး ရှေးရှုကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို အခိုင်အမာရည်သန်ပါကြောင်း၊
ယခုအခါ အိမ်နီးချင်း နိုင်ငံအား ဆန့်ကျင်ပုန်ကန်လျက်ရှိသော လက်နက်ကိုင်အဖွဲ့အချို့ သည် အာဏာသိမ်း စစ်ကောင်စီ ၏ အကာအကွယ်ဖြင့် မြန်မာနိုင်ငံတွင်းအခြေချလျက် ရှိသည်ကို လည်းကောင်း ၊ စစ်ကောင်စီ တပ်များနှင့် ပူးပေါင်းလျက် ပြည်သူ့ကာကွယ်ရေး တပ်မတော်အား တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ကို လည်းကောင်း တွေ့ရှိရပါကြောင်း၊ တာဝန်သိ ဒေသတွင်းနိုင်ငံအစိုးရ တစ်ရပ်အနေဖြင့် နယ်စပ်ဒေသ အခြေခံအဆောက်အုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ၊ မူဝါဒများ ပြင်ဆင်ဆောင်ရွက်ရာတွင် နယ်စပ်ဒေသတည်ငြိမ် ရေးနှင့်လုံခြုံရေးကို ထိမ်းသိမ်းနိုင်ရေးကို အလေးထားကြောင်းထပ်လောင်းအတည်ပြုလိုပါကြောင်း၊ သို့ဖြစ်ပါ၍အမျိုးသားညီညွတ်ရေး အစိုးရသည် အိမ်နီးချင်းနိုင်ငံများအား ဆန့်ကျင် ပုန်ကန်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့အစည်းများအား မြန်မာနိုင်ငံအတွင်း အမှီပြု အခြေချခြင်းကို လက်ခံခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ် ----------...
13/10/2021

ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်
----------------------------

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့နှစ်ဦးကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထား၍ ချင်းမိုင်သို့ထွက်ပြေးသွားပြီဆိုသော သတင်းမှားတစ်ခု ဖြန့်ချိမှုများရှိနေသည်။

" ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏သတိပေးစာပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက် ရဲစခန်းမှူး Pol Col Manas Somprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်းရာနေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn Mae Sot တွင် ဖမ်းဆီးရန် ရှာဖွေရာ ချင်းမိုင်မြို့သို့ မီးရထားဖြင့် ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း" နှင့် မဲဆောက်ပို့စ် သတင်းစာမှသိရှိရလေဟန် သတင်းအရင်းအမြစ်အဖြစ်ပြထားသည်။

အဆိုပါ သတင်းစာဖြတ်ပိုင်းပုံစံတစ်ခုကို အာဏာသိမ်းတပ်၏ထုတ်ပြန်ချက်များ အဓိကထား ဖြန့်ဝေလေ့ရှိသည့် တပ်မတော် ချစ်မြတ်နိုးသူများ ဆုံဆည်းရာဆိုသည့် ဖေ့ဘုတ်စ်ဂရုတစ်ခု၊ လူပေါင်း ၁၂၀၅၃ဦး မှ subscribe လုပ်ထားသည့် Thazin Oo ဆိုသည့် Telegram channel က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ သတင်းမှား စီစစ်ရေး အဖွဲ့ Misinformation Buster Program က အချက်အလက်များတိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ရာ မဲဆောက်ရဲစခန်းမှူး Pol Col Manas Somprapan သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ဘန်ကောက်သို့ ရွှေ့ပြောင်းတာဝန်ချခံထားရသည်ကို မှတ်တမ်းများတွင်တွေ့ရသည်။

မဲဆောက်နှင့်ချင်းမိုင်ရထားပြေးဆွဲရန်အတွက် ရထားလမ်းလည်းမရှိပြန်ရာ NUG ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဦးရည်မွန်တို့ မည်သည့်နည်းနှင့်မျှ ရထားဖြင့်ခရီးသွား၍ရမည်မဟုတ်ပါ။

ထို့အပြင် မဲဆောက်ပို့စ်သတင်းဌာနဆိုသည်လည်း မရှိကြောင်းတွေ့ရသည်။

ထို့ကြောင့် မဲဆောက်မှ ချင်းမိုင်သို့ တိမ်းရှောင်နေသည့် ဒေါက်တာ ဇော်ဝေစိုးနှင့် ဦးရည်မွန်တို့နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ အကြမ်းဖက်မှုဖြင့် ဖမ်းဝရမ်းထုတ်သည်ဆိုခြင်းမှာ လုပ်ကြံဖန်တီးထားသည့် သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်လိုက်ရပါသည်။

MZ

NUG က ကာကွယ်ရေးဝန်ကြီးရဲ့ တောတွင်းနေထိုင်မှု အနုပညာ.....
11/10/2021

NUG က ကာကွယ်ရေးဝန်ကြီးရဲ့ တောတွင်းနေထိုင်မှု အနုပညာ...
..

Address

Padauk Street, Kyidaunggan
Naypyidaw

Telephone

+959791109117

Website

Alerts

Be the first to know and let us send you an email when Pobbathiri Directory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pobbathiri Directory:

Share