ရွှေစင်မိုး သင်္ကန်းတိုက်

  • Home
  • Myanmar
  • Yangon
  • ရွှေစင်မိုး သင်္ကန်းတိုက်

ရွှေစင်မိုး သင်္ကန်းတိုက် ယုံကြည်စွာ အားပေးကြပါသော အလှူရှင်မ?

09/06/2026
📣 Oxford သင်ရိုးဖြစ်တဲ့ Let's Go Series English Online အတန်းသစ်လေး ဖွင့်ပါပြီနော်✨✨အသက် ၅ နှစ်မှ ၁၃ နှစ် ကြား သားသားမီးမ...
09/05/2026

📣 Oxford သင်ရိုးဖြစ်တဲ့ Let's Go Series English Online အတန်းသစ်လေး ဖွင့်ပါပြီနော်✨

✨အသက် ၅ နှစ်မှ ၁၃ နှစ် ကြား သားသားမီးမီးလေးတို့အတွက် 4 Skills လုံးတိုးတက်စေဖို့ အထူး သင့်လျော်တဲ့ Let's Go Series ကို အသုံးပြုပြီး ပျော်ရွှင်စရာကောင်းတဲ့ အတန်းလေး အနေနဲ့ Englishစာကို အခြေခံမှစ၍ စနစ်တကျသင်ကြားပေးနေပါပြီနော်✨

✨ Listening & Speaking တိုးတက်စေရန်အတွက် Phonics, songs, chants & conversations အစရှိတဲ့ lessons များပါဝင်သောကြောင့် သားသားမီးမီးတို့ Englishစာကို နားထောင်ခြင်း၊ ပြောဆိုခြင်းစွမ်းရည်များ တိုးတက်လာနိုင်ပါတယ်ရှင် 🎧

✨ အကြောင်းအရာအလိုက် Vocabulary များကို အဓိပ္ပာယ်လေးတွေနဲ့တကွ သင်ကြားပေးမှာဖြစ်သောကြောင့် ကလေးများအနေဖြင့် စကားလုံးအသစ်များကို လွယ်ကူစွာနားလည်ပြီး သေချာမှတ်မိနိုင်မှာဖြစ်ပါတယ် 📚

✨ Fun speaking activities များဖြင့် သားသားမီးမီးလေးများ English ကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုနိုင်လာပါမှာဖြစ်ပါတယ် 💬

✨ Let's Go Series ကနေတစ်ဆင့် Listening /Speaking / Reading / Writing Skills 4 မျိုးလုံးကို တပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ် ✨

📌လိုအပ်ပါက အသက်အရွယ်အလိုက် English Level Test များကိုပါ တီချယ်ကိုယ်တိုင် အခမဲ့ စစ်ဆေးပေးမှာဖြစ်ပါတယ်

🌟 အသေးစိတ်သိရှိလိုပါက page messenger (သို့) Viber (သို့) ဖုန်းမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

09/03/2026

အမေး - သစ္စာလေးပါး ဆိုတာ ဘာပါလဲ ဘုရား။ လူငယ်များ နားလည်အောင် ရှင်းပြပေးတော်မူပါ ဘုရား။

ဆရာတော်ဘုရားကြီး၏ အဖြေ -

သစ္စာလေးပါးဆိုတာ အကြောင်း ၂မျိုး၊ အကျိုး ၂မျိုး။

အကြောင်းနဲ့ အကျိုးကို ရှင်းပြတာပါပဲ။

သံသရာထဲမှာ တွေ့နေတဲ့ အကြောင်းနဲ့ အကျိုး - J?"

ဒီအဆင့်ကို လွန်မြောက်သွားပြီး ဆင်းရဲ ဒုက္ခ တွေကနေ လွတ်ကင်းသွားတဲ့ အကြောင်းနဲ့ အကျိုး - Ja

ရှင်းရှင်းပြောရမယ်ဆိုရင်… သစ္စာလေးပါးဆိုတာ

* ရောဂါဖြစ်ခြင်းနှင့် ရောဂါပျောက်ခြင်း။

အဲ့ဒီ့ဥပမာလေးနဲ့ ကြည့်လိုက်။
…

ရောဂါ ဖြစ်နေတယ်။

-

ရောဂါ ဖြစ်ခြင်းရဲ့ အကြောင်းရှိတယ်။

ရောဂါ ပျောက်သွားတယ်။

ရောဂါ ပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ ဆေးဝါး။

လေးခုရှိတယ် နော်။ အဲတာလိုပဲ.

သတ္တဝါတွေအားလုံး ကြုံတွေ့နေရတဲ့ မွေးဖွား လာခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းစတဲ့ ဆင်းရဲ တွေအားလုံးဟာ ကျေနပ်စရာမကောင်းတဲ့အတွက် “ဒုက္ခ” လို့ ခေါ်တယ်။ အဲတာဟာ အမှန်တရားတစ် ခု။

ဘဝကြီးဟာ ကျေနပ်စရာရော မကျေနပ်စရာရော ရှိတယ်။ ဒါပေမဲ့ မကျေနပ်စရာက ပိုများတယ်။

ဘာ့ကြောင့် မကျေနပ်စရာတုန်းလို့ဆိုတာကို စဉ်းစားကြည့်လိုက်ပေါ့ ခဏလောက်။

မွေးလာပြီးတဲ့နောက်မှာ အများစုဟာ ဒုက္ခသုက္ခ တွေကြုံရတယ်။ ဘာဒုက္ခမှ မကြုံရပါဘူးဆိုတဲ့ ပုဂ္ဂိုလ်တောင်မှ ကြည့်လိုက်ပေါ့ တဖြေးဖြေး အို လာတယ်။ ရောဂါရတယ်။
နောက်ဆုံး သေသွားရတယ်။ ဒါကို ဘာမှမတတ် နိုင်ဘူး။

ဒါဟာ ဒုက္ခအစစ်ပဲ။

ဒီကြားထဲ အသက်ရှင်နေတဲ့ဘဝတစ်လျှောက် စိတ် ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေ အများကြီးရှိသေး တယ်။ အဲ့ဒါကို သုခလို့ ပြောလို့ရပါ့မလား။ ပျော် ရွှင်နေတဲ့ခဏတာ အချိန်ပိုင်းလေးကိုပဲ သုခလို့ ပြောချင်ရင် ပြောလို့ရတယ်။

သို့သော် ထာဝရ ပျော်နေရတဲ့ အပျော်လားဆို တော့ ... မဟုတ်ဘူး။ ဝမ်းနည်းနေရတဲ့အချိန်တွေ၊ ဒုက္ခရောက်နေရတဲ့အချိန်တွေ က အများကြီးပဲ။

ဒါ့ကြောင့် ဘဝရလာတာဟာ ကျေနပ်စရာမဟုတ် ဘူး။ ကျေနပ်စရာမဟုတ်လို့ "ဒုက္ခ" လို့ သုံးတာ ဒီ နေရာမှာ။

အဲ့ဒီဒုက္ခ ဆိုတာဟာ အကြောင်းမဲ့ ဖြစ်နေတာ မဟုတ်ဘူး။ တဏှာဦးဆောင်တဲ့ ကိလေသာတို့ ကြောင့်ဖြစ်တာ။ ဒါကြောင့်မို့ ဦးစီးခေါင်းဆောင် တစ်ခုကို ဦးတည်ပြီးတော့ ခေါ်တာ။

လိုချင်မှု၊ တပ်မက်တွယ်တာမှု ဆိုတဲ့ ဒီတဏှာဟာ ဒုက္ခကို ထုတ်လုပ်နေတဲ့အကြောင်းပဲလို့ ပြောတာက တစ်ခု။ အဲ့ဒီတော့ တဏှာကြောင့် ဒုက္ခဖြစ်ရတယ်။
… ဒုက္ခကိုဖြစ်စေတတ်တဲ့ အကြောင်းတရားရယ်၊

2 ရရှိထားတဲ့ ခန္ဓာငါးပါးဆိုတဲ့ ဒုက္ခရယ်။

ဒီ ၂ခုဟာ လူတိုင်းကြုံတွေ့နေရတဲ့ သစ္စာ ၂ပါး။ အမှန်တရား။ ဒါဟာ အကြောင်းနဲ့ အကျိုး။

တစ်ခါ အဲ့ဒီ့ ဒုက္ခက လွတ်မြောက်ပြီး ဒုက္ခ ချုပ်ငြိမ်းဖို့ဆိုတာ ရှိတယ်။ ရောဂါဖြစ်ရင် ရောဂါ ပျောက်ခြင်းဆိုတာ ရှိသလို၊ ဒုက္ခဖြစ်ရင် ဒုက္ခ ချုပ်ငြိမ်းခြင်းဆိုတာလည်း ရှိရမယ်။

ဒီ ဒုက္ခ ချုပ်ငြိမ်းသွားမှုဟာလည်း အဆင့်တစ်ခုပဲ။ အဲ့ဒါလည်း အမှန်တရားပဲ။

— ဒီ ဒုက္ခ ချုပ်ငြိမ်းသွားမှုဟာ သူ့ဖာသာသူ ချုပ်ငြိမ်းသွားတာလားဆိုတော့ မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို မြတ်စွာဘုရားဟော တဲ့ အတိုင်းကျင့်မှ ချုပ်ငြိမ်းမှာ။

ဒုက္ခချုပ်ငြိမ်းဖို့ဆိုပြီးတော့ ဘာသာတရားမျိုးစုံ က သူတို့နည်း သူတို့ဟန်တွေနဲ့ မျိုးစုံကြိုးစားကြ တယ်။ ဒါပေမဲ့လို့ တကယ်ချုပ်ငြိမ်းသွားနိုင်တဲ့ အ ဆင့်ကို တွေ့နိုင်စွမ်းမရှိကြဘူး။

မြတ်စွာဘုရားပေါ်လာမှ ဒုက္ခချုပ်ငြိမ်းတဲ့အဆ င့်ကို လုံးဝ ရသွားကြတာ။ အဲ့တာဟာ ဘာလဲဆို တော့ ဝိပဿနာ တရားပဲ။ မဂ္ဂင်ရှစ်ပါး အကျင့် တရားပဲ။

မဂ္ဂင်ရှစ်ပါး အကျင့်တရားမရှိဘဲနဲ့ အစစ်အမှန် တရားဖြစ်တဲ့ ထာဝရအငြိမ်းဓာတ်ဆိုတာ မရှိဘူး နော်။

ဒါကြောင့်မို့လို့ အဆုံးသတ်တဲ့ လမ်းဆုံးပန်းတိုင်ဆို တာ မတူကြဘူးပေါ့ နော်။

အားလုံးပေါင်းလိုက်တဲ့ အခါကျတော့

▲ အဖြစ်ဘက်မှာ အကြောင်းနဲ့ အကျိုး ၂ခု။ ဒုက္ခ က အကျိုး၊ သမုဒယ တဏှာက အကြောင်း။

▲ ဒုက္ခချုပ်ငြိမ်းခြင်းဘက်မှာ နိဗ္ဗာန်ဆိုတဲ့ အကျိုး နဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုတာက အကြောင်း။

အဲတာကို သစ္စာလေးပါး အမှန်တရား။ အရိယ ပုဂ္ဂိုလ်တွေသိတဲ့ သစ္စာတရားလို့ ခေါ်တာ။

ဒီသစ္စာတရားကို မသိဘဲနဲ့ သံသရာဝဋ်က လွတ်ဖို့ ဆိုတာ မ မဖြစ်နိုင်ဘူး ပေါ့။ ကြောင်းကျိုးဆက်ပြီး ဖြစ်နေတဲ့အတွက်ကြောင့် အကြောင်းအစစ်အမှန် ကိုသိပြီးတော့ လုပ်ဆောင်မှ အငြိမ်းဓာတ် အစစ်အမှန်ကိုရမှာ။ဆေးကုသလိုပဲ…. ရောဂါဖြစ်ခြင်းအကြောင်းမ သိလို့ရှိရင် ဒီရောဂါပျောက်ကင်းအောင် ကုနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ရောဂါဖြစ်ခြင်းအကြောင်း ကို သိရှိပြီး ဆရာဝန်လမ်းညွှန်ထားတဲ့အတိုင်း မှန်ကန်တဲ့ ဆေးဝါးတွေ သုံးဆောင်မှီဝဲမှ အဲ့ရောဂါ ပျောက်မှာ။

ဒီ သဘောတရားပါပဲ နော်။

ဗုဒ္ဓ ဓမ္မဆိုင်ရာ အမေးအဖြေများ

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး .

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

Address

အမှတ်၁/၂ ၊သုမိတ္တာ ၂၁-၂၂ လမ်းကြား ၊ ၁-ရပ်ကွက် ၊ သုဓမ္မာလမ်းမကြီး၊မြောက်ဥက္ကလာပ။
Yangon
11031

Telephone

095053955

Website

Alerts

Be the first to know and let us send you an email when ရွှေစင်မိုး သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေစင်မိုး သင်္ကန်းတိုက်:

Shortcuts

Share