Ayeyarwady Awareness Agency

Ayeyarwady Awareness Agency Digital Marketing စနစ်ဖြင့် ရိုက်ကူးတင်ဆက် ထုတ?

20/06/2023

ဒီသင်တန်းတတ်ပြီးမှ တရုတ်စာ စာအုပ် ဝယ်ဖတ်ပါ။
Online Teaching အွန်လိုင်းမှ စာသင်ပေးတဲ့ အတန်း ဆိုတာထက်
Online Training Class အထူး ရွတ်ဆို လေ့ကျင့် ပေးတဲ့ သင်တန်း ဖြစ်ပါတယ်။
တရုတ်စာကို အခြေခံမှ စ၍ လေ့လာလိုသူများအတွက်
အသံပေါင်း ရွတ်ဆိုနည်း 汉语拼音(hàn yǔ pīn yīn)သင်တန်း
拼音pīn yīn ဆိုသည်မှာ တရုတ်စာ အသံထွက်များကို နိုင်ငံတကာမှ တရုတ်စာ စတင်လေ့လာသူများအတွက် လွယ်ကူစေရန် အင်္ဂလိပ်အက္ခရာ ( a,b,c,d,… ) များဖြင့် တီထွင်ဖန်တီးထာသော ဘာသာရပ်ဖြစ်သည်။ PinYin ကိုလေ့လာရာတွင် အပိုင်း (၃) ပိုင်း ရှိပါသည်။
၁။ 声母shēng mǔ (Initial) ဗျည်းသံများ
၂။ 韵母Yun Mu (Final) သရသံများ
၃။ 声调Sheng Diao (四声Si Sheng ) အသံအနိမ့်အမြင့် များ ကို အထူးလေ့ကျင့် သင်ကြားပေးမည် ဖြစ်ပြီး
အခြေခံ ဝေါဟာရ တည်ဆောက်မှု ( သဒ္ဒါ ) များ
နေ့စဉ်သုံး စကားပြောနည်းများ၊ ကို အထူးလေ့ကျင့် သင်ကြားပေးပါသည်။
09682524023

04/09/2021

👨🏻‍🏫စက်တင်ဘာလ ၈ ရက်နေ့တွင် ဂျပန်စကားပြော သင်တန်းဖွင့်ပြီ။

👥သင်တန်းကာလအတွင်း နယ်မှ တက်ရောက်လိုသော ကျောင်းသားများအတွက်

👨🏻‍💻Wifi Internet ,
🏋️‍♀️Gym အခန်းများ ပါဝင်သော အဆောင် အခမဲ့ တည်းခိုနိုင်ခွင့် ပေးထားပါသည်။

📕ဂျပန်စာကို အခြေခံမှ စတင်လေ့လာလိုသူများ တက်ရောက်နိုင်ပါသည်။

📚သဒ္ဒါ သဘောတရားများကို အခြေခံမှ စ၍ ပြည့်ပြည့်စုံစုံ တိကျ ပြတ်သားစွာ ရှင်လင်းပို့ချပေးမည် ဖြစ်ပါသည်။

📣Standard Japanese အသံဖြင့် သင်ကြားမည် ဖြစ်ပါသည်။

🗻ဂျပန်နိုင်ငံတွင် Tookyoo မြို့ကို ဗဟိုပြုထားသော Kantoo အရပ်ဒေသနှင့် Oosaka မြို့ကို ဗဟိုပြုထားသော Kansai အရပ်ဒေသ ဟူ၍ ရှိပါသည်။ Kansai အရပ်ဒေသမှ အသံများ နှင့် Kantoo အရပ်ဒေသမှ အသံများ ကွဲပြားမှုများကို ရှင်းလင်းပြီး စံအသံ ဖြစ်သော Kantoo အရပ်ဒေသမှ အသံကို အဓိကထား သင်ကြားမည် ဖြစ်ပါသည်။

📚သင်ကြားမည့် အကြောင်းအရာများ

1. Romaji ရေးသားနည်း
2. Hiragana ရေးသားနည်း
3. Katakana ရေးသားနည်း
4. အခြေခံ Kanji ရေးသားနည်း
5. အသံထွက်ရွတ်ဆိုနည်းများ ( Standard Japanese အသံများဖြင့် Tokyo , kantoo ဒေသအသံဖြင့် )
6. အွန်းအသံဖတ်နည်းများ
7. အသံရှည်ဖတ်နည်းများ
8. အသံဆောင့် ဖတ်နည်းများ
9. အသံရော ဖတ်နည်းများ
10. အသံလေး၊ အသံပြတ် အောင် ဖန်တီးနည်းများ
11. အခြေခံဝါကျပုံစံများ ( Jin, Go, San , နိုင်ငံအမည်များ )
12. Gairaigo ဧကဝုစ်ကိန်း နှင့် ဗဟုဝုစ်ကိန်း
13. Ko, So, a နှင့် ပါတ်သက်သော စကားလုံးများ
14. no ၏ အသုံးပြုပုံများ
15. အသံရှည် ပြုလုပ်နည်းများ
16. နေ့စဉ်သုံးစကားများ
17. မိမိကိုယ်ကို နှုတ်ဆက်ခြင်း
18. မဖြစ်မနေသိထားရမည် ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှု နှင့် အလေ့အထများ
19. ကိန်းဂဏာန်း ရေတွက်နည်းများ
20. Dooshi ( ကြိယာ ဖွဲ့စည်း တည်ဆောက်ပုံများ )
21. Keiyooshi ( နာမဝိသေသန အသုံးပြုနည်းများ )
22. နေ့ရက်များ ( nichi, yoobi ) များအကြောင်း
23. အရေအတွက်ပြ စကားလုံးများ နှင့် ကိန်းဂဏာန်းများ ပေါင်းနည်း ( Choo, chaku, kai, ken, soo, seki ) နေ့စဉ်သုံး ယူနစ်များ။
24. အရေအတွက်ပြ စကားလုံးများ ( tsu, ko, dai, mai ) yaku နှင့် kurai
25. အရေအတွက်ပြ စကားလုံးများ ( hon, hai , soku, satsu ) dake နှင့် shika
26. ဆင်တူရိုးမှား Hiragana စကားလုံးများ မှတ်သားနည်း
27. ဆင်တူရိုးမှား Katakana စကားလုံးများ မှတ်သားနည်းအစရှိတဲ့ သင်ခန်းစာတွေကို စိတ်ဝင်စားစရာ ကောင်းသော နည်းလမ်းများဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။

💵သင်တန်းကြေး - ၆၀၀၀၀ ကျပ်

⏲သင်တန်းချိန် - 9:00 AM to 11:00AM

📋တက်ရမည့်ရက်များ - Monday to Friday ( တစ်ပါတ် လျှင် ၅ ရက် တက်ရမည်ဖြစ်သည်)

🗓သင်တန်းကာလ - စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့ အထိ ( တစ်လပြတ်) သင်တန်း

🏛ဆက်သွယ်ရန်
⏩အမှတ် (၅၈၄/ဘီ) စက်တော်ရာဘုရားလမ်း ၊ ဘိုးဘွားရိပ်သာဘေး ၊ ပုသိမ်မြို့ ။
📲09406785500၊ 09422462880။

09/12/2020

ယောကျာ်းလေးအထာ Vs မိန်းခလေးအထာ
သူတို့အထာနဲ့သူတို့တော့ ဟုတ်နေတာပဲ 😂😂



Aa

06/12/2020

မင်္ဂလာပါရှင်
ဒီတပါတ်ရဲ့ Documentary အစီအစဥ်မှာတော့ Ayeyarwady Awareness Agency အဖွဲ့သားများကနေ သွားရောက် ရိုက်ကူးထားတဲ့ ပုသိမ်​​မြို့မတစ်ဖက်ကမ်း၊ ပိတောက်ချောင်းကုန်း တွင် ဖွင့်လှစ်ထားသော အဝါရောင်မျိုးဆက်သစ်ပရဟိတ ကျောင်း (YGW) အကြောင်းလေးကို တင်ဆင်ပေးလိုက်ပါတယ်....

သွားရောက်လျူဒါန်းလိုကြတဲ့ အလျူရှင်များအနေနဲ့လည်း အထက်ပါ လိပ်စာအတိုင်း သွားရောက်လျူဒါန်းနိုင်ပါတယ်



02/12/2020

မင်္ဂလာပါ...
သစ်လွင်ပြီး လူသိများနေတဲ့ သတင်းတွေကို စုစည်းပြီး တင်ဆက်နေတဲ့ Hot News အစီစဥ်ကနေ ပြန်ပြီးတော့ ကြိုဆိုလိုက်ပါတယ်....

ဒီနေ့ရဲ့ Hot News အစီအစဥ်လေးကနေ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ သတင်းအကြောင်းအရာလေးတွေ စုစည်းတင်ဆက်ပေးသွားမလဲဆိုတာသိရအောင် Video လေးကို ဆက်လက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်....


01/12/2020

ဂီတအနုပညာကို ဝါသနာပါပြီး ရူးသွပ်ဖူးကြပါသလား... ???
ဒါဆို လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အတွက်ရော တွေဝေနေတုန်းလား...???
ဒီလို အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် အကောင်အထည်ဖော်ဖို့ကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်...
ခုလိုအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတဲ့ အတွေ့အကြုံလေးတစ်ခုကို ပုသိမ်မြို့ရဲ့ K.P.S Music Studio ပိုင်ရှင်- ကိုဖြိုး ကနေတစ်ဆင့် ဝေမျှပေးသွားမှာမို့ ဒီ Video လေးကို ပြီးဆုံးအောင်ကြည့်ဖို့ တိုက်တွန်းပါရစေရှင့်...



29/11/2020

မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ...

ကိုဗစ်ရောဂါကပ်ဆိုးကြီးမှ လည်း အမြန်ဆုံးကင်းဝေးကြပါစေလို့ Ayeyarwady Awareness Agency မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်

🙏🙏🙏



25/11/2020

ဒီနေ့မှာရော ဘာတွေ Hot ဖြစ်နေလဲ...?
ဘယ်အကြောင်းအရာတွေက လူကြိုက်များနေလဲ...?
ဆိုတာ သိရှိဖို့ အတွက် ဖူးတို့ရဲ့ Page လေးမှာ အမြဲတမ်း တင်ဆက်ပေးသွားမှာမို့ See First လုပ်ထားကြဖို့ မမေ့နဲ့နော် ...



25/11/2020

အော် မိန်းမတွေ မိန်းမ​တွေများ ...
ဆံပင်ဘယ်လောက် ရှည် ရှည်...
သူတို့အတွက် လေးတယ်လို့ကိုမထင်ဘူး 😜

ရွှေဘယ်လောက်ပဲ ဝတ်ထားဝတ်ထား
ကြွားချင်တော့ လည်း လေးတယ်မထင်သေးဘူး...😝

နောက်ထပ် မလေးခြင်း တစ်ပါးက ဘာလဲသိချင်ရင်တော့ ဝင်ကြည့်လိုက်တော့နော် 🤔

ပျော်စရာ Video လေးတွေကိုလည်း အမြဲတင်ဆက်ပေးနေမှာဆိုတော့ Page ကို Like လုပ်ပြီး See First လုပ်ထားပေးဦးနော် 🤩🤩🤩



24/11/2020

မင်္ဂလာပါ...

ဒီနေ့ရဲ့ Hot News အစီစဥ်လေးမှာတော့
အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ လူကြိုက်များ သတင်းလေးတွေကို စုစည်းပြီးတင်ဆက်ပေးထားပါတယ်....

အပါတ်စဥ်အပါတ်တိုင်းမှာလည်း အခုလို ရေပန်းစားနေတဲ့ သတင်းလေးတွေကို မကြာခဏ တင်ဆက်ပေးဦးမှာမို့ စောင့်မျှော် ကြည့်ရှု့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်



Address

Shin Pin Phone Pwint Road
Pathein

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959422479078

Website

Alerts

Be the first to know and let us send you an email when Ayeyarwady Awareness Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwady Awareness Agency:

Share