Golden Dragon King Real Estate Company Ltd - Reg No.131413718

Golden Dragon King Real Estate Company Ltd - Reg No.131413718 လူကြီးမင်းတို့ အိမ်၊ခြံ၊မြေ အတွက်~တ?

ပါမစ်  #အတု ရဲ့ အင်္ဂါရပ်လေးတွေဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။♦အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်...
20/08/2022

ပါမစ် #အတု ရဲ့ အင်္ဂါရပ်လေးတွေ
ဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။

♦အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်းလိုက်နဲ့ သူ့ဘာသူတော့လည်ပတ်နေတာပါဘဲ။
အခြားမြေအမျိုးအစားတွေထက်လဲ အရောင်းသွက်တဲ့ မြေအမျိုးအစားတစ်ခုဖြစ်နေပါတယ်။
အဲ့တော့ အရောင်းသွက်တဲ့ မြေတစ်ခုဖြစ်တဲ့ပါမစ်မြေကို အဝယ်မမှားအောင် သိထားစေချင်ပါတယ်။

♦အတု ကိုအကြမ်းအားဖြင့် (၃) မျိုး ရှိပါမယ်။

♦ နံပတ် (၁)အနေနဲ့ကတော့ လုပ်ရိုးလုပ်စဥ်အတိုင်း စာရွက်အတုရိုက်၊ တံဆိပ်အတုထု၊ လက်မှတ်အတုထိုး ထားတဲ့ ပါမစ်မျိုးဖြစ်ပါတယ်။

♦ နံပတ်(၂)အနေနဲ့ကတော့ မြို့နယ်မြေနဲ့အခွန်ဌာနခွဲမှာ စာရင်းမဝင်သေးရင် ခေတ်အခေါ် အင်ထရီ မဝင်သေးရင် လက်ထဲမှာ ပါမစ်က (၂ )ခုရှိတတ်တယ်လို့ဆိုပါတယ်။ ဒီအခါမှာ တစ်စောင်က မသမာသူလက်ထဲရောက်သွားခဲ့ရင် နှစ်ခါရောင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်အင်ထရီ ဝင်/မဝင် အသေအချာ စစ်ကြခြင်းဖြစ်ပါတယ်။

♦ နံပတ်(၃)အမျိုးအစားက​​​တော့ မိတ္တူကူး ၊ Scan ဖတ်ခြင်းပါ။ အိီလက်ထရောနစ် စက်ပစွည်းတွေ
ခေတ်မှီတိုးတက်လာတဲ့အတွက် မူရင်းနဲ့မခြား မိတ္တူပွားတဲ့သဘောပါ။ ဒါပေမဲ့ထူးခြားတာက မူရင်းစာရွက်နဲ့ မတူတဲ့အချက်ပါ။ စာရွက်သားမတူသလို မင်ကျမင်န လည်းမတူပါဘူး။ ဒါပေမဲ့ အမှတ်တမဲ့ဆို မခွဲနိုင်ပါဘူး။

♦ မကြာခဏလည်း ရောင်းမှားဝယ်မှား ဖြစ်ကြပါတယ်။ တစ်ခါတစ်လေလည်း မြေကွက်ရှင်တစ်ဦးဦးကို မိတ္တူပေးပြီး ရောင်းပေးဖို့အပ်ထားရာက
သူလည်းရောင်း၊ ကိုယ်လည်းရောင်း ဆုံတတ်လို့မိတ္တူနဲ့စပ်တဲ့သူကို အတုရောင်းတယ်လို့လည်း မှားတတ်ကြပါတယ်။

မှားတတ်တာတွေကတော့ အများကြီးရှိပါတယ်။
သို့သော် ယခုဖော်ပြသော အကြောင်းအရာ အပေါ်မှာ ရောင်းမှားဝယ်မှား မဖြစ်ကြစေရန်
သိထားစေလိုပါသည်။

Crd - ဒေါ်မေသူ(အထက်တန်းရှေ့နေ)

GP နှင့် SP ခြားနားခြင်း သိကောင်းစရာ======================GP ( General Power )အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး...
15/08/2022

GP နှင့် SP ခြားနားခြင်း သိကောင်းစရာ
======================

GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )

အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့ မရပါ။

- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ...
10/08/2022

ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

စာ သား - စီ အာ ဒီ

🙏 မင်္ဂလာပါ ခင်ဗျ 🙏  📣 ပုသိမ်မြို့ ၆ရပ်ကွက် နှစ်ထောင်တန် ၄လမ်းမကြီးပေါ် ကုလားကုန်းစျေးကြီးအနီးတွင် မျက်နှာစာ ၂၅ပေ နောက်၁...
08/08/2022

🙏 မင်္ဂလာပါ ခင်ဗျ 🙏
📣 ပုသိမ်မြို့ ၆ရပ်ကွက် နှစ်ထောင်တန် ၄လမ်းမကြီးပေါ် ကုလားကုန်းစျေးကြီးအနီးတွင် မျက်နှာစာ ၂၅ပေ နောက်၁၀၀ပေ၊ဂရမ်မြေ (၀.၀၅၈) အကျယ်အဝန်းအား အရမ်းတန်တဲ့စျေးလေးနဲ့ရောင်းပေးပါ့မယ်ခင်ဗျ။💯အဆောက်အဦး ကောင်းမွန်ခြင်း
💯အရှုပ်အရှင်းကင်းခြင်း
💯ရပ်ကွက်အေးချမ်းခြင်း
💯မြို့ထဲသို့နီးခြင်း၊ဘုရားကျောင်းကန်နီးခြင်း
စျေးနှုန်းကလဲ အရမ်းတန်နေတော့ မြန်မြန်သာဝယ်ထားလိုက်ပါတော့လို့ တိုက်တွန်းပါရစေ😍😘🙏
💵💸💰သိန်း ၉၀၀$$$ 💵💰💸

📣စိတ်ဝင်စားပါက စျေးနှုန်းညှိနှိုင်းပေးပါ့မယ်ခင်ဗျ🙏
ကိုဇမုန်းအောင်
09784443768/09444825586
Golden Dragon King Company

27/07/2022

လယ်ယာမြေမှန်းမသိပဲ ဝယ်လိုက်မိပါတယ်။

အိမ်ဆောက်ချင်လို့စုံစမ်းတော့ တခြားနည်းသုံးစွဲခွင့် လျှောက်ရမယ်လို့သိရပါတယ်။ ဘာတွေဆောင်ရွက်ရမှာလဲ လုပ်ငန်းစဉ်ကဘာတွေလဲ သိပါရစေ။

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စ

လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး၍ လယ်ယာမြေဥပဒေပုဒ်မ ၂၉ /၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တည်ဆောက်ရန်လိုအပ်ပါသည်။

မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၏ အဆင့်ဆင့် ထောက်ခံမှုအရ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်လိုအပ်ပြီး၊ လယ်ယာမြေ ဖြစ်ပါက နေပြည်တော်ကောင်စီ သို့မဟုတ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန်သာ လိုအပ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ -၂၉ / ၃၀ (က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်သည့် အခါတွင် လျှောက်ထားသူများ အနေဖြင့် အောက်ပါစာရွက်စာတမ်း၊ အထောက်အထားများအား ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်မည်ဖြစ်သည်။

(က) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄၊

(ခ) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊

(ဂ)ပတ်ဝန်းကျင်ပြ မြေပုံ၊

(ဃ) မြေတည်ရှိရာ အခြေပြမြေပုံ 𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 𝕄𝕒𝕡၊

(င) ဆိုက်ပလင်:၊ site plan

(စ) ဓာတ်ပုံမှတ်တမ်းများ၊

(ဆ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊

(ဇ) ရပ်ကွက်၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်၊

(ဈ) လျှောက်ထားသူ၏ ဝန်ခံချက်၊

(ည) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊

(ဋ) လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)၊

ထို့ကြောင့်

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များအနက်

လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ကို ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြကြရပြီး

လယ်မြေမဟုတ်သောအခြား လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅-က) ကိုသာ နေပြည်တော်ကောင်စီသို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ထုတ်ပေးပိုင်ခွင့် ရှိသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလိုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ၊ လယ်မြေမဟုတ်သော အခြားလယ်ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားကြ ရမည်ဖြစ်သည်။

Credit - Yuzanarland
ပြန်လည်ကူးယူဖော်ပြပါသည်။

06/07/2022

#မြေအမျိုးအစားကိုအလွယ်တကူသိစေရန်

မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်

၁။ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်

၂။ ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်

၃။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်

၄။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီးတော့

၅။ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း

ဘာမြေအမျိုးအစားဖြစ်နိူင်တယ်

၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား

၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်

ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊

ကျနော်လည်း စုပီးသားဖြစ်သွားအောင်

သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပြီး

ပထမတန်းစားဆိုရင် R1

ဒုတိယတန်းစားဆိုရင် R2

တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3

တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

Credit Sayar Gyi U KYI SOE IC

📣မင်္ဂလာပါ ခင်ဗျ 🙏 🌟လမ်းကောင်းကောင်း အချက်အခြာကျတဲ့နေရာလေး🌟လူစည်ကားတဲ့ရပ်ကွက်မှာ စားသောက်ဆိုင်၊ စတိုးဆိုင်၊အလှပြင်ဆိုင်၊...
02/07/2022

📣မင်္ဂလာပါ ခင်ဗျ 🙏
🌟လမ်းကောင်းကောင်း အချက်အခြာကျတဲ့နေရာလေး
🌟လူစည်ကားတဲ့ရပ်ကွက်မှာ စားသောက်ဆိုင်၊ စတိုးဆိုင်၊အလှပြင်ဆိုင်၊ဆန်ဆိုင် ဖွင့်ချင်ပါတယ်ဆိုတဲ့ လူကြီးမင်းတို့အတွက်
🌟အောင်ချမ်းသာလမ်းမကြီးပေါ် ပေ ၆၀ ~ ပေ ၄၀(ထောင့်ကွက်)
🌟မြေအမျိုးအစားကတော့ ဂရမ်မြေ ပါခင်ဗျ။
🌟စျေးနှုန်းကတော့ ၆၅၀ ခေါ်ထားပါတယ်။တေ့တေ့ဆိုင်ဆိုင်ဆို စျေးညှိနှိုင်းပါမယ်ခင်ဗျ🙏
🌟ဆက်သွယ်ရန်~
ဦးဇမုန်းအောင်
09784443768/09444825586
Golden Dragon King Company Ltd

📣📣Postမတင်ဖြစ်ခဲ့တဲ့ နဲနဲကြာသွားတဲ့မှတ်တမ်းလေး😎🥰အမှတ်တရပေါင်းများစွာ 🥰အခက်အခဲပေါင်းများစွာနဲ့ဖြစ်တည်လာခဲ့တဲ့အောင်မြင်မှု...
14/06/2022

📣📣Postမတင်ဖြစ်ခဲ့တဲ့ နဲနဲကြာသွားတဲ့
မှတ်တမ်းလေး😎
🥰အမှတ်တရပေါင်းများစွာ
🥰အခက်အခဲပေါင်းများစွာနဲ့ဖြစ်တည်လာခဲ့တဲ့အောင်မြင်မှုရဲ့ အသီးအပွင့်လေးပါ။အကောင်းဆုံးတွေပဲပေးခဲ့ပါတယ်။Golden Dragon King Company Ltd ကို ယုံကြည်စွာ လက်တွဲခဲ့တဲ့ A to Z ရဲ့ Bossနှစ်ယောက်ကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။🙏

03/06/2022

မြေဧကတွက်နည်း
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits ဆရာ MyoMinHtun


လယ်ယာမြေကို တရား၀င်မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူရန် မည်သို့ဆောင်ရွက်ရမလဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြော...
02/06/2022

လယ်ယာမြေကို တရား၀င်မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူရန် မည်သို့ဆောင်ရွက်ရမလဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းလျှင် ဘာတွေလိုအပ်မလဲ။

လယ်ယာမြေကို ၀ယ်ယူမည်ဆိုလျှင် ရှေးဦးစွာ သက်ဆိုင်ရာမြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။မြေစာရင်းပုံစံ- ၁၀၅/၁၀၆ ရရှိပါက ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ မူရင်းအား ပြသ၍ ယာယီစာချုပ်ချုပ်ဆိုရပါမည်။

ယာယီစာချုပ်ချုပ်ဆိုပြီး နောက် လယ်ယာမြေတန်ဖိုးကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့က တင်ပြရမည်ဖြစ်ပြီး အဆိုပြုတင်ပြလာသော လယ်ယာမြေ၏ တစ်ဧက ဒေသပေါက်စျေးနှုန်းထားအား မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုမည်ဖြစ်ပါသည်။

ထိုသို့ အတည်ပြုပေးလိုက်သည့် လယ်ယာမြေတန်ဖိုးအပေါ် ၀ယ်ယူခွန်အဖြစ် ၂၀၁၉ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပအေရ အောက်ပါအတိုင်းပေးဆောင်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် အဖြစ် လယ်ယာမြေတန်ဖိ်ုးအပေါ် ၄% ပေးဆောင်ရမည်ဖြစ်ပါသည်။

၁ကျပ် မှ သိန်းတစ်ထောင် အထိ ၃%

သိန်းတစ်ထောင့်တစ်ကျပ် မှ သိန်းသုံးထောင် အထိ ၅%

သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းတစ်သောင်း အထိ ၁၀%

သိန်းတစ်သောင်းတစ်ကျပ် မှ သိန်းသုံးသောင်း အထိ ၁၅%

သိန်းသံုံးသောင်းတစ်ကျပ်နှင့် အထက် ၃၀ %

ထိုသို့ပေးဆောင်ခြင်းအား သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ပါသည်။ မြို့နယ်အခွန်ရုံးမှ ၀ယ်ယူခွန်ပေးဆောင်ထားသည့် အထောက်အထားအဖြစ် ပုံစံ-(၀င-၈) ပြန်လည်ထုတ်ပေးပြီး တံဆိပ်ခေါင်းခွန်အတွက် သတ်မှတ်ပေးသွင်းရသည့်တန်ဖိုးနှင့်ညီညွတ်သော တံဆိပ်ခေါင်းကို ပြန်လည်ထုတ်ပေးပါသည်။

မြို့နယ်အခွန်ရုံးမှ ထုတ်ပေးသည့် တံဆိပ်ခေါင်းပေါ်တွင် စာချုပ် ရေးသား၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇မူရင်းအား ပြသ၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇ အား အမည်ပြောင်း ရန်အတွက် မြို့နယ်မြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။

မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးပြီးပါက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တွင် ပုံစံ-၉လျှောက်လွှာနှင့်အတူအောက်ပါတို့ကို တင်ပြလျှောက်ထားရမည်။

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊

- မူလလုပ်ပိုင်ခွင့်ရသူထံမှ လျှောက်ထားသူအား ရောင်းချထားသည့် မှတ်ပုံတင်စာချုပ်မူရင်း၊

- မူလလုပ်ပိုင်ခွင့်လက်မှတ်ရရှိခဲ့သူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်မူရင်း၊

- မြို့နယ်မြေစာရင်းရုံးမှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် မြေစာရင်းပုံစံ-၁၀၅/၁၀၆မူရင်း စသည့်အထောက်အထားများဖြင့် လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအထောက်အထားများဖြင့် လျှောက်ထားပြီးပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေနည်းဥပဒေပုဒ်မ- ၂၅၊ ၂၆၊ ၂၇၊ ၂၈ ပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

လယ်ယာမြေလုပ်ပိုင်လက်မှတ်အမည်ပြောင်းလဲခြင်းအား ခွင့်ပြုပါက မူလကထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ မူရင်းနှင့် ပူးတွဲပါရှိသော သက်သေခံမြေပုံမူရင်းများအား မှင်နီဖြင့် ̏ ဖြတ်သိမ်းကြောင်း ̋ ထင်ရှားစွာရေးသားပြီး သက်ဆိုင်ရာလုပ်ငန်းစာတွဲတွင် ပူးတွဲထိန်းသိမ်းထားရှိမှာဖြစ်ပါသည်။

ထို့နောက် လျှောက်ထားသူအား လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ အမည်ပြောင်းလဲထုတ်ပေးပြီး ထုတ်ပေးပြီးကြောင်းကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် မှတ်တမ်းတင်သိမ်းဆည်းရန် မိတ္တူပေးပို့ပါသည်။

အထက်တွင်ဖော်ပြထားသည့်နည်းလမ်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် လယ်ယာမြေကို တရား၀င်၀ယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊ လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။

Credit: iMyanmarHouse.com

စလစ်မြေအကြောင်းမေးမြန်းတာများလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆော...
23/05/2022

စလစ်မြေအကြောင်းမေးမြန်းတာများလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆောင်ရတာရယ်ကြောင့်အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။
စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ, လယ်ယာမြေ အစား အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် ​မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ ​မြေပဲ ဖြစ်ပါတယ်.. မြေပြေစာ ထွက်ပါတယ်။
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။
အဲ့ဒီစလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်။
(အောက်တွင်ဖော်ပြပေးထားပါတယ်။)

စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် မည်သူ မည်ဝါ နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။
စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။

စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..

စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။

စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လိူ့ ထုတ်နုတ် ဖော်ပြအပ်ပါတယ်
Credit (မူရင်းရေးသားသူ အာဘော်အားအနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။)

Address

Min Ye Kyaw Swar Street
Pathein
�NO-5/1,MINYE'KYAWSWARSTREET, NWAYNWAYSTORE,PATHEIN.

Telephone

+959784443768

Website

Alerts

Be the first to know and let us send you an email when Golden Dragon King Real Estate Company Ltd - Reg No.131413718 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Dragon King Real Estate Company Ltd - Reg No.131413718:

Share