INLE LOOM

INLE LOOM Where Threads Tell Stories

✨Inle Ikat Fabrics at the International Exhibition ✨အင်းလေးဇင်းမယ်အထည်တွေကို ပြည်တွင်း ပြည်ပပြပွဲတွေမှာ ပြသနိုင်ခဲ့ပြီဖြ...
12/08/2025

✨Inle Ikat Fabrics at the International Exhibition ✨

အင်းလေးဇင်းမယ်အထည်တွေကို ပြည်တွင်း ပြည်ပပြပွဲတွေမှာ ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရောင်အသွေးစုံစုံလင်လင် ဖန်တီးထုတ်လုပ်နိုင်ဖို့ ဦးဆောင်မှုကောင်းကောင်းနဲ အင်းလေးရဲ့ အနုပညာလက်ရာများကို ပြန်လည်ဖော်ဆောင်ပေးခဲ့သူများအားလုံးကို အင်းလေးယက္ကန်းအသိုက်အဝန်းမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။

ပုံပါ အင်းလေးဇင်းမယ်အထည်တွေကို Interior Design အတွက် ၂/၂၀ချည်ကို အသုံးပြုရက်လုပ်ထားတာပါ။ အင်းလေးရဲ့ အရင်မူလဇင်းမယ်အထည်တခုကနေရရှိခဲ့တဲ့ ဒီဇိုင်းတွေကို အခြေခံပြီးတော့ အရောင်အသွေးစုံလင်အောင် ဖန်တီးခဲ့ကြပြီး ၂၀၂၄ ခုနှစ်က ပထမဆုံး လန်ဒန်မှာပြသခဲ့ကြပါတယ်။ နောက် ပြင်သစ်နှင့် တိုကျိုမှာ ဆက်လက်ပြသခဲ့ပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုများလည်း ရရှိခဲ့ကြပါတယ်ရှင့်။

အင်းလေးရဲ့ ရိုးရာအမွေအနှစ်တခုကို ကောင်းမွန်ပြည့်စုံတဲ့ အရည်အသွေးတွေနဲ နိုင်ငံတကာစင်မြင့်ကို ယူဆောင်သွားနိုင်ပြီဆိုတာ ဂုဏ်ယူစွာ ဖော်ပြလိုက်ရပါတယ်ရှင့်။

🙏ပုံများကို ကူးယူသုံးစွဲခွင့်မပြုပါရှင့်

အင်းလေးဇင်းမယ်_ Inle Ikat 🧶ဒီနေ့မှာ လူသိများတဲ့ အင်းလေးဇင်းမယ်အထည်လေးအကြောင်းပြောပြပေးချင်ပါတယ်။ အင်းလေးဇင်းမယ် (သို့) I...
23/07/2025

အင်းလေးဇင်းမယ်_ Inle Ikat 🧶

ဒီနေ့မှာ လူသိများတဲ့ အင်းလေးဇင်းမယ်အထည်လေးအကြောင်းပြောပြပေးချင်ပါတယ်။ အင်းလေးဇင်းမယ် (သို့) Inle Ikat ဆိုတာနဲ အင်းလေးရေပြင်ပေါ် တည်ဆောက်ထားတဲ့ ပျဉ်ထောင်အိမ်ကြီးနဲ လက်ခတ်သံမစဲတဲ့ ရက်ကန်းရုံကြီးတွေကို အရင်ဦးဆုံး မြင်ယောင်မိကြမှာပါ။ အဲဒီမှာကျွမ်းကျင်တဲ့ ရက်ကန်းခတ်သမတွေနဲ လှပပြီးအရောင်အသွေးစုံလင်တဲ့ ပိုး၊ ချည်၊ ဖဲ ဇင်းမယ်အထည်တွေအပြင် အင်းလေးမှာ ဂုဏ်ယူစွာ ထုတ်လုပ်တဲ့ ကြာချည် အထည်လေးတွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

အင်းလေးဇင်းမယ် (သို့) Inle Ikat အကြောင်းကို ဆက်ရရင် ဒါက အင်းလေးမှာ ဘယ်လို အခြေတည်ခဲ့တာလဲကနေ စပြောရပါလိမ့်မယ်။ ၁၉၃၀ ခုနှစ်လောက်မှာ အင်းလေး အင်းပေါခုံရွာနေ ဦးဘိုးဟန်တို့သူငယ်ချင်းနှစ်ယောက်က စည်းလုံချည် (Tie-dye) အတတ်ပညာကို ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်သင်ယူခဲ့ကြပြီး သင်ယူလာတဲ့ပညာကို ရွာမှာ ပြန်လည်မျှဝေပေးခဲ့တာပါ။

ဇင်းမယ်လုံချည်လို့ နာမည်ပေးရခြင်းမှာ ကမ္ဘောဒီးယားမှ အပြန် ထိုင်းနိုင်ငံ ဇင်းမယ်ဒေသကိုဖြတ်ပြန်ခဲ့တာကို အမှတ်ရပြီး ပေးခဲ့တာလို့ ဆိုပါတယ်။ ထိုခေတ် ထိုအချိန်က ဖန်တီးခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဇင်းမယ်အထည်ဒီဇိုင်းတွေကို ဖန်တီးသူတွေရဲ့ နာမည်လေးတွေနဲ မှည့်ခေါ်ခဲ့ကြပါသေးတယ်။ (ဒီအကြောင်းကိုလည်း နောက်ဆက်ရေးမှာမလို့ စောင့်မျှော်ပေးကြပါဦးနော်)

အခုဆိုရင် မျိုးဆက် ၄ဆက်တိုင် ဆက်လက်ထိန်းသိမ်းနေကြဆဲဖြစ်သလို အင်းပေါခုံရွာရဲ့ အဓိကအသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဆိုလည်း မမှားပါဘူး။ အင်းလေးဇင်းမယ်ထုတ်လုပ်မှုရဲ့ မူရင်းရွာလေးဖြစ်တဲ့ အင်းပေါခုံရွာလေးဟာ ရွာနီးနားချင်းတွေကိုပါ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ ရပ်တည်လို့ရတဲ့ ရိုးရာလက်ရက်ကန်းပညာကို ဝေမျှပြီးတော့ ဆက်လက်ပြန့်ပွါးရှင်သန်စေကြပါတယ်။

အင်းလေးဇင်းမယ် လက်ရက်ကန်းပညာကို စတင်အုတ်မြစ်ချပေးခဲ့သူ ဦးဘိုးဟန်နှင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နေသူများ အားလုံးကို လေးစားဂုဏ်ယူစွာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။

INLE LOOM

Address

Inle
Nyaungshwe

Website

Alerts

Be the first to know and let us send you an email when INLE LOOM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share