WPH-Fáŝhîøn & Dësĝiñ

WPH-Fáŝhîøn & Dësĝiñ Fashion&Desgin

စက်ချူပ်သူတိုင်း နားလည်ထားရမည့် အခြေခံ အချက်များ။ပိတ်စ အသစ် ပြောင်းချုပ်တိုင်း ချည်ချိန်ပါ။ချည်တင်းချည်လျော့စစ်ပါ။‌အပေါ်...
21/08/2025

စက်ချူပ်သူတိုင်း နားလည်ထားရမည့် အခြေခံ အချက်များ။
ပိတ်စ အသစ် ပြောင်းချုပ်တိုင်း ချည်ချိန်ပါ။

ချည်တင်းချည်လျော့စစ်ပါ။

‌အပေါ်ချည်အောက်ချည် ချည်တစ်လုံးတည်းမှ ရစ်ပါ။

ချည်အထူအပါး မတူလျှင် ချုပ်ရိုး မလှပါ။

ပိတ်စစမ်းပါ ချည်သီးနေလျှင်ချည်ကြပ်ပါ။

အောက်ချည်တင်းလျှင် အပေါ်ချည် ကြပ်ပါ။
အပေါ်ချည်သီးလျှင် အပေါ်ချည် လျော့ပါ။

ပိတ်စမှာ ချည်ဆွဲလျှင်/ တွန့်လျှင် /မသွားလျှင် ဘိတိုင်စပရိန်ကို လျော့ပါ။မရလျှင် စက်ဆရာခေါ်၍ စပရိန်ချိန်ခိုင်းပါ။ချည်ထိုးထားတာ မှန်မမှန်စစ်ဆေးပါ။

ပိတ်ပါးလျှင် အပ်ဆိုဒ် ၁၁
ပုံမှန် အပိဆိုဒ် ၁၄
အထူ ၁၆ ပြောင်းသုံးပေးပါ။

အပ်ဆိုဒ်ကြီးလေ လျှင် ပိတ်စပေါက်ပါသည် ။

ချည်ပါးချုပ်လျှင် အောက်ချည်လျော့ပေးပါ။

စက်ဟောင်းလျှင် ပိတ်စ ဖြင့် ဆီတိုင်ကို သုပ်ပေးပါ။
သံချေးပေများ ဆီများကုန်အောင် နင်းပါ။သုတ်ပါ။

🌸
Hana

©️®️

ပွဲတတ်ဝတ်စုံကိုကော်ပိတ်မကပ်ပဲ ချုပ်ပေးလို့ မရဘူးလားပြောတဲ့အချိန်တွေ😑
25/02/2024

ပွဲတတ်ဝတ်စုံကို

ကော်ပိတ်မကပ်ပဲ ချုပ်ပေးလို့ မရဘူးလား

ပြောတဲ့အချိန်တွေ😑

စက်ချုပ်လောကထဲ ခြေလှမ်းစဝင်လာပြီဆိုရင် အပ်ထည်အပ်သူတွေက စမ်းသပ်ကြတယ် 💯တကယ်ချုပ်တတ်လား ချုပ်ရိုး ချုပ်သားကအစ စစ်တယ် ကိုယ့်...
27/12/2023

စက်ချုပ်လောကထဲ ခြေလှမ်းစဝင်လာပြီဆိုရင် အပ်ထည်အပ်သူတွေက စမ်းသပ်ကြတယ် 💯

တကယ်ချုပ်တတ်လား ချုပ်ရိုး ချုပ်သားကအစ စစ်တယ် ကိုယ့်ကို မယုံကြည်လို့လေ❌

ဒါကို စိတ်ပင်ပန်း စိတ်ဓာတ်ကျနေရင် နောင်တချိန် အောင်မြင်တဲ့အချိန်ကျ ပြန်တွေးကြည့်ရင် ရီစရာ ဟာသ တခု ဖြစ်နေလိမ့်မယ် 🤭

ဘာလို့လဲဆိုတော့ ဒါလေးတွေက အသေးအဖွဲ ကိစ္စမို့ပေါ့ 🤗

မြက်ပင်လေးတွေက နေရာတိုင်း ပေါက်ရောက်တတ်တယ် သူတို့ပေါ်ကို မိုးရွာလိုက် နေပူလိုက်နဲ့ တက်အနင်းလဲခံရသေး ၊ ဒါပေမယ့် သူတို့ ကြံ့ကြံ့ခိုင် ရှင်သန်တယ်မလား 🌱

ဒီလိုဘဲပေါ့ ဘဝလမ်းဆိုတာ အမြဲ ဖြောင့်ဖြူးတယ်ဆိုတာမရှိဘူး လူတိုင်း အခက်အခဲ ကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းနေကြစမြဲပါ ထုတ်မပြောတာဘဲရှိမယ်🥰

ဘယ်လိုဘဲ ခက်ခဲ ခက်ခဲ ကိုယ်ဝါသနာပါရာ အလုပ်မို့ ဆန္ဒနဲ့ ဘဝ ထပ်တူကြအောင် ကြိုးစားကြည့်လိုက်ပါ ✍️✔️

Zaythawdar fashion training school
Lin thawdar hlaing
09252077733

အိုးးး😱အမလေး...😬ကြောက်လိုက်တာ ကြောက်လိုက်တာ🙄(ချောရတနာ လေသံဖြင့်)🥴🥴
26/12/2023

အိုးးး😱

အမလေး...😬

ကြောက်လိုက်တာ ကြောက်လိုက်တာ🙄

(ချောရတနာ လေသံဖြင့်)

🥴🥴

ချည်ကျော်❤အောက်ချည်မလှတာ❤ချည်ပြတ်ပြတ်တာ ❤အသံကျယ်တာ❤အပေါ်ချည်မလှတာ❤Backတံအလိုလိုလှုပ်နေတာ❤အဲ့လိုတွေ ဖြစ်နေခဲ့တယ်ဆို ဖြေရှ...
24/12/2023

ချည်ကျော်❤
အောက်ချည်မလှတာ❤
ချည်ပြတ်ပြတ်တာ ❤
အသံကျယ်တာ❤
အပေါ်ချည်မလှတာ❤
Backတံအလိုလိုလှုပ်နေတာ❤

အဲ့လိုတွေ ဖြစ်နေခဲ့တယ်ဆို ဖြေရှင်း
နည်းလေးတွေမျှဝေ ပေးသွားမယ်နော်

၁.ချည်ဘာကြောင့်ကျော်ရတာလည်း..........................................................

ဆွဲသားတို့ အပါးသားတို့ ချူပ်ရင်
ချည်ကျော်တယ်ဆိုတာ
စက်မှာ မူလတပ်ထားတဲ့ အပ်က ပုံမှန်
နံပါတ် (၁၄) ပါ အဲ့ဒီအပ်နဲ့ဘဲချူပ်ရင်
တစ်ခါတစ်လေ မကျော်တာတို့ဘာတို့တော့
ရှိပါတယ် အကယ်လို့များ ကျော်နေခဲ့သော အပ် နံပါတ် (၁၁) လဲပေးပါ
အထူသား ဂျင်းသား လယ်သာ
ပိတ်စတွေဆို အပ် နံပါတ် (၁၆) လဲသုံးပေးပါ❤

၂.အောက်ချည်ဘာကြောင့်မလှရတာလည်း.....................................................................

အဲ့တာကအပေါ်ချည်ထိုးတာနဲ့ သက်ဆိုင်ပါတယ်
ကြားဖြတ်ပြောပေးမယ်နော်
အရေးကြီးဆုံးက အပေါ်ချည်ထိုးရင် အောက်က ဘိကို မ,ထားပေးရပါမယ် ချည်ညှပ်ပြားထည်း ချည်မဝင်တာ ဖြစ်တဲ့တွက် အောက်ချည် မလှတာဖြစ်နေတာပါ

၃.ချည်ခနခနပြတ်တာဘာကြောင့်လည်း...............................................................

ချည်တင်းထားတာနဲ့ဆိုင်ပါတယ်
ချည်ညှပ်စုံကို နည်းနည်းလေးလျော့ပေးရပါမယ် လျော့ပေးပီး ထပ်ပျက်နေရင်လည်း လွန်းအိမ်လေးမှာလည်း
ကြံ့ဘတ်နတ်ကလေးပါပါတယ်
အဲ့ဒါလေးပါ ထပ်လျော့ပေးကြည့်နော်

၄.စက်သံဘာကြောင့်ကျယ်ရတာလည်း...........................................................

အဲ့ဒါကတော့ စက်လေးကိုဆီဝအောင်ထည့်ပေးပါနော် စက်ကိုချူပ်နေတာဘဲမဟုတ်ဘဲ တစ်ပတ်တစ်ခါလောက်
သန့်ရှင်းရေးလေးလုပ်ပေးပါနော်

၅.အပေါ်ချည်ဘာကြောင်မလှရတာလဲ...........................................................

အောက်ချည်တဲ့ လွန်းအိမ်နဲ့လွန်းစံကို စစ်ဆေးပေးပါ။လွန်းအိမ်မှာပါတဲ့ မူလီလေးကို အလျော့အတင်းလုပ်ပေးပါ။
❤-ချည်တုတ်တာ ရှေ့တိုးနောက်ဆုပ်လုပ်တဲ့အခါများလာရင် Backတံလေးက ချုပ်နေရင်း အပေါ်ကိုတက်တက်လာတက်တယ်။အထဲကမူလီလေးကိုကြပ်ပေးပ

🤍💖💗မင်း တော်နေဖို့မလိုဘူး။ကြိုးစားနေဖို့ပဲ လိုတာပါ။©®
15/12/2023

🤍💖💗

မင်း တော်နေဖို့မလိုဘူး။

ကြိုးစားနေဖို့ပဲ လိုတာပါ။

©®

အချိန်နဲ့ အလုပ်မလုပ်ပါနဲ့။စိတ်နဲ့ အလုပ်လုပ်ပါ။စိတ်နှစ်ပြီး အလုပ်လုပ်မှ...မင်းအနေနဲ့ ...ပညာတွေ ယူနိုင်မှာဖြစ်ပါတယ်။©®
15/12/2023

အချိန်နဲ့ အလုပ်မလုပ်ပါနဲ့။
စိတ်နဲ့ အလုပ်လုပ်ပါ။
စိတ်နှစ်ပြီး အလုပ်လုပ်မှ...
မင်းအနေနဲ့ ...
ပညာတွေ ယူနိုင်မှာဖြစ်ပါတယ်။

©®

စက်ချုပ်ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် ဆိုပါစို့😃အထည်လာအပ်ပီဆိုတာနဲ့ချုပ်ရမယ့်ပုံကိုကြည့်ပြီးရင်ပိတ်စကိုတစ်ခါထဲ ဖြန့်ကြည့်ပါ သ...
11/12/2023

စက်ချုပ်ဆိုင်တစ်ဆိုင်
ဖွင့်ထားတယ် ဆိုပါစို့😃

အထည်လာအပ်ပီဆိုတာနဲ့
ချုပ်ရမယ့်ပုံကိုကြည့်ပြီးရင်ပိတ်စကို
တစ်ခါထဲ ဖြန့်ကြည့်ပါ
သူလိုချင်တဲ့ ပုံစံနဲ့ ပိတ်စ ကိုက်ညီမှုရှိမရှိ

ကော်ပိတ်ခံရမယ့် အသားမျိုးဆို
ကော်ပိတ်ကပ်ခိုင်းပါ
ကော်ပိတ်ကပ်ရမယ့်ပိတ်စကိုမကပ်ပဲ
ချုပ်လိုက်ရင် ပုံထွက်ကလည်း
သေသပ်နေမှာ မဟုတ်တဲ့အတွက်
ချုပ်တဲ့သူ နာမည်ပျက်ပါတယ်

ပွဲတက်ထည်တွေချုပ်တဲ့အခါ
လိုအပ်တဲ့ accessory ဖိုးကုန်ကျမယ့်ငွေပမာဏကို
တစ်ခါထဲတွက်ပြပါ (ဘောင်ချာရေးပေးပါ)

ကိုယ်တိုင်စိုက်ဝယ်ပေးရမယ့်
ငွေပမာဏများများသုံးရမယ့်အထည်တွေဆို
စရံတစ်ဝက် ကြိုယူပါ
ကိုယ်ဝယ်လာခဲ့တဲ့ ဆိုင်ကလည်း
ဘောင်ချာတောင်းပါ

လာအပ်တဲ့အထည်တန်ဖိုးကြီးရင်ကြီးသလို
ကိုယ့်အပေါ်မှာလည်း တာဝန်ပိုကြီးပါတယ်

ပုံမှန်ထသွားထလာအထည်မျိုးချုပ်တာကအစ
သူချုပ်ခိုင်းတဲ့ ပုံအတိုင်းချုပ်ပေးလိုက်မယ်
ပီးရင် ချုပ်ခရမှာပဲဆိုပြီး ပီးပီးရော မလုပ်ပါနဲ့
သူဝတ်ချင်တဲ့ပုံက သူနဲ့ လိုက်ဖက်မှုရှိမလား
တစ်ခါထဲစဉ်းစားပါ
လိုက်ဖက်မယ့်design ကို သေချာ
ရွေးချယ်ပေးပါ
လှချင်လို့ ဝတ်လိုက်မှ လိုက်ဖက်မှုမရှိတဲ့အခါ
ချုပ်ပေးရတဲ့သူလည်း မကောင်းပါဘူး🪡

တစ်ချို့က fashion modelတွေဝတ်ထားတဲ့
ပုံလေးတွေပြပြီး သူတို့လို လှအောင်ဝတ်ချင်
တာပဲ သိတယ် ဘယ်လိုဝတ်ရင် ဘယ်လို
ဖြစ်မယ်ဆိုတာ မသိကြပါဘူး☺️

လူတွေရဲ့ bodyအချိုးအစားက
မတူညီကြတဲ့အတွက်
သူဝတ်တဲ့အခါလှနေပေမယ့်
ကိုယ်ဝတ်တဲ့အခါ အဆင်မပြေဖြစ်နေရင်
ချုပ်ပေးရတဲ့သူအတွက်လည်း
မကောင်းပါဘူး

သူတို့ကိုမသိတာကိုသိအောင်သေချာ
ရှင်းပြပေးပါ ရှင်းပြနိုင်ဖို့အတွက်လည်း
ကိုယ်တိုင်က အမြဲလေ့လာ နေဖို့လိုအပ်ပါတယ်

စက်ချုပ်တယ်ဆိုတာ ချုပ်တတ်ရုံတစ်ခုထဲနဲ့
မပီးပါဘူး

နောက်တစ်ခုက ကိုယ့်ပညာကို တန်ဖိုးထားပါ
ဘယ်လောက်ပဲရင်းနှီးတဲ့သူဖြစ်ဖြစ် အကြွေး
အလကားလုံးဝမလုပ်ပေးပါနဲ့
တန်ရာတန်ကြေးတောင်းပါ
ဒါဟာ မိမိရဲ့အလုပ်ပေါ်လေးစားသလို
ရေရှည်အတွက် မိတ်မပျက်တဲ့ နည်းပါ

အဟောင်းထည်လာပြင်ခိုင်းတဲ့အခါမှာ
တစ်ထည်လုံးဖြုတ်ရမယ့် အထည်မျိုးဆို
အသစ်တစ်ထည်စာ ချုပ်ခယူပါ
(တစ်ချို့က ဒါလေးလုပ်လိုက်ရတာလို့
ထင်တတ်ကြပေမယ့် ဒါလေးလုပ်တတ်ဖို့
ဘယ်လောက်ထိ ရင်းနှီးခဲ့ရတယ်ဆိုတာ
မသိကြပါဘူး)

ကိုယ့်ဆီမှာချုပ်ထားတဲ့အထည်အတွက်
5လ(or)1နှစ် အချိန်ကာလ
သတ်မှတ်ထားပါ
သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ
bodyအပြောင်းအလဲအတွက်
လာပြင်ခိုင်းရင် ပြင်ပေးလိုက်ပါ
မငြိုငြင်ပါနဲ့
ကိုယ်ချုပ်တဲ့အထည်အတွက် တာဝန်ယူမှု
အပြည့်အဝထားပေးပါ

နာမည်ကြီးFashion designer တွေနဲ့
ပုံမှန်စက်ချုပ်ဆ်ိုင်လေးဖွင့်ပြီး
ချုပ်နေကြသူတွေနဲ့
ကြံုတွေ့ရတဲ့ အတွေ့အကြုံကလည်း
မတူပါဘူး designerဆီမှာ အပ်တဲ့အထည်
တွေဟာ designerစိတ်ကြိုက်ဖန်တီးပေးနိုင်အောင်
ပိတ်စနှမြောလို့မရသလို ငွေနှမြောလို့လည်းမရတာမို့
ငွေကြေးပြည့်စုံတဲ့သူတွေကပဲ အပ်ကြတာများပါတယ်
အထည်တစ်ထည်ကို သိန်းချီနေအောင်
အကုန်ကျခံကြပါတယ်
သိန်းချီတန်နေတဲ့အထည်က
ဘယ်လိုနေနေ ကြည့်ကောင်းနေမှာပဲလေ🌝

သာမန်ဆိုင်လေးတွေမှာတော့
ပိတ်စကမလောက်လို့
အဆင်ပြေသလို
ယူပြီး ချုပ်ပေးလိုက်ရတာနဲ့
ချုပ်ခအများကြီးမတတ်နိုင်လို့
ပစ္စည်းကောင်းတွေ မသုံးပေးရတာနဲ့
ပိတ်စက တစ်ကိုက်မှ ***ပေးရတာ
ချုပ်ခက များလိုက်တာ ပြောတဲ့သူတွေ
ဆိုတာက ကြံုတွေ့ကြရမှာပါပဲ

အရေးကြီးတာက
အပ်ထည်တွေလက်ခံတဲ့အခါ
ရနိုင်မယ့်ရက် အတိအကျလုပ်ပေးဖို့
ပိုက်ဆံရပီးပီးရော မျက်နှာလွဲခဲပစ်
မလုပ်ဖို့ စေတနာရော ဝါသနာရော
ပေါင်းပီး လုပ်ပေးဖို့ပါပဲ
မတတ်တာကိုလည်း
တတ်ချင်ယောင်ဆောင်ပြီး
မလုပ်ပါနဲ့
တတ်သလောက်ပဲလုပ်ပါ

ပိုက်ဆံရှာဖို့အတွက်ပဲ
ချုပ်စားမယ်ဆိုရင်တော့
customer ရဲ့ feedback ကလည်း
ငါပိုက်ဆံပေးချုပ်တာပဲဆိုတဲ့
ပုံစံမျိုးနဲ့ လူတွေနဲ့ပဲ ကြံုတွေ့ရပါလိမ့်မယ်

ပညာတစ်ခုက လွယ်လွယ်နဲ့
မရနိုင်တာမို့ ကိုယ့်အပေါ် ကိုယ့်ရပ်တည်မှုအပေါ်
လေးစားဆက်ဆံတတ်တဲ့ သူမျိုးနဲ့ပဲ
ကြံုတွေ့နိုင်ကြပါစေ🪡

Seng

Pinterestထဲမှာလိုချင်တာအကုန်ရှိ​ပေမယ့်မရှာတက်​သောသူများအတွက်ရှာ​ပေးထား​သောတချို့တဝက်😁(1)ပန်းထိုးတာရှာချင်ရင်embroideredလ...
11/12/2023

Pinterestထဲမှာလိုချင်တာအကုန်ရှိ​ပေမယ့်မရှာတက်​သောသူများအတွက်ရှာ​ပေးထား​သောတချို့တဝက်😁
(1)ပန်းထိုးတာရှာချင်ရင်embroideredလို့ရိုက်ပြီးရှာ
(2)patternအမျိုးမျိုးဆွဲနည်းရှာချင်ရင်pattern modelista(or)giftjp
(3)အ​စွေစကွပ်နည်းရှာချင်ရင်biastapeလို့ရိုက်ပြီးရှာ
(4)ချုပ်နည်းတွဲနည်းသိချင်ရင်sewing techniquesလို့ရိုက်ရှာပါ
(5)စ​ပေါ့အလုံးချုပ်နည်း​လေး​တွေဆိုpolkaလို့ရိုက်ရှာရမယ်​နော်
(6)အကွက်ချုပ်ချင်ရင်​တော့plaidလို့ရိုက်ရှာရင်​တွေ့မှာပါ
(7)အစင်ချုပ်နည်းသိချင်ရင်​တော့stripped(or)stripesလို့ရိုက်ရှာပါ
(8)ဇာဆိုင်​တော့laceလို့ရိုက်ပြီးရှာရမှာပါ
(9)ကမာ(or)အပါးစဆိုရင်organza(or)stripesလို့ရိုက်ရှာပါ
(10)ချည်ပိတ်​ဖောက်ဇာ​လေး​တွေဆိုရင်​တော့eyelets dress topလို့ရိုက်ရှာပါ
(11)ပုလဲရှန်ဆိုရင်​တော့plumetisလို့ရိုက်ရှာရင်ရပါတယ်​နော်
©️®️💟

ဒါတွေဖြစ်ရင် စက်ပြင်မခေါ်ပါနဲ့1=အပေါ်ချည်နဲ့ အောက်ချည် မလှခြင်း ချည်ထွေးနေခြင်း ချည်သီးနေခြင်း တန်းနေခြင်းကွင်းထနေခြင်း။...
11/12/2023

ဒါတွေဖြစ်ရင် စက်ပြင်မခေါ်ပါနဲ့

1=အပေါ်ချည်နဲ့ အောက်ချည် မလှခြင်း ချည်ထွေးနေခြင်း ချည်သီးနေခြင်း တန်းနေခြင်း
ကွင်းထနေခြင်း။

2=ချည်ကျော်နေခြင်း အကွက်လိုက်ကျော်ခြင်း တစ်ချက်တစ်ချက်ကျော်ခြင်း ချည်လုံးဝမကောက်ခြင်း။

3=ပိတ်စက ထိပ်ဝက လက်နဲ့စွဲပေး တွန်းပေးနေမှ သွားခြင်းနဲ့ သိပ်ပြီး အထည်မြန်မြန် မသွားခြင်း။

4=စက်ချူပ်တဲ့အခါ အထည်ပျက်ခြင်း နာသွားခြင်း ဘိစွဲနေသလို အရာတွေထင်နေခြင်း။

5=အောက်ချည်ပျက်လိုက် အပေါ်ချည်ပျက်လိုက်နဲ့ ချည်ထိုးလိုက် ပြန်ပျက်လိုက် လိမ့်ပတ်မလယ် စိတ်ပျက်နေခြင်း။

[က] ချည်သီး ချည်ထွေး ချည်တန်း
ချည်ကွင်းထခြင်းများဖြစ်နေပြီဟေ့ဆိုတာနဲ့ ဟိုဟာလေးလုပ်လိုက်ရင် ရနိုးနိုး ဒီဟာလေး စွဲစိတ်လိုက်ရင် ဟုပ်နိုးနိုးလုပ်မနေပါတော့နဲ့ ဒီအချက်တွေထဲကတစ်ခုခုဖြစ်ပြီဆိုလျင် အပေါ်ချည်နဲ့ အောက်ချည်ကို လက်နဲ့ မချူပ်ခင် စွဲကြည့်ပါ။အပေါ်ချည် တန်းရှင်းကို စွဲကြည့်တဲ့အခါ ဘိမြောက်မထားပဲ စွဲကြည့်ပြီး စီးစီးလေး ဖြစ်အောင် အလျော့အတင်းညှိပါ။ လွန်းအိမ် အောက်ချည်ကို လွန်းစံထည့်ပြီး စွဲကြည့်တဲ့အခါ ကြံဖတ်နက်က ကြပ်ထားတာ မိုင်ကုန်နေပြီ ချည်က တင်းမလာသေးဘူးဆိုရင် အဲ့ဒီ သံပြားကြံဖတ်လေးကို ဖြုတ်ပြီး အနဲငယ် အကွေးအဆန့်လုပ်ပြီး မတင်း တင်းအောင်လုပ်ပြီးမှ ပြန်တတ်သုံးပါ။

[ခ] မိမိစက်က ချည်ကျော်နေပြီမလား အရင်ဆုံး တက်ထားတာ သူအပ်မှ ဟုပ်ရဲ့လားပြန်စစ်။နောက်ပြီး အပ်တတ်ထားတာ ဘက်မှားနေလား ပြန်စစ်။အပ်အတိုင်အတင်အချ လုပ်တဲ့အခါ ဘာစက်ပဲနေနေ အပ်အတိုင်ကိုအောက်ဆုံးရောက်နေအောင် စက်ဘီးလုံးအရင်လှည့်ထးပြီးမှ ကျနော်တင်ပေးထားတဲ့ အပ်တိုင်ချရမည့်နေရာတွေကို သေချာကြည့်ပြီးမှ ချတင်စရာရှိတာ ချတင်ပြီး ကိုယ်လျော့ထားတဲ့ နက်ကို သေချာပြန်ကြပ်မိအောင် ကြပ်ပါ။

[ဂ] ချည်လဲကျဲထားတယ် လှလဲလှတယ် ဘက်လောက်မြန်မြန်ချူပ်ချူပ် စက်အသွားနှေးတာ လိပ်ကလေးလိုပဲဆိုရင် ခွေးသွားစိပ်မြင့်နည်း တင်ပေးထားပါတယ် လက်ရှိထက် ထက်မြင့်ပေးပါ။ပြီးတာနဲ့ ဘိကို အရင်းကကိုင်ပြီး လက်နဲ့ လေးလား ပေါ့လား မကြည့်။ လေးနေရင် လျော့။ပေါ့နေရင် ဆက်တင်းဖို့ ဘိအတိုင်အထိပ်ကဘိအလျော့အတင်းကို လုပ်ပါ။

[ဃ] ချူပ်ထည်လေးမှာ အနာဒဏ်ရာတွေ ဗရပွဖြစ်ပြီး အဆင်းအရာ သွားအရာတွေ ထင်နေလို့ မီးပူတိုက်လိုက်ရင် ရေလျှော်လိုက်ရင် ပျောက်သွားပေမည့် ဒီအထည်မှာ နာလိုက်ရတဲ့နေရာတွေက ဝတ်သူအတွက် ဖီးငုတ်စေပြီး အထည်ဆွေးခြင်းသို့ ဦးတည်ပါတယ်။လက်ရာ ကောင်းမကောင်းအမြင်နဲ့ ဆုံးဖြတ်ရပေမည့် အရည်အသွေး ကောင်းမကောင်းကို တဒဂ်ကြည့်ယုံနဲ့ မသိနိုင်ပါဘူး။ ကြာကြာဝတ်ကြည့်ရင် အဖြေပေါ်ပြီး အပ်ထည်မရခြင်း များခြင်းတွေ စကားပြောလာပါတယ်။ဖြစ်တဲ့အခါ မိမိစက်ရဲ့ ခွေးသွားစိပ် အသွားလေးတွေက ချွန်ထက်ပြီး ရှတတဖြစ်နေလား သိအောင် လက်နဲ့စမ်းကြည့်ပါ။ရှတနေရင် ကော်ပတ်လေးနဲ့ တိုက်ပေးပါ။ဘိဖိအား အရမ်းများနေရင် လျော့ပေးပါ။

[င] အပ်တိုင်းစောင်းနေရင် ချည်ပြတ်ပါတယ်။အပ်တိုင်အတင်အချနက်ကိုလျော့ပြီး အတင်အချမလုပ်ပဲ စောင်းတာကိုပဲ တည့်ပြီး နက်ပြန်ကြပ်ယုံပါ။မှန်ပြင်အပေါက်မှာ အပ်ထောက်ရာတွေ ရှိနေရင် သေချာပေါက် ချည်ကို တိုက်ဖျက်နေတာမို့ မှန်ပြင်ဖြုတ်ပြီး အပေါက်နုတ်ခမ်းတွေကို အသစ်တုန်းကအတိုင်း ချောသွားအောင် ကော်ပတ်လေးလိပ်ပြီး အပေါက်ထဲမှာ လွှစွဲသလို တိုက်စွဲပါနော်။

Org=ZinMinHtay/09793948476

ဘာကိုမှ....သတိမရသော...မိမိ😑
10/12/2023

ဘာကိုမှ....သတိမရသော...မိမိ😑

Address

Pyapon

Telephone

+9671618866

Website

Alerts

Be the first to know and let us send you an email when WPH-Fáŝhîøn & Dësĝiñ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WPH-Fáŝhîøn & Dësĝiñ:

Share