20/01/2019
ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေသူတွေအတွက် မျှဝေပေးလိုက်ပါပြီနော်
By Aung Aung on Sunday, January 20, 2019
ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေသူတွေအတွက်
ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပိုသိသာလာတယ်။ အဆင်မပြေဘူးလို့ ခနခနတွေးနေရင် ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ ဒါ အယူအဆမဟုတ်ဘူး။ဘာသာရေး အတွေးမဟုတ်ဖူး Psycho သဘောပဲ ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက်စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ် ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကို တွေးပါ။အောင်မြင်သူလိုတွေးပါ။ အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ ပြောကြတာပေါ့။
လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ or ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ပိုလိုတာပါ…။
လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။ဖြေရှင်းပုံပေါ်မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာပါ…။
orginal writer
သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင် သင် ဘယ်တော့မှ မဆင်းရဲတော့ဘူး
(၁) မစဉ်းစားပဲသုံးတယ် ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်“လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်
(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က အကြွေး / အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ / ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ
(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း / ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ
(၄) အပိုငွေ – အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း ငွေရေးကြေးရေး plan မချခြင်း / အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ် / ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု – (၁) ဝင်ငွေ – ထွက်ငွေအရင်း (၂) ငွေရေးကြေးရေး အခြေအနေ အရင်း (၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ် (၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ / ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ
(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ် ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ / ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် / ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်
(၇)ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး / ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် / ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ / ငွေဝင် ငွေထွက်ကို control လုပ်ပါ / ငွေစုပါ / ပြီးရင် အရင်းအနှီးလုပ်ပါ ) … ဒီနေ့ကနေစပါ