Pyin Oo Lwin Boost Service

  • Home
  • Pyin Oo Lwin Boost Service

Pyin Oo Lwin Boost Service Advertising agency 🚀

𝗣𝗮𝗴𝗲 𝗽𝗿𝗼𝗺𝗼𝘁𝗲  𝗿𝗲𝘀𝘂𝗹𝘁𝘀 ကောင်းအောင်ဘယ်လို 𝗿𝘂𝗻 ကြမလဲ....... 🎯ရိုးရိုးရှင်းရှင်းပုံဒီဇိုင်းလေးတွေကို photo college လုပ်ပြီး ...
10/01/2024

𝗣𝗮𝗴𝗲 𝗽𝗿𝗼𝗺𝗼𝘁𝗲 𝗿𝗲𝘀𝘂𝗹𝘁𝘀 ကောင်းအောင်
ဘယ်လို 𝗿𝘂𝗻 ကြမလဲ....... 🎯

ရိုးရိုးရှင်းရှင်းပုံဒီဇိုင်းလေးတွေကို photo college
လုပ်ပြီး run ရတာ ငြီးငွေ့နေပြီလား..

ဒါမျိုးတွေက results ကောင်းရင် ပြသာနာမရှိပေ
မယ့် အဆင်မပြေတဲ့အခါမျိုးမှာ မတူညီတဲ့ဒီဇိုင်းလေးတွေနဲ့စမ်းသပ်လို့ရပါတယ်။◼

လုပ်ငန်းအမျိုးစားပေါ်မူတည်ပြီးရရှိနိူင်တဲ့ average likeတွေကွဲနိူင်တာဖြစ်လို့ သုံးလိုက်တဲ့ budget
နဲ့ ထိရောက်တဲ့ results တစ်ခုပြန်ရချင်ရင် ဒီနည်း
လေးတွေအတိုင်း စမ်းသပ်ကြည့်ဖို့အကြံပေးချင်ပါတယ်◼

ဥပမာ- အိမ်၊ခြံ၊မြေအတွက်promote လုပ်တဲ့အခါမျိုးတွေမှာpage owner တော်တော်များများ ကိုယ်လက်ခံထားတဲ့ တိုက်ခန်းတွေ၊ခြံ၊မြေစတဲ့သက်ဆိုင်ရာပုံနဲ့ ad text မှာ ယုံကြည်စိတ်ချစွာ
offerပေးတဲ့အကြောင်းheadline လေးရေးပြီးကြော်ငြာထားတက်ကြပါတယ်။တကယ်ad run ကြည့်လိုက်တဲ့အခါမှာလည်း သိသိသာသာresults မကောင်းဘူးဆိုရင် အိမ်၊ခြံ၊မြေနဲ့
ပတ်သက်ပြီးသိထားသင့်တဲ့ ဥပဒေအကြောင်း
ရာတွေနဲ့ ကြော်ငြာကြည့်လို့ရပါတယ် video contentလေးလုပ်နိူင်ရင်တော့ဒီထက်ပိုအဆင်ပြေပါလိမ့်မယ် audience တွေအတွက် ဗဟုသုတရသလို ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ audience တွေလည်းပြန်ရတာမို့ results မကောင်းတဲ့အခြေနေမျိုးမှာ အခုလိုပုံစံလေးတွေစမ်း run ကြည့်ဖို့ အကြံပေးပါရစေ◼

Local brand ( clothing ) furniture စတဲ့ product and service တွေ run တဲ့အခါတွေမှာဆိုရင်လည်း ရိုးရိုးရှင်းရှင်းပုံလေးတွေနဲ့ run တာထက်စာရင် ကိုယ့်လုပ်ငန်းရဲ့ production အပိုင်းတွေကို
စိတ်ဝင်စားဖွယ် documentary လေးရိုက်ပြီး run
ကြည့်တာမျိုးလုပ်ကြည့်ပါvieo clip ကိုလည်း ( 1-3 minutes)လောက်ပဲလုပ်ဖို့ recommend ပေးပါတယ်◼

နောက်ဆုံးအချက်က graphic design tools တစ်ခုဖြစ်တဲ့ Canva လို application လေးတွေနဲ့ try ကြည့်လို့ရပါတယ် သုံးရတာလွယ်ကူပြီးtemplate
တွေလည်းစုံပါတယ်။Team invite နဲ့ဆိုရင် နှစ်စဥ်ကြေးသက်သာပြီး projectsတွေလည်း another team ကိုအလွယ်တကူပြောင်းရွှေ့လို့ရပါတယ်။ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့template လေးတွေရိုက်ရှာပြီး မတူညီတဲ့ ideaနဲ့ဒီဇိုင်းလေးတွေဖန်တီးကြည့်ပါ ad performance လည်း ဒီထက်ပိုကောင်းအောင်contentကအစသေချာပြင်ဆင်မယ်ဆို results တွေကအရင်ကထက်တိုးတက်လာမှာပါ ဒါလေးတွေက လက်ရှိကျွန်တော် run ဖြစ်နေတဲ့ပုံစံကို
မျှဝေပေးတာပါခင်ဗျာ။ လူကြီးမင်းတို့ Page အတွက် boosting service လိုအပ်ရင်ဆက်သွယ်
နိူင်ပါတယ် အကောင်းမွန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်ကြိုးစား run ပေးပါတယ်ခင်ဗျ။

09774514542

ကမ္ဘာ့အတော်ဆုံးအရောင်းစာရေးရဲ့လျှို့ဝှက်ချက် Joe Girard ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဂင်းနစ်စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အတော်ဆုံး အရော...
16/12/2023

ကမ္ဘာ့အတော်ဆုံးအရောင်းစာရေးရဲ့လျှို့ဝှက်ချက်

Joe Girard ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဂင်းနစ်စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အတော်ဆုံး အရောင်းစာရေးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ တန်ဖိုးကြီးကုန်ပစ္စည်းတွေကို ရောင်းချသူဖြစ်ပြီး သမိုင်းမှာ သူ့ထက်ပိုပြီး ရောင်းချနိုင်ခဲ့သူ မရှိပါဘူး။ သူဟာ လူတိုင်းလိုချင်တဲ့ နည်းပညာအသစ် အဆန်းတွေကို ရောင်းချခဲ့သူလည်း မဟုတ်သလို ဒိတ်ဒိတ်ကြဲ သူဌေးတွေကို ပဲရွေးပြီး ရောင်းချနေခဲ့တာလည်းမဟုတ်ပါဘူး။ သူဟာ သာမန်ကားတွေကို သာမန်လူတွေဆီပဲ ရောင်းချနေခဲ့တာပါ။ သူဟာ ၁၉၆၃ နဲ့ ၁၉၇၈ ကြားမှာ Chevrolet ကားအရောင်းဌာနတစ်ခုမှာ အရောင်းစာရေးအဖြစ်နဲ့ အလုပ်လုပ် ရင်း ကားပေါင်း ၁၃ဝဝဝ ကျော်ကို ရောင်းချနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းမှတ်ရာတွေက အံ့သြဖွယ်ရာအချက်အလက်တွေနဲ့ ပြည့်နှက်နေပါ တယ်။

သူဟာ စုစုပေါင်း ကား ၁၃ဝဝ၁ စီးကို ရောင်းချနိုင်ခဲ့ပါတယ်။ တစ်နေ့ ကို ပျမ်းမျှ ၆စီးနှုန်းရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

• သူရဲ့အရောင်းရဆုံးနေ့မှာဆိုရင် ကား ၁၈ စီးအထိ ရောင်းနိုင်ခဲ့ပါတယ်။

• သူ့ရဲ့အရောင်းရဆုံးလမှာဆိုရင် ၁၇၄ စီးအထိ ရောင်းနိုင်ခဲ့ပါတယ်။

သူရဲ့အရောင်းရဆုံးနှစ်မှာဆိုရင် ၁၄၂၅ စီးအထိ ရောင်းနိုင်ခဲ့ပါတယ်။

• တောင်အမေရိကမှာရှိတဲ့၉၅%သောကားအရောင်းဌာနတွေရဲ့ရောင်းအား အသီးသီးဟာ သူ့ရဲ့ရောင်းအားကိုမမီခဲ့ပါဘူး။

သူ့စွမ်းဆောင်မှုကို ပိုပြီးအံ့အားသင့်ဖွယ်ဖြစ်စေတဲ့အချက်ကတော့ သူဟာ ကားတွေကို လက်လီပဲ ရောင်းခဲ့တာ ဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ကားနှုန်းရောင်းခဲ့တာဖြစ်ပြီး တစ်ကြိမ်ထဲနဲ့ ကားအများကြီးကို အစုလိုက်အပြုံလိုက်ရောင်းခဲ့တာ မဟုတ်ပါဘူး။

ဒါဆိုရင် Joe Girard ရဲ့ လျှို့ဝှက်ချက် ဘာများဖြစ်မလဲ။ သူကတော့ အလုပ်ကြိုးစားခြင်း၊ လူချစ်လူခင်များအောင် နေတတ်ခြင်းဆိုတဲ့ အချက်တွေ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက သူပြောတဲ့ အရည်အသွေးတွေ ရှိတဲ့ အရောင်းစာရေးတွေ ထောင်နဲ့ချီရှိခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ သူ့လောက်တော့ ဘယ်သူမှ မရောင်းနိုင်ခဲ့ပါဘူး။ Joe မှာ သူများနဲ့မတူတဲ့အချက်တွေ အများကြီးရှိပြီး အဲ့ဒီထဲက တစ်ချက်ကတော့ Customer တွေနဲ့ အမြဲတမ်း အဆက်အသွယ်ရှိခြင်းပါ။ သူက သူ့ရဲ့ Customer တွေအားလုံးကို လတိုင်း ပို့စကဒ်လေးတွေ ပို့လေ့ရှိပါတယ်။ New Year မှာဆို နှစ်သစ် ဆုတောင်းစာလေး ရေးပြီးပို့တယ်၊ မွေးနေ့မှာဆို မွေးနေ့ဆုတောင်းစာလေးတွေရေးပြီးပို့တယ်၊စသဖြင့်ပို့စကဒ်လေးတွေပုံမှန်ပို့လေ့ရှိတယ်။ ပို့စကဒ်ပေါ်မှာလည်းသူ့လက်မှတ်ထိုးထားသလို သူ့ရဲ့ ကားအရောင်းဌာန လိပ်စာ ကိုလည်း တံဆိပ်တုံးထုပေးထားပါတယ်။

သူက သူပို့မယ့် စာအိတ်တွေရဲ့ အရွယ်အစားနဲ့ အရောင်ကိုလည်း အမြဲပြောင်းလဲလေ့ရှိပါတယ်။ အကယ်၍ လတိုင်း ပုံစံတူ၊ အရောင်တူပို့နေ ရင် သူ့စာအိတ်ကို ကြော်ငြာအဖြစ်မြင်ပြီး အမှိုက်ပုံးထဲထည့်မှာစိုးလို့ ဖြစ်ပါ တယ်။ သူက သူ့စာအိတ်ကိုဖောက်ဖတ်ပြီး သူရေးထားတဲ့စာလေးကို ဖတ်မိ ကာ Customer တွေ စိတ်ချမ်းသာသွားတာကို လိုချင်သူ ဖြစ်ပါတယ်။ သူ့ Customer တွေ တစ်နေ့ကျရင်ကားဝယ်ဖို့စဉ်းစားနိုင်တယ်ဆိုတာကို သိတဲ့ အတွက် သူဟာ နှစ်နဲ့ချီပြီး ပို့စကဒ် ပုံမှန်ပို့လေ့ရှိပါတယ်။ အဲ့ဒီလူတွေ ကားဝယ်ချင်လာတဲ့ အချိန်မှာတော့ သူ့နာမည်ဟာ အဲ့ဒီလူတွေရဲ့ ခေါင်းထဲမှာ ပထမဆုံး ပေါ်လာပါတယ်။ သူအရောင်းစာရေးဘဝက အနားယူခါနီး အချိန်မှာ တစ်လကို ပို့စကဒ်ပေါင်း ၁၃ဝဝဝ လောက် ပို့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတစ်ယောက်တည်း မနိုင်တော့လို့ အကူဝန်ထမ်းခန့်ပြီး ပို့စကဒ် ပို့တာကို လုပ်ခဲ့ရပါတယ်။

သူကားရောင်းတာ ဆယ်စုနှစ်တစ်ခုလောက်ရှိလာတဲ့ အချိန်မှာ သူ့ရောင်းအားရဲ့ ၃ပုံ၂ပုံ ဟာ ဝယ်ပြီးသား Customer တွေဆီက ပြန်လာတာ ဖြစ်ပါတယ်။ အားပေးတဲ့ ဖောက်သည်တွေ များလာတာကြောင့် နောက်ပိုင်း မှာ သူ့ဆီလာပြီးကားဝယ်ချင်ရင် ကြိုတင်ရက်ချိန်းယူကြရပါတယ်။ အခြား ကားအရောင်းစာရေးတွေက ဖောက်သည်အလာကို ထိုင်စောင့်နေရချိန်မှာ သူကတော့ ဖောက်သည်တွေလုံးဝမပြတ်တဲ့ အရောင်းစာရေး ဖြစ်နေခဲ့ပါတယ်။

The 1-Page Marketing Plan
Allan Dib

ပြင်ဦးလွင်မှာ Facebook boost serviceလိုအပ်နေသူများအတွက်သတင်းကောင်းလေးရှိပါတယ်။🚀အွန်းလိုင်းကတွေ့တဲ့ agencyသာအပ်လိုက်တာ င...
08/11/2023

ပြင်ဦးလွင်မှာ Facebook boost service
လိုအပ်နေသူများအတွက်သတင်းကောင်းလေးရှိပါတယ်။🚀

အွန်းလိုင်းကတွေ့တဲ့ agencyသာအပ်လိုက်တာ
ငွေလွှဲပြီး reply လည်းတော်တော်နဲ့မလာ
သိချင်တာသွားမေးတော့လည်း seen မလုပ်
အချိန်ကုန် ငွေကုန်ခံပြီး အဆင်မပြေမှု
တွေများနေတယ်ဆိုရင်ဒီpage ကိုသတိရလိုက်ပါခင်ဗျာ။လူကြီးမင်းတို့ရဲ့အခက်ခဲတွေကိုဖြေရှင်း
ပေးဖို့အဆင်သင့်ရှိနေပါတယ်။💁

အတွေ့ကြုံရှိိပြီး ကျွမ်းကျင်တဲ့ Media Buyer
တွေကိုယ်တိုင် campaign တွေကိုဖန်တီး
ပေးနေတာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့
business အတွက်များစွာအထောက်ကူပြု
စေပါတယ်။🧑‍💻

လုပ်ငန်းကြီးပေါင်းများစွာနဲ့ Online shop page ပေါင်းများစွားကိုလည်း လက်ရှိနေ့စဥ်
run ပေးနေတာဖြစ်သလို good review ပေါင်းများစွာကိုလည်းရရှိထားပါတယ်။💯 🤗

ဒါ့အပြင်အရေးကြီးတဲ့ Facebook account တွေ hack ခံရတာဖြစ်ဖြစ် lock ကျတာပဲ
ဖြစ်ထိုက်သင့်တဲ့ဝန်ဆောင်ခနဲ့ ပြန်ဆယ်ပေးပါတယ်။ 🔒

နည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှ phishing link
တွေအသုံးပြုပြီး business page တွေနေ့စဥ်
hack ခံနေရ​တဲ့ပြသာတွေကို ကာကွယ်ချင်
ရင်လည်း အထူးဝန်​ဆောင်မှုပေးပါတယ်။🛡

ကိုယ်တိုင်ကိုယ်ကျ ကျွမ်းကျွမ်းကျင်ကျင်နဲ့
Facebook boost ပြုလုပ်ချင်သူများအတွက်
လည်းသင်တန်းလေးဖွင့်လှစ်ထားလျက်ရှိပါတယ်။
မိမိလုပ်ငန်းတွေအရှိန်အဟုန်နဲ့လူသိများပြီး
အောင်မြင်ချင်တာပဲဖြစ်ဖြစ် business page
အတွက်လိုအပ်တဲ့အခက်ခဲ တွေအကူညီတောင်းချင်တာပဲဖြစ်ဖြစ်အခုပဲဆက်သွယ်လိုက်တော့နော်။💁‍♂️

ပြင်ဦးလွင်မှာ အိမ်တိုင်ရာရောက်သင်ကြားပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိတဲ့အတွက်မတက်မြောက်
မှာစိတ်မပူရတော့ပါဘူးနော်။ ✌

မိမိလုပ်ငန်းတွေအရှိန်အဟုန်နဲ့လူသိများပြီး
အောင်မြင်ချင်တာဆိုရင်အခုပဲ ဆက်သွယ်
လိုက်ပါနော်။

09-774514542

ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တဲ့သူတိုင်းဟာ Marketing အကြောင်း သိထားသင့်ပါတယ်။ ရှင်းလင်းတိကျသေချာတဲ့ Marketing Plan တစ်ခု...
06/11/2023

ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တဲ့သူတိုင်းဟာ Marketing အကြောင်း သိထားသင့်ပါတယ်။ ရှင်းလင်းတိကျသေချာတဲ့ Marketing Plan တစ်ခုလည်း ရှိထားသင့်ပါတယ်။

Marketing မကောင်းရင် သင့်လုပ်ငန်းဟာ ရေရှည်မခံနိုင်ပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူအချို့ဟာ Marketing အတွက် ပိုက်ဆံ မသုံးချင်ကြပါဘူး။ Marketing အတွက်သုံးတဲ့ပိုက်ဆံကို ဖြုန်းလိုက် တဲ့ ပိုက်ဆံလို့ပဲ မြင်ကြပါတယ်။ အချို့ကျတော့ Marketing ရဲ့ အကျိုးကျေးဇူး ကို လုံးဝမသိကြတာဖြစ်ပါတယ်။သိအောင်လည်း မကြိုးစားကြပါဘူး။ ဒီတော့ သူတို့ရဲ့လုပ်ငန်းတွေဟာ ထူးခြားမှုတစ်စုံတစ်ရာမရှိပဲ ဈေးကွက်ထဲ က အခြားလုပ်ငန်းတွေနဲ့ တစ်ထေရာထဲ ဖြစ်နေတတ်ပါတယ်။

Address


Telephone

+959774514542

Website

Alerts

Be the first to know and let us send you an email when Pyin Oo Lwin Boost Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyin Oo Lwin Boost Service:

  • Want your business to be the top-listed Advertising & Marketing Company?

Share