Boosthemia - Media Buying

  • Home
  • Boosthemia - Media Buying

Boosthemia - Media Buying နှလုံးခုန်တိုင်း ငွေဝင်ချင်ရင်
သင့်လုပ်ငန်းကို ကြော်ငြာ​လိုက်ပါ​

17/05/2025

မနက်ဖြန်​ 18.5.25 တွင်​ Boosthemia​ မှ
ဝန်ထမ်းများအားလုံး ခရီးတိုသွားဖို့ရှိပါသဖြင့်
မနက်ဖြန်တစ်ရက် အလုပ်နားမည်ဖြစ်ပါသည်

မနက်ဖြန်​ Service အပ်လိုသူများအားလုံး
ယနေ့​ကြိုအပ်ထားဖို့ တောင်းဆိုချင်ပါတယ်ဗျ

ပိတ်ရက်မရှိ အမြဲတာဝန်ထမ်းဆောင်ပေးနေတဲ့
ဝန်ထမ်းတွေကို နားရက်လေးပေးဖို့ပါခင်ဗျာ😁

ထမင်းရှင်​ Client​ အားလုံးကို ကျေးဇူးတင်ပါတယ်💖

ကိုယ့်ရဲ့ကြော်ငြာကို ဒေါ်လာနည်းနည်းသုံးပြီး လူများများမြင်စေချင်ရင် Reach Goal ကိုသုံးပါအောက်က Result ကို ကြည့်ကြည့်ပါBu...
24/10/2024

ကိုယ့်ရဲ့ကြော်ငြာကို ဒေါ်လာနည်းနည်းသုံးပြီး
လူများများမြင်စေချင်ရင် Reach Goal ကိုသုံးပါ

အောက်က Result ကို ကြည့်ကြည့်ပါ

Budget 4.86$ သာ အသုံးပြုထားပေမဲ့
Reach 8 သောင်းကျော်ရတာကို တွေ့နိုင်ပါတယ်

တွက်ကြည့်လိုက်ရင် 1$ တည်းသုံးရုံနဲ့
Reach 16661 လောက် ရထားတာဖြစ်ပါတယ်

=====

Message Goal နဲ့ Boost ရင် ပျှမ်းမျှအားဖြင့်
1$ ကို Reach 1000 တောင် နပ်မမှန်ချင်ပါဘူး

မြန်မာငွေ 5000 လောက်သုံးတာတောင်
လူအယောက် 1000 ကြော်ငြာမြင်ဖို့ခက်ပါတယ်

Reach Goal နဲ့သာဆိုရင် မြန်မာငွေ 5000 နဲ့ပဲ
လူ 10000~15000 မြင်အောင်ကြော်ငြာနိုင်ပါတယ်

=====

ဒါပေမဲ့ R​each Goal မှာ အားနည်းချက်ရှိပါတယ်

❎ တခြား Goal တွေလို Page ထဲကနေတဆင့်
Boost လုပ်လို့ မရပါဘူး..​ Ad Manager ကနေ
သီးသန့်သွားပြီး Boost လုပ်မှရပါတယ်..​

❎ Page ကနေလုပ်တာမဟုတ်လို့ တခြား Admin တွေက Result စစ်ကြည့်လို့မရပါ.. Boost ပေးတဲ့သူဘက်မှာပဲ Result ကြည့်လို့ရပါလိမ့်မယ်

❎ Reach Goal က Reach တော့ များကြီးရပေမဲ့
Message Goal လောက် Message မဝင်သလို၊
Engagement Goal လောက် Like မရပါဘူး...

ဒါ့ကြောင့် Message Goal လောက်တောင်
ရောင်းအားတက်လာမှာ မဟုတ်ပါဘူး.. 🤷🏻‍♂️

=====

Reach Goal ဘယ်အချိန်မှာသုံးသင့်လဲဆိုရင်

✅ လူမြင်ရင်ပြီးရော ကြော်ငြာချင်တဲ့အခါမျိုး
ဥပမာ -​ ဆိုင်ဖွင့်ပွဲကို ကိုယ့်မြို့ထဲလူတွေလောက်ပဲ
မြင်ရင်ရပြီဆိုပြီး ကြော်ငြာချင်ရင်သုံးလို့ရပါတယ်

✅ Custom Audience နဲ့ Page ကိုမြင်ဖူးသူတွေကို Retargeting လုပ်ပြီး ပြန်ကြော်ငြာချင်တဲ့အခါ တခြား Goal ထက် Reach Goal ပိုကောင်းပါတယ်

✅ Boost မလုပ်ရင်တောင် လူစိတ်ဝင်စားများပြီးသား Content ကို လူများများဆီ မြန်မြန်ရောက်စေချင်ရင် Reach Goal သုံးလို့ရပါတယ်
(ဥပမာ​ -​ ပေါက်သွားတဲ့ဟာသ Video/Memeတို့၊
React များတဲ့ Motivational စာပေတို့လိုမျိုးပေါ့)​

✅ ကြော်ငြာကို လူတိုင်းတစ်ခါလောက်တော့
မြင်ဖူးကြအောင်ကြော်ငြာချင်ရင်သုံးလို့ရပါတယ်

=====

ကြော်ငြာပို့စ်တင် Boost လုပ်ပြီးတာနဲ့
တန်းပြီးရောင်းပဲရောင်းရချင်ရင်တော့

Engagement + Message Goal က သာလျှင်
သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်..

Reach Goal က လူများများမြင်ရုံလောက်နဲ့
Branding အတွက် Strategy တွေ လုပ်မှသာ
အသုံးဝင်မဲ့ Goal တစ်ခုဖြစ်ပါတယ်..

အနာတခြား ဆေးတခြား ဖြစ်နေရင်လဲ
ရောဂါမပျောက်တတ်တာကို သတိပြုပါ..

=====

Reach Goal ကို စမ်းကြည့်ချင်တယ်၊
ဘယ်လိုလုပ်ရမှန်းလဲမသိဘူးဆိုရင်
Boost Service အပ်လို့ရပါတယ်ခင်ဗျ 🤗✨

ကြော်ငြာချင်ပေမဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိရင်လဲ
Page Messenger မှာ အခမဲ့တိုင်ပင်နိုင်ပါတယ်💖

Admin တို့ ရောင်းအားတိုးတက်ရေးသည်
ကျွန်တော်တို့ရဲ့ နံပါတ််တစ် ဦးစားပေးဖြစ်ပါသည်❤️

=====

မှတ်ချက် :
- Activeဖြစ်မှငွေချေမဟုတ်ပါ၊ငွေကြိုလွှဲသီးသန့်ပါ
- Gambling ကြော်ငြာများ လက်မခံပါ ❌
- Service မအပ်ရင်တောင်သိလိုတာမေးနိုင်ပါတယ်
- အလုပ်ချိန် : မနက် 10 နာရီ မှ ည 10 နာရီအထိ
- Service​ Fee ကို Page ရဲ့ Auto Reply မှာ
Update​ အမြဲရေးပေးထားပါသည်... 🤗✨

Service အပ်​လိုက်ပေမဲ့ Service သမားကပြီးရင်ပြီးရော ပစ်ထားခံရတာမျိုးကြုံဖူးလား?​အပြောကြမ်းတဲ့ Service တွေနဲ့ကောတွေ့ဖူးလား...
24/10/2024

Service အပ်​လိုက်ပေမဲ့ Service သမားက
ပြီးရင်ပြီးရော ပစ်ထားခံရတာမျိုးကြုံဖူးလား?​

အပြောကြမ်းတဲ့ Service တွေနဲ့ကောတွေ့ဖူးလား?

ခပ်ချေချေ Service တွေဆီမှာကောအပ်ဖူးလား?

တကယ်တော့​ Service ကအဲ့လိုလုပ်လို့မရပါဘူး

Boost Service နဲ့ Page Admin ​ဆိုတာ
ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ...​ 💖

Boost Service က လူတွေဆီ ကြော်ငြာပေးတယ်..
Page Admin တွေက စျေးရောင်းတယ်..​

ဒီလိုနဲ့ပဲ အချင်းချင်းအပြန်အလှန်မှီခိုရင်း
စျေးရောင်းကာ စီးပွားရေးလုပ်ရတာပါပဲ

ဒါ့ကြောင့် B​oost Service နဲ့ Page Admin က
လိုက်ဖက်ညီနေဖို့ လိုအပ်ပါတယ်..

=====

သင့် Page နဲ့ လိုက်ဖက်ညီတဲ့
Boost Service ကိုရှာနေတယ်ဆိုရင်တော့
ကျွန်တော်တို့ဆီမှာ တစ်ခါလောက်အပ်ကြည့်ပါ

ကျွန်တော်တို့ Boosthemia (ဘုစ်သီမီးယား)​ က
✅ အလုပ်ချိန်အတွင်းဆိုReplyအရမ်းမြန်ပါတယ်
✅ စိတ်ပါမှထလုပ်ပေးတတ်တဲ့ Service ​မဟုတ်
✅ ဆင်ခြေမပေး၊ ပိတ်ရက်မရှိတဲ့ Service
✅ နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ Service
✅ Boost ပြီးရင် Result ပြန်စစ်ပေးတဲ့ Service
✅ Result မကောင်းရင် ပြန်ပြင်ပေးတဲ့ Service
✅ Boost ရုံတင်မက အကြံပါတောင်းလို့ရပါတယ်🤗✨

အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တတ်တဲ့
Boost Service မလို့ ရေရှည်မှာလဲ
ချောချောမွတ်မွတ်နဲ့ အဆင်ပြေစေမှာအမှန်ပါ..

Service တစ်ခါလောက်ပဲ အပ်ကြည့်ပါ..

ကြိုက်နှစ်သက်သွားစေဖို့ အာမခံပါတယ်🤗✨

Page Messenger မှာ​ လာ​ Hi ပြီး
Boost Service အပ်​လို့ရပါပြီခင်ဗျားး 💖

=====

မှတ်ချက် :
- Active​ ဖြစ်မှငွေချေမဟုတ်ပါ
- Gambling​ ကြော်ငြာများ လက်မခံပါ ❌
- Service မအပ်ရင်တောင်သိလိုတာမေးနိုင်ပါတယ်
- အလုပ်ချိန် : မနက် 10 နာရီမှ ည 10 နာရီအထိ
- Service​ Fee ကို Page ရဲ့ Auto Reply မှာ
Update​ စျေးနှုန်းအမြဲရေးပေးထားပါသည်... 🤗✨

23/10/2024

Page Name ကို​ အကြောင်းအမျိုးမျိုးကြောင့်

Boosthemia ​(ဘုစ်သီမီးယား)​ အဖြစ်

Page​ အမည်ပြောင်းလဲထားကြောင်း
Client​ Admin များအား​ အသိပေးအပ်ပါသည်

16/10/2024

Tiktok မှာ Boostမလုပ်ခင် သိထားရမဲ့အရာများ

Tiktok Boost က Facebook​ Boost လိုပါပဲ

Tiktok ကို အခကြေးငွေပေးပြီး
View ရအောင် ကြော်ငြာပြတာပါပဲ..​

ကြော်ငြာတဲ့အခါ ဒါလေးတွေသိထားရင်
ဘာတွေရွေးချယ်စရာရှိမလဲသိတာပေါ့..

=====

Facebook​ လိုပဲ Tiktok မှာလဲ Goalရွေးရပါတယ်

ဘာ Goal တွေရှိလဲဆိုတော့
1.​ Get More Video View
2.​ Get More Follower
3. Get More Profile View ဆိုပြီးရှိပါတယ်..​

=====

Get More Video View က ဒီ Post တစ်ခုကိုပဲ
View အများဆုံးရချင်တယ်၊ Like အများဆုံး
ရချင်တယ်ဆိုရင် အသုံးပြုသင့်ပါတယ်..

ဥပမာ အရောင်းပိုစ့်ကြော်ငြာတာ၊
ဆိုင်အကြောင်းကြော်ငြာတာဆို သုံးသင့်ပါတယ်

--

Get More Followers ကတော့
Follower တိုးချင်တဲ့အခါမှာ သုံးသင့်ပါတယ်..

သူက​လဲ Follower အပြင် ကြော်ငြာမဲ့ Postမှာလဲ
View + Like ရတတ်တာမလို့ အကျိုးရှိပါတယ်

Video Viewလောက်တော့ Like မများဘူးပေါ့နော်

--

Get More Profile View ကတော့
Profile ထဲ ဝင်ကြည့်စေချင်တဲ့အခါသုံးလို့ရပါတယ်

Profile ထဲမှာ ကြော်ငြာမျိုးစုံတင်ထားတာရှိရင်၊
Pin Post မှာ Page ကို လာဝယ်ဖို့တင်ထားရင်
ဒီ Goal သုံးလို့ရပါတယ်..

Page မှာ လာ​ဝယ်​စေချင်ရင်
ဒီ Goal က သုံးဖို့ သင့်တော်ပါတယ်

=====

Facebook​ လို Tiktok မှာ Location ရွေးလို့မရပါ

Myanmar ပဲရွေးလို့ရပါတယ်

ဒါ့ကြောင့် ကိုယ့်မြို့မှာပဲ ရွေးပြီးရောင်းချင်တဲ့
Page Admin တို့အတွက် အဆင်မပြေပါ

(Tiktok ကတော့ Myanmar ရွေးထားပေမဲ့
Result အကောင်းဆုံးမြို့တွေကို
Auto ရွေးချယ်ပြီး ပြပေးပါတယ်)​

များသောအားဖြင့် 70% လောက်က
ရန်ကုန်၊ မန်းလေးကို အဓိက ပြပေးလေ့ရှိပါတယ်

=====

Audience မှာ​ Gender​ ရွေးလို့ရပါတယ်..

Age ရွေးလို့ရပါတယ်...

Interest​ ကတော့​ အရမ်းအများကြီးမရှိပါ..

Audience​ ​ရွေးရင် View ပိုနည်းတတ်ပါတယ်

Default Audience ဆိုရင်​ View ပိုရပါတယ်

=====

In review က 1 နာရီလောက်ပါပဲ

1 နာရီအတွင်း Active ဖြစ်ပါတယ်..

=====

1$ Boost လုပ်ရင် ခန့်မှန်းခြေ
View 2000 ကနေ 3000 ကြားရနိုင်ပါတယ်..

လူတွေက Tiktok ကနေ ဝယ်တာနည်းတာမလို့
အရောင်းအဝယ်ဖြစ်ဖို့တော့မသေချာပါ...​

Brand ကို လူသိများလာအောင်လုပ်ဖို့၊
Content Marketing လုပ်​သူတွေအတွက်တော့
တော်တော်လေး အကျိုးရှိပါလိမ့်မယ်...

=====

Tiktok မှာ Boost ရင် သတိထားရမှာကတော့
နောက်ခံသီချင်း (Background Music) ပါ

ကိုယ်တိုင်ရိုက် Video ကို
ကိုယ့်​အသံနဲ့ဆို ပိုပြီးကောင်းပါတယ်

တီးလုံးသုံးမယ်ဆိုလဲ နာမည်သိပ်မကြီးတဲ့
တီးလုံးမျိုးကို ရွေးချယ်အသုံးပြုပါ..​

=====

Tiktok Boost အတွက် Service အပ်မယ်ဆိုရင်
Account Password ပေးစရာမလိုပါ..

Boost ချင်တဲ့ Post Link ပေးရင်ရပါပြီ..

Notification ထဲကျလာတဲ့ Invitation ကို
Accept လုပ်ပေးရုံနဲ့ Active ဖြစ်ပါလိမ့်မယ်

=====

Tiktok အတွက် Boost Service​ အပ်ချင်ရင်
Page Messenger မှာ​ အပ်လို့ရပါပြီခင်ဗျာ💖


Tiktok Boosting Service အပ်ဖို့Invitation ကို​ Access ပေးနည်းလေးပါAccess ပေး​ပြီးရင်​ စပြီး​ ကြော်ငြာပါ​လိမ့်မယ်ပုံပါအတိ...
15/10/2024

Tiktok Boosting Service အပ်ဖို့
Invitation ကို​ Access ပေးနည်းလေးပါ

Access ပေး​ပြီးရင်​ စပြီး​ ကြော်ငြာပါ​လိမ့်မယ်

ပုံပါအတိုင်း​ တစ်ဆင့်ချင်းလုပ်သွားရင်
တစ်ခါ​သာ​ Access​ ပေးဖို့လိုပါမည်..

Account​ ပေးစရာမလိုပါ​ခင်ဗျာ🤗✨

=====

Tiktok မှာ​ ကြော်ငြာ​ဖို့​ Service​ အပ်ချင်ရင်
အောက်က​ Link ကိုနှိပ်ပြီး အပ်လို့ရပါပြီနော် 💖

m.me/marketingpulsemm

13/10/2024

Tiktok Boosting အပ်ချင်သူတွေအတွက်
ဒီရက်ပိုင်းအတွင်း​ Service​ ရပါမယ်နော်​💖

Tiktok ဘက်ကို​ နယ်ချဲ့ကြပါစို့ 💞

11/09/2024

ရှိသမျှ WiFi​တွေ​ အကုန်လိုင်းကျနေပါတယ်နော်

WiFi​ လိုင်းကျ​ရင်​ Customer တွေက​ Online တက်မရတဲ့အတွက် Boost Result ကျပြီး ရောင်းအားလဲကျတတ်ပါတယ်..

ဖြစ်နိုင်ရင်​ ဒီနေ့​ Boost မလုပ်သေးပဲ မနက်ဖြန်လောက်မှ စ​ Boost​တာပိုကောင်းပါတယ်ခင်ဗျ​✨🤗

29/08/2024

Facebook​ ဘက်က​ Error ဖြစ်ပြီး
Page တိုင်း​ Boost​လို့မရသေးပါဘူးခင်ဗျာ🥺✨

ဒီညနေ Service အပ်ထားတဲ့သူတွေကို
Boost ပြန်​ရတာနဲ့ ချက်ချင်းလုပ်ပေးပါ့မယ်နော်💖

စိတ်ရှည်ရှည်နဲ့ သည်းခံပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ ✨

16/08/2024

Visa​ Card ဒေါ်လာစျေးပြန်ကျလို့
Service fee လေးပြန်လျှော့ထားပါတယ်နော်

ဘယ်အချိန်ပြန်တက်မလဲမသိလို့
စျေးကျတုန်းလေး Boost​ ထားကြပါ😁✨

(ဘဏ်တွေက စိတ်မမှန်တာ သိကြမှာပါ🙄)

13/08/2024

ဒေါ်လာစျေးက တက်ဦးမလားဆိုရင်

သေချာပေါက်ထပ်တက်ဦးမှာပါ...

Visa​ Card​ က​ ဒေါ်လာစျေးနဲ့
အပြင်ဒေါ်လာအရွက်စျေးက
2000 နီးပါးကွာနေပါတယ်..

ဘဏ်စျေးက အပြင်စျေးကို​မမှီသေးဘူးမလို့
တက်တာကထပ်တက်ဦးမှာပါ

ဗဟိုဘဏ်က​ ဒေါ်လာထုတ်မရောင်းပေးတာကြောင့်
အပြင်အရွက်စျေးကလဲ ဆက်တိုက်တက်မှာပါ

ဗဟိုဘဏ်က ထုတ်မရောင်းပေးသရွေ့
အပြင်အရွက်စျေး​ကလဲ​ ဆက်တက်ဖို့ရှိပါတယ်

ဒါ့ကြောင့်စျေးတွေအရမ်းမကြီးခင်
Boost စရာရှိ​တာ​ Boost​ ပြီး
Page​ Promote လုပ်စရာရှိတာ​ လုပ်ထားကြပါ

နောက်မှ​လုပ်မယ်ဆိုရင်​ နောက်ကျသွားပါလိမ့်မယ်✅

13/08/2024

ဘဏ်မှာ ဒေါ်လာစျေးတွေတက်တာမလို့
Service fee လေးတွေ​ တိုးထားပါတယ်နော်

Service​အပ်မဲ့သူများ စျေးမေးပြီးမှ
Service အပ်​ဖို့​ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ💖

Address


Opening Hours

Monday 10:00 - 21:30
Tuesday 10:00 - 21:30
Wednesday 10:00 - 21:30
Thursday 10:00 - 21:30
Friday 10:00 - 21:30
Saturday 10:00 - 21:30
Sunday 10:00 - 21:30

Telephone

+959953701028

Alerts

Be the first to know and let us send you an email when Boosthemia - Media Buying posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share