Royal Ever Truth Advertise Media

  • Home
  • Royal Ever Truth Advertise Media

Royal Ever Truth Advertise Media Provide Your Business. We will fulfill for the Best.

New Logo ... New Theme ...Many more to Come ...Stay tuned with Us ...      Call Us @ 09-425746667 ... 09-778848480Write ...
28/02/2024

New Logo ... New Theme ...

Many more to Come ...

Stay tuned with Us ...




Call Us @ 09-425746667 ... 09-778848480

Write Us @ [email protected]

ဆန်တစ်ဆုပ်ကျဲချလိုက်ဌက် တစ်အုပ် ရောက်လာလိမ့်မယ်။ဆန်စေ့ကုန်ရင် ပျံသွားကြမယ်။ငွေတစ်ထုပ် ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်လူ...
18/01/2023

ဆန်တစ်ဆုပ်ကျဲချလိုက်
ဌက် တစ်အုပ် ရောက်လာလိမ့်မယ်။
ဆန်စေ့ကုန်ရင် ပျံသွားကြမယ်။

ငွေတစ်ထုပ် ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်
လူတစ်အုပ် ရောက်လာလိမ့်မယ်။
ကျွှေးစရာ ပေးစရာမရှိတော့ရင် ပြန်သွားကြလိမ့်မယ်။

စွန့်ခွါသွားပုံခြင်းတူပေမယ့်
ဌက်တစ်အုပ်က ဒုက္ခမပေးဘူး။

Credit..,

Drop a handful of rice
A herd of omnivores will come.
When the rice grains run out, they will fly away.

A bag of money combined with a show
A group of people will come.
They will go back when they have nothing more to offer.

It might be like deserting
A herd of omnivores does not harm.

Credit..,

RET ကနေ ရနိုင်တဲ့ Customized Service များအရင်ဦးဆုံး ရှင်းပြချင်တာက customized ဆိုတဲ့ စကားလုံး လေးပါ . လူတိုင်းမှာ တယောက...
12/06/2020

RET ကနေ ရနိုင်တဲ့ Customized Service များ

အရင်ဦးဆုံး ရှင်းပြချင်တာက customized ဆိုတဲ့ စကားလုံး လေးပါ . လူတိုင်းမှာ တယောက် နဲ့ တယောက် လိုအပ်ချက် ဆိုတဲ့ needs တွေ မတူနိုင်ပါဘူး . အဲ့တော့ လူတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ organization တွေ client company တွေ မှာလည်း ဘယ်လိုမှ needs တွေ မတူနိုင်တာ အမှန်ပါပဲ

အဲ့လို မတူညီတဲ့ needs တွေကနေ တက်လာတဲ့ client ပေါင်းများစွာရဲ့ demand တွေကို format ကြီး တခုတည်း ချပြီး dealing လုပ်နေမယ့် advertising media တွေထဲမှာ ကိုယ်တွေ RET မပါတာတော့ အသေအချာပါပဲ

ဘာတွေ လုပ်ပေးနိုင်လို့ ဒီလိုတွေ ပြောနေတာလည်း ဆိုတာ မေးစရာရှိပါတယ် ဟုတ်ကဲ့ customized လုပ်ပေးတယ် ဆိုတာ သိသာအောင် ရှင်းပြပေးချင်ပါတယ်

* Brand အသစ်တွေကို ပေးတဲ့ service အလန်း *
Advertising အတွက် ရည်ရွယ်တဲ့ Budget Scheme တခုရယ် သွားချင်တဲ့ လမ်းကြောင်းပုံစံ​လေးပဲ ချပြပေးပါ . ဘာ campaign တွေ ဘယ်လို activity တွေ လုပ်လို့ရတယ်ဆိုတာ အကြံပေးရုံတင်မက အဲ့ဒီအတိုင်း customer က သဘောတူညီရင် လက်တွေ့ပါ မဆိုင်းမတွ ဆောင်ရွက်ပေးပါသေးတယ် . ကျွန်တော်တို့နဲ့ လက်တွဲပြီး Brand ဖောက်ဖူးတဲ့ customer တိုင်း သိကြပါတယ်

* ရှိရင်းစွဲ Brand တွေ အတွက် ရှယ် service *
လုပ်ချင်တဲ့ campaign ဒါမှမဟုတ်ရင် ရချင်တဲ့ item လေးတွေကို ပြောပြရင် ဘယ်သူမဆို ရနိုင်တာ ဖြစ်နိုင်တာလေးတွေ quotation တင်လို့ ရကြမှာချည်းပါပဲ . အဲ တခုတော့ရှိတာပေါ့ . customized ထပ်လုပ်လို့ ရတယ္ေလ . client အနေနဲ့ လိုချင်တဲ့ requirement တို့ material တို့ကို a little bit detail လေး ပြောပြပေးရင်တောင် ကွက်စတိဖြစ်နေအောင်ကို လုပ်ပေးနိုင်တဲ့ dealing skill နဲ့ ဖြစ်မြောက်အောင်လည်း စွမ်းဆောင်နိုင်တဲ့ working power ကျွန်တော်တို့မှာ ရှိပါတယ်လို့

ဘာပဲလိုလို စိတ်ကျေနပ်အောင် ဖြည့်စွမ်းပေးမှာ RET ပါ


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

Billboard နဲ့ ပတ်သက်လာရင် ... Billboard ဘာလို့ တပ်ဆင်ပြီး ကြော်ငြာကြတာလဲ?အားသာချက်လေးတွေက ရှိနေပါတယ် - မြင်သာမှု ရာခိုင်...
09/06/2020

Billboard နဲ့ ပတ်သက်လာရင် ...

Billboard ဘာလို့ တပ်ဆင်ပြီး ကြော်ငြာကြတာလဲ?
အားသာချက်လေးတွေက ရှိနေပါတယ်
- မြင်သာမှု ရာခိုင်နှုန်းက ၂၀၀% လောက် ရှိပါတယ်
- အရမ်းဆန်းတဲ့ စိတ်ကူးဒီဇိုင်းတွေကို ချပြလို့ ရတယ်
- လူအများက နေ့စဥ် ဖြတ်သန်းသွားလာရင်း မမြင်ချင်ရင်တောင် မြင်နေရပါတယ်
- တစ်နှစ်စာလုံး မိမိနှစ်သက်ရာ design တွေကို skin လေးတွေ change ပြီး တောက်လျောက် ကြော်ငြာနေ လို့လည်း ရတာမို့ customer awareness ကို မပြတ် ရရှိနေစေမယ့်အပြင် ဆွဲဆောင်မှုလည်း အပြည့်ရှိနေပါ သေးတယ်
- ပေးချင်တဲ့ message ကို တန်းခနဲ မြင်စေတာလည်း ဒီ billboard တွေပါပဲ

RET က ဘာတွေ service လုပ်ပေးနိုင်လဲ?
Location Survey ဆင်းပေးပါတယ် . ဘယ်လောက်အထိ အတိအကျ လုပ်ပေးလဲဆိုတော့ လိုချင်တဲ့ location လေးတွေသာ ပြောပြလိုက် အဲ့ဒီ Board ကို တနေကုန် သွားစောင့်ကြည့်ပြီး data analysis လုပ်ပေးပါတယ် . ထွက်လာမယ့် report က အဲ့နေရာကို တနေ့ ကား ဘယ်နှစ်စီးဖြတ်ပြီး လူဦးရေ ဘယ်လောက် မြင်နိုင်တယ်ဆိုတာက အစ ပါဝင်နေပါလိမ့်မယ်

အဲ့မှာ နေရာအနေအထား ဘာညာ ကြိုက်ပြီလား? Billboard စတင်မယ်ဆိုရင် အရေးကြီးတာက တင်မယ့် vinyl ရဲ့ quality အဓိကပါ . သူ fine နေမှ good view ဆိုတာ ဖြစ်လာမှာပါ . မဟုတ်ရင် ဘယ်လောက်ကြီးပဲ ဆွဲထားတဲ့ ဒီဇိုင်းက လန်းနေ လန်းနေ . ဂွမ်းသွားမှာ အသေအချာပါပဲ (အဲ့ဒီကိစ္စ အဆင်ပြေဖို့က ထုတ်လုပ်မှု ကျွမ်းကျင်ပိုင်နိုင်တာအပြင် အသေးစိတ်လက်ရာလေးတွေဖြစ်တဲ့ ဆက်ကြောင်းက အစ detail ကျနေမှ ရတာမျိုးပါ)

ပြီးပြီလား? မပြီးသေးပါဘူး . အရမ်းအရေးကြီးဆုံး နောက်တဆင့် ကျန်ပါသေးတယ် . တပ်ဆင်တာပါ . အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ စည်ပင်သတ်မှတ်ချက် 45' x 15' ရှိတဲ့ board ပေါ်မှာ vinyl ကို တွန့်ခြင်း ကြေခြင်း မရှိ ဆက်ကြောင်းရာကအစ အကုန်အပျောက် လေဝင်ပြီး ပုံပျက်တာမျိုးလည်း မရှိအောင် တပ်ပေးနိုင်ဖို့ဆိုတာ တော်ရုံ skill နဲ့တော့ မရဘူးရယ်ဗျ

ဒါတွေအားလုံးကို တစက်ကလေးမှ ခေါင်းခြောက်စရာ မလိုဘဲ လှည့်မကြည့်ရလေအောင် ဆောင်ရွက်ပေးနေတာ RET ပါ

Billboard Service ဆိုရင် RET က အမြဲအဆင်သင့်

အဆင်ပြေသလိုသာ ဆက်သွယ်လိုက်ပါတော့နော်

👇👇👇👇👇👇👇👇👇👇


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

CSR ဟု ဆိုရာဝယ် ...CSR ဆိုတာ ဘာလဲ? လူထုဗဟိုပြု အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်တချို့တွေက...
06/06/2020

CSR ဟု ဆိုရာဝယ် ...

CSR ဆိုတာ ဘာလဲ? လူထုဗဟိုပြု အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်

တချို့တွေက သိလို့ လုပ်ကြတယ်
တချို့တွေက ယောင်ဝါးဝါးနဲ့ လိုက်လုပ်ကြတယ်

တချို့တွေက တကယ့်စိတ်ရင်းနဲ့ လုပ်တယ်
တချို့တွေက ပေါ်ပင်ဖြစ်ချင်လို့ လုပ်တယ်

တချို့တွေက စနစ်တကျ လုပ်တယ်
တချို့တွေက ပြီးရင် ပြီးရော လုပ်တယ်

တချို့တွေက စေတနာပါပါ လုပ်တယ်
တချို့တွေက ဟန်ပြအနေနဲ့ လုပ်တယ်

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာ မှန်ပေမယ့် စိတ်လေး ထားတတ်ဖို့ကလည်း အရေးပါလှပါသေးတယ်

ကဲ သင်တို့ကော ဘယ်လို CSR မျိုးကို လုပ်ဆောင်ချင်ပါသလဲ? ဒီလို Covid-19 အချိန်မျိုးမှာရော တခြား သာမန်အချိန်တွေမှာပါ ဘာ item လေးတွေကို သုံးပြီး ဘယ်လိုမျိုး အများကောင်းကျိုးလေးတွေ ဆောင်ရွက် ပေးချင်ပါသလဲ?

RET က ဘယ် ကုမ္ပဏီ နဲ့မဆို ပူးပေါင်းပါဝင်ရန် အသင့်ပါပဲ လို့ စေတနာစကားလေး ပြောကြားလိုက်ရပါတယ်

- မိုးယံ ထီဆိုင်နဲ့ သူတို့ရဲ့ ရုံးချုပ် ရုံးခွဲတွေမှာ ထားရှိဖို့ Covid-19 Alert sticker လေးတွေ

- Myanmar Brewery Limited ရဲ့ #အားလုံးနဲ့အတူရှိနေတဲ့မြန်မာ campaign အတွက် Billboard နဲ့ Car Sticker များ

- Telenor Myanmar ရဲ့ Temporary Market တွေမှာ Social Distancing Area အလိုက် ချထားပေးတဲ့ Beach Umbrella များ

- Osotspa Myanmar ရဲ့ မြဝတီမြို့ စောင့်ကြည့်စခန်းများမှာ Distancing Area အလိုက် ချထားပေးတဲ့ Beach Umbrella များ

- Noodle Bowl ဆိုင်သစ်ရဲ့ ခုံတွေမှာ ထားရှိဖို့ Social Distan​cing Board များ

စတာတွေကတော့ ခုတလောမှာပဲ RET ကနေ လုပ်ပေးဖြစ်တဲ့ Campaign လေးတွေပါ


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

Unexpected and Unplanned CSR activitiy        We have to help each other indeed it is needed
02/06/2020

Unexpected and Unplanned CSR activitiy





We have to help each other indeed it is needed

Brand Impact ကို ဘယ်လို မြှင့်တင်ကြမလဲShop Signage တွေ Lightbox တွေနဲ့ Wallmount တွေ စတဲ့ Signwork တွေဟာ - မိမိ လုပ်ငန်း...
29/05/2020

Brand Impact ကို ဘယ်လို မြှင့်တင်ကြမလဲ

Shop Signage တွေ Lightbox တွေနဲ့ Wallmount တွေ စတဲ့ Signwork တွေဟာ - မိမိ လုပ်ငန်း ရဲ့ အဓိက မျက်နှာစာပါ . ကိုယ့် customer တွေရဲ့ direct attention ကို အမိအရ ရယူဖို့ target ထားချင်တာ ဆိုရင်တော့ ဒါတွေကိုပဲ မဖြစ်မနေ လုပ်ရမှာပါပဲ

ကဲ ကျွန်တော်တို့ ဘယ်သူတွေကို ဘာတွေ လုပ်ပေးဖူးလဲ ဘယ်လို အားသာချက်တွေနဲ့ RET က ဒီ service scope မှာ ရပ်တည်နေပြန်တာလည်း ဆိုတာ ပုံလေးတွေကို တစ်ပုံချင်းစီ ထောက်ပြီး လေ့လာကြည့်ကြပါလို့

သူတို့တွေ လုပ်ထားသလို အလန်းစားလက်ရာတွေနဲ့ အလွင့်ကြီးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ just contact us now ပါ ခင်ဗျာ . အစဥ်အမြဲ ကြိုဆိုလျက်ပါပဲ


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

ကျွန်တော်တို့တွေ အားလုံး သိရှိနေပြီးသား အရာ တစ်ခုပါ ဒါပေမယ့် အရမ်းအရေးကြီးလို့ ထပ်ပြီး ပြောပါမယ်လုပ်ငန်းခွင်မှာ သတိရှိပါ...
26/05/2020

ကျွန်တော်တို့တွေ အားလုံး သိရှိနေပြီးသား အရာ တစ်ခုပါ

ဒါပေမယ့် အရမ်းအရေးကြီးလို့ ထပ်ပြီး ပြောပါမယ်

လုပ်ငန်းခွင်မှာ သတိရှိပါ . သွားလာနေစဥ် သတိရှိပါ . အမြဲတမ်းကို သတိရှိကြပါ

ကုသဖို့ ခက်ခဲမယ့် အပြင် အသက်အန္တရာယ်ပါ ပေးနိုင်တဲ့ အရာ တခုကို ဟန့်တားကာကွယ်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်

ကာကွယ်ခြင်းက ကုသခြင်းထက် များစွာ ထိရောက်မှု ရှိပါတယ် .....

အားလုံးပဲ Happy Sunday ပါRET ရဲ့ ရုံးတွင်းပိုင်း အကြောင်းအရာတွေ နဲ့ အရင်က ဘာတွေလုပ်ခဲ့ဖူးလဲ ဆိုတာတွေ သိပြီးသွားကြပြီဆိုတ...
24/05/2020

အားလုံးပဲ Happy Sunday ပါ

RET ရဲ့ ရုံးတွင်းပိုင်း အကြောင်းအရာတွေ နဲ့ အရင်က ဘာတွေလုပ်ခဲ့ဖူးလဲ ဆိုတာတွေ သိပြီးသွားကြပြီဆိုတော့ လက်ရှိမှာရော ကိုယ်တွေ ဘာတွေ လုပ်နေလဲ ဆိုတာလေး ပြောပြပေးချင်ပါသေးတယ်

ဒီ သကြ်န်ပိတ်ရက်ပြီးလို့ ရုံးတွေ ပြန်ဖွင့်ကတည်းကနေ ယနေ့အထိ တစ်လတာ အတွင်း လုပ်ဖြစ်တဲ့ RET ရဲ့ Activities လေးတွေပါ

- Asia Pacific Beverages ရဲ့ Sunkist Nationwide Sampling Way (အခု လောလောဆယ်တော့ ရန်ကုန်တိုင်းထဲပဲ သွားနေပါသေးတယ်)

- Telenor ရဲ့ Nationwide Beach Umbrella Project (ဒေသဆိုင်ရာက ရုံးခွဲတွေဆီ အရောက် deli ကိုပါ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်)

- Myanmar Brewery ရဲ့ Billboard Skin Change (ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ Covid-19 concern ကို display မှာ သိသာစွာ ဖော်ပြဖို့ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ညွှန်ကြားမှု အရ အချိန်နဲ့ တပြေးညီ design ပြောင်း တပ်ဆင်ခြင်းပဲ ဖြစ်ပါတယ်)

- CSR campaign တခုဖြစ်တဲ့ Temporary Market Project (​Social Distancing လုပ်နေတဲ့ မြို့နယ်စျေး တွေမှာ Telenor နဲ့အတူ ပူးပေါင်း ပါဝင်ဖြစ်ခဲ့ပါတယ်)

- Telenor က မှာယူထားတဲ့ Salebooth များ (အချိန်နဲ့ တပြေးညီ ပြီးစီးအောင် အားသွန်ခွန်စိုက် ပြုလုပ်ပေးနေပါတယ်)

- Osotspa ရဲ့ Merchandising Campaign (အခု လက်ရှိမှာ မြို့လေးမြို့ အတွက် ပြန်စနေပြီပဲ ဖြစ်ပါတယ်)

- Myanmar Brewery ရဲ့ Vehicle Branding Project (အခုအချိန်မှာ အောက်မြန်မာပြည် မှာရှိတဲ့ ရုံးကားတွေအတွက် စပြီး ဆောင်ရွက်နေပါပြီ)

ဒီလို အချိန်မှာ ကျွန်တော်တို့သည် product ကောင်းကောင်း ထုတ်နိုင်ဖို့ နဲ့ service အကောင်းဆုံး ပေးနိုင်ဖို့အပြင် လုပ်ငန်းတိုင်းကို လုပ်ဆောင်ရာမှာ process တဆင့်ချင်းစီအလိုက် Covid-19 ရှောင်ကြဥ်ရေးကို ဖိဖိစီးစီး ဦးစားပေးအနေအထားနဲ့ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ် ခင်ဗျ


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

RET ရဲ့ အားလုံးအပေါ်ထားရှိတဲ့ စောင့်ထိန်းမှုများ1. Client တိုင်း အပေါ် ထားရှိတဲ့ သဘောထား ..... ...မိမိတို့ကို အလုပ်အပ်ပြ...
23/05/2020

RET ရဲ့ အားလုံးအပေါ်ထားရှိတဲ့ စောင့်ထိန်းမှုများ

1. Client တိုင်း အပေါ် ထားရှိတဲ့ သဘောထား ..... ...
မိမိတို့ကို အလုပ်အပ်ပြီဆိုတာနဲ့ project ကြီးကြီး ငယ်ငယ် လက်မခံခင်ကော လုပ်ဆောင်နေဆဲကော သတင်း အချက်အလက် လုံးဝ မပေါက်ကြားစေရပါဘူး . အထူးသဖြင့် သူတို့ရဲ့ industry တူက အခြား ကုမ္ပဏီတွေဆီကို ဖြစ်ပါတယ် . အဲ့ campaign ပြီးသွားတဲ့ အခါမှသာ ပေးချင်တဲ့ message ကို သူတို့ရဲ့ target audience တွေက သိရှိရတာမျိုးပါ . ဒါက RET က အထူး စောင့်ထိန်းပေးထားတဲ့ စည်း တခုပါ

2. Partner တွေ အပေါ်ကို ထားရှိတဲ့ မေတ္တာ .....
Royal Ever Truth က မိမိဖာသာ ရပ်တည်ပြီး client အကုန်လုံးကို တိုက်ရိုက် service တွေ ပေးနိုင်တယ်ဆိုတော့ ဒီ advertising လောကထဲက တခြား ဘယ်လုပ်ဖော်ကိုင်ဖက်နဲ့မှ ပတ်သက်မှု မပြုလုပ်ဘူးလားလို့ မေးစရာရှိပါတယ် (မဟုတ်ပါဘူး ခင်ဗျာ) ကမ်းလှမ်းမှု အရ ကျွန်တော်တို့ အနေနဲ့ တတပ်တအား ဝင်ကူပေးတာမျိုးတွေ ရှိသလို partnership contract အထိ ထိုးထားတဲ့ media company တွေ ငါးခုလောက်လည်း ရှိပါတယ် . သူတို့နဲ့ ဆက်ဆံတဲ့အခါ ကျွန်တော်တို့သည် သူတို့ဆီက လာတဲ့ client တွေကို ဘယ်သော အခါမှ တိုက်ရိုက်မဆက်ဆံပါဘူး . ဒါက RET ရဲ့ ဘယ် partner ကိုမဆို ထားရှိတဲ့ အထူး လေးစားသမှုပါ

3. Staff တွေကို သင်ကြားပေးတဲ့ စိတ်ဓာတ်ရေးရာ ...
RET ကုမ္ပဏီကြီး ဘယ်လောက် ဘယ်လိုတွေ ကောင်းပါတယ် ဆိုဆို အဓိက အရေးပါတာက ကိုယ်တွေရဲ့ ဝန်ထမ်းတွေပါ . client တွေနဲ့ရော partner တွေနဲ့ပါ ကုမ္ပဏီရဲ့ ကိုယ်စား တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတာ သူတို့ ဖြစိနေလို့ပါ အဲ့အတွက်ကြောင့်ပဲ အမြဲတမ်း practice အဖြစ် မွေးမြူပေးထားတာက internal ethic နဲ့ good morale ဖြစ်စေမယ့် high attitude တို့ပဲ ဖြစ်ပါတယ် . Department တခုခြင်းစီအလိုက် discipline ကောင်းတွေနဲ့ စနစ်ကျနေပါမှ client တွေ ရဲ့ အပ်ထားတဲ့ အလုပ်တိုင်းကို full workforce နဲ့ output ကောင်းကောင်း ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်

သစ္စာတရား ကို အဓိကထား တာ ပါ
ခိုင်မာမှု ကို ရှေးရှုတာ သည်
လေ့ကျင့်မှု ကို အခြေတည် ရဲ့ Theory


Tel: 09-425746667, 09-425746664
E-Mail: [email protected]
Facebook:
Messenger: m.me/RETAdMedia
Instagram:

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959425746667

Website

Alerts

Be the first to know and let us send you an email when Royal Ever Truth Advertise Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Ever Truth Advertise Media:

  • Want your business to be the top-listed Advertising & Marketing Company?

Share