Burma VJ

Burma VJ Burma VJ is an internationally recognized team of journalists with a single, unwavering mission: to empower the people of Myanmar to tell their own stories.

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

23/05/2026

တရုတ်နိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ဂတ်စ်ပေါက်ကွဲမှုဟာ ရှန်ရှီးပြည်နယ်ရှိ တွန်ဂျိုးဂရု ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားရာနှင့်ချီ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီး နိုင်ငံပိုင်မီဒီယာ ရုပ်သံမှတ်တမ်းတွေမှာ ကယ်ဆယ်ရေးသမားတွေက လူနာတင်စင်များတွေနဲ့ သယ်ဆောင်နေတာ တွေ့ရပါတယ်။

လူပေါင်း ၁၀၀ ကျော်ကို ဆေးရုံကို ပို့ဆောင်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။အဆိုပါပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် သောကြာနေ့ ညနေ ၇ နာရီ ၂၉ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလုပ်သမား ၂၄၇ ဦး တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

23/05/2026

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီကနေ့ မေလ ၂၃ ရက်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာ မယ်လို့သိရပါတယ်။ သူ့ခရီးစဥ်နဲ့ စစ်အုပ်စုဘက်ကရော နေပြည်တော်ဘက်ကရော ကုလသမဂ္ဂဘက်ကပါ အခုထိ တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်အုပ်စုဘက်က သူတွေနဲ့ တွေ့ဆုံဆွေးခဲ့တယ်လို့ သိရပေမယ့် ဘယ်သူနဲ့တွေ့ခဲ့တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။သူ့ရဲ့ ခရီးစဥ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသား
တွေလွတ်မြောက်ရေးဆွေးနွေးခဲ့တယ်လို့လဲ သတင်းတွေထွက်နေပါတယ်။

23/05/2026

ဒီတပတ်အတွက် တင်ဆက်ပေးထားတဲ့ ထူးခြားသတင်းတွေထဲမှာ ၂၀၁၆ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ရရှိခဲ့တာ၊ ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ မြန်မာနိုင်ငံမှာရောက်ရှိနေတာ၊ တရုတ်နိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ရာနီးပါး သေဆုံးတဲ့သတင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ အလျင်အမြန် ပျံ့ပွားနေတဲ့သတင်း ပါဝင်ပါတယ်။

BVJ ရဲ့ ဒီတပတ်ထူးခြားသတင်းတွေကို အဖွဲ့ သား မအယ်နာက တင်ဆက်ပေးထားပါတယ်။

၂၀၂၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဦးမင်းကိုနိုင် ရရှိအေတီ/BVJ_မေ၂၃၊၂၀၂၆ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ရဲ့  ၂၀၂၆ ခုန...
23/05/2026

၂၀၂၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဦးမင်းကိုနိုင် ရရှိ

အေတီ/BVJ_မေ၂၃၊၂၀၂၆

ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ရဲ့ ၂၀၂၆ ခုနှစ် ၁၇ ကြိမ်မြောက်ဆုရှင်အဖြစ် ဦးမင်းကိုနိုင် ကို ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာ ဒီနေ့ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ဦးမင်းကိုနိုင်ကို ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။ဒီဆုဟာ မြန်မာနိုင်ငံမှာပရဟိတ၊ လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးကဏ္ဍတွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတစိုက်မတ်မတ် လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုပေးအပ်တဲ့ဆုဖြစ်ပါတယ်။

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးမင်းကိုနိုင်ဟာ ၁၉၈၈ခုနှစ်ရှစ်လေးလုံးကာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ကစလို့ ယခုအချိန်ထိ စစ်အာဏာရှင်ကို ရှေ့တန်းက ဦးဆောင်တော်လှန်နေတဲ့သူဖြစ်ပါတယ်။

၁၉၈၉ခုနှစ်မှာ ပထမဆုံးအကြိမ်ဖမ်းဆီးခံရပြီးနောက် အကျဥ်းထောင်အတွင်းမှာ နှစ်ရှည်အကျဥ်းကျခံခဲ့ရပါတယ်။ ၂၀၀၇ခုနှစ်မှာ ဒုတိယအကြိမ်အဖမ်းခံရပြီး ထောင်ဒဏ်၆၅နှစ် ကျခံရပြီးနောက် ၂၀၁၂ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။
သူ့ဘဝတလျှောက်လုံး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးမှာ ဆက်လက်ဦးဆောင်ပါဝင်နေဆဲဖြစ်ပါတယ်။

ဦးမင်းကိုနိုင်ဟာ ကနေဒါနိုင်ငံကပေးတဲ့ ဂျွန်ဟမ်ဖရီ လွတ်မြောက်ရေး ဆု ၊ ချက်သမ္မတနိုင်ငံ People in Need ဖောင်ဒေးရှင်းကပေးတဲ့ Homo Homini ဆု၊ နော်ဝေးနိုင်ငံကပေးတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု (Student Peace Prize)၊ အမေရိကန်နိုင်ငံTrain ဖောင်ဒေးရှင်းမှ လူမှုရဲစွမ်းသတ္တိဆု (Civil Courage Prize)၊ တောင်ကိုရီးယားနိုင်ငံကပေးတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆု အပါအဝင် နိုင်ငံတကာဆုများစွာ ရရှိခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ခုနှစ်က စပြီး နှစ်စဥ်ချီးမြှင့်နေတာဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်အတွက် ဆုကို အကျဥ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်က ရရှိခဲ့ပါတယ်။ ၂၀၂၄ခုနှစ် အတွက်ဆုကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုအတွက် ပေးအပ်ခဲ့ပါတယ်။၂၀၂၃ခုနှစ် အတွက်ဆုကိုတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ရရှိခဲ့ပါတယ်။

ယောဒေသမှာ တိုက်ပွဲနေ့စဉ်ပြင်းထန်နေ---BVJ_မေ ၂၂၊ ၂၀၂၆မကွေးတိုင်း၊ ယောဒေသအတွင်း ပေါက်–တပြင်း–ကျောက်ထု လမ်းမကြီးကနေ စစ်ကြော...
22/05/2026

ယောဒေသမှာ တိုက်ပွဲနေ့စဉ်ပြင်းထန်နေ
---
BVJ_မေ ၂၂၊ ၂၀၂၆
မကွေးတိုင်း၊ ယောဒေသအတွင်း ပေါက်–တပြင်း–ကျောက်ထု လမ်းမကြီးကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ယောတပ်တော်(YA)နဲ့ပူးပေါင်းမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဖက်အဖွဲ့ကြား နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ယောတပ်တော်က ဒီနေ့ မေ ၂၂ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မဖော်ပြဖို့နဲ့ သတင်းမီဒီယာတွေကိုမဖြေဖို့ဆိုပြီးလည်း သတိပေးထားတာကိုတွေ့ရပါတယ်။

"ယခု အခြေအနေတွင် စစ်ရေးကာလဖြစ်၍ တပြင်း- ကျောက်ထုလမ်းပိုင်းရှိ တိုက်ပွဲသတင်းများ၊ စစ်ရေးအခြေအနေများကို မည်သူတစ်ဦးတစ်ယောက်မှ မီဒီယာများသို့ ဖြေ‌ကြားခြင်း၊ လှုပ်ရှားမှု ပုံရိပ်များကို ဆိုရှယ်မီဒီယာများတွင်ဖော်ပြခြင်း မပြုလုပ်ရန် လေးနက်စွာအသိပေးလိုပါသည်"လို့ ယောတပ်တော်ကပြောထားပါတယ်။

စစ်ရေးကာလမှာ လိုအပ်ရင်တပ်ပေါင်းစုအနေနဲ့သတင်းထုတ်ပြန်သွားမှာဖြစ်ပြီး အဲ့ဒီသတင်းထုတ်ပြန်ချက်တွေကသာအတည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ယောဒေသနဲ့ ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားစစ်ဆင်လာတဲ့ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုမေလလယ်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅)ကနေ စစ်ကား ၈စီးဟာ လောင်းရှည်မြို့ကတပ်စခန်းကိုအင်အားထပ်ဖြည့်တင်းထားတာကြောင့် ဆောမြို့နယ်မှာကာလရှည်တိုက်ပွဲဖြစ်နိုင်တယ်လို့လည်း ဂန့်ဂေါခရိုင်တပ်ရင်း(၆)က အခုလ မေ ၁၉ရက်ထုတ်ပြန်ထားပါသေးတယ်။

ဒါကြောင့် လောင်းရှည်ဒေသခံတွေအနေနဲ့ စစ်တပ်နဲ့ နီးကပ်တဲ့နေရာမှာ မနေကြဖို့နဲ့ မသွားလာဖို့တားမြစ်ထားတဲ့ ဆော-လောင်းရှည်လမ်းပိုင်းနဲ့ တောတောင်ဒေသတွေကိုအသုံးမပြုကြဖို့လည်း သတိပေးထားပါသေးတယ်။

ယောဒေသတွင်းအခြေအနေတွေကို‌ဖော်ပြနေတဲ့ ယောအလင်းတန်းမှာတော့ ပေါက်မြိုနယ်၊ကျောက်တံခါးရွာမှာညအိပ်စခန်းချခဲ့တဲ့ ကားအစီးရေ ၃၀ ကျော်နဲ့စစ်အုပ်စုအင်အား ၁၀၀၀ခန့်ပါစစ်ကြောင်းဟာ မနေ့က မေ၂၁ရက်မှာ ပုံတောင်ခလတ်( တောင်တဝက်)နေရာတွေမှာရောက်လာပြီဖြစ်ကြောင်းနဲ့ လမ်းတလျောက်မှာ ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးသီးတွေကြဲချ လမ်းကြောင်းရှင်းနေတယ်လို့ ပြောထားပါတယ်။
အဲ့ဒီအင်အားတစ်ထောင်ခန့်ပါ စစ်အုပ်စုစစ်ကြောင်းမှာ အမျိုးသမီးစစ်မေတွေလည်းပါဝင်လာသလို စစ်သားအများစုဟာလည်း စစ်မှုထမ်းတပ်သားသစ်(ပစ)တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဓါတ်ပုံ-ယောတပ်တော်(YA)တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ၂၀၂၆၊ဇန်နဝါရီ ၁ရက်က ကျင်းပခဲ့ပုံ။

ခင်ဦးမြို့လေကြောင်းဗုံးကြဲခံရမှုအတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံး---ယူဂရင်း/BVJ_မေ ၂၂၊ ၂၀၂၆စစ်ကိုင်းတိုင်း...
22/05/2026

ခင်ဦးမြို့လေကြောင်းဗုံးကြဲခံရမှုအတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံး
---
ယူဂရင်း/BVJ_မေ ၂၂၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာစဥ်ကျေးရွာကို မနေ့က မေ ၂၁ရက်ညကိုးနာရီအချိန်မှာ စစ်အုပ်စုဘက်က ဂျက်ဖိုက်တာ(၁)စီး၊ Su***de Drone (၂)စီးတို့နဲ့ဗုံးကြဲခံရတာကြောင့် ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မေ ၂၂ရက်မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို တံတားဦးတက် ဂျက်ဖိုက်တာ(၁)စီး၊ ရွှေဘို စစ်တပ်လေ့ကျင့်ရေး ၈ကလွှတ်တင်တဲ့ Su***de Drone (၂)စီးတို့နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေဟာ အသက် ၂၀နဲ့၄၅အရွယ်ရှိ အမျိုးသားနှစ်ဦးနဲ့ အသက် ၂၇နဲ့၆၂နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိသလို နေအိမ်အလုံး ၂၀ကျော်လည်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကိုခွဲခြားခြင်းလုံးဝမပြုဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူတွေလုံခြုံရေး အသိ/သတိမပျက်ဘဲ ဗုံးခိုကျင်းတွေတူးဖော်ခြင်း၊ လေကြောင်းသတင်းပေး iconစက် (စကားပြောစက်)တွေ ကိုင်ဆောင်/ဖွင့်လှစ်သတင်းရယူခြင်း၊ စစ်အုပ်စု လေကြောင်းတက်လာပါက ဗုံးခိုကျင်းတွေထဲဆင်းသက်ပြီးကြိုတင်တိမ်းရှောင်ကြဖို့တို့ကို ခင်ဦးပအဖက သတိပေးထားပါတယ်။

အခုလ မေလ ၂၀ရက်နေ့လည်ပိုင်း တစ်နာရီအချိန်ခန့်ကလည်း ရွှေဘိုလေ့ကျင့်ရေး ၈က လွှတ်တင်တဲ့ Su***de Drone (၂)စီးက ခင်ဦးမြို့နယ်အတွင်းကိုဗုံးကြဲချခဲ့တာကြောင့် နေအိမ်၊ အဆောက်အဦးနဲ့ ဆိုင်ခန်းတွေပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါသေးတယ်။

ပုံစာ-ခင်ဦးမြို့ဗုံးကြဲခံရပြီး‌နောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-ခင်ဦးပအဖ)

ကျူးဘားခေါင်းဆောင်ဟောင်းအပေါ်  တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ တရုတ်က အမေရိကန်ကိုကန့်ကွက်ရှုတ်ချအေတီ/BVJ_မေ ၂၂၊ ၂၀၂...
21/05/2026

ကျူးဘားခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ တရုတ်က အမေရိကန်ကိုကန့်ကွက်ရှုတ်ချ

အေတီ/BVJ_မေ ၂၂၊ ၂၀၂၆
ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရို (Raúl Castro)ကို လူသတ်မှုနဲ့ အမေရိကန်ပြည်ထောင်စုကတရားစွဲဆိုလိုက်ခြင်းအပေါ် ရုရှားနဲ့ တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။

အမေရိကန်အနေနဲ့ "အတင်းအဓမ္မ ဖိအားပေးတာတွေ"နဲ့ "ခြိမ်းခြောက်တာတွေ"လုပ်နေတာကိုရပ်တန့်ဖို့နဲ့ ကျူးဘားကိုပြင်ပအင်အားစုတွေက ဖိအားပေးဖို့ကြိုးပမ်းမှုတွေကိုကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုကျီကွန်း(Guo Jiakun)ကပြောပါတယ်။

အမေရိကန်ရဲ့ ဖိအားပေးမှုတွေက "အကြမ်းဖက်မှုနဲ့နီးစပ်နေပြီး" လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov)ကလည်းပြောပါတယ်။ လက်ရှိနိုင်ငံခေါင်းဆောင်တွေ နိုင်ငံအကြီးအကဲဟောင်းတွေကအပေါ် အဲ့ဒီနည်းလမ်းတွေမသုံးသင့်ကြောင်း ရုရှားကရှုံ့ချထားပါတယ်။

၁၉၉၆ခုနှစ်မှာ ကျူးဘားနဲ့ဖလော်ရီဒါကြားပျံသန်းနေတဲ့ Brothers to the Rescueအဖွဲ့ပိုင် လေယာဉ်နှစ်စင်းကိုပစ်ချခဲ့မှုမှာပါဝင်ပတ်သက်တယ်ဆိုပြီး ရာအူးလ် ကက်စထရိုနဲ့အခြား ၅ ဦးကို အမေရိကန်အစိုးရကတရားစွဲဆိုထားပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်း အမေရိကန်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး အဲ့ဒီအချိန်မှာရာအူးလ် ကက်စထရိုက ကျူး ဘားလက်နက်ကိုင်တပ်ဖွဲ့တွေကိုဦးဆောင်နေသူဖြစ်ပါတယ်။

လက်ရှိ ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်-ကာနယ် (Miguel Díaz-Canel)က အမေရိကန်ရဲ့အခုတရားစွဲဆိုမှုဟာ တရားဥပဒေအခြေခံမရှိဘဲ နိုင်ငံရေးအရ အကွက်ချလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်အနေနဲ့ကျူးဘားအပေါ် ဘယ်လိုစစ်ရေးလှုပ်ရှားမှုမျိုးဖြစ်ဖြစ်ပြုလုပ်လာပါက ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်ခန့်မှန်းလို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာစေမယ့် "သွေးချောင်းစီးမှု" အဖြစ်ရောက်ရှိသွားမှာဖြစ်ကြောင်း တနင်္လာနေ့ကပြောထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေတိုးမြှင့်တာ၊ ရေနံတင်သွင်းမှုတွေပိတ်ပင်တာနဲ့ အစိုးရအဖွဲ့ဝင်တွေပိတ်ဆို့မှုတွေပြုလုပ်ပြီး ကျူးဘားကိုဖိအားပေးနေပါတယ်။အရင်ကကျူးဘားကိုကူညီပေးနေတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို အမေရိကန်ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း ကျူးဘားအပေါ် ဖိအားပေးမှုတွေ ပိုလုပ်လာတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က ရာအူးလ် ကက်စထရိုကို ဘယ်လိုဖမ်းဆီးခေါ်ဆောင်လာမယ်ဆိုတာထုတ်ပြောထားတာမရှိပေမယ့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပါက အင်အားသုံးဖို့ဝန်မလေးကြောင်း အရိပ်အမြွက်ထုတ်ပြောထားပါတယ်။

လက်ရှိမှာ ကျူးဘားနိုင်ငံဟာအမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် လျှပ် စစ်မီးပြတ်တောက်မှုတွေ၊ အစားအစာလိုအပ်ချက်တွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပုံစာ- အမေရိကန်က ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှုတွေကို ပိုမိုတိုးမြှင့်လိုက်သလို ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (၂၀၁၇ ခုနှစ်က ရိုက်ကူးထားတဲ့ပုံ)ကို အမေရိကန်တရားရုံးတစ်ခုက တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။

အိုင်စီစီကဖမ်းဝရမ်းထုတ်ထားတဲ့ အထက်လွှတ်တော်အမတ် ဒီလာရိုဆာကို ဖမ်းဆီးဖို့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနအမိန့်ထုတ်ပြန်အေတီ/B...
21/05/2026

အိုင်စီစီကဖမ်းဝရမ်းထုတ်ထားတဲ့ အထက်လွှတ်တော်အမတ် ဒီလာရိုဆာကို ဖမ်းဆီးဖို့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနအမိန့်ထုတ်ပြန်

အေတီ/BVJ_မေ၂၁၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)ကဖမ်းဝရမ်းထုတ်ထားတဲ့ အထက်လွှတ်တော်အမတ် ရော်နယ် “ဘာတို” ဒီလာရိုဆာ (Ronald “Bato” dela Rosa)ကိုဖမ်းဆီးဖို့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနကအမိန့်ပေးလိုက်ပြီဖြစ်ပါတယ်။

(ICC)အိုင်စီစီက သူ့ကိုဖမ်းဆီးဖို့ကြိုးစားနေတာကိုတားဆီးပေးဖို့ ဒီလာရိုဆာရဲ့ လျှောက်ထားချက်ကိုပယ်ချပြီး နောက်တစ်ရက်မှာ တရားရေးဝန်ကြီး ဖရက်ဒရစ် ဗီဒါ (Fredderick Vida)က အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်တရားရေးဝန်ကြီးဗီဒါက ဒီလာရိုဆာကို "တရားဥပဒေကနေ တိမ်းရှောင်နေသူ"အဖြစ်သတ်မှတ်ကြောင်း၊ ဒီလာရိုဆာကိုဖမ်းဆီးရမိရေးအတွက် အပြည့်အဝဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ အပြင် ဒီလာရိုဆာကိုဖမ်းမမိအောင်ကူညီပေးသူမှန်သမျှ "ဥပဒေအရ အရေးယူခံရမယ်"လို့သတိပေးထားပါတယ်။

ဒီလာရိုဆာဟာ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ရဲ့ ၂၀၁၆-၂၀၂၂ သမ္မတသက်တမ်းအတွင်းမှာလုပ်ဆောင်ခဲ့တဲ့ "မူးယစ်ဆေးဝါးစစ်ဆင်ရေး"မှာ ရဲချုပ်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ICC ရဲ့ခန့်မှန်းချက်အရ အဲ့ဒီကာလအတွင်း လူပေါင်း ၁၂,၀၀၀ မှ ၃၀,၀၀၀ အထိ သေဆုံးခဲ့ရတဲ့အတွက် ဒီလာရိုဆာကိုလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲထားပါတယ်။

အထက်လွှတ်တော်အမတ် ဒီလာရိုဆာဟာ လွန်ခဲ့တဲ့၆လခန့်ကတည်းက ပုန်းအောင်းနေခဲ့ပြီး၊ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာသူပုန်းအောင်နေတဲ့ အထက်လွှတ်တော်ရုံးကနေလစ်ထွက်သွားခဲ့ပါတယ်။ လက်ရှိမှာ ဒီလာရိုဆာ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာပဲရှိနေသေးတယ်လို့ ရှေ့နေတွေရဲ့အရိပ်အမြွက်ပြောကြားချက်အရသိရပါတယ်။

ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ (PNP) အကြီးအကဲ ဂျိုဆယ် မီလန်စီယို နာတာတက်ဇ်က တရားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုသိရှိထားပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပေမယ့် ဖမ်းဆီးမယ့်အကြောင်းကိုမူ တိုက်ရိုက်အတည်ပြုခြင်းမရှိဘဲ မျှတပြီးဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်မယ်လို့ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကိုယ်တိုင်လည်း အလားတူစွပ်စွဲချက်တွေနဲ့ ICCရဲ့ဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ၂၀၂၅ ခုနှစ် မတ်လကတည်းကရှိနေပါတယ်။ ဒီလာရိုဆာက သူ့အနေနဲ့တရားမဝင်သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း၊ လှုံ့ဆော်ခြင်းမျိုးမရှိခဲ့ကြောင်းငြင်းဆိုထားပါတယ်။

ခရက်ဒစ်- အယ်လ်ဂျားဇီးယား

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အကူအညီပေးခဲ့တဲ့ ဘုန်းမောက်တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်ပစ်မှတ်ထားနေ အီးကေ/BVJ ပရီးမီ...
21/05/2026

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အကူအညီပေးခဲ့တဲ့ ဘုန်းမောက်တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်ပစ်မှတ်ထားနေ

အီးကေ/BVJ
ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ရည်မှန်းချက်ကြီးမားတဲ့အပြောင်းအရွှေ့အစီအစဉ်တွေကို ရေးဆွဲနေပြီး ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အီလီ ဂျူနီယာ ခရူပီ (Eli Junior Kroupi)ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။

မန်ချက်စတာစီးတီးအသင်းက ဘုန်းမောက်အသင်းနဲ့သရေကျသွားခဲ့တဲ့အတွက် အာဆင်နယ်တို့ဟာ ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ဖလားကို အင်္ဂါနေ့ညကဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာ ခရူပီရဲ့ သွင်းဂိုး(သူ့အတွက် ဒီရာသီ ၁၃ ဂိုးမြောက်)ကြောင့် အန်ဒိုနီ အီရာအိုလာရဲ့ ဘုန်းမောက်အသင်းက ပွဲအများစုမှာဦးဆောင်နိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ အာလင်းဟာလန်းရဲ့သွင်းဂိုးကြောင့် သရေကျခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုနှစ်ချန်ပီယံဖြစ်လာတဲ့အသင်းကိုတည်ဆောက်ဖို့ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၂၅၀ သန်းသုံးစွဲခဲ့ပြီး ဒီနှစ်မှာတော့အဲဒီလောက်အထိ အသုံးစရိတ်ကြီးကြီးမားမားရှိလာဖို့မရှိဘူးလို့ The Guardianကဖော်ပြထားပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအနေနဲ့လွန်ခဲ့တဲ့ သုံးနှစ်က ဒက်ကလန်ရိုက်ကို ပေါင် ၁၀၅သန်းနဲ့ခေါ်ယူခဲ့တာမျိုးလိုမျိုး 'ကြယ်ပွင့်ကစားသမား' တစ်ဦးကိုခေါ်ယူနိုင်ဖို့ ရန်ပုံငွေအသင့်ရှိနေမှာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ရဲ့ ကြယ်ပွင့် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်ကခေါ်ယူဖို့စဉ်းစားနေပေမဲ့ စပိန်သတင်းတွေအရ သူ့ကိုခေါ်ယူဖို့ ပေါင် သန်း ၁၃၀ လောက်အထိကုန်ကျနိုင်တယ်လို့သိရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီအာဂျင်တီးနားလက်ရွေးစင်ကို စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့အတွက် အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ တောင်ပံမှာကစားနိုင်သလို ဗစ်တာ ဂယော့ကရက်စ် (Viktor Gyokeres) နဲ့ကာအိုင် ဟာဗက်ဇ်တို့အတွက်ပြိုင်ဆိုင်မှုပေးနိုင်မယ့် ကစားသမားမျိုးကိုလိုချင်နေတာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ခရူပီကတော့ အီမိရိတ်မှာ အဲဒီနေရာအတွက်စဉ်းစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ခရူပီဟာ တစ်နှစ်အကြာက ပေါင် ၁၂ သန်းနဲ့ ဘုန်းမောက်ဆီရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၄-၂၅ရာသီကို ပြင်သစ်ကလပ် လော်ရီယန်မှာကစားခဲ့ပြီးမှ ဗီတာလတီစတေဒီယမ်ကို ရောက်ရှိလာတာပါ။ အင်္ဂလန်ထိပ်တန်းလိဂ်မှာ တစ်ရာသီပဲ ကစားရသေးပေမယ့် ဘုန်းမောက်အသင်းက သူ့တန်ဖိုးကို ပေါင် သန်း ၈၀ လောက်အထိသတ်မှတ်ထားတယ်လို့ သိရပါတယ်။ခရူပီကို ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စောင့်ကြည့်နေသလို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ပီအက်စ်ဂျီကြယ်ပွင့် ခဗစ်ချာ ကဗာရတ်ရှ်ခေးလီယာ (Khvicha Kvaratskhelia) ကိုလည်းအလွန်သဘောကျနေပြီး 'အိပ်မက်ဆန်တဲ့' ခေါ်ယူမှုတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ပြင်သစ်ချန်ပီယံအသင်းကတော့ ဒီတောင်ပံကစားသမားအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။

အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒဟာ အမြဲတမ်းငွေကြေးအများကြီးသုံးစွဲတာမျိုးမဟုတ်ဘဲ "အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့်" ကစားသမားတွေကိုသာ အဓိကထားခေါ်ယူလေ့ရှိတာကိုတွေ့ရပါတယ်။

လေယာဉ်နှစ်စင်းပစ်ချခံရမှုနဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်ကလူသတ်မှုနဲ့တရားစွဲအေတီ/BVJ_ မေ ၂၁၊၂၀၂...
20/05/2026

လေယာဉ်နှစ်စင်းပစ်ချခံရမှုနဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်ကလူသတ်မှုနဲ့တရားစွဲ

အေတီ/BVJ_ မေ ၂၁၊၂၀၂၆
၁၉၉၆ခုနှစ်က ကျူးဘားနဲ့ဖလော်ရီဒါကြားမှာ လေယာဉ်နှစ်စင်းပစ်ချခံခဲ့ရမှုနဲ့ပတ်သက်ပြီး ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ်ကက်စထရိုကို အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ကြံစည်မှုအပြင် အခြားပြစ်မှုတွေနဲ့အမေရိကန်က တရားစွဲဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်တဲ့ အဲ့ဒီအမှုစွဲချက်ဟာ ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စွဲချက်တွေကိုပြန်ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ ကျူးဘား-အမေရိကန်အဖွဲ့ "Brothers to the Rescue" ပိုင်လေယာဉ်တစ်စင်းကိုပစ်ချခဲ့မှုကြောင့် အမေရိကန်နိုင်ငံသားသုံးဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး ကက်စထရိုနဲ့အခြားသူငါးဦးကိုစွဲချက်တင်ထားပါတယ်။

အခုအချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကက်စထရိုဟာအဲ့ဒီအချိန်တုန်းက ကျူးဘားနိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုဦးဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီလေယာဉ်ပျက်ကျမှုအတွက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပါတယ်။

ဒီတရားစွဲဆိုမှုက ကျူးဘားရဲ့ကွန်မြူနစ်အုပ်ချုပ်မှုကိုဖိအားပေးဖို့ အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပြီး နိုင်ငံအရေးအရအကွက်ရွှေ့တာလို့ ကျူးဘား သမ္မတ မီဂွယ် ဒီယက်ဇ်-ကန်နယ်လ်က တုံ့ပြန်ထားပါတယ်။

မိုင်ယာမီမြို့ Freedom Towerမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန်းချ်က လေယာဉ်ဖျက်ဆီးမှု၊ အာမန်ဒို အလက်ဂျန်ဒရီ ဂျူနီယာ၊ ကားလို့စ် အယ်လ်ဘာတို ကိုစတာ၊ မာရီယို မန်နူရယ်လ် ဒီလာ ပီညာနဲ့ ပါဘလို မိုရာလက်စ်တို့သေဆုံးမှုအတွက် လူသတ်မှု စွဲချက်လေးခုနဲ့ ကက်စထရိုကိုတရားစွဲဆိုသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် တရားရေးဌာနရဲ့ စွဲချက်သစ်တွေက ကျူးဘားနိုင်ငံရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို နိုင်ငံရေးနဲ့စီးပွားရေးအရအဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲတွေလုပ်ဆောင်ဖို့ အမေရိကန်ကပြင်းပြင်းထန်ထန်ဖိအားပေးနေချိန်မှာ ကျူးဘားကွန်မြူနစ်ထိပ်တန်းခေါင်းဆောင်တွေထဲက အဓိကပုဂ္ဂိုလ်တစ်ဦးကို ပစ်မှတ်ထားလိုက်တာဖြစ်ပါတယ်။

"အမေရိကန်အစိုးရရဲ့ မဟာဗျူဟာက ကျူးဘားအစိုးရအနေနဲ့ညှိနှိုင်းစားပွဲမှာ အလျှော့ပေးပြီး လက်မြှောက်လာတဲ့အထိ ဖိအားတွေကိုတဖြည်းဖြည်းတိုးမြှင့်သွားဖို့ဖြစ်မယ်လို့ထင်ပါတယ်"လို့ အမေရိကန်တက္ကသိုလ်က လက်တင်အမေရိက နိုင်ငံရေးကျွမ်းကျင်သူ ဝီလီယမ် လီယိုဂရန်းဒ်က သုံးသပ်ပါတယ်။

အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေချမှတ်ထားပြီး ရေနံတင်သွင်းမှုတွေ ပိတ်ပင်ထားတာကြောင့် ကျူးဘားမှာလျှပ်စစ်မီးပြတ်တောက်တာတွေနဲ့ အစားအစာလိုအပ်ချက်တွေဖြစ်ပွားနေပါတယ်။

ကက်စထရိုကို အမေရိကန်ကိုခေါ်ဆောင်ပြီး တရားရင်ဆိုင်ခိုင်းဖို့ အလားအလာရှိလားလို့ သတင်းထောက်တွေရဲ့မေးခွန်းကို အမေရိကန်ယာယီရှေ့နေချုပ် တော့ဒ် ဘလန်းချ်က ဖမ်းဝရမ်းထုတ်ထားတယ်လို့ပြန်ဖြေပြီး"သူ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဒီကိုရောက်လာလိမ့်မယ်လို့ က မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

အသက် ၉၅ နှစ်နီးပါးရှိပြီဖြစ်သော ကက်စထရို ဟာ"ကျူးဘားတော်လှန်ရေးပါဝင်ခဲ့တဲ့အသက်ရှင်ကျန်ရစ်သူခေါင်းဆောင်" အဖြစ် ကျူးဘားနိုင်ငံမှာ အသိအမှတ်ပြုခံထားရပြီး သြဇာညောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအစိုးရနဲ့ ပါတီတာဝန်တွေကနေအနားယူထားပေမယ့် ၂၀၀၈-၂၀၁၈ သမ္မတသက်တမ်းအတွင်း အမေရိကန်သမ္မတဟောင်း ဘာရတ် အိုဘားမားနဲ့အတူ ဝါရှင်တန်-ဟာဗားနားဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ဆောင်ရွက်ခဲ့ဖူးတာရှိပါတယ်။

ဘလန်းချ်က ကက်စထရိုရဲ့အမှုတွေနဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုရဲ့အမှုတွေဟာ "နှိုင်းယှဉ်လို့မရဘူး"လို့ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အမေရိကန်က မာဒူရိုကို ဗင်နီဇွဲလားမှာသွားဖမ်းပြီး အမေရိကန်ကိုခေါ်ဆောင်လာဖို့ စစ်ရေးစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး တရားရေးဌာနကတရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် "ထရမ့်အစိုးရအနေနဲ့ မာဒူရိုကိုတရားစွဲဆိုတုန်းကလို အခုကက်စထရိုရဲ့အမှု စစ်ရေးစစ်ဆင်မှုတစ်ခုပြုလုပ်မှာလားဆိုတဲ့ မေးခွန်းတွေရှိနေဆဲပါ။

ခရက်ဒစ်-ဘီဘီစီ

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး နှစ်၃၀အကြာ ဆုဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်ခဲ့  တူရကီနိုင်ငံ အစ္စတန်ဘူလ...
20/05/2026

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး နှစ်၃၀အကြာ ဆုဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်ခဲ့

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာကျင်းပတဲ့ UEFAယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်းက ဂျာမန်ကလပ်ဖရိုင်းဘတ်အသင်းကိုအနိုင်ယူပြီး ၄၄ နှစ်အတွင်း ပထမဆုံး ဥရောပဖလားရရှိခဲ့ပါတယ်။ဒီဆုဖလားဟာ အက်စတွန်ဗီလာအသင်းအတွက် ပထမဆုံး ယူရိုပါလိဂ်ချန်ပီယံဆုဖြစ်သလို နှစ်ပေါင်း ၃၀ အတွင်းမှာရရှိခဲ့တဲ့ ပထမဆုံးဆုဖလားလည်းဖြစ်ပါတယ်။

အက်စတွန်ဗီလာအတွက် အနိုင်ဂိုးတွေ တီးလ်မန်း ၄၁မိနစ် ၊ ဘူအန်ဒီယာ ၄၅မိနစ်၊ ရော်ဂျာ ၅၈မိနစ်တို့က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။အမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲ "Specialist" (ကျွမ်းကျင်သူ)လို့တင်စားရလောက်အောင် အောင်မြင်သူဖြစ်ပြီး ကလပ်အသင်း(၃)သင်းနဲ့ ယူရိုပါလိဂ်ဖလားကို (၅) ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

စပိန်ကလပ် ဆီဗီလာ (Sevilla)နဲ့ ၂၀၁၄၊ ၂၀၁၅နဲ့၂၀၁၆ ခုနှစ်တွေမှာ သုံးနှစ်ဆက်တိုက်၊ စပိန်ကလပ် ဗီလာရီးယဲလ် (Villarreal)နဲ့ ၂၀၂၁ ခုနှစ်၊ အက်စတွန်ဗီလာ (Aston Villa)နဲ့ ၂၀၂၆ အခုနှစ်မှာ (၅)ကြိမ်မြောက်ဖလားကိုရရှိခဲ့ပါတယ်။

စပိန်နည်းပြ အမ်မရီဟာ အီတလီနည်းပြ ကာလို အီအန်ဆယ်လော့တီပြီးရင် ဥရောပပြိုင်ပွဲကြီး (Major European Competition) တစ်ခုမှာ(၅)ကြိမ်မြောက် အောင်ပွဲခံနိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာပါတယ်။

ကာလို အန်ဆယ်လော့တီက ဥရောပရဲ့အထင်ကရအမြင့်ဆုံးပြိုင်ပွဲ UEFA Champions League ဖလားကို(၅)ကြိမ် (အေစီမီလန်နဲ့ နှစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ သုံးကြိမ်) ဆွတ်ခူးထားသူဖြစ်ပါတယ်။

၂၀၂၂၊နိုဝင်ဘာလက အက်စတွန်ဗိလာအသင်း တန်းဆင်းဇုန်ထက် ၃ မှတ်သာ အသာရရှိထားချိန်မှာ အမ်မရီ စတီဗင်ဂျရတ်နေရာအစားထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အမ်မရီကအသင်းကို အဆင့် ၅ အတွင်းဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာစေဖို့ အသွင်ပြောင်းလဲပေးနိုင်ခဲ့ပြီး အခုအခါ ဥရောပချန်ပီယံအသင်းတစ်သင်းအဖြစ်ပါ ပုံဖော်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

Address

Pazundaung

Alerts

Be the first to know and let us send you an email when Burma VJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma VJ:

Share

Category