ဝက်ခေါက်ကြာ် ဖြန့်ချိရေး Soe

  • Home
  • Myanmar
  • Yangon
  • ဝက်ခေါက်ကြာ် ဖြန့်ချိရေး Soe

ဝက်ခေါက်ကြာ် ဖြန့်ချိရေး Soe ဆီသန့် ဖိုးသားကူး ဝက်ခေါက်ကြော်မှက?

ရိုးသားပါကြိုးစားပါသစ္စာရှိပါအောင်မြင်မှု ပန်းတိုင်ဆီသို့
22/12/2022

ရိုးသားပါ
ကြိုးစားပါ
သစ္စာရှိပါ

အောင်မြင်မှု ပန်းတိုင်ဆီသို့

လုပ်သက် မန်နေဂျာ ▪️▪️▪️▪️▪️▪️▪️  လူတစ်ယောက်မှာ လုပ်ငန်းအတွက် အရည်အချင်းက တကယ် အရေးပါဆုံးအရာဖြစ်ပါတယ်။အဲ့ဒီ အရည်အချင်းက ပ...
22/12/2022

လုပ်သက် မန်နေဂျာ

▪️▪️▪️▪️▪️▪️▪️


လူတစ်ယောက်မှာ လုပ်ငန်းအတွက် အရည်အချင်း
က တကယ် အရေးပါဆုံးအရာဖြစ်ပါတယ်။
အဲ့ဒီ အရည်အချင်းက ပဲ လူအပေါ်ကို တန်ဖိုးသတ်မှတ်သလို ၊ ရှေ့ဆောင် လမ်းပြဖြစ်စေပါတယ်။ ကုန်ပစ္စည်းအနေနဲ့ပြောရရင် အရည်အသွေး ပေါ့ ။

Quality နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ထားတဲ့ အထဲမှာ အကြိုက်ဆုံးက စကားစုက ‘Quality is Customer Satisfaction ’ တနည်းအားဖြင့် သုံးစွဲသူရဲ့ စိတ်ကျေနပ်မှုလို့ဆိုတာပါ။

ဒါက ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးအပေါ် သတ်မှတ်ဖွင့်ဆိုချက်တစ်ခုဖြစ်ပါတယ်။ လူတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ အရည်အချင်းက ဘာတွေဖြစ်မလဲ?

အရည်အချင်းရှိတဲ့ ၀န်ထမ်းတိုင်းကို အလုပ်ရှင်တွေက လက်လွတ်မခံချင်ကြပါဘူး ၊ သူတို့တတ်နိုင်တဲ့ အနေအထား အခြေအနေ တစ်ခုအတွင်းမှာတော့ ရအောင် ထိန်းသိမ်းကြပါတယ်။ ဒီအပိုင်းကတော့
ကျွန်မတို့ HR တွေနဲ့ပိုသက်ဆိုင်လာပါပြီ။

ဒီအပိုင်းမှာ ခက်တာတစ်ခုက အရည်အချင်းကို
တိုင်းတာဖို့ ခက်ခဲတယ်ဆိုတာပါပဲ။ တိကျတဲ့ စံနှုန်းသတ်မှတ်ချက်တွေ ကွဲပြားစွာမရှိသေးရင်တော့ ဒီတိုင်းတာချက်ကလည်း မှားယွင်းနိုင်ပါတယ်။ နောက်တစ်ခုက အလုပ်ပြီးမြောက်မှုနဲ့ချည်းပဲလည်း တိုင်းတာလို့မရနိုင်သေးပါဘူး။

တစ်ခါတစ်လေမှာ အလွန်တော်တဲ့ လူတစ်ယောက်က လုပ်ငန်းဆောင်ရွက်ချက်တွေမှာ မအောင်မြင် နိုင်တဲ့ အခါ အရည်အချင်းမရှိဘူးလို့ သုံးသပ်လို့ရနိုင်မလား ? လူမှန် ၊နေရာမှန် မဖြစ်တာ တွေ ကြောင့်လည်း စွမ်းဆောင်ရည်ပြသလို့ မရနိုင်တဲ့ အခြေအနေတွေကြောင့် အရည်အချင်း အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသလို့မရနိုင်တာလည်းဖြစ်နိုင်ပါတယ်။

အရည်အချင်းအကြောင်း ပြန်ဆက်သွားရရင်
HR နဲ့သက်ဆိုင်တဲ့ အပိုင်းကို ပြောချင်ပါတယ်။

ကျွန်မတို့ ၀န်ထမ်းတွေရွေးချယ်ရတယ်၊ ၀န်ထမ်းတွေကို အလုပ်နေရာမှန်ဖြစ်အောင် တာ၀န်ချ ပေးရတယ်။
ဒီတော့ အမှန်တကယ်အရည်အချင်းရှိတဲ့သူကို ရွေးချယ်ဖို့နဲ့ အဲ့ဒိအရည်အချင်းကို အလုပ်နေရာမှန်အောင် တာ၀န်ပေးထားနိုင်အောင် ဆောင်ရွက်ရတယ် အရမ်းအရေးကြီးပါတယ်။

၀န်ထမ်းရွေးချယ်ခြင်းဟာ မိမိအဖွဲ့အစည်းရဲ့
၀င်ပေါက်ဖြစ်တဲ့အတွက် HR function တွေထဲမှာ အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ဒီအပိုင်းမှာ သေသေချာချာဆောင်ရွက်ထားနိုင်မှ သာ ကျန်တဲ့ အပိုင်းတွေကို ဆောင်ရွက်တဲ့အခါ အဆင်ပြေစေမှာဖြစ်ပါတယ်။

အရည်အချင်းနဲ့ပတ်သက်လို့ ဆက်ပြောရရင် ကျွန်မတို့ဆီမှာက အရေအတွက်တွေကို အရမ်းဦးစားပေးနေတဲ့ အခြေအနေမျိုးတွေပဲရှိနေပါသေးတယ်။

အဲ့ဒါကတော့ လုပ်သက်ဆိုတဲ့ နှစ်အရေအတွက်တွေပါ။ အလုပ်ခေါ်တဲ့အခါ လူချင်းမတွေ့နိုင်သေးခင် CV ပေါ်က လုပ်သက်အရည်အတွက်တွေက တနည်းအားဖြင့် ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်တမ်း လူချင်းတွေ့တဲ့အခါ အရည်အသွေးမပါလာတဲ့ လုပ်သက်တွေကြောင့် လုပ်ငန်းနဲ့ အံ၀င်ခွင်ကျမှု မရှိတာတွေ၊ လူမှန်နေရာမှန် မဖြစ်နိုင်တာတွေကို တွေ့လာရပါတယ်။ လုပ်သက်က တော့
လိုသလားလို့မေးရင် လိုအပ်ပါတယ်လို့ ကျွန်မဖြေမိမှာပါပဲ ။

ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခု ၊လုပ်ငန်းနယ်ပယ် တစ်ခုမှာ ရင်းနှီးကျွမ်း၀င်မှုရှိနေခြင်းအားဖြင့် အထိုက်အလျောက် ကျွမ်းကျင်ပိုင်နိုင်မှုရှိမယ်၊
လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပြသာနာတွေကို တွေ့ကြုံ ဖြေရှင်းဆောင်ရွက် ဖူးနိုင်ခဲ့လိမ့်မယ်လို့ တွက်ဆလို့ရပါတယ်။ ဒါက အပေါ်ယံ တွေးခေါ်ယူဆချက်နဲ့တင် သတ်မှတ်လို့ရနိုင်ပါတယ်။ ခက်တာက အဲ့ဒိလုပ်သက်အပေါ်မှာ အရည်အချင်းမပါတဲ့ အရေအတွက် ဖြစ်ခဲ့မယ်ဆိုရင် စိန်ခေါ်မှု အသစ်အဆန်းတွေနဲ့ ရင်ဆိုင်အတွေ့မှာ ပြိုလဲပျက်စီးသွားနိုင်ပါတယ်။

ဒီတော့ ကျွန်မတို့ဆီမှာ လုပ်သက်ဦးစားပေး ခေတ်ကုန်သွားပြီဆိုတာ တဖြည်းဖြည်းနဲ့ နားလည်
စေချင်ပါတယ်။

မြန်မာစကား မှာ အနေကြာလို့ မေဂျာဖြစ်တယ် ဆိုတဲ့စကားလို လုပ်သက် အတွေ့အကြုံကြောင့်ဖြစ်ဖြစ်
လုပ်ငန်းတစ်ခုမှာ ကြာလာလို့ပဲဖြစ်ဖြစ် စီမံခန့်ခွဲမှု နေရာကို ရောက်လာခဲ့ရင် လုပ်သက်မန်နေဂျာတွေဖြစ်လာကြတာများပါတယ်။

အဲ့လုပ်သက်နောက်မှာ ကျွမ်းကျင်မှု ၊ဦးဆောင်နိုင်စွမ်း၊ သင်ယူလေ့လာမှုတွေ မပါလာခဲ့ရင်တော့ လုပ်ငန်းခွင်
ထဲမှာ လုပ်ကိုင်ရတာပိုပြီး ခက်ခဲစေပါတယ် ။ တကယ့် အရည်အချင်းပါတဲ့ လုပ်သက်ဆိုတာကတော့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ အလုပ်လာလျှောက်တဲ့ သူတွေအများအပြားမှာ CV ပေါ်က လုပ်သက် ၊လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထင်သလောက်ပါမလာဘူးဆိုတာ ကျွန်မ အင်တာဗျူးလုပ်ခဲ့တဲ့ သူတွေ တော်တော်များများမှာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်က ဆရာကြီးဒေါက်တာအောင်ထွန်းသက်ပွဲ မှာ ဆရာကြီးက ပြောသွားပါတယ်။

အလုပ်ရှင်တွေက သူတို့ဆီမှာ အရည် အချင်းရှိတဲ့ ၀န်ထမ်းတွေနည်းပါးတယ်၊ အပြင်မှာက အလုပ်လိုချင်တဲ့ သူတွေက ပုံနေတယ် …..ဆိုတော့ လိုနေတဲ့သူတွေနဲ့
ပိုနေတဲ့ သူတွေကြားမှာ မမျှတမှုက HR တွေအတွက် အရေးကြီးတဲ့ ပြသာနာလို့ဆိုသွားပါတယ်။ သေချာစဉ်းစားကြည့်ရင် ကျွန်မတို့နိုင်ငံရဲ့ အနေအထားအရ အရည်အသွေးမီ ၀န်ထမ်းတွေ ရှားပါးနေတယ်ဆိုတာကို မီးမှောင်ထိုး ပြလိုက်တာပါ။

ကျွန်တော်/ကျွန်မကတော့ ဘယ်နေရာမှာ ဘယ်နှနှစ်လုပ်ခဲ့ဖူးပါတယ် ဆိုတာထက် အခုအလုပ်ကို လုပ်ကိုင်နိုင်တဲ့ အရည်အချင်းမျိုးရှိမရှိကို ဦးစားပေးရွေးချယ်ပေးရမယ့် အနေအထား ကျွန်မတို့ HR တွေ ပိုပြီးတာ၀န်ရှိလာပါပြီ။

အရည်အချင်းရှိသူကို ရွေးချယ်ရာမှာလည်း Skill ,Knowledge ရှိသူကို ရွေးချယ်ရတာလွယ်သလို Attitude ကောင်းသူကို ရွေးချယ်ဖို့တော့ခက်ခဲပါတယ်။ လုပ်ငန်းအဖွဲ့အစည်း အတွက် အစစအရာရာကောင်းမွန် သူကို ရှာဖွေရာမှာတော့ ခက်ခဲမှုတွေရှိနေဦးမှာပါပဲ ။

ဆက်ပြိးတော့ အရည်အချင်းဘက်ကိုပြန်သွားရရင် ၀န်ထမ်းတွေအနေနဲ့လည်း အရည်အချင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အပိုင်းကို တင်ပြချင်ပါတယ်။

မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းတွေတိုးတက်ဖို့ဆောင်ရွက် တဲ့အခါ လုပ်ဆောင်သင့်တာက

(၁) ကျွမ်းကျင်မှု
(၂) နားလည်သဘောပေါက်နိုင်မှု
(၃) တွေးဆ ဆင်ခြင်နိုင်စွမ်း
ဒီ(၃) ခုအပေါ်မှာသာ အခြေခံ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီတော့ လူတစ်ယောက်ချင်းမှာ မတူညီတဲ့ လုပ်ငန်းတွေ ကနေ မတူညီတဲ့ အရည်အချင်း တွေရလာနိုင်ပါတယ်။ ကိုယ်ဘယ်လိုလေ့လာသင့်သလဲ ဆိုတာ ကိုပဲ စဉ်းစား ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

အရည်အချင်းရှိသူတစ်ယောက်ဖြစ်စေဖို့ နဲ့ လုပ်သက် မန်နေဂျာများ မဖြစ်စေဖို့..

အရမ်းကောင်းလို့.(ဖတ်စေချင်)"ကိုယ်ကိုယ်ကိုဆုံးမခြင်း''📖📖📖📖📖📖📖အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။စိတ...
20/12/2022

အရမ်းကောင်းလို့.(ဖတ်စေချင်)

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Don't feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။

Credit မူရင်း
===================================

👉''မင်းထက်တော်တဲ့သူ မရှိဘူး''👈
🌻🌻🌻🌻🌻🌻🌻🌻🌻🌻

📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။

📖မင်း တစ်ယောက်တည်း
က်ရွုံးဖူးတာ မဟုတ္ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့

📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။

📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။

👉''မိတ်ဆွေ''👈

👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်မျှဝေပါသည်
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

Soe ဝက်ခေါက်ကြော်များ ပြန်လည် ရောင်းချ‌ပေးနေပါပြီ ခဗျာလက်လီ လက္ကား အားပေးနိုင်ပါပြီ09-968936806
01/12/2022

Soe ဝက်ခေါက်ကြော်များ ပြန်လည် ရောင်းချ‌ပေးနေပါပြီ ခဗျာ
လက်လီ
လက္ကား အားပေးနိုင်ပါပြီ
09-968936806

သန့်သန့်လေးစားချင်သူများ အတွက် Soe ဝက်ခေါက်ကြော်(ဆီသန့်) မှာယူစားသုံးနိုင်ပါသည်။ လက္ကားဈေး cbတစ်ထုတ် -၇၀၀တစ်ပါကင်-၆၀၀၀(၁...
05/06/2020

သန့်သန့်လေးစားချင်သူများ အတွက်
Soe ဝက်ခေါက်ကြော်(ဆီသန့်)
မှာယူစားသုံးနိုင်ပါသည်။ လက္ကားဈေး cb
တစ်ထုတ် -၇၀၀
တစ်ပါကင်-၆၀၀၀(၁၀ထုတ်ပါ)
ကြည့်မြင်တိုင်မြို့နယ်အတွင်း အခမဲ့ပို့ပေးသည်
ကျန်မြို့နယ်များ ပို့ခ 1000/ 1500/2000
ပန်းလှိုင်အိမ်ရာသို့ လာရောက် ဝယ်ယူနိုင်ပါသည်
pH.no 09968936806

ဝက်ခေါက်ကြော်ရောက်ပါပြီအောင်ပန်းမြို့ရဲ့နာမည်ကျော်  ဆီသန့်ဝက်ခေါက်ကြော် ကြိုတင်မှာယူနိုင်ပါပြီ (ဟင်းသီးဟင်းရွက်ဆီဖြင့်ကြ...
03/06/2020

ဝက်ခေါက်ကြော်ရောက်ပါပြီ
အောင်ပန်းမြို့ရဲ့နာမည်ကျော် ဆီသန့်ဝက်ခေါက်ကြော် ကြိုတင်မှာယူနိုင်ပါပြီ (ဟင်းသီးဟင်းရွက်ဆီဖြင့်ကြော်ထားခြင်းဖြစ်သည်)
ဖုန်းသုံး tv ကြည့်ရင်းပဲအပျင်းပြေဝါးမလား 😋
ထမင်းပူပူလေးနဲ့တွဲစားမလား😋
ဧည့်သည်လာရင်လဲဧည့်ခံလို့ရတယ်😋
ကြိုက်နစ်သက်ရာယမကာလေးနဲ့တွဲမြည်းလိုက်ရင်တော့good ရှယ်ပေါ့😋
FDAရရှိပြီးသန့်ရှင်းလတ်ဆတ်မှုကိုလည်းအာမခံပါတယ်
တစ်ထုပ် ၇၀၀ကျပ်

၁၀ထုပ်တစ်ပါကင် ၆၀၀၀ ကျပ် အိမ်တိုင်ရာရောက်ပို့ပေးသည်
၃၀၀၀ကျပ်ကျော်ရင် ကြည့်မြင်တိုင်မြို့နယ်တွင်းdelivery freeပါ
အခြားမြို့များမှမှာယူလျှင် လည်းအခမဲ့ ပို့ပေးသည်
ကြည့်မြင်တိုင်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်တစ်ဆင့်ပြန်ရောင်းချင်ရင်လည်းဆက်သွယ်နိုင်ပါတယ်။
Ph 09968936806
cbမှလည်းမှာနိုင်ပါတယ်။

03/06/2020

ဝက်ခေါက်ကြော်ရောက်ပါပြီ
အောင်ပန်းမြို့ရဲ့နာမည်ကျော် သန့်သန့်လေး ဆီသန့်ဝက်ခေါက်ကြော် ကြိုတင်မှာယူနိုင်ပါပြီ (ဟင်းသီးဟင်းရွက်ဆီဖြင့်ကြော်ထားခြင်းဖြစ်သည်)
ဖုန်းသုံး tv ကြည့်ရင်းပဲအပျင်းပြေဝါးမလား 😋
ထမင်းပူပူလေးနဲ့တွဲစားမလား😋
ဧည့်သည်လာရင်လဲဧည့်ခံလို့ရတယ်😋
ကြိုက်နစ်သက်ရာယမကာလေးနဲ့တွဲမြည်းလိုက်ရင်တော့good ရှယ်ပေါ့😋
FDAရရှိပြီးသန့်ရှင်းလတ်ဆတ်မှုကိုလည်းအာမခံပါတယ်
တစ်ထုပ် ၇၀၀ကျပ်

၁၀ထုပ်တစ်ပါကင် ၆၀၀၀ ကျပ် အိမ်တိုင်ရာရောက်ပို့ပေးသည်
၃၀၀၀ကျပ်ကျော်ရင် ကြည့်မြင်တိုင်မြို့နယ်တွင်းdelivery freeပါ
အခြားမြို့များမှမှာယူလျှင် လည်းအခမဲ့ ပို့ပေးသည်
ကြည့်မြင်တိုင်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်တစ်ဆင့်ပြန်ရောင်းချင်ရင်လည်းဆက်သွယ်နိုင်ပါတယ်။
Ph 09968936806
cbမှလည်းမှာနိုင်ပါတယ်။

Address

ဟုန်းလမ်း
Yangon
11101

Website

Alerts

Be the first to know and let us send you an email when ဝက်ခေါက်ကြာ် ဖြန့်ချိရေး Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share