14/10/2020
လုပ်ငန်းအကြီးအသေးအလိုက် အသုံးပြုသင့်တဲ့ လိုဂိုအမျိုးအစား (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Symbol/ Icon
Symbol/ Icon ဆိုတာကတော့ သင်္ကေတပုံစံနဲ့ Logo မျိုးတွေဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး Logo တွေဟာ ရိုးရှင်းတယ်ဆိုပေမယ့် မြင်တဲ့သူတွေအတွက် အလွန်မှတ်မိလွယ်စေပါတယ်။ လူ့ရဲ့စိတ်ဟာရှုပ်ထွေးတဲ့အရာတွေထက် ရိုးရှင်းတဲ့အရာတွေကို ပိုပြီးမှတ်မိလွယ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးကြီးတစ်ခုတည်ထောင်မယ် စဉ်းစားရင်တော့ ဒီလိုမျိုး Logo ကို သုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဥပမာ ပြောရရင် Apple နဲ့ Mercedes-Benz တို့ရဲ့ Logo မျိုးတွေပါ။
(၂) Word Mark
Word Mark ဆိုတာကတော့ Company နာမည် ဒါမှမဟုတ် Brand နာမည်စာလုံးပေါင်းထားတာကို Logo အနေနဲ့ သုံးတာပါ။ Facebook, Sony, Disney တို့ရဲ့ Logo ကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ သူက အဓိက Fonts တွေကိုပဲကစားပြီး Logo ကို ဖန်တီးသွားတာပါ။ Fonts တွေကို ဘာမှထူးထူးခြားခြား မလုပ်ဘဲထားရင်တောင် သူ့ဟာနဲ့သူရိုးရှင်းတဲ့ Logo တစ်ခုအနေနဲ့ ကြည့်ကောင်းနေတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့ထိပ်တန်း company (၁၀၀) ရဲ့ ၃၇ % ဟာ Word Mark ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒီ Logo မျိုးဟာ Startup Business တွေ သုံးသင့်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ Brand နာမည်ကိုရော Logo ကိုရော တစ်ခါတည်းတွဲပြီး မှတ်မိစေလို့ ဖြစ်ပါတယ်။
(၃) Letter Mark
Letter Mark ဆိုတာက Word Mark နဲ့တော့ Typefaces သုံးတာချင်း နည်းနည်းဆင်ပါတယ်။ Typography က အဓိက နေရာမှာပါဝင်နေပါတယ်။ ဒါပေမယ့် သူကကျတော့ company နာမည် ဒါမှမဟုတ် brand နာမည်ရဲ့ အစစာလုံး၊ အတိုကောက် တွေကိုသုံးပြီး သင်္ကေတစ်ခုပုံစံမျိုးနဲ့ Logo တစ်ခုကို ဖန်တီးထားပါတယ်။ နာမည်ရှည်နေတဲ့ အခါမျိုး၊ နာမည်က ခေါ်ရခက်တဲ့အခါမျိုးမှာ Letter Mark ကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာပြရရင် Hewlett Packward (hp), Cable News Network (CNN), Federal Express (FedEx) တို့ပဲ ဖြစ်ပါတယ်။
(၄) Combination Mark
Combination Mark ဆိုတာကတော့ Symbol နဲ့ Word Mark တို့ကို ပေါင်းစပ်ထားတာပါ။ အဲ့ဒီနှစ်ခုကို တစ်ခုချင်းပဲ သုံးသုံး၊ နှစ်ခုလုံးအတူတူတွဲ သုံးသုံးအဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ သေချာဖန်တီးထားတဲ့ Combination Mark ဟာ သူ့မှာပါတဲ့ Symbol နဲ့ Word Mark ကို ခွဲထားထား၊ တွဲထားထား ကြည့်ရတာအဆင်ပြေပါတယ်။ Word Mark မပါတဲ့ Symbol ချည်းသက်သက် Logo တွေဟာ တစ်ခုနဲ့တစ်ခု ခပ်ဆင်ဆင်ဖြစ်လေ့ရှိတဲ့အတွက် Combination Mark ဟာ Trademark Registration တဲ့အခါမှာ ပိုပြီးလွယ်ကူစေပါလိမ့်မယ်။ ကမ္ဘာ့ထိပ်တန်း company (၁၀၀)ရဲ့ ၅၆ % ဟာ Word Mark ကို အသုံးပြုထားတယ်လို့ Tastyplacement.com က ဆိုပါတယ်။ ဥပမာအနေနဲ့ကတော့ Addidas, Microsoft, Walmart တို့ရဲ့ Logo တွေကို ကြည့်နိုင်ပါတယ်။
(၅) Emblem
Emblem ကတော့ company နာမည် ဒါမှမဟုတ် brand နာမည်ကို ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတာပါ။ စာလုံးရော၊ ဒီဇိုင်းရော ပါတာကြောင့် Combination Mark နဲ့ ဆင်ပေမယ့် တကယ်တမ်းကွဲပြားနေတာကို ယှဉ်ကြည့်ရင် တွေ့ရမှာပါ။ မတူတဲ့အချက်ကို ပြောပါဆိုရင် Emblem မှာ စာလုံးတွေရော ဒီဇိုင်းရောဟာ graphic တစ်ခုတည်းအနေနဲ့ တစ်သားတည်းဖြစ်နေပါတယ်။ Combination Mark မှာလိုမျိုး တစ်ခုချင်းစီခွဲသုံးလို့ အဆင်မပြေပါဘူး။ Starbucks, BMW နဲ့ Harley-Davidson Motorcycles တို့ကို ဥပမာအနေနဲ့ ကြည့်ရင် မြင်နိုင်ပါလိမ့်မယ်။
မိမိနှစ်သက်ရာ လိုဂို ဒီဇိုင်းများကိုလည်း BigDaddy Logo Creation မှအကောင်းဆုံးလက်ရာများဖြင့် ဝန်ဆောင်မှုပေးနေပါပြီ..