26/05/2026
လုပ်ငန်းတစ်ခုကို လူသိများအောင်
ဘယ်လို တည်ဆောက်မလဲ ❓
AI ကို Marketing မှာ ဘယ်လို အသုံးချမလဲ❓
ပြိုင်ဆိုင်မှုများတဲ့ စျေးကွက်ထဲမှာရော
ကိုယ့် Brand ကို
ကွဲထွက်နေအောင် ဘယ်လိုလုပ်မလဲ ❓
ဒီလိုမေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေဖို့
မန္တလေးရဲ့ ထိပ်တန်း Agency (၄) ခု
Founder တွေ ပူးပေါင်းပြီး collaborate လုပ်မယ့် "Mandalay Marketing in Action (MMA 2026) “ ပွဲကြီး
ရောက်ရှိလို့လာပါပြီ 😎
ဒီ ပွဲကြီးက မန္တလေးမြို့ရဲ့ Marketing Landscape တစ်ခုလုံးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး ကျင်းပထားတာ ဖြစ်တဲ့အတွက်
👉🏻မန္တလေးက စီးပွါးရေးလုပ်ငန်းရှင်တွေ သာမက
👉🏻Marketing နယ်ပယ်ထဲက ညီအစ်ကို မောင်နှမတွေ
👉🏻ကိုယ့်အစွမ်းအစနဲ့ ရပ်တည်နေကြတဲ့ Freelancer တွေ
👉🏻Branding & Marketing ကို စိတ်ဝင်စားသူတွေ
အနေနဲ့ မဖြစ်မနေ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
✨ ဒီပွဲမှာ ဘာတွေ ထူးထူးခြားခြား ရရှိဦးမလဲ?
🧑⚖️Panel Discussion
မန္တလေးအခြေစိုက် ထိပ်တန်း Agency ကြီး (၄)ခုက (Swara, AM Marketing Group, Dilo, IWAH) ရဲ့
Founder များကိုယ်တိုင် Panelist များအဖြစ်
ပါဝင်ပြီး လက်တွေ့အသုံးချလို့ရမယ့်
ဗဟုသုတတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
🤝 Networking အစီအစဉ်
လုပ်ငန်းရှင်တွေ၊ Agencies တွေနဲ့ အလွတ်တန်းပညာရှင်တွေ အချင်းချင်း ချိတ်ဆက်မိပြီး
Business Opportunities အသစ်တွေ ရှာဖွေနိုင်မှာပါ။
💻 Freelancer Listing (အထူးအစီအစဉ်)
MMA ရဲ့ Website စာမျက်နှာမှာ မန္တလေးအခြေစိုက် Freelancer တွေနဲ့ သူတို့ရဲ့ Portfolio တွေကို
Listing ပြုလုပ်ပေးသွားမှာမို့လို့ လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Main Sponsor အဖြစ် "ရှမ်းရွှေတောင်" မှ
ပံ့ပိုးကူညီထားပြီး Free Entry ဖြစ်လို့
အခုပဲ ကြိုတင်စာရင်းပေးသွင်းလိုက်တော့နော်! 👇
🗓️ Date : 30.5.2026 (Saturday)
⏰ Time: 9 AM to 12 AM
📍Location : Mingalar Mandalay Hotel
🔗 Registeration Link:
https://form.typeform.com/to/BCdPT3ra