18/06/2026
"လူတွေက သင့်ကို ဘယ်လောက်လေးစားမလဲဆိုတာ သင့်ရဲ့ပါဝါအသုံးချနည်းပေါ် မူတည်ပါတယ်"
🔳 လေးစားမှုဆိုတာ အမြဲတမ်း တောင်းယူလို့ရတဲ့အရာ မဟုတ်ပါဘူး။ အော်ပြောလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ ကိုယ်လုပ်ပေးတာတွေကို လူတွေသိလာမယ်လို့ စောင့်နေရုံနဲ့လည်း မလုံလောက်ပါဘူး။
လေးစားမှုဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထားသလဲ၊ ကိုယ့်စကားကို ဘယ်လိုအသုံးချသလဲ၊ ကိုယ့်တန်ဖိုးကို ဘယ်လိုတင်ပြသလဲ၊ ကိုယ့်အနေအထားကို ဘယ်လိုကာကွယ်သလဲဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်။
📌 ဒီအရာတွေအားလုံးရဲ့နောက်ကွယ်မှာ ပါဝါရှိပါတယ်။
ပါဝါကို မှားသုံးတဲ့သူက လူတွေကို ဖိအားပေးတတ်ပါတယ်။ ပါဝါကို မသုံးတတ်တဲ့သူက ကိုယ့်ကိုယ်ကိုယ် လျှော့တွက်ခံရစေတတ်ပါတယ်။ ပါဝါကို နားလည်တဲ့သူကတော့ ကိုယ့်တန်ဖိုးကို မလျော့ဘဲ လူတွေကြားမှာ အနေအထားတစ်ခု တည်ဆောက်နိုင်ပါတယ်။
“Power!” စာအုပ်ဟာ ပါဝါကို ဘယ်လိုရယူရမလဲ၊ ဘယ်လိုအသုံးချရမလဲ၊ လူတွေကြားမှာ သြဇာရှိတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဖတ်သူကို စဉ်းစားစေတဲ့စာအုပ်ပါ။
🔥 လေးစားမှုကို မတောင်းပါနဲ့။
လေးစားခံရနိုင်တဲ့ အနေအထားကို တည်ဆောက်ပါ။
◾ ပါဝါ POWER - TEAM NYĀNA
◾ စာမျက်နှာ - 414
◾ Size - 5.5 x 8.5 inch
◾ Woodfree Paper
◾ ဈေးနှုန်း - 25000 Ks
ပါဝါ POWER စာအုပ်မှာယူလိုပါက Chat Box မှာ ဆက်သွယ်မှာယူနိုင်ပြီး၊ အနယ်နယ်အရပ်ရပ်ကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးနေပါပြီ။။ City Mart, Ocean စင်တာများနဲ့ စာအုပ်ဆိုင်များမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။
#ပါဝါ #ဉာဏစာအုပ်တိုက် #ဉာဏ