
  • Home

ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုတ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုတ်, Advertising/Marketing, .

04/03/2023

ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးခေါင်းဆောင်များထံမှ လေ့လာသင့်သောအသိပညာများ (စာဖတ်ချိန် ၄ မိနစ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

By Naing Win Aung (CEO Coach & NLP Master Trainer)

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်လိုသူတိုင်းအတွက် ခေါင်းဆောင်မှုဆိုတာဟာ မဖြစ်မနေလိုအပ်တဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အသင်းအဖွဲ့ (Team) တစ်ခုကို စိတ်အားတက်ကြွလာအောင်လှုံ့ဆော်နိုင်ဖို့၊ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့နဲ့ ပညာသားပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းတွေဟာ ထိရောက်တဲ့ ခေါင်းဆောင်မှုရဲ့ အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးစီးပွားရေးခေါင်းဆောင်တွေရဲ့ အသိပညာတွေကို လေ့လာခြင်းအားဖြင့် တိုးတက်လိုစိတ်မြင့်မားတဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ အားကောင်းပြီး အောင်မြင်တဲ့လုပ်ငန်းအဖွဲ့အစည်းတွေကို တည်ဆောက်ဖို့အတွက် ဗဟုသုတနဲ့ စိတ်အားတက်ကြွမှုတွေကို ရရှိလာနိုင်ပါတယ်။

တိုးတက်အောင်မြင်တဲ့စီးပွားရေးဦးဆောင်သူတွေဆီက အဓိကကျတဲ့ သင်ခန်းစာတစ်ခုဟာ အနာဂတ်အမြင် (Vision) ရဲ့အရေးပါပုံဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုတာဟာ အနာဂတ်အမြင်နဲ့ တာဝန်ယူမှု (Responsibility) ဖြစ်တယ်၊ လုပ်ပိုင်ခွင့်အာဏာ (Power) မဟုတ်ဘူးလို့ Bill Gate က ပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့စီးပွားခေါင်းဆောင်တွေဟာ သူတို့လုပ်ငန်းအဖွဲ့အစည်းတွေအတွက် ရှင်းလင်းတဲ့ရည်မှန်းချက်ကို ထားရှိကြပြီး အဲဒီရည်မှန်းချက်ကို သူတို့ရဲ့အသင်းအဖွဲ့တွေနဲ့ဖောက်သည်တွေကို မမောနိုင်၊ မပန်းနိုင်ပြောပြတတ်ကြပါတယ်။ ရှင်းလင်းပြီးဆွဲဆောင်မှုရှိတဲ့ရည်မှန်းချက်ပန်းတိုင်ကို ဖန်တီးခြင်းအားဖြင့် လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ရဲ့အသင်းအဖွဲ့တွေကို မျှဝေထားတဲ့ပန်းတိုင် (Shared Goal) တွေကို ဦးတည်ပြီး ကြိုးစားလုပ်ကိုင်ဖို့ လှုံ့ဆော်နိုင်ပြီး သူတို့ရဲ့အလုပ်တွေမှာ အဓိပ္ပာယ်ရှိမှုနဲ့ ရည်ရွယ်ချက်ရှိမှုတွေကိုပါ ဖန်တီးလာနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့လေ့လာသင့်တဲ့နောက်ထပ်သင်ခန်းစာတစ်ခုကတော့ ခံနိုင်ရည်မြင့်မှု (Resilience) ဖြစ်ပါတယ်။ ကျွန်တော်ကျရှုံးခဲ့ရင် ကျွန်တော်နောင်တရမှာ မဟုတ်တာကို ကျွန်တော်သိတယ်၊ ဒါပေမယ့် ကျွန်တော်နောင်တရမယ့်တစ်ခုကတော့ မလုပ်ကြည့်တာဘဲဖြစ်တယ် လို့ Jeff Bezos က ပြောပါတယ်။ နှောင့်နှေးမှုတွေ၊ ကျရှုံးမှုတွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ခရီးစဉ် (Entrepreneurial Journey) မှာ သဘာ၀အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာကို ကြီးမြတ်တဲ့စီးပွားရေးလုပ်ငန်းဦးဆောင်သူတွေဟာ နားလည်တတ်ကြပြီး အဲဒီအတွေ့အကြုံတွေကို သင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေအဖြစ် အသုံးချတတ်ကြပါတယ်။ ခံနိုင်ရည်မြင့်မားတဲ့စိတ်နေစိတ်ထားကို ပျိုးထောင်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေကနေ ပြန်လည်ရုန်းထလာနိုင်ပြီး သူတို့ရဲ့ပန်းတိုင်တွေဆီကို ဆက်လက်ဦးတည်လုပ်ဆောင်နိုင်ကြပါတယ်။

ထိရောက်တဲ့ဆက်သွယ်ပြောဆိုမှုဟာ ထိရောက်တဲ့ခေါင်းဆောင်မှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုမှုဟာ ဘယ်ခေါင်းဆောင်မဆို ပိုင်ဆိုင်သင့်တဲ့ အရေးအကြီးဆုံး အရည်အချင်းဖြစ်တယ်လို့ Richard Branson က ပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ရဲ့ အနာဂတ်အမြင် (Vision) နဲ့ ပန်းတိုင် (Goal) တွေကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ပြောဆိုနိုင်စွမ်းရှိကြပြီး သူတို့ရဲ့ အဖွဲ့သားတွေအနေနဲ့ အဲဒီပန်းတိုင်တွေဆီကို ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင်လာအောင် စိတ်အားမြှင့်တင်နိုင်စွမ်း၊ လှုံ့ဆော်နိုင်စွမ်းတွေ ရှိကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အဖွဲ့သားတွေ၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်ပူပန်မုတွေကိုပါ ဂရုတစိုက်နဲ့ နားထောင်နိုင်စွမ်းရှိကြပါတယ်။

အခုဆောင်းပါးမှာ နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ ကြီးမြတ်တဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ အားကောင်းပြီး ထိရောက်တဲ့ အသင်းအဖွဲ့တွေကို ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းထဲက ကြီးကျယ်ခန်းနားတဲ့ကိစ္စရပ်တွေကို လူတစ်ယောက်တည်းက ဘယ်တော့မှ လုပ်ဆောင်တာမဟုတ်ဘူး၊ အဲဒါတွေကို အသင်းအဖွဲ့လိုက်သာ လုပ်ဆောင်ကြတာဖြစ်တယ်လို့ Steve Jobs က ပြောပါတယ်။ ထိရောက်တဲ့ ဦးဆောင်သူတွေဟာ မတူကွဲပြားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အသင်းအဖွဲ့တွေကို တည်ဆောက်နိုင်ခြင်းရဲ့ အရေးပါပုံကို နားလည်ကြပြီး အဖွဲ့သားတွေ အောင်မြင်တိုးတက်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်အောင် ကြိုးပမ်းတတ်ကြပါတယ်။ သူတို့ရဲ့ အဖွဲ့သားတွေကို လုပ်ပိုင်ခွင့်ပေးပြီး မြှင့်တင်ပေးခြင်းအားဖြင့် ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ဘာသူတို့ လုပ်ဆောင်နိုင်တာထက် များစွာ ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိလာကြပါတယ်။

ပြန်လည်အနှစ်ချုပ်ရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး စီးပွားရေးခေါင်းဆောင်တွေရဲ့ မျှဝေမှုနဲ့ အဆုံးအမတွေကို လေ့လာခြင်းဟာ တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်နဲ့ စိတ်အားတက်ကြွမှုတွေကို ရရှိစေနိုင်ပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှုတွေကို လေ့လာပြီး သူတို့ရဲ့ ခေါင်းဆောင်မှုပုံစံတွေကို ဆီလျော်သလို လိုက်နာကျင့်သုံးမယ်ဆိုရင် စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) တွေဟာ သူတို့ရည်ရွယ်တဲ့လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ဖန်တီးနိုင်တဲ့ အားကောင်းပြီး အောင်မြင်တဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။ ရှင်းလင်းတဲ့ အနာဂတ်အမြင် (Vision)၊ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု (Communication)၊ အားကောင်းတဲ့ အသင်းအဖွဲ့တည်ဆောက်မှုအရည်အချင်းတွေကိုသာ လေ့လာသင်ယူပြီး လက်တွေ့ကျင့်ကြံမယ်ဆိုရင် တိုးတက်လိုစိတ်ရှိပြီး အမှန်တကယ်ကြိုးစားတဲ့ ဘယ်သူမဆို အောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်ပါတယ်။

Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Professional Certified Coach (PCC, ICF)
Certified Canfield Success Principles Trainer
Certified Professional Master Business Coach
Certified Maxwell Leadership Team Coach, Trainer & Speaker



06/11/2021

မိတ်ဟောင်း မိတ်သစ် များ ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုပ် မှာယူနိုင် ပါပြီ။ 09 787171716 ကိုသာဆက်သွယ်လိုက်ပါ။

23/10/2021

ရွှေကြောင်ဖတ်ထုပ်ရပါပြီ။

မင်မင်အခုချိန်မှာလိုအပ်နေတဲ့ သူများအတွက် ယိုးဒယားငှက်သိုက်ရောင်းပေးပါမယ်နော်တဖါ ၂၄ လုံးပါ (200 packs in stock in Mandala...
31/07/2021

မင်မင်အခုချိန်မှာလိုအပ်နေတဲ့ သူများအတွက် ယိုးဒယားငှက်သိုက်ရောင်းပေးပါမယ်နော်

တဖါ ၂၄ လုံးပါ (200 packs in stock in Mandalay)
ပစည်းတိုက်ရိုက်သွင်းထားတာမို့ ပြန်ရောင်း လိုသူများ cb ဆက်သွယ်ပေးပါရှင့်

092055306

ရွှေကြောင်ရယ်ဒီဖက်ထုပ် များကိုမန်​းေလးမြို့မှ့မြန်မာ ပြည်အနှ့ံရှိကားဂိတ်များသို့ပုံမှန်ပို့ဆောင်ပေးနေပါတယ်ရှင်အအေးခဲခန်း...
21/03/2021

ရွှေကြောင်ရယ်ဒီဖက်ထုပ် များကို
မန်​းေလးမြို့မှ
့မြန်မာ ပြည်အနှ့ံရှိကားဂိတ်များသို့
ပုံမှန်ပို့ဆောင်ပေးနေပါတယ်ရှင်
အအေးခဲခန်းထဲထည့်ထားပြီး အလွယ်တကူ
ပြုတ် ကြော် ချက်စားလို့ရတော့
စားသောက်ဆိုင်ကြီးများအတွက်လည်း အရမ်း အဆင်ပြေပါတယ်ရှင်
လက်ကားပြန်လည်ရောင်းချလိုသူများစုံစမ်းမေးမြန်းလိုပါက
09787177716 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် ရှင်
အစဉ် ဝယ်ယူအားပေးတဲ့ အနယ်အရပ်ရပ်ရှိ အရောင်းဆိုင် များအားလုံးလည်းကျေးဇူးပါရှင်🙏🙏

27/12/2020

Merry Christmas & Happy new year🌲🌲🌲

မိုးညှင်းမြို့မှရွှေကြောင်ရယ်ဒီ ဖက်ထုပ် ချစ်သူများရှင့်page link....👇👇👇https://www.facebook.com/ထူးသစ်လင်း-ယိုးဒယားပင်လယ...
22/12/2020

မိုးညှင်းမြို့မှ
ရွှေကြောင်ရယ်ဒီ ဖက်ထုပ် ချစ်သူများရှင့်

page link....👇👇👇
https://www.facebook.com/ထူးသစ်လင်း-ယိုးဒယားပင်လယ်စာ-ရောင်းဝယ်ရေး-မိုးညှင်းမြို့-105304164751633/

တွင်လည်း ရွှေကြောင် ရယ်ဒီ ဖက်ထုပ် များဝယ်ယူရရှိ နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်လေး ပါးလိုက်ပါတယ်ရှင့်

ဝယ်ယူအားပေးကြသော မိတ်ဆွေများအားလုံးကျေးဇူးပါရှင့်❤️❤️

မကွေးတိုင်း ဆိပ်ဖြူမြို့ မှ​ေရွှကြောင်ရယ်ဒီဖက်ထုပ်ချစ်သူများအတွက်သတင်းကောင်းလေး👏👏မကွေးတိုင်း ဆိပ်ဖြူမြို့ရှိKo Oo Mart တ...
21/12/2020

မကွေးတိုင်း ဆိပ်ဖြူမြို့ မှ
​ေရွှကြောင်ရယ်ဒီဖက်ထုပ်ချစ်သူများအတွက်
သတင်းကောင်းလေး
👏👏
မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ
Ko Oo Mart တွင်
ရွှေကြောင်ရယ်ဒီ ဖက်ထုပ်များကို ဝယ်ယူရရှိ နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်လေး ပါးအပ်ပါတယ်ရှင့်
စားဖူးသူတိုင်းစွဲမက ် နှစ်သက်တဲ့
ရွှေ ​ကြောင် ရယ်ဒီ ဖက်ထုပ်ပါ
အိမ်တိုင်း စားသောက်ဆိုင်တိုင်းအတွက်လက်တွဲ အဖော်မွန်ပါ
ဆိုင်အရသာမှ ကြိုက်နှစ်သက် သူများအတွက်
သန့်ရှင်းလတ်ဆတ်တယ်
စျေးနှုန်း သင့်တင့်တယ်
လွယ်ကူမြန်ဆန်တယ်

ဒါကြောင့် အမြန်တာ အပြေးလေးဝယ်ထားလိုက်တော့👍👍

21/12/2020
ရန်ကုန်မြို့မှခနခနမေးနေတဲ့ ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုတ် ချစ်သူများရှင့်ရန်​ကုန်မြို့ရှိ သပြေ နု လက်ဖက် နှင့် အကြော်စုံ ဆိ...
20/12/2020

ရန်ကုန်မြို့မှခနခနမေးနေတဲ့ ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုတ်
ချစ်သူများရှင့်
ရန်​ကုန်မြို့ရှိ
သပြေ နု လက်ဖက် နှင့် အကြော်စုံ
ဆိုင် 09250827889 တွင်
ရွှေကြောင်ဖက်ထုပ်များ ဝယ်ယူရရှိ နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်ရှင့်

ပခုကၠဴၿမိဳ့ မှ ရွှေကြောင်ဖက်ထုပ်ချစ်သူများရှင့်ဖက်ထုပ်စားချင်လို့ သွားဝယ်ရင် အကြာကြီးစောင့်နေရတာတွေ ကုန်သွားတာတွေ နဲ့ ဆို...
28/11/2020

ပခုက္ကူမြို့ မှ ရွှေကြောင်
ဖက်ထုပ်စားချင်လို့ သွားဝယ်ရင် အကြာကြီးစောင့်နေရတာတွေ
ကုန်သွားတာတွေ နဲ့ ဆိုင်ပိတ်ထားတာတွေ ခဏခဏ ကြုံနေရတတ်လို့
အခုတော့ ကိုယ်စားချင်တဲ့အချိန်အလွယ်တကူ စားလို့ရအောင် သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းမွန် တဲ့ မန္တလေး က ရွှေကြောင် အမှတ်တံဆိပ် ရယ်ဒီမိတ် ဖက်ထုပ် လေး
ပခုက္ကူမြို့ မှ ဖက်ထုပ်ချစ်သူများတွက် ဝယ်ယူရရှိနိုင်ပါ ပြီ ဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင့်

ပြုတ်စားမလား
ပေါင်းစားမလား
ကြော်စားမလား
မိမိကြိုက်နှစ်သက်သလိုအလွယ်တကူစားသုံးလို့ရပါတယ်။
အခု ၂၀ ပါတစ်ထုတ်ကို ၂၅၀၀ ကျပ်ပါ။အရသာအနေနဲ့ ကြက်သားနဲ့ဝက်သား နှစ်မျိုးရရှိနိုင်ပါတယ်။

ပခုက္ကူမြို့တွင်း အိမ်အရောက်ပို့ပေးပါတယ်။ပခုက္ကူမြို့ မှ ဖက်ထုပ်ချစ်သူများ🥰

📞09 774793972 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။🛵 deli လည်း 👌
လက်ကားလိုချင်သူများလဲဆက်သွယ်နိုင်ပါတယ်။📢
ဆိုင်တွင်လာရောက်ဝယ်ယူလိုသူများအတွက်

လွတ်လပ်ရေးပန်းခြံ အရှေ့ဘက် နှင့် မြို့မဈေးကြီးမြောက်ဘက် ပွင့်ဦး သတင်းစာဂျာနယ်ဆိုင် နှင့် ချယ်ရီမြန်မာကားဂိတ် ပခုက္ကူမြို့တွင်
လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

ရွှေကြောင် (ဝက်/ကြက် )အသင့်စားဖက်ထုပ်ကိုတိမ်ပြာစတိုး ဆိုင်တွင်ဝယ်ယူအားပေးလို့ရနေပါပြီရှင့်၇၃လမ်း ၃၂-၃၃ (မန္တလေးမြို့)တိမ...
24/11/2020

ရွှေကြောင် (ဝက်/ကြက် )အသင့်စားဖက်ထုပ်ကို

တိမ်ပြာစတိုး ဆိုင်
တွင်ဝယ်ယူအားပေးလို့ရနေပါပြီရှင့်

၇၃လမ်း ၃၂-၃၃ (မန္တလေးမြို့)

တိမ်ပြာစတိုး

အပြင်မထွက်ချင်လျှင်Deli လဲအပ်ပေးပါသည်

Address


Telephone

+959787171716

Website

Alerts

Be the first to know and let us send you an email when ရွှေကြောင် ရယ်ဒီမိတ်ဖက်ထုတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share