24/10/2023
မြောက်ဒဂုံက ရှယ်တန်ရှယ်ကြိတ် အဝစား မူကထဆိုင်လေး 😋😋
🥓🥓အိုးပူပူလေးမှာ အသားလွှာပါးပါးလေးတွေကို ရှဲကနဲနေအောင် ကင်ပြီး စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုး နပ်လိုက်မယ့်ဖြစ်ချင်းနော်။ 🥺🥺
ထိမိတဲ့ ဟော့ပေါ့အရည် ပူပူလေးကို အာမထိလျှာမသိသောက်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ အသားလွှာပါးပါး လေးတွေကို အချဉ်် စပ်စပ်လေးနဲ့ စားချင်နေပြီဆိုရင် တစ်ခါစားတာနဲ့ ထပ်ခါထပ်ခါစားချင်အောင် စွဲလမ်းသွားစေမယ့် စိန်သုံးလုံး မူကထဆိုင်လေးရှိနေပါပြီ ။ ✅
ဈေးတန်စားကောင်း အမယ်စုံလွန်းတဲ့ မြောက်ဒဂုံကစိန်သုံးလုံး အဝစားမူကထဆိုင်မှာ 🫶🏻🫶🏻
ရေဘဝဲကြီးတွေ ၊
ရေချိုပုစွန်ထုပ် အကြီးကြီးတွေ ၊
ဝက်သုံးထပ်သားအလွှာ၊
အမဲလွှာ၊
ကြက်မဲ၊
ကြက်ဆင်၊
အသားနှပ်အမျိုးမျိုး ၊
ခရုကမာမျိုးစုံ၊
ချိစ်လုံး ၊
အသားလုံး ၊ အသားချောင်းမျိုးစုံ ၊
လက်ဆက်လွန်းတဲ့ မှို ၊ အရွက်မျိုးစုံ ၊
စတာတွေအပြင် အရသာရှိလွန်းလှတဲ့ side dishes တွေကိုပါ တစ်ထိုင်တည်း အဝကြိတ်လို့ရမှာပါ။ 🥰🥰
ဈေးနှုန်းကလည်း တစ်ယောက်ကိုမှ 19800 ကျပ်တည်း ကျတဲ့အပြင် အချိန် ၃ နာရီတောင် စိတ်ကြိုက် အဝစားလို့ရတယ်ဆိုတော့ ရှယ်တန်လွန်းနေပါပြီ။ 🤤🤤
မူကထအဝဆွဲပြီးရင် အစာပိတ်အနေနဲ့ စားဖို့ ရေခဲမုန့်၊အအေး ၊ အချိုပွဲ၊ အသီးလေးတွေကိုပါ တည်ခင်းပေးထားပါသေးတယ် ။ အမယ်စုံ ဈေးတန် အရသာရှိလွန်းတဲ့ မူကထဘူဖေး ကောင်းကောင်းလေး စားချင်နေပြီဆိုရင် စိန်သုံးလုံးကိုသာ သတိရလိုက်ပါနော်။ 🩷🩷
✅ လူကြီး-၁၉၈၀၀ကျပ်
✅ ကလေး၄ပေအောက်-၉၈၀၀ကျပ်
✅ အဝစား ၃နာရီ
Address: No.962, ပြည်ထောင်စုလမ်းမကြီး ၂၉ရပ်ကွက် မြောက်ဒဂုံ အားကစားကွင်းနှင့် ကပရမှတ်တိုင်ကြား ရန်ကုန်
Phone: 09447848485
#စိန်သုံးလုံး #မူကထ #အဝစား #မြောက်ဒဂုံမူကထ