Black Knight Agency

  • Home
  • Black Knight Agency

Black Knight Agency An independent multimedia company providing branded content, digital marketing and public relations services for local and international brands in Myanmar.

Black Knight Media Group is a content marketing agency that helps clients build brand equity through smart content. We are the Salween Group’s representative and partner in Myanmar. With the combined resources of our teams in Singapore and Yangon, we provide a combination of international experience and a deep understanding of the local market. Black Knight Media Group is also a publisher of Frontier Myanmar Magazine.

Monday မှာ ဒီလိုအချက်တွေပြင်ဆင်ပြီး ဖြတ်သန်းပါMonday ဆိုတဲ့အသံကြားလိုက်တာနဲ့ စိတ်ထဲကနေ “ဟင်…” ဆိုပြီး လူတော်တော်များများ...
25/01/2021

Monday မှာ ဒီလိုအချက်တွေပြင်ဆင်ပြီး ဖြတ်သန်းပါ

Monday ဆိုတဲ့အသံကြားလိုက်တာနဲ့ စိတ်ထဲကနေ “ဟင်…” ဆိုပြီး လူတော်တော်များများ အကြောင်းပြချက်မရှိ သက်ပြင်းချဖူးတယ်ဟုတ်။ အဖြေကဘာလဲ။ ရှင်းရှင်းလေးပါ။ Monday ဆိုတာ တော်တော်များများ မနှစ်သက်ကြတဲ့ နေ့တစ်နေ့ပါ။ အထူးသဖြင့် ရုံးတက်ရတဲ့သူတွေ၊ ကျောင်းတက်ရတဲ့ သူတွေ အတွက်ပေါ့။ ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ မှာ ကောင်းကောင်းအနားယူထားရတဲ့ အရှိန်နဲ့ဆိုတော့ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Monday ဆိုတာ ပိတ်ရက်တွေအတွက် အစပြုတဲ့နေ့ပဲမဟုတ်လား။ ဒါ့ကြောင့် Monday မှာ မိမိကိုယ်ကိုယ် ကိုယ်ရောစိတ်ပါ တက်ကြွနေအောင်၊ နိုးနိုးကြားကြားရှိနေအောင် ဘယ်လိုပြုမှုနေရမလဲ၊ ဘယ်လိုအချက်တွေက အထောက်အကူဖြစ်စေသလဲဆိုတာ BKA အဖွဲ့သားအနေနဲ့ မျှဝေပေးပါရစေနော်။

အရင်ဦးဆုံးအနေနဲ့ Monday မနက်ရောက်တာနဲ့ စောစောထပါ။ လမ်းထလျှောက်ပါ။ အကြာကြီးမလျှောက်ချင်တာတောင်မှနည်းနည်းပါးပါးလန်းဆန်းသွားအောင် မိနစ်ပိုင်းလောက်အချိန်ယူပြီး လျှောက်ပါ။ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုဘလေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ချွေးထွက်လာရင် လန်းဆန်းလာပြီး အိပ်နေတာထက်စာရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွလာလိမ့်မယ်။
ပြီးရင် လာမယ့်သောကြာနေ့ ဒါမှမဟုတ် နောက်ပိတ်ရက်အတွက် ဒီ Monday ဆိုတာကြီးကို ဖြတ်သန်းနိုင်မှ ရမယ် ဆိုတဲ့ စိတ်ကလေးထည့်ပြီး မိမိရဲ့ Monday ကိုစတင်လိုက်ပါ။ အဲလို Positive Thinking ရှိနေသရွေ့တော့ သင် အလုပ်မှာ တက်တက်ကြွကြွ ရှိနေစမြဲပါ။

နောက်ထပ်တစ်ချက်အနေနဲ့ဆိုရင်တော့ လုပ်စရာတွေတစ်ပတ်စာအတွက် ကြိုတင်ပြီး Preview လုပ်ပါ။ Note ထဲချရေးထားပါ။ ဘယ်ဟာက ပိုအရေးကြီး၊ ဘယ်ဟာကို ပိုပြီး ဦးစားပေး Target ထားပြီးလုပ်ဆောင်ရမလဲဆိုတာကိုပေါ့။ ပြီးတော့ ရှေ့တစ်ပတ်က ကိုယ်လုပ်ထားပြီးသားအလုပ်တွေကို Feedback ယူပြီး နောက်ပိုင်းအလုပ်တွေအတွက် ဘယ်လိုအကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားပါ။ အဲလို လုပ်စရာတွေ တစ်ခုပြီးတစ်ခု နည်းစနစ်ကျစွာ Plan ချထာမယ်ဆိုရင် သင့်အတွက် ပျင်းရမယ့်အချိန်ဆိုတာ ရှိလာမှမဟုတ်ဘဲ တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွင် ပိုင်ဆိုင်ရမှာအသေအချာပါ။

အဲလိုအချက်တွေကို အကောင်းဘက်နေပဲစဉ်းစားပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဒီ Monday တစ်ရက်တည်းမှာတင်မကပါဘူး ကျန်တဲ့ ရုံးတက်ရတဲ့နေ့တိုင်းမှာလည်း သင် တက်တက်ကြွကြွနဲ့ အလုပ်လုပ်ချင်စိတ်ဖြစ်ပေါ်လာစေမှာ အမှန်ပဲနော်။

ဆိုတော့ နောက်ထပ်ရော ဘယ်လိုအချက်တွေ ပြင်ဆင်ထားသင့်လဲဆိုတာ အမြင်လေးတွေ မျှဝေပေးခဲ့ဦးနော်။

နှစ်သစ်ရဲ့အစ ပထမဦးဆုံးလမှာ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲနှစ်ဟောင်းကုန်လို့ နှစ်သစ်တောင် တဖန်ပြန်လည်ရောက်ရှိလာပါပြီနော်။ ၂၀၂၀...
18/01/2021

နှစ်သစ်ရဲ့အစ ပထမဦးဆုံးလမှာ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ

နှစ်ဟောင်းကုန်လို့ နှစ်သစ်တောင် တဖန်ပြန်လည်ရောက်ရှိလာပါပြီနော်။ ၂၀၂၀ ဆိုတာ အားလုံးအတွက် တကယ့်ကို သင်ခန်းစားအများကြီးရလိုက်တဲ့ နှစ်တစ်နှစ်ဖြစ်မယ်လို့ယုံကြည်ပါတယ်။ သင်ခန်းစာတိုင်းမှာ ယူတတ်ရင် ကိုယ့်အတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်တယ်မဟုတ်လား။ အခုဆိုလည်း နှစ်ဟောင်းရဲ့ Negative နဲ့ဆိုင်တဲ့ အတွေးတွေကို ဖယ်ရှား၊ ကောင်းတဲ့ သင်ခန်းစာတွေကိုရယူပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းချင်ကြတာ တော်တော်များများရဲ့ စိတ်ကူးပါပဲမှတ်လား။
အခု BKA အဖွဲ့သားနဲ့ အတူ စာဖတ်သူတို့လည်း နှစ်သစ်မှာ ဘယ်လိုအချက်တွေ ပြင်ဆင်ထားသင့်သလဲဆိုတာတွေ နည်းနည်းလေးမျှဝေပေးချင်ပါတယ်နော်။ ဘယ်အရာမဆို ကြိုတင်ပြင်ထားခြင်းဟာ ကောင်းသောရလဒ်တွေ ဆောင်ကြဉ်ပေးနိုင်တယ်ဖြစ်တဲ့အတွက် တစ်ချက်ကြည့်လိုက်ကြရအောင်။

(၁) အတွေးအခေါ်အသစ်တွေ ပိုဖြန့်မယ်
နှစ်ဟောင်းမှာ ရလိုက်တဲ့ သင်ခန်းစာတစ်ချို့ကို ပြန်လည်အသုံးချပြီး နှစ်သစ်မှာ ပိုကောင်းလာစေနိုင်တဲ့ အချက်တွေ အတွေးတွေနဲ့ဖြတ်သန်းနိုင်အောင် တွေးတောကြံဆပါ။

(၂) ပိုက်ဆံစုပါ
ပိုက်ဆံစုဖြစ်အောင်စုပါ။ အခု ကိုဗစ်ကာလမှာဆို အားလုံးသိတဲ့အတိုင်း စီးပွားရေးတွေ ဘယ်လောက်တောင် ကျပ်တည်းကုန်ကြသလဲ။ ဟုတ်တယ်ဟုတ်။ ဒါ့ကြောင့် ကိုယ်ပိုက်ဆံစုနိုင်တဲ့အချိန်မှာ ပိုက်ဆံလေးစုထားကြပါ။ ဒါမှလိုအပ်တဲ့အခါ လိုအပ်သလောက်သုံးနိုင်မှာဖြစ်ပါတယ်။

(၃) ဖြစ်ချင်တဲ့အရာတွေအကုန်လုံးကိုချရေးပါ
ဒါကတော့ မဖြစ်မနေကြိုတင်စိတ်ကူးထားနိုင်တဲ့အရာတွေထဲကတစ်ခုဆိုလည်းမမှားနိုင်ပါဘူးနော်။ ကိုယ့် Diary စာအုပ်လေးထဲပဲဖြစ်ဖြစ် ဒီအတိုင်းရိုးရိုးမှတ်စု စာအုပ်လေးထဲပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့ အရာတွေ မှတ်မိသလောက်ချရေးထားခြင်းဟာ အကောင်းဟာပါ။ ဒါမှ အကောင်အထည်ဖော်လိုစိတ်တွေ ဖြစ်လာစေနိုင်မှာပါနော်။

(၄) အပြောင်းအလဲ တစ်ခုခုလုပ်ပါ
ဒီနေရာမှာ ဥပမာ တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ Gym ဆော့ပါပေါ့။ တစ်နှစ်အတွင်း အပြောင်းအလဲတစ်ခုခုဖြစ်လာနိုင်အောင် တစ်ဖြည်းဖြည်းနဲ့ အချိန်ပေး Train ပေးနိုင်ရင် ကိုယ်ဖြစ်လာစေတဲ့အတိုင်း မုချဖြစ်လာနိုင်ပါတယ်နော်။ ထိုနည်းတူပါပဲ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုခု၊ ကိုယ်အကောက်အထည်ဖော်မယ်လို့ တွေးထားတဲ့အရာတစ်ခုခုကို လုပ်ကြည့်ပါ။

(၅) အထိမ်းအမှတ်နေ့လေးတွေအတွက် ပြန်ပြီး Sign Up လုပ်ပါ
ဒါကတော့ မမေ့သင့်တဲ့အရာပါ။ နီးလာမှာ ကမန်းကတန်းမဖြစ်အောင် မွေးနေ့ဆို မွေးနေ့ ၊ နှစ်ပတ်လည်နေ့ဆို နှစ်ပတ်လည်နေ့တွေ ဖုန်းထဲက Reminder လုပ်ထားရင် မမေ့နိုင်တော့ဘူးလေ။ ဟုတ်တယ်ဟုတ်။ ဒါမှ ကြိုတင်ပြင်ဆင်ထားတဲ့ Surprise တွေ စိတ်ကူးထဲကအတိုင်းဖြစ်လာနိုင်မှာပေါ့။

ဒါကတော့ BKA အနေနဲ့ ပြန်လည်မျှဝေပေးချင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ရော နောက်ထပ် ဘယ်လိုအချက်တွေ ပြင်ဆင်ထားသင့်သလဲ၊ ပြင်ဆင်ထားပြီးပြီလဲဆိုတာ မျှဝေပေးခဲ့ဦးနော်။

🇲🇲 လွတ်လပ်ရေးနေ့ 🇲🇲မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများအား အောက်မေ့တမ်းတရင်း ယနေ့ ဇန်နဝါရီလ...
04/01/2021

🇲🇲 လွတ်လပ်ရေးနေ့ 🇲🇲

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများအား အောက်မေ့တမ်းတရင်း ယနေ့ ဇန်နဝါရီလ (၄) ရက်၊၂၀၂၁ မှာ ကျရောက်တဲ့ (၇၃) ကြိမ်မြောက် "လွတ်လပ်ရေးနေ့" အား လှိုက်လှဲစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

ပျော်ရွှင်စရာ ခရစ္စမတ် နဲ့  မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ။ တစ်ကမ္ဘာလုံး ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ Covid - 19 ရောဂါကြောင့် ဒ...
25/12/2020

ပျော်ရွှင်စရာ ခရစ္စမတ် နဲ့ မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ။

တစ်ကမ္ဘာလုံး ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ Covid - 19 ရောဂါကြောင့် ဒီနှစ် ၂၀၂၀ မှာကျရောက်တဲ့ ခရစ္စမတ်အချိန်ကာလမှာ BKA အဖွဲ့သားတို့လိုပဲ တခြားသူတွေလည်း မိမိအိမ်ထဲမှာသာ ချစ်ရတဲ့မိသားစုလေးနဲ့ ဒါမှမဟုတ် ချစ်ခင်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုလို နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလည်းဖြစ်တဲ့ ဒီဇင်ဘာရဲ့ ခရစ္စမတ်အချိန်လေးမှာ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်စေပြီး နှစ်သစ်မှာလည်း အသစ်သစ်သောအောင်မြင်မှုတွေ၊ အဆင်ပြေမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ BKA Team ကဆုတောင်းပေးလိုက်ပါတယ်။

🎄MERRY CHRISTMAS & HAPPY NEW YEAR 🎆

Congratulations to Myanmar Brewery Ltd. for a well-deserved winning of the Best CSR for Community Engagement (Local) in ...
12/12/2020

Congratulations to Myanmar Brewery Ltd. for a well-deserved winning of the Best CSR for Community Engagement (Local) in Myanmar Employer Awards 2020.

We are so honored to have the chance to get involved in this project, and it was a great collaboration between MBL and BKA in preparing materials for the awards presentation.

From everyone at BKA Team, we would like to congratulate each and every member of MBL Team for this honorable accomplishment.

ထာဝစဉ်မမေ့ အမျိုးသားနေ့တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးက...
09/12/2020

ထာဝစဉ်မမေ့ အမျိုးသားနေ့

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားလာခဲ့တဲ့ နေ့ထူးနေ့မြတ် “အမျိုးသားနေ့” ပဲဖြစ်ပါတယ်။

ဒီနှစ် အမျိုးသားနေ့ ဟာ ကိုဗစ် - ၁၉ ရောဂါကြောင့် နှစ်စဉ်နှစ်တိုင်းလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့ပေမယ့် ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ နှစ် (၁၀၀) ပြည့် "အမျိုးသားနေ့" အား BKA က လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

ရာသီဥတု အကူးအပြောင်းကာလမှာ ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ပါ။ဟုတ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဒီလိုကာလမ...
05/12/2020

ရာသီဥတု အကူးအပြောင်းကာလမှာ ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ပါ။

ဟုတ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဒီလိုကာလမှာ နှာချေ၊ချောင်းဆိုး၊လည်ချောင်းနာ စတဲ့ ဝေဒနာတွေခံစားလာရပြီးဆိုရင် လူတိုင်းလိုလို မိမိကိုယ်ကို စိုးရိမ်သံသယစိတ်နဲ့ တွေဝေနေတတ်ကြပါတယ်။

ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ ထိုအချက်တွေဟာ ကိုဗစ်ရောဂါလက္ခဏာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ယခုလို ဆောင်းဝင်ခါစ ရာသီဥတု အကူးအပြောင်းကာလမှာ မိမိကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်တယ်။

ဘယ်လိုဂရုစိုက်ပေးရမလဲ။

အဓိကကတော့ ရောဂါတွေ အလွယ်တကူမခံစားရအောင် ကိုယ်ခံအားစနစ်ကောင်းနေဖို့ အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် အိပ်ရေးဝအောင်အိပ်ရပါမယ်၊ ရေဓာတ်ဖြည့်ဖို့ ရေများများသောက်ဖို့ လိုအပ်ပါမယ်၊ အာဟာရရှိတဲ့အစားအသောက်တွေ နေ့စဉ်ပုံမှန်စားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပေးဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍတွေထဲကတစ်ရပ်််််််််််််််ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာနရဲ့ ထုတ်ပြန်ချက်အတိုင်း အပြင်ထွက်ရင် Mask ကိုမဖြစ်မနေတပ်ပါ။ လက်ကိုမကြာခဏဆေးကြောပါ။ လူစုလူဝေးရှောင်ရှားပြီး Social Distancing ဖြစ်စဉ်ကို လိုက်နာပါ။ အခုလို နေ့ခင်းပူပြီး ညဘက်တဖြည်းဖြည်းအေး လာတဲ့ ရာသီဥတုမှာ မိမိကျန်းမာရေးကို ပိုပြီးဂရုစိုက်ရင်း ပိုမိုလှပတဲ့နေ့ရက်ဆီကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြစေလို့ BKA က မေတ္တာစကားလက်ဆောင် ပါးလိုက်ပါတယ်။

ဆင်နွှဲရွှင်ပျော် တန်ဆောင်တိုင်ပွဲတော်အခါသမယမှာ မိဘပြည်သူများအားလုံး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ချမ်းသာကိုယ်...
29/11/2020

ဆင်နွှဲရွှင်ပျော် တန်ဆောင်တိုင်ပွဲတော်အခါသမယမှာ မိဘပြည်သူများအားလုံး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း BKA team မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

On this Tazaungdaing Festival ,BKA team wishes you happiness, peace and prosperity. Have a prosperous Tazaungmone Full Moon Day!

စည်းကမ်းလိုက်နာပြီးမှ လေ့ကျင့်ခန်းလုပ်ကြရအောင်မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုနှုန်းဟာ မ...
21/11/2020

စည်းကမ်းလိုက်နာပြီးမှ လေ့ကျင့်ခန်းလုပ်ကြရအောင်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုနှုန်းဟာ မြင့်တက်လာလျက်ရှိပါတယ်။ ဒါ့ကြောင့် လူတိုင်းဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေအတိုင်း မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် Mask ကိုစနစ်တကျတပ်ဆင်ထားဖို့လိုအပ်ပြီး Social Distancing လုပ်ခြင်း၊ တပ်ဆင်ပြီးသား Mask ကို စနစ်တကျစွန့်ပစ်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း စတဲ့အချက်တွေကို လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်နေဆဲပဲဖြစ်ပါတယ်။

ကိုဗစ် ကာလအတွင်းမှာ စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းနေအောင် လူတွေတော်တော်များများဟာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို အိမ်ထဲမှာရော အိမ်အပြင်မှာပါ လေ့ကျင့်လာတာတွေ့မြင်ရပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွကို မပေါ့မလျော့ဘဲ လိုက်နာကြဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လူတစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာကနေ အားကစားများပြုလုပ်သင့်ပါတယ်။ ဒါမှ Mask ခဏတဖြုတ်မတပ်ဆင်ဘဲ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မမြင်နိုင်တဲ့ရောဂါပိုးအန္တရာယ်ကနေ လွတ်မြောက်နိုင်မှာပါ။

ဒါ့ကြောင့် ကိုယ့်အနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်မိသားစုဝင်တွေထဲကပဲဖြစ်ဖြစ် အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ Mask တပ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ဝေးဝေးကနေ အားကစားများပြုလုပ်ခြင်း စတဲ့အချက်တွေကိုလိုက်နာကြဖို့ BKA အနေနဲ့ ထပ်မံအသိပေးလိုက်ပါရစေ။

ကိုဗစ်အလွန် လူနေမှုဓလေ့သစ်မှာ ဘယ်လိုဖြတ်သန်းကြမလဲ။ အားလုံးသိကြတဲ့အတိုင်းပါပဲ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ကိုဗစ် - ...
14/11/2020

ကိုဗစ်အလွန် လူနေမှုဓလေ့သစ်မှာ ဘယ်လိုဖြတ်သန်းကြမလဲ။

အားလုံးသိကြတဲ့အတိုင်းပါပဲ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ကိုဗစ် - ၁၉ ရိုက်ခတ်မှုဒဏ်ကို ခါးသီးစွာရင်ဆိုင်ကျော်ဖြတ်နေရတာဟာ အခုဆို လပေါင်းများစွာရှိခဲ့ပါပြီ။ လူတိုင်းဟာ အရင်ချိန်တုန်းကလိုမျိုး လွတ်လွတ်လပ်လပ် အပြင်ထွက်တာတွေ၊ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ကြတာတွေ တတ်နိုင်သမျှရှောင်ကြဉ်ပြီး အိမ်မှာနေထိုင်ခြင်းဆိုတဲ့ စည်းကမ်းချက်တွေနဲ့အညီ တစ်နေ့တာအချိန်တွေကို အိမ်ထဲမှာသာ ကုန်ဆုံးလာကြတာဟာ အချိန်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် တစ်ဖက်ကနေ ပြန်ကြည့်လိုက်လို့ရှိရင်လည်း စားဝတ်နေရေး၊ စီးပွားရေး စတဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် မဖြစ်မနေအပြင်ထွက်ပြီး ရုန်းကန်ကြရပါတယ်။ ဒီလို ကိုဗစ် အလွန် လူနေမှုဓလေ့သစ်မှာ အရင်ချိန်တွေအတိုင်း ပုံမှန်သွားလာလှုပ်ရှားနေထိုင်နိုင်ဖို့အတွက် လူတစ်ဦးတစ်ယောက်ချင်းဆီမှာလည်း တာဝန်ကိုယ်စီရှိကြပါတယ်။

လူတိုင်း ကိုယ်စီ ဘယ်လိုတာဝန်မျိုးရှိရမှာလဲ။

ကျန်းမာရေးဝန်ကြီးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေအတိုင်း ကျွန်တော်တို့ဟာ အပြင်ထွက်တဲ့အခါ Mask ကို မဖြစ်မနေအမြဲတပ်ထားရပါမယ်။ လက်ကိုမကြာခဏဆေးကြောရပါမယ်။ နှာစေးချောင်းဆိုးရင်လည်း အုပ်ထားရပါမယ်။ လူစုလူဝေးတွေရှောင်ရှားပြီး Social Distancing နည်းစနစ်ကို ကျင့်သုံးရပါမယ်။ ဒီလို ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေဟာ ကိုဗစ်ကာလအတွင်းမှာသာ အသုံးဝင်တာမျိုးမဟုတ်ဘဲ ရှေ့ဆက် မိမိကျန်းမာရေးကို ကြိုတင်ကာကွယ်ခြင်းဖြင့် အချိန်တိုင်း လိုက်နာကျင့်သုံးဖို့လိုအပ်ပါမယ်။

ဒါ့အပြင် လုပ်ငန်းနဲ့ဆိုင်တဲ့ Social Media Platforms တွေ ကျွမ်းကျင်စွာလေ့လာထားဖို့ကလည်း အရမ်းအရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ပါ။ အားလုံးသိတဲ့အတိုင်း ကိုဗစ်ကြောင့် Work from Home ကာလအတွင်း လုပ်ငန်းနဲ့ပတ်သက်တဲ့ အရေးကြီးအစည်းအဝေးတွေဟာ Zoom, Google Meet, Viber တို့ကနေတဆင့် ဆောင်ရွက်ကြရပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ကိုဗစ်အလွန် လူနေမှုဓလေ့သစ်မှစ နောက်နှစ်တွေတိုင် အလုပ်ကိစ္စနဲ့သက်ဆိုင်တဲ့ Social Media Platforms ကို ကောင်းမွန်စွာ အသုံးချတတ်ဖို့အရမ်းကိုလိုအပ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ တစ်နေ့တာစိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းနေအောင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးဖို့ကလည်း လိုအပ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်းစတာတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးပါသလို စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း တို့ဟာလည်း စိတ်ကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။

ဒါ့ကြောင့် ကိုဗစ်အလွန် လူနေမှုဓလေ့သစ်မှာ အပေါ်ကဖော်ပြထားတဲ့အချက်တွေအတိုင်းလိုက်နာပြီး နေ့ရက်သစ်တိုင်းမှာ ချစ်သူခင်သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ BKA က စကားလက်ဆောင်ပါးချင်ပါတယ်။

31/10/2020

မင်္ဂလာရှိတဲ့ သီတင်းကျွတ်ချိန်ခါသမယလေးကို ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ အိမ်ထဲမှာ ပျော်ရွှင်စွာဆင်နွှဲပြီး နေထိုင်မှုပုံစံအသစ်ဘဝလေးထဲမှာ ဘေးမသီရန်မခတဲ့နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ BKA Team က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Happy Thadingyut to our clients, friends and families. With a new normal lifestyle upon us, we wish everyone a safe and prosperous Thadingyut Festival from our team at BKA, and we hope everyone is spending the holidays with their loved ones at home.

Stay Home ကာလလေးမှာ အိမ်ကနေလှမ်းအလုပ်လုပ်ရတာက ကောင်းတာရှိသလို အဆင်မပြေတာတွေလည်း ရှိမှာပါပဲနော်။ ခုလိုအချိန်မှာ ရုံးတော်တ...
23/10/2020

Stay Home ကာလလေးမှာ အိမ်ကနေလှမ်းအလုပ်လုပ်ရတာက ကောင်းတာရှိသလို အဆင်မပြေတာတွေလည်း ရှိမှာပါပဲနော်။ ခုလိုအချိန်မှာ ရုံးတော်တော်များများက အိမ်ကနေပဲ အလုပ်လုပ်ဖို့ စနစ်တွေပြောင်းလဲထားတော့ BKA အဖွဲ့သားတွေအတွက် အလုပ်ဖြစ်နေတဲ့ အချက်ကလေးတွေကို မျှဝေချင်ပါတယ်။

1. အလုပ်ခွင်နေရာလေး သတ်သတ်မှတ်မှတ်

ကြုံရာနေရာမှာ အလုပ်ထိုင်လုပ်တာမျိုးထက် အလုပ်လုပ်မယ့်နေရာဆိုပြီး သေချာသတ်မှတ်ထားတာက ပိုပြီး အလုပ်တွင်စေတဲ့အပြင် အာရုံစုစည်းနိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

2. To-Do Lists တွေ

ကိုယ့်အနေနဲ့ဒီနေ့ဘာတွေလုပ်ရမလဲ ဘယ်ဟာတွေကိုအပြီးသတ်ရမလဲဆိုတာတွေကို Lists လုပ်ထားသင့်ပါတယ်။ အထူးသဖြင့် အခုလိုအိမ်မှာအလုပ်လုပ်နေရတဲ့အချိန်ဆို ပိုပြီးတော့တောင် ရေးမှတ်ထားသင့်ပါတယ်။ မဟုတ်ရင် အိမ်မှာပဲဆိုပြီးနောက်မှအေးဆေးလုပ်မယ်ဆိုပြီးတော့ အလုပ်​တွေ မပြီးမြောက်ဘဲ အချိန်တွေ ကုန်သွားတဲ့အတွက်ကြောင့်ပါ

3. ပုံမှန်အလုပ်ချိန်

ပုံမှန်အလုပ်ချိန်က ၉-၅ နာရီဖြစ်မယ်ဆိုရင် ခု အိမ်ကနေ အလုပ်လုပ်ချိန်မှာလည်း အဲ့ဒီ အလုပ်ချိန်အတိုင်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကိုယ်က ရုံးမှာလောက် အလုပ်မများနေဘူးဆိုရင်တောင်မှ အဲဒီအချိန်တွေ အတွင်းမှာ ရုံးတက်နေရတယ်လို့ သဘောထားပြီး ပညာရပ်အသစ်တွေ သင်ယူတာတို့၊ လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေဖတ်ရှူတာတို့ လုပ်ဆောင်သင့်ပါတယ်။

4. အနားယူဖို့

အနားယူချိန်ကလည်း အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက် အရမ်းကိုအရေးပါတယ်နော်။ အခုလို WFH ကာလမှာဆိုတော့ နားချိန်တစ်ခုပိုသတ်မှတ်ပြီး လွတ်လပ်ပေါ့ပါးသလို အေးဆေးအနားယူဖို့လည်းလိုပါတယ်။

5. ဆုပေးဒဏ်ပေး

တခြားသူတွေတော့မသိဘူး BKA Team Member တစ်ယောက်အနေနဲ့ကတော့ ဆုပေးဒဏ်ပေးစနစ်ကို သဘောကျပါတယ်။ ဥပမာ - “ဒီ အစီရင်ခံစာကို ၂ နာရီအတွင်း အပြီးသတ်နိုင်ရင် ကိုယ့်ဘာသာ ဆုပေးတဲ့အနေနဲ့ YouTube မှာ သီချင်း ၃ ပုဒ်လောက်နားထောင်လိုက်မယ်။ ” ဆိုတာမျိုးက ခုလို အိမ်ကနေ အလုပ်လုပ်ရတဲ့ကာလအတွင်းမှာ တချို့အတွက် အတော်လေးအလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ပိုပြီးတော့လည်း အလုပ်များများ ပြီးဖို့ တွန်းအားရစေပါတယ်။

ကဲ.... ကျန်တဲ့လူတွေရော အိမ်မှာအလုပ်လုပ်ရင်း အလုပ်တွေပြီးမြောက်အောင် ကိုယ့်ကိုယ်ကို ကိုယ့်အချိန်ကို ဘယ်လိုတွေစီမံပြီးသတ်မှတ်ထားတာလဲဆိုတာ မျှဝေပေးခဲ့ဦးနော်။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959978584854

Alerts

Be the first to know and let us send you an email when Black Knight Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Black Knight Agency:

  • Want your business to be the top-listed Advertising & Marketing Company?

Share