သူ့ကို သိစေချင်တယ်

သူ့ကို သိစေချင်တယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သူ့ကို သိစေချင်တယ်, Internet Marketing Service, Shwebo.

06/01/2024

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကိုအရင်ဆုံး ဆပ်ပြာနှင့်တိုက်၍  ရေစင်စင်၅မိနစ်ခန့် ဆေးပါ။၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အ...
06/01/2024

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို
အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး
ထိုးပါ။ ၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်း
မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။
(တကြိမ်)

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင်
တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ)
(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်***

Copy***************************

'ခွေးရူး'
~~~~

ခွေးရူး ၂မျိုး ရှိပါသည်။

၁...။ ကြမ်းတမ်းသော ခွေးရူး

လက္ခဏာများမှာ...

ခွေး၏အနေအထိုင်ပြောင်း
လာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေ
တတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး

လက္ခဏာများမှာ.....

ကြွက်သားများလေဖြတ်ခြင်း
ကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အ
ကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့
တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး
ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါ
သည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြိးဘယ်အချိန်အ
တွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ
တိမွေးကုဆရာ၀န်များခွေးရူး
ရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူ
များ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ
ပြပါကပျောက်ကင်းအောင်ကု
သရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေး
ရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန် ္ဆများကိုထိန်းသိမ်းထားခြင်း
အခြားနေရာမှသွင်းလာသော တိရစ ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း
အကိုက်မခံရအောင်ဂရုစိုက်
ခြင်းဖြင့်ရောဂါကိုကာကွယ်နိုင်
ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

ရီချို (ဆေး ၁)
May 16th, 2018

mydoctor

စိတ်တံခါးတွေသာဖွင့်ထားပါစကားတွေလျှော့ပြောပြီးနှလုံးသားရဲ့အသံကိုသာနားထောင်ပါ
18/11/2023

စိတ်တံခါးတွေသာဖွင့်ထားပါ
စကားတွေလျှော့ပြောပြီးနှလုံးသားရဲ့အသံကိုသာနားထောင်ပါ

ကိုယ့်ဘဝမှာကိုယ်သာဘုရင်မ ဆိုသူများသာ Share ရန် #မူရင်းဖန်တီးသူအားလေးစားစွာဖြင့်credit
18/11/2023

ကိုယ့်ဘဝမှာကိုယ်သာဘုရင်မ ဆိုသူများသာ Share ရန်
#မူရင်းဖန်တီးသူအားလေးစားစွာဖြင့်credit

ရှိလား ကိုယ်လိုလူ
18/11/2023

ရှိလား ကိုယ်လိုလူ

မူရင်းဖန်တီးသူအားလေးစားစွာဖြင့်crd #
02/11/2023

မူရင်းဖန်တီးသူအားလေးစားစွာဖြင့်crd #

ပန်းတွေကိုချစ်ပါဘယ်တော့မှသစ္စာမမဲ့
02/11/2023

ပန်းတွေကိုချစ်ပါ
ဘယ်တော့မှသစ္စာမမဲ့

Address

Shwebo

Website

Alerts

Be the first to know and let us send you an email when သူ့ကို သိစေချင်တယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share