My Connex

My Connex Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Connex, Advertising/Marketing, No. 331, Aung Yadanar Street, 48(U9) Ward, .

12/09/2020
Marketing ကို နားလည်သဘောပေါက်မှ သင့်လုပ်ငန်းဟာသူများထက် ဈေးကွက်ထဲမှာ ခေါင်းတစ်လုံးမြင့်နေပါလိမ့်မယ်Marketing ကို လူတော...
02/09/2018

Marketing ကို နားလည်သဘောပေါက်မှ သင့်လုပ်ငန်းဟာ
သူများထက် ဈေးကွက်ထဲမှာ ခေါင်းတစ်လုံးမြင့်နေပါလိမ့်မယ်

Marketing ကို လူတော်တော်များများဟာ မီဒီယာတွေမှာ
ကြော်ငြာတာ အရောင်းမြှင့်တင်တာတွေနဲ့
ရောထွေးနေတတ်ပါတယ်။
တကယ်က အဲ့လုပ်ဆောင်ချက်တွေဟာ Marketing ရဲ့
အခွဲလောက်သာဖြစ်ပါတယ်။
Marketing ကို နားလည်သဘောပေါက်ရင် ( အထူးသဖြင့် customer ကို အဓိက ထားပြီး လှုပ်ရှားတာကို နားလည်သဘောပေါက်ရင်) သင့်လုပ်ငန်းဟာ တခြားသော ပြိုင်ဘက်တွေထက် ဈေးကွက်ထဲမှာ ခေါင်းတစ်လုံးသာနေပါလိမ့်မယ်။

Effective marketing ဆိုတာ
သင်ထုတ်လုပ်တတ်တဲ့ဟာ ထုတ်လုပ်နိုင်တဲ့ဟာကို
ရောင်းစွံအောင် အစွံထုတ်တဲ့ပညာမဟုတ်ဘူး။
အဲ့လိုရှုထောင့်က မြင်တဲ့သူတွေဟာ ( product-led )
ထုတ်ကုန်ဦးဆောင်မှုတွေကို ရည်ရွယ်ကြတယ်။
သူတို့က အရင်ဆုံး ထုတ်ကုန်ကို ဖန်တီးတယ်။
ပြီးမှ ဝယ်မဲ့ ဖောက်သည်ကို ရှာဖွေတယ်။
ဒါဟာEffective Marketing မဟုတ်ဘူး။
Selling နဲ့ Advertising သက်သက်သာဖြစ်တယ်။
အောင်မြင်ဖို့်ရာခိုင်နှုန်းဟာ ကျရှုံးနိုင်ခြေနဲ့ ဒွန်တွဲနေတယ်။

Marketing ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ဆိုတာ ဈေးကွက်က
လိုအပ်တာကို ရှာဖွေပြီးမှ ဈေးကွက်ထဲကို ပို့ပေးတာပါ။
ဒါဆို ဈေးကွက်ကို ဝယ်ဖို့် အတင်းတိုက်တွန်းစရာမလိုတော့ပါဘူး။ အဲ့လိုမျိုးနားလည်သူတွေဟာ ( customer-led) စားသုံးသူ ဦးဆောင်သူတွေ ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို
တုံ့ပြန်ပြီးထုတ်လုပ်တာနဲ့ သူတို့ဟာ ဈေးကွက်ကို အပိုင်သိမ်းပြီးသားပါပဲ။ အဲ့တော့ ဈေးကွက်က သူ့နောက်ကိုပြန်လိုက်ပါလိမ့်မယ်။ လုပ်ငန်းတစ်ခု မ စ ခင်မှာ အရင်ဆုံး ဈေးကွက်သုသေသန ( Market Research) ကို လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။ တခါတလေမှာ Market research စရိတ်တွေက
ကြီးတတ်ပေမယ့် ဒီစရိတ်ဟာ သင့်လုပ်ငန်းကို အမြတ်ငွေတွေ
ရှာပေးမယ်ဆိုတာ မှတ်သားထားပါ။

Marketing ရဲ့ရှုထောင့်တိုင်းကနေ အာရုံစိုက်ပါ။ Promotion ( အရောင်းမြှင့်တင်ခြင်း) နဲ့ Sale technique ( အရောင်းဗျူဟာ) တွေမှာပဲအာရုံစိုက်ဖို့ မဟုတ်ပါဘူး။ Customer ကို
ဆွဲဆောင်ဖို့လဲ အာရုံစိုက်ပါ။ Marketing နဲ့ပတ်သက်တဲ့
ပညာရပ် အားလုံးကို အာရုံစိုက်လိုက်တာနဲ့ effective marketing က သင့်လုပ်ငန်း ကို အကျိုးအမြတ်တွေ
သယ်လာမှာပါ။

အရင်ဆုံး Customer အပေါ်မှာ အာရုံစိုက်ပါ။
သင်ပေးချင်တဲ့ ထုတ်ကုန် ဟာ ဘယ် Customer အပေါ်မှာ Target ထားမှာလဲ ဘယ်အသက်အရွယ်လဲ ဘယ်အမျိုးအစားလဲ စတာတွေကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာပြီး သတ်မှတ်ပါ။

ပြီးရင်တော့ Customer ရဲ့ လိုအပ်ချက်ကို သုသေသန ပြုပါ။
သင့်ထုတ်ကုန်ဟာ လက်ရှိဈေးကွက်ထဲမှာ ရှိနေတယ်ဆိုလဲ ဘလိုလည်ပတ်နေလဲ ဘလို အခက်အခဲတွေ ဖြစ်နေတာလဲ ဆိုတာကို အရင်ဆုံးဖော်ထုတ်ပါ။ Business ဆိုတာ သူများအခက်အခဲကိုဖြေရှင်းပေးရင် အလွယ်အကူဆုံး ဈေးရောင်းနည်းဖြစ်လာမှာပါ။

အပေါ်က လိုအပ်ချက်ကို ဖော်ထုတ်ပြီး သင့်လုပ်ငန်းက
ပေးမဲ့ထုတ်ကုန်ကို လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်
ဒီဇိုင်းပြုလုပ်ပါ။ ဥပမာ ဈေးကွက်ထဲက အမျိုးသမီးတွေဟာ ထုတ်ပိုးမှုလှတဲ့ ပစ္စည်းတွေလိုအပ်တယ်ဆိုရင် ထုတ်ပိုးမှုကို Quality ကိုမြှင့်တင်ပေးပါ။

ပြီးရင်တော့ သင်ထုတ်လုပ်ထားတဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ဈေးကွက်ထဲကို ချပြပြီး ရောင်းချလိုက်ပါတော့။

Photo from google

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ကျရှုံးစေသည့် အကြောင်းများအသေးစား နှင့် အလတ်စား လုပ်ငန်း ၁၀ ခုမှာ ၆ ခုလောက်ကသာ ရေရှည်ရပ်...
26/08/2018

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ကျရှုံးစေသည့် အကြောင်းများ

အသေးစား နှင့် အလတ်စား လုပ်ငန်း ၁၀ ခုမှာ ၆ ခုလောက်ကသာ ရေရှည်ရပ်တည်သွားကာ အောင်မြင်နေလေ့ရှိပါတယ်။ ကျန်ရှိသော ၄ ခုလောက်ဟာ အလဲလဲအကွဲကွဲတွေဖြစ်ပြီး ကျရှုံးသွားလေ့ရှိပါတယ်။ လုပ်ငန်းရှင်ဖြစ်ဖို့ အိမ်မက် မက်သူတိုင်းဟာ ကျရှုံးသွားဖို့်ကို လုံးဝ စိတ်ကူးမထားကြပါဘူး။ မအောင်မြင်တဲ့လုပ်ငန်းဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဒီအခါမှာ ဘာကြောင့်ကျရှုံးလဲဆိုတဲ့ အကြောင်းအရင်းတွေကို လေ့လာစမ်းစစ်ကြည့်ပါ့မယ်။

၁။ လုပ်ငန်းစတည်ခဲ့သည့်ရည်ရွယ်ချက် မခိုင်မာခဲ့ခြင်း

လုပ်ငန်းတစ်ခုကျရှုံးရခြင်း အကြောင်းအရင်းတွေကို ခြေရာပြန်ကောက်တဲ့အခါ အများစုဟာ စတင်ခဲ့တုန်းက ချခဲ့တဲ့ရည်ရွယ်ချက်တွေမှားယွင်းခဲ့လို့၊ ရည်ရွယ်ချက်ကနေ သွေဖယ်သွားလို့၊ ရည်ရွယ်ချက်တွေ မခိုင်မာခဲ့လို့ပဲဖြစ်ပါတယ်။ သင်ဟာ ငွေတွေအများကြီးရဖို့ ရည်ရွယ်ပြီး လုပ်ငန်းကို စတင်ခဲ့တာလား။ ( သူဠေးတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်တာလား) ကိုယ်ဝါသနာပါတဲ့ အရာမိုလို့ လုပ်ငန်းတစ်ခု ဖြစ်အောင် အားထုတ်ကြိုးပမ်းခဲ့တာလား။ သူငယ်ချင်းတွေနဲ့ စကားစပ်မိပြီးမှ လုပ်ငန်း လုပ်ဖြစ်သွားတာလား။ အပေါ်က အကြောင်းအရာ အားလုံးဟာ မခိုင်မာတဲ့ အကြောင်းအရင်းတွေပါပဲ။ အိမ်မက်ကြီးကြီး မက်ပြီး လုပ်ငန်းတစ်ခုကို စတာ အကောင်းဆုံးပါ။ လုပ်ငန်းနဲ့ပတ်သက်တဲ့ Vission တွေ Mission တွေကို စနစ်တကျ ချမှတ်ပြီးတော့မှ လုပ်တာ သင့်လုပ်ငန်းကို ရေရှည်တည်တံ့စေမှာပါ။ တစ်ခုသတိထားရမှာက အဲ့ရည်ရွယ်ချက်တွေကို စာသား အဖြစ်မထားမိဖို့နဲ့ လက်တွေ့ကျင့်သုံးဖို့ ပါပဲ။

၂။ ညံ့ဖျင်းသော စီမံခန့်ခွဲမှု

လုပ်ငန်းငယ်အများစုဟာ သူတို့ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု ကြောင့်ပဲ ကျရှုံးသွားတာ အများကြီးပါ။ အများစုသော လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုမှာ လုံလောက်တဲ့ ကျွမ်းကျင်မှု အတွေ့အကြုံမရှိပါဘူး။ ဝန်ထမ်းဘဝ ကနေ လုပ်ငန်းတည်ထောင်သူဆိုရင်လဲ coperate နဲ့ small business ရဲ့ စီမံခန့်ခွဲမှု ကွဲပြားပုံကို လျစ်လျူရှုထားပြီး အဆင်ပြေသလို လုပ်လိုက်လေ့ရှိပါတယ်။ အဆိုးဆုံးကတော့ စီမံခန့်ခွဲမှုမှာ ဆရာခို မရှိပါဘူး။ လူတစ်ယောက်ဟာ နေရာစုံမှာ မကျွမ်းကျင်ပါဘူး။ HR၊ Marketing၊ Account စတဲ့ နယ်ပယ်စုံကို အဆင်ပြေသလို ( တစ်ခါတစ်လေ တစ်ဦးတစ်ယောက်တည်းနဲ့) လုပ်ဆောင်ကြပါတယ်။ အဲ့အခါမှာ နေရာစုံလစ်ဟင်းမှုတွေ ဖြစ်သွားပါတယ်။ အဲ့တော့ ပြင်ပက ကျွမ်းကျင်သူတွေ ရဲ့ အကူအညီကို ရယူပါ။ ငွေကြေးအားဖြင့် ကုန်ကျပေမယ့် သင့်လုပ်ငန်းအတွက်တော့ အတော်လေး အထောက်အကူပြုမှာပါ။

၃။ ငွေရေးကြေးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း

ငွေရေးကြေးနဲ့ ပတ်သက်ပြီး အထိန်းအကွပ်မဲ့ခြင်းဟာ လုပ်ငန်းတွေကို အစောဆုံး ကျရှုံးသွားစေပါတယ်။ ပထမဆုံး ရန်ပုံငွေမထားရှိခြင်းနဲ့ မလုံလောက်ခြင်းဟာ အပြင်းစား ထိုးနှက်ချက်တစ်ခုပါ။ လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းမတည်ဖို့ ငွေဘယ်လောက်လိုအပ်တယ် ဘယ်လောက်ရန်ထားရမယ် စတာကို နားလည်မထားကြပါဘူး။ ရလဒ်အနေနဲ့ကတော့ လုပ်ငန်းတွေကို ကျရှုံးသွားစေတာပါပဲ။ ဒုတိယ အနေနဲ့ကတော့ အသုံးစရိတ်ပိုင်းပါ။ ကိုယ်ပိုင် အသုံးစရိတ်နဲ့ လုပ်ငန်းအသုံးစရိတ်ကို စနစ်တကျ ခွဲခြားထားပါ။ ဒီကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးဖို့ တော်တော်လေးခက်ခဲပါတယ်။ မိမိကိုယ်ကို လခ တစ်ခုသက်မှတ်ထားတာ အကောင်းဆုံးပါပဲ။ နောက်ဆုံး သင်ခန်းစာကတော့ financial plan ချမထားတာပါပဲ။ လုပ်ငန်း ဘယ်လောက်အမြတ်ထွက်သင့်တယ်။ အသုံးစရိတ်တွေဘာတွေရှိမယ်။ စတာတွေကို စနစ်တကျ ကြိုတင် plan ချထားပြီး လုပ်ဆောင်တာအကောင်းဆုံးပါ။

၎။ Business plan စနစ်တကျ ရေးဆွဲမထားခြင်း

စေ့စပ်သေချာပြီး စနစ်ကျတဲ့ plan တစ်ခု ရေးဆွဲမထားပဲ မျက်ကန်းလမ်းလျှောက် လုပ်ဆောင်နေတဲ့ business တိုင်း လဲကျသွားမယ်ဆိုတာ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတိုင်း နားလည်ထားကြပါတယ်။ လုပ်ငန်းက ဘယ်ကို ဦးတည်မှာလဲ။ ဝန်ထမ်းဘယ်လောက်ခန့်ထားမှာလဲ။ Marketing plan ဘလိုချမလဲ။ ခန့်မှန်းအထွေထွေအသုံးစရိတ်ဘယ်လောက်ထားမှာလဲ။ တစ်နှစ်အမြတ်ဘယ်လောက်ရအောင်ရည်ရွယ်မှာလဲ စတာတွေကို စနစ်တကျ လေ့လာစမ်းစစ်ပြီး plan တစ်ခု ချမှတ်ထားသင့်ပါတယ်။

၅။ Trend ကိုမလိုက်နာခြင်း

Business လောက မှာ Trend ဆိုတာ မျက်ကွယ်ပြုလို့မရပါဘူး။ ကိုယ့် product or service ဟာ ခေတ်နောက်ကျနေပြီဆိုရင် အပြောင်းအလဲကို လက်ခံသင့်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်တဲ့ marketing trend တွေ production နဲ့ပတ်သက်တဲ့ trend ဖြစ်တဲ့ နည်းစနစ်တွေဟာလဲ ထို့အတူပါပဲ။ ကိုယ့်လုပ်ငန်းဟာ ကိုယ့်ပြိုင်ဘက်တွေထက် ရှေ့မရောက်ရင်တောင် ခေတ်နောက်မှာ အများကြီးပြတ်ကျကျန်နေတာ ကောင်းမွန်တဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ဒါဟာ မိရိုးဖလာ လုပ်ငန်းအများဟု ဇာတ်သိမ်းသွားရတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။

Photo from google

အသေးစားနဲ့ အလတ်စားလုပ်ငန်း တစ်ခုစတဲ့အခါ အရင်းအနှီး ဘယ်ကရမလဲကိုယ်ပိုင်ရင်းနှီးမြှပ်နှံမှု ( own investment)ကိုယ့်လုပ်ငန်း ...
23/08/2018

အသေးစားနဲ့ အလတ်စားလုပ်ငန်း တစ်ခုစတဲ့အခါ
အရင်းအနှီး ဘယ်ကရမလဲ

ကိုယ်ပိုင်ရင်းနှီးမြှပ်နှံမှု ( own investment)

ကိုယ့်လုပ်ငန်း ကိုယ်လုပ်တာ ကိုယ်မရင်းနှီးလို့ ဘယ်သူရင်းနှီးမလဲ။ ဟုတ်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ အများစုသော
လုပ်ငန်းတည်ထောင်သူတွေဟာ ရင်းနှီးမြှပ်နှံရမှာ
ကြောက်တတ်ကြပါတယ်။ အဆိုးဆုံးက ကိုယ့်လုပ်ငန်းမှာ
ကိုယ်ရင်းနှီးဖို့နှမြောနေတာပါပဲ။ ရင်းနှီးမြှပ်နှံမှုတိုင်းမှာ
ထိုက်တန်တဲ့ ပြန်ရချက်ရှိပါတယ်။ ငွေသားမရှိရင်တောင် မိမိ
ပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို ပေါင်နှံပြီး လုပ်ကိုင်ရပါတယ်။
ကိုယ့်လုပ်ငန်းမှ ကိုယ်တိုင်မှ မရင်းနှီးရဲရင် တခြားသော ရင်းနှီးမြှပ်နှံမှုကို ရဖို့ ပိုခက်ခဲပါလိမ့်မယ်။

ချစ်ရသူတွေဆီက ရင်းနှီးမြှပ်နှံမှု ( love investment)

ကိုယ့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်ထောင်ဘက်၊ သူငယ်ချင်း စတဲ့သူတွေဆီက ရင်းနှီးမြှပ်နှံမှု ချေးငွေပါ။ ကိုယ့်လုပ်ငန်း အမြတ်ထွက်ရင် ထွက်သလောက် ကျေးဇူးတရားနဲ့ ပြန်ဆပ်သင့်တယ်ဆိုပေမယ့် ယုံကြည်မှုအပေါ်မှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် စည်းကမ်းတစ်ခု သတ်မှတ်ပြီး ပြန်ဆပ်ပါ။ ရင်းနှီးတဲ့သူတွေဆိုတာမှန်ပေမယ့် စာချုပ်စာတမ်းနဲ့ ချေးတာ ရင်းနှီးမြှပ်နှံတာအကောင်းဆုံးပါ။ ခင်မင်ရင်းနှီးသူတွေနဲ့ ရင်းနှီးမြှပ်နှံမှုလုပ်တဲ့အခါ အရေးအကြီးဆုံးကတော့ လေးလေးစားစားဆက်ဆံဖို့ပါ။

အသေးစားချေးငွေလုပ်ငန်း ( small loan )

အသေးစားငွေချေးလုပ်ငန်းတွေ အားကောင်းလာတာဟာ သင့်အတွက် လုပ်ငန်းရှင်အိမ်မက်ကို ပိုအထောက်အကူပေးပါတယ်။ အသေးစားဆိုတဲ့အတိုင်း အစပိုင်းမှာ ချေးငွေ အနည်းငယ်သာ ရပါတယ်။ အချိန်ကြာလာတဲ့အခါကျမှ အတော်အသင့်ပမာဏကို ရရှိမှာဖြစ်ပါတယ်။ နစ်ခုသတိထားရမှာက ဒီလုပ်ငန်းတွေဟာ အရစ်ကျ ဆပ်ရတဲ့ အမျိုးအစားတွေများတဲ့အတွက် မှန်မှန်ကန်ကန်နဲ့ ဆပ်ဖို့ရယ် စိတ်ရှည်ဖို့ရယ်တော့ လိုအပ်ပါတယ်။

အစိုးရ ချေးငွေ ( government loan)

အစိုးရချေးငွေဟာ အများအားဖြင့်တော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေပဲ ရလေ့ရှိပါတယ်။ social နဲ့ဆိုင်တဲ့ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ ဆိုလဲ ရလေ့ရှိပါတယ်။ သင်ဟာ အစိုးရဆီက ချေးငွေယူပြီဆိုရင်တော့ သင်တစ်ခု မှတ်ထားရမှာက သင့်လုပ်ငန်းဟာ အသေးစား ဥပဒေကိုတောင်မှ ချိုးဖောက်လို့မရတော့ဘူးဆိုတာပါပဲ။ ဒါ့အပြင် လူမှုအကျိုးပြုလုပ်ငန်းတွေလဲ လုပ်ပေးဖိုလိုအပ်ပါသေးတယ်။ သင်ဟာ ဒါတွေကို လိုက်နာနိုင်တယ်ဆိုရင်တောင်မှ အစိုးရဆီက ချေးငွေရဖို့ မလွယ်ကူသေးပါဘူး။ အသေးစိတ်ရှင်းပြထားတဲ့ ပရော့ဂျက်ပုံစံတွေ၊ စီးမံခန့်ခွဲသူတွေရဲ့ ကျွမ်းကျင်မှုတွေ စတာတွေကို အသေးစိတ်ပြင်ဆင်သွားရပါမယ်။

ဘဏ်ချေးငွေ ( bank loan)

ဘဏ်ချေးငွေဆိုတာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အသုံးများတဲ့ ချေးငွေပုံစံတစ်ခုပါ။ ဘဏ်ကနေ ချေးငွေပုံစံအမျိုးမျိုးရှိတဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမဲ့ ပုံစံကိုရွေးချယ် ဖို့ကလဲ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ်နဲ့အဆင်ပြေမဲ့ဘဏ်ကိုရွေးချယ်နိုင်မှသာ ရေရှည်လက်တွဲလို့အဆင်ပြေနိုင်မှာပါ။ တစ်ခုမှတ်ထားရမှာက ဘဏ်တွေဟာ ခိုင်မှာတဲ့ Business plan နဲ့ စနစ်တကျ ပြင်ဆင်တွက်ချက်ထားသူတွေကိုသာ ရင်းနှီးမြှပ်နှံလေ့ရှိပါတယ်။

Photo from internet

အသေးစားလုပ်ငန်းတွေအတွက် Marketing Strategy များMarketing ရဲ့ အဓိက ပန်းတိုင်ကတော့ သင့်လုပ်ငန်းကပေးချင်တဲ့Value တွေကို tar...
19/08/2018

အသေးစားလုပ်ငန်းတွေအတွက် Marketing Strategy များ

Marketing ရဲ့ အဓိက ပန်းတိုင်ကတော့ သင့်လုပ်ငန်းက
ပေးချင်တဲ့Value တွေကို target Customer တွေနဲ့
ဆက်သွယ်ပေးတာပါပဲ။
ဒီတော့ အရေးကြီးတာက ကိုယ်ပေးချင်တဲ့ Value ကဘာလဲ၊
Target Customer တွေအကြောင်း
အဲ့နှစ်ခုကို တိတိကျကျသိဖို့လိုပါတယ်။
ကိုယ်ရဲ့စားသုံးသူတွေဟာ
*ဘယ်မှာ နေထိုင်ကြတာလဲ ( demographic data)
*ဘာကြောင့် သင့် product or service ကို လိုအပ်တာလဲ ( feeling on your product or service)
*သင့် product or service ကို သုံးဖို့ ဆုံးဖြတ်တဲ့အခါ
ဘာကို ကြားမြင် နားထောင်မိသလဲ ( how to decide)
*ဘာအတွက် social media ကိုသုံးနေကြတာလဲ
( for what)
စတာတွေကို အရင် လေ့လာစမ်းစစ်သင့်ပါတယ်။
အပေါ်ကမေးခွန်းတွေရဲ့အဖြေအပေါ်မူတည်ပြီးမှ ဘယ်လို Marketing strategy ကို သုံးမလဲ စဉ်းစားရပါမယ်။

၁။ Digital ဗဟိုပြု Marketing

ပထမဆုံးမှတ်ထားရမှာက Digital marketing ဟာ Social media marketing မဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်တဲ့ Digital channel တွေကိုရွေးချယ်တတ်ရပါမည်။ Digital ပေါ်မှာပဲ Sale နဲ့ Awareness တွေကို အဓိက ဖန်တီးမှာလား ကိုတော့ ကိုယ့်လုပ်ငန်းရဲ့ customer အပေါ်ပဲ မူတည်ပါလိမ့်မယ်။

၂။ offline marketing

Sample ပေးတာ၊ flyer ဝေတာ၊ အမှတ်တရပစ္စည်းပေးတာ စတာတွေဟာ ခေတ်ဘလိုပြောင်းပြောင်း အသက်ဝင်နေဦးမှာပါပဲ။
Event တွေ စီစဉ်ပေးတာကလဲ customer တွေနဲ့ ရင်းနှီးမှု ရစေလို့ မလုပ်ပဲနေတာမျိုးတော့ မနေသင့်ပါဘူး။

၃။ အခြား business နဲ့ လက်တွဲခြင်း

ပြိုက်ဘက်နဲ့ လက်တွဲတာမျိုးကိုပြောတာမဟုတ်ပါဘူး။ ကိုယ့်နဲ့ တွဲဖက်လို့အဆင်ပြေမဲ့ အခြား business တစ်မျိုးမျိုးနဲ့ လက်တွဲပြီး လုပ်တာမျိုးကို ဆိုလိုပါတယ်။ ဒါဟာ customer range ကို လွယ်လွယ်ကျယ်ပြန့်စေသလို ကိုယ့် image ကိုလဲ တက်စေပါတယ်။

၎။ Customer ကို အကြံဥာဏ်ပေးခြင်း

လူတိုင်းဟာ product/service တွေနဲ့ပတ်သက်ပြီး မျက်လုံးမှိတ်မရွေးချယ်ချင်ပါဘူး။ ကိုယ်က single line product မဟုတ်ရင်တော့ ပိုအဆင်ပြေပါတယ်။

အခြားအသုံးပြုနေတဲ့ Marketing ဗျူဟာတွေလဲ ရှိပါတယ်။ ဒီဟာတွေကတော့ Trend ဖြစ်နေတာတွေကို အသုံးပြုစေချင်တာကြောင့်ပါ။

Photo from google

Day 2 မှာ ပြည်ထောင်စု ဝန်ကြီးများက မိမိတို့ရဲ့ startup လုပ်ငန်း များကိုအားပေး ကြည့်ရှု့သဖြင့် ဝမ်းသာဂုဏ်ယူမိပါတယ်။
04/08/2018

Day 2 မှာ ပြည်ထောင်စု ဝန်ကြီးများက မိမိတို့ရဲ့ startup လုပ်ငန်း များကိုအားပေး ကြည့်ရှု့သဖြင့် ဝမ်းသာဂုဏ်ယူမိပါတယ်။

04/08/2018

3rd Myanmar Entrepreneurs Carnival 2018
"တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင်ခြင်းများအတွက် မြန်မာစွန့်ဦးတီထွင်ပွဲတော်" မှာ ပါဝင်​ပြသခွင့်​ ရတဲ့အတွက်​ အတိုင်းမသိ ဝမ်းသာ​ပျော်​ရင်​ရပါတယ်​။
My Connex ရဲ့ Services ​တွေအ​ကြောင်းကို အသေးစိတ်သိရှိလိုပါက Ph: 099699399446 , 099699399447, 099699399448, 099699399449 တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

No. 331, Aung Yadanar Street, 48(U9) Ward

11421

Website

Alerts

Be the first to know and let us send you an email when My Connex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Connex:

  • Want your business to be the top-listed Advertising & Marketing Company?

Share