Team 4

Team 4 Our Company is the media and advertising company especially provide the marketing plan and processes

(၃) ဈေးကွက်ဗျူဟာကိုအကောင်အထည်ဖော်ခြင်းဒီအဆင့်မှာတော့ အပေါ်ကချမှတ်ခဲ့တဲ့အရာတွေကိုဈေးကွက်မှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်။ဒ...
02/06/2020

(၃) ဈေးကွက်ဗျူဟာကိုအကောင်အထည်ဖော်ခြင်း
ဒီအဆင့်မှာတော့ အပေါ်ကချမှတ်ခဲ့တဲ့အရာတွေကိုဈေးကွက်မှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်။
ဒီလိုအကောင်အထည်ဖော်ဖို့ရာမှာ 7Ps ကိုပြင်ဆင်ထားဖို့ရာ လိုအပ်ပါတယ်။
Product
Price
Place
Promotion
People
Process
Physical Appearance တို့ပဲဖြစ်ပါတယ်။
ဒီမှာတော့ ရှေ့မှာပြုလုပ်ထားခဲ့တဲ့ ဈေးကွက်သုတေသနအချက်အလက်တွေကို အများဆုံးအသုံးပြုပြီးလုပ်ကိုင်ရမှာဖြစ်ပါတယ်။

(၄) ဈေးကွက်လုပ်ဆောင်ချက်များကိုပြန်လည်သုံးသပ်ခြင်း
မည်သည့်လုပ်ငန်းအမျိုးအစားမှာမဆို ပြန်လည်သုံးသပ်ခြင်းဟာ မဖြစ်မနေလုပ်ရမယ့် အဆင့်တစ်ဆင့်ဖြစ်ပါတယ်။
ပြန်လည်သုံးသပ်ခြင်းအားဖြင့် မိမိတို့ရယူထားတဲ့ဈေးကွက်ကို ချဲ့ထွင်ဖို့လိုမလား။ထိန်းသိမ်းဖို့လိုမလား။စောင့်ကြည့်ဖို့လိုမလားဆိုတာအပြင် ဈေးကွက်သစ်တွေထိုးဖောက်ရတော့မလားဆိုတာတွေကိုပါ မှန်ကန်စွာ အစီအစဉ်ချမှတ်နိုင်မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် strategy လို့ခေါ်တဲ့ ဈေးကွက်ဗျူဟာကို လို၊တိုး၊ပို၊လျှော့နဲ့ နည်းလမ်းအသစ်၊အိုက်ဒီယာအသစ်တွေထပ်မံဖြည့်တင်းဖို့ရာ လုပ်ကိုင်ရမယ့် အရာလည်းဖြစ်ပါတယ်။

Marketing လုပ်ငန်းစဉ် (၄)ဆင့် အကြောင်းကတော့ ဒီလောက်ပါပဲ
နောက်ပိုင်းမှာလဲ Marketing နဲ့ ပတ်သက်တာတွေ ရေးသားပေးအုန်းပါမယ်နော်



26/05/2020



ဒီလို ကာလအတွင်းမှာနှေးကွေးသွားခဲ့ရတဲ့ လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် Team 4 မှ ကူညီပေးပါရစေ...ယခုလိုပြင်ပသိ...
25/05/2020

ဒီလို ကာလအတွင်းမှာ
နှေးကွေးသွားခဲ့ရတဲ့ လူကြီးမင်းတို့ရဲ့
စီးပွားရေးလုပ်ငန်းတွေအတွက် Team 4 မှ ကူညီပေးပါရစေ...

ယခုလိုပြင်ပသို့ တိုက်ရိုက်ထိတွေ့လို့မရတဲ့ အခြေအနေမှာ
လူကြီးမင်း၏ Product တွေကို Digital Platform မှတစ်ဆင့်
ကြေငြာခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ကျွန်တော်တို့ Team 4 Digital Marketing Company အနေဖြင့်
လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများကို Digital Platform မှာ
ခိုင်မာစွာရပ်တည်နိုင်ပြီး တိုးတက်အောင်မြင်ဖို့အတွက်
ကူညီပေးပါ့ရစေ။

Contact us for more detail
09 444449595

ဒီလို ကာလအတွင်းမှာ နှေးကွေးသွားခဲ့ရတဲ့  လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Team 4 မှ ကူညီပေးပါရစေ...ယခုလိုပြင်...
23/05/2020

ဒီလို ကာလအတွင်းမှာ
နှေးကွေးသွားခဲ့ရတဲ့ လူကြီးမင်းတို့ရဲ့
စီးပွားရေးလုပ်ငန်းတွေအတွက် Team 4 မှ ကူညီပေးပါရစေ...

ယခုလိုပြင်ပနဲ့ တိုက်ရိုက်ထိတွေ့ဖို့ အဆင်မပြေတဲ့ အချိန်ကာလမှာ
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို Digital Platform မှာ
ခိုင်မာစွာ ရပ်တည်နိင်ပြီး တိုးတက်အောင်မြင်ဖို့ အတွက်
တစ်ဖက်တစ်လှမ်းမှ ကူညီဖို့အသင့်ရှိနေပါတယ်။

Contact us for more detail
09 444449595

Work From Home လုပ်နေရတဲ့ လုပ်ငန်းများအတွက် Meeting လုပ်တဲ့အခါမျိုးမှာ အသုံးပြုရတာလွယ်ကူစေမယ့် အကောင်းဆုံး Applications ...
22/05/2020

Work From Home လုပ်နေရတဲ့ လုပ်ငန်းများအတွက် Meeting လုပ်တဲ့အခါမျိုးမှာ အသုံးပြုရတာ
လွယ်ကူစေမယ့် အကောင်းဆုံး Applications ၅ မျိုးကို
ဖော်ပြပေးလိုက်ပါတယ် ။

* Zoom
* Skype for Business
* Cisco WebEx
* GoToMeeting
* Google Meet



Marketing လုပ်ငန်းစဉ် (၄)ဆင့်ကတော့(၁) ဈေးကွက်ကိုပိုင်းခြားစိတ်ဖြာခြင်းဒီအဆင့်ကိုစတင်ဖို့အတွက် အရင်ဆုံးကိုယ့်လုပ်ငန်း၊ထုတ...
19/05/2020

Marketing လုပ်ငန်းစဉ် (၄)ဆင့်ကတော့
(၁) ဈေးကွက်ကိုပိုင်းခြားစိတ်ဖြာခြင်း
ဒီအဆင့်ကိုစတင်ဖို့အတွက် အရင်ဆုံးကိုယ့်လုပ်ငန်း၊
ထုတ်ကုန်၊ဝန်ဆောင်မှုက ဘယ်နေရာမှာ ရောက်နေတာလဲ
ဆိုတာကိုသိအောင်လုပ်ရပါမယ်။
ပြီးရင်တော့ ကိုယ်ကဘယ်ဈေးကွက်ကိုထိုးဖောက်မှာလဲဆိုတာကိုနေရာသတ်မှတ်ရပါတယ်။ဒီလို ထိုးဖောက်နိုင်ဖို့
အတွက် ဈေးကွက်ကိုခွဲခြမ်းစိတ်ဖြာရာမှာ
👉 အရပ်ဒေသအလိုက်ခွဲခြမ်းစိတ်ဖြာခြင်း
(ဥပမာ-ကျေးလက်၊မြို့ပြ၊ပြည်တွင်း၊ပြည်ပ.....)
👉 လူမှုအသိုင်းအဝိုင်း
(ဥပမာ-ကျား၊မ၊အလုပ်အကိုင်၊ဝင်ငွေ၊ပညာရေး)
👉 စိတ်ပိုင်းဆိုင်ရာသဘောထား
(ဥပမာ-ဝါသနာ၊လူမှုစတိုင်လ်)
👉 အမူအကျင့်၊အကြိုက်များ
(ဥပမာ-ဝယ်ယူမှုပုံစံ၊တန်ဖိုးထားရွေးချယ်မှု)
စတဲ့ နည်းလမ်းတွေကိုအသုံးပြုလေ့ရှိကြပါတယ်။

(၂) ဈေးကွက်ဗျူဟာချမှတ်ခြင်း
ဒီအဆင့်ကိုစတင်နိုင်ဖို့ရာ ကိုယ်ဘယ်နေရာသွားချင်တာလဲဆိုတာကို အရင်ဆုံးတိတိကျကျသိဖို့ရာ
အရင်လုပ်ရပါမယ်။
mission,vision,objectives တွေ တိတိကျကျချရေးထားဖို့လိုအပ်ပါတယ်။
အပေါ်ကပြောတာတွေလုပ်ပြီးပြီဆိုရင်
Planning လို့ခေါ်တဲ့ အစီအစဉ်ချမှတ်ခြင်းတွေနဲ့အတူ
မိမိလုပ်ငန်းရဲ့ဗျူဟာအတိုင်း ဈေးကွက်ကိုစတင်
ထိုးဖောက်လို့ရပါပြီ။

To be continued ……….


Covid19 Stay Home ကာလအတွင်းမှာ ဘယ်လိုစာအုပ်မျိုး ဖတ်ဖြစ်ကြသလဲ
15/05/2020

Covid19 Stay Home ကာလအတွင်းမှာ ဘယ်လိုစာအုပ်မျိုး ဖတ်ဖြစ်ကြသလဲ


What is Marketing?Marketing ဆိုတာ...မိမိရဲ့လုပ်ငန်း၊မိမိရဲ့ထုတ်ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေကို အခြားသူတွေသိလာအောင်၊သတိထားမ...
13/05/2020

What is Marketing?

Marketing ဆိုတာ...

မိမိရဲ့လုပ်ငန်း၊မိမိရဲ့ထုတ်ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေကို အခြားသူတွေသိလာအောင်၊သတိထားမိလာအောင်
လုပ်ခြင်း၊ဈေးကွက်ထဲမှာနေရာရလာအောင်လုပ်ပေးခြင်း ပညာရပ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါရစေ။

ဈေးကွက်ပညာရဲ့ဖခင်ကြီး ဖိလစ်ကော့တလာကတော့ Marketing ဆိုတာ ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းကိုရောင်းချတာမဟုတ်ဘဲ ၊ ဈေးကွက်ကိုကြိုတင်သုံးသပ်ပြီး ရောင်းချမယ့်ပစ္စည်းကိုဖန်တီးဖလှယ်ခြင်းလို့ ပြောကြားထားပါတယ်။

ဒီနေ့မှာတော့ Marketing လုပ်ငန်းစဉ် (၄)ဆင့်ရဲ့
ခေါင်းစဉ်လေးတွေနဲ့ မိတ်ဆက်ပေးသွားပါ့မယ်။

(၁) ဈေးကွက်ကို ပိုင်းခြားစိတ်ဖြာခြင်း
(၂) ဈေးကွက်ဗျူဟာ ချမှတ်ခြင်း
(၃) ဈေးကွက်ဗျူဟာကိုအကောင်အထည်ဖော်ခြင်း
(၄) ဈေးကွက်လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ခြင်း

တို့ပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Marketing နဲ့ ပတ်သတ်ပြီး အနည်းငယ် သိလောက်ပြီ ထင်ပါတယ်
နောက်ရက်တွေမှာ Marketing လုပ်ငန်းစဉ် ၄ဆင့်နဲ့
ပတ်သက်တာတွေ ပြောပြပေးသွားပါမယ်နော်



ယခုကာလအတွင်းမှာ လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ထားရပြီလား?ပြသာနာတိုင်းမှာ ဖြေရှင်းချက်ဆိုတာ ရှိစမြဲပါ ။ယခုလ...
11/05/2020

ယခုကာလအတွင်းမှာ လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ထားရပြီလား?

ပြသာနာတိုင်းမှာ ဖြေရှင်းချက်ဆိုတာ ရှိစမြဲပါ ။

ယခုလိုပြင်ပသို့ တိုက်ရိုက်ထိတွေ့လို့မရတဲ့ အခြေအနေမှာ မိမိလုပ်ငန်း ဆက်လက် လည်ပတ်ဖို့အတွက်
ကျွန်တော်တို့အနေဖြင့် လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်း
Digital Platform မှာလည်း ခိုင်မာစွာ ရပ်တည်နိုင်ပြီး တိုးတက်အောင်မြင်ဖို့ အတွက်ကူညီပါရစေ။

Contact us for more details
09 444449595

Address


Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959444449595

Website

Alerts

Be the first to know and let us send you an email when Team 4 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Team 4:

  • Want your business to be the top-listed Advertising & Marketing Company?

Share