12/05/2026
လုပ်ငန်းရှင်တိုင်းက Marketing လုပ်တဲ့အခါ မလိုအပ်ဘဲ ပိုက်ဆံအပိုကုန်မှာကို စိုးရိမ်တတ်ကြပါတယ် ❗❗
ကိုယ်ပိုင် Local Brand စလုပ်ချင်သူတွေ၊ အပြင်မှာဆိုင်မဖွင့်ခင် Online ကနေ Branding လုပ်ချင်သူတွေအတွက် ဒီနည်းလမ်းလေးတွေကို သိထားရင်တော့ အကျိုးရှိမှာအသေအချာပါပဲ။
အရင်ဦးဆုံးကိုယ့်ရဲ့ Brand ကို Promote လုပ်ဖို့ Social Media Channel ရွေးချယ်ပါ။
ဥပမာ - လူသုံးများတဲ့ Facebook, TikTok, Instagram
ဒီနေ့ခေတ်ရဲ့ Trend အရအရင်လို Facebook တစ်မျိုးတည်းမှာ Post တင်တာမျိုးမဟုတ်ဘဲ TikTok မှာပါ Short Video လေးတွေဖန်တီးပြီး လူစိတ်ဝင်စားအောင် Multi Channel Marketing နဲ့ Promote လုပ်တာက Brand Awareness ရစေပါတယ်။ 💹
Social Media Channel ရွေးချယ်ပြီးရင်တော့ ပိုက်ဆံမကုန်တဲ့ Marketing နည်းလမ်း ( ၃ ) မျိုးဖြစ်တဲ့
1️⃣ Content Marketing
Brand နဲ့ကိုက်ညီတဲ့ Quality Content တွေတင်ပြီး Organic Audience တွေဆီက Engagement ရဖို့ Content Marketing လုပ်ရပါမယ်။ ဥပမာ -
▪️Storytelling Content
▪️Product Sharing Content
▪️Before & After Content
▪️Trend-Based Content
2️⃣ Personal Branding
Brand Founder ကိုယ်တိုင်ပါဝင်ပြီး Personal Branding နဲ့ Marketing လုပ်တာက Audience တွေဆီက ယုံကြည်မှုကိုရရှိစေတဲ့နည်းလမ်းပါ။ ဥပမာ -
▪️Founder Story
▪️Experience Share
▪️Behind the Scenes of Product Production
▪️Daily business journey
3️⃣ User Generated Content (UGC)
Customer တွေဆီကရရှိတဲ့ Feedback ကို Content ဖန်တီးပြီး Marketing လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် Customer ကို Content Creator အဖြစ်ဖန်တီးပြီး Customer ရဲ့ Post တွေ Video တွေကနေတဆင့် Brand Trust ရစေပါတယ်။ ဥပမာ-
▪️Customer Photo Repost
▪️Review Video
▪️Unboxing Video
စတဲ့ Marketing နည်းလမ်း ( ၃ ) မျိုးနဲ့ တစ်လစာ Content Calendar စီစဉ်ပြီး Consistency ရှိရှိ Brand Promote လုပ်မယ်ဆိုရင် အချိန်တိုအတွင်း ရလဒ်ကောင်းတွေ ရရှိလာမှာပဲဖြစ်ပါတယ်။
ဒါကြောင့်ပိုက်ဆံမကုန်ဘဲ Marketing လုပ်ဖို့ဆိုရင်
Content နဲ့ Customer Relationship အပေါ်မူတည်တဲ့အပြင် Product ကို ထိုးရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ Product ကနေတဆင့် Customer တွေရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တယ်၊ အကျိုးရှိ၊ အသုံးဝင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး ခံစားရအောင်၊ ကိုယ့် Brand ကိုယုံကြည်လာအောင် ဖန်တီးရတာပါ။ ⚡
နောက်ထပ်စိတ်ဝင်စားစရာ Marketing အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ Lix ကို Follow လုပ်ထားဖို့မမေ့ပါနဲ့။
Contact - 09 792070509
Email - [email protected]
Address - 11th Floor 11(A), Red Hill Tower, Pyay Road, Sanchaung Township.