Sapwar Marketing - ဆပွား မားကတ်တင်း

  • Home
  • Myanmar
  • Yangon
  • Sapwar Marketing - ဆပွား မားကတ်တင်း

Sapwar Marketing - ဆပွား မားကတ်တင်း Marketing methodology to start and scale your marketing

23/08/2026

Marketing မှာ
အရေးအကြီးဆုံးထဲက
တစ်ခုကတော့
ဖောက်သည်ကို နားလည်ဖို့။

ကိုယ့်ဖောက်သည်ကို
ကိုယ်ဘယ်လောက်နားလည်ပြီလဲ။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

21/08/2026

မဟာဗျူဟာအကြောင်း
လေ့လာချင်ရင် 👇

20/08/2026

ကိုယ့်လိုလူ ကိုယ့်ဆီလာလိမ့်မယ်။

Marketing မှာလည်း အတူတူပဲ။

ကိုယ်က ဈေးပဲပြောနေရင်
ဈေးကြည့်တဲ့ Customer ပဲလာမယ်။

Discount ပဲပေးနေရင်
Discount စောင့်တဲ့သူပဲလာမယ်။

“အကောင်းဆုံး၊ အတန်ဆုံး၊ အရည်အသွေးအကောင်းဆုံး”
ဆိုတာပဲ ပြောနေရင်
ကိုယ့်လိုပြောနေတဲ့ Brand တွေကြားမှာ
ပျောက်သွားမယ်။

ကိုယ်ထုတ်တဲ့ Content က
ကိုယ်ဆွဲခေါ်ချင်တဲ့ Customer ကို
ရွေးနေတာပဲ။

ဒါကြောင့် Marketing လုပ်တဲ့အခါ
“လူများများရောက်ဖို့” တစ်ခုတည်း မစဉ်းစားနဲ့။

“ဘယ်လိုလူမျိုး ကိုယ့်ဆီရောက်လာစေချင်လဲ”
အရင်စဉ်းစား။

Premium Customer လိုချင်ရင်
Premium Customer စိတ်ဝင်စားမယ့်
အတွေးအခေါ်၊ အတွေ့အကြုံနဲ့ Value ကို ပြော။

ပညာတတ် Customer လိုချင်ရင်
ပညာပေးတဲ့ Content လုပ်။

ယုံကြည်မှုကို တန်ဖိုးထားတဲ့ Customer လိုချင်ရင်
ကိုယ်က အရင်ယုံကြည်ရတဲ့ Brand ဖြစ်အောင်လုပ်။

Community ကောင်းကောင်းလိုချင်ရင်
ကိုယ်တင်တဲ့ Content ကအစ
Community Culture ကို စတင်တည်ဆောက်။

Marketing ဆိုတာ
ကိုယ်ရောင်းချင်တာကို အော်ပြောနေတာ မဟုတ်ဘူး။

ကိုယ်နဲ့ကိုက်တဲ့လူတွေ
ကိုယ့်ကို ရှာတွေ့လာအောင်
Signal ပို့နေတာ။

Content တစ်ပုဒ်က Signal တစ်ခု။
Brand တစ်ခုက Signal တစ်ခု။
ကိုယ်ပြောတဲ့စကား၊ သုံးတဲ့ပုံ၊
ထားတဲ့ဈေး၊ ပေးတဲ့ Experience အကုန် Signal တွေပဲ။

ကိုယ်ပို့တဲ့ Signal နဲ့ ကိုက်တဲ့လူ
ကိုယ့်ဆီလာလိမ့်မယ်။

ဒါကြောင့် Customer မမှန်ဘူးလို့
အပြစ်မတင်ခင်—

ကိုယ် ဘယ်လို Customer ကို
နေ့တိုင်းဆွဲခေါ်နေသလဲ ပြန်ကြည့်။

Marketing က လူတိုင်းကို ဆွဲခေါ်ဖို့မဟုတ်ဘူး။

ကိုယ့်လိုလူ၊ ကိုယ့် Brand နဲ့ကိုက်တဲ့လူ
ကိုယ့်ဆီလာအောင်လုပ်ဖို့။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

ဒါ သိပြီးပြီလား။အရမ်းမကောင်းလို့ နာမည်ကြီးသွားတဲ့တရုတ်ကာတွန်းကား 《牛来》တရုတ်သတင်းတစ်ခု ဖတ်နေရင်းစိတ်ဝင်စားစရာလေး တွေ့လိုက်...
19/08/2026

ဒါ သိပြီးပြီလား။

အရမ်းမကောင်းလို့ နာမည်ကြီးသွားတဲ့
တရုတ်ကာတွန်းကား 《牛来》

တရုတ်သတင်းတစ်ခု ဖတ်နေရင်း
စိတ်ဝင်စားစရာလေး တွေ့လိုက်လို့
ပြန်မျှဝေလိုက်ပါတယ်။

တရုတ်မှာ 《牛来》 ဆိုတဲ့
ကာတွန်းကားတစ်ကား
ရုတ်တရက် လူပြောများသွားတယ်။

ဒီကားက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ
တရုတ်ပြည်မကြီးမှာ ရုံတင်ခဲ့တာ။

သားအမိနှစ်ယောက်
ဖန်တီးထားတယ်လို့ ဆိုပါတယ်။

စစချင်းမှာတော့
ကြော်ငြာအကြီးကြီး မရှိဘူး။

လူသိလည်း မများဘူး။
ကြည့်ချင်တဲ့သူလည်း မများဘူး။

လက်မှတ်ရောင်းရငွေကလည်း
တော်တော်ဆိုးတယ်။

ဒါပေမယ့်
ဇာတ်လမ်းက အဲ့ဒီမှာ စတာ။

အင်တာနက်ပေါ်မှာ လူတွေက

သုံးဖက်မြင်ပုံစံတွေ၊
ကာတွန်းလှုပ်ရှားပုံတွေက
ကျောင်းသားစီမံကိန်းလို ဖြစ်နေတာ၊

ဇာတ်လမ်း မရှင်းတာ၊
ရုပ်ထွက်အရည်အသွေး မကောင်းတာတွေကို

ဗီဒီယိုတိုလေးတွေနဲ့
ဝေဖန်ပြီး တင်ကြတယ်။

တချို့က

“၂၀၂၆ အေအိုင်ခေတ်မှာ
ဒီလိုကားမျိုး ရုံတင်နိုင်သေးတာလား”

လို့ လှောင်ကြတယ်။

တချို့ကတော့

“ဘယ်လောက်ဆိုးလဲ
ကိုယ်တိုင် သွားကြည့်ချင်တယ်”

ဆိုပြီး လက်မှတ်ဝယ်ကြတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာက

လူတွေ လက်မှတ်ဝယ်တာ
ကားကောင်းလို့ မဟုတ်ဘူး။

ဘယ်လောက်မကောင်းလဲ
ကိုယ်တိုင်သွားကြည့်ပြီး
ပြန်ပြောနိုင်ဖို့ ဝယ်တာ။

ရုပ်ရှင်ကြည့်တာထက်
အင်တာနက်ပေါ်က လူပြောများနေတဲ့
ဖြစ်ရပ်တစ်ခုမှာ
ကိုယ်တိုင်ပါဝင်တာမျိုး ဖြစ်သွားတယ်။

ဒါကို
အာရုံစိုက်မှု စီးပွားရေး လို့ခေါ်တယ်။

လူတွေပြောလေလေ
လူတွေ ပိုသိလေလေ။

လူတွေ ပိုသိလေလေ

“ဘာတွေဖြစ်နေတာလဲ”

ဆိုပြီး ပိုသိချင်လေလေ။

ဝေဖန်မှုက
ကြော်ငြာဖြစ်သွားတယ်။

လှောင်ပြောင်မှုက
လူသိများမှု ဖြစ်သွားတယ်။

အပျက်သဘောသုံးသပ်ချက်က
သိချင်စိတ် ဖြစ်သွားတယ်။

သိချင်စိတ်က
လူတွေကို ရုံထဲအထိ
ခေါ်သွားတယ်။

မြန်မာပြည်မှာတော့ ငပေါတွေဖြစ်ပြီး
တချို့နယ်တွေမှာ နာမည်ကြီးသွားတာတွေရှိတယ်။

မားကတ်တင်းမှာ Attention
ဒီအချက်ကို နားလည်ဖို့လိုတယ်။

ပစ္စည်းကောင်းရုံနဲ့ မရောင်းရဘူး။

လူတွေသိဖို့လိုတယ်။

သိရုံနဲ့လည်း မရောင်းရသေးဘူး။
စိတ်ဝင်စားဖို့လိုတယ်။

စိတ်ဝင်စားရုံနဲ့လည်း
ရေရှည်မရောင်းရသေးဘူး။

ယုံကြည်ဖို့လိုတယ်။

ဒီအဆင့်တွေက အရေးကြီးပါတယ်။

လူသိမှု → စိတ်ဝင်စားမှု → ယုံကြည်မှု → ရောင်းအား

《牛来》 က
ပထမနှစ်ဆင့်ကို
မတော်တဆ ဖြတ်ကျော်သွားတာ။

ဒါပေမယ့် အမှတ်တံဆိပ်တစ်ခုကတော့
ဒီလို မတော်တဆနဲ့ သွားလို့မရဘူး။

“ပစ္စည်းမကောင်းအောင်လုပ်ပြီး
လူပြောများအောင်လုပ်မယ်”

ဆိုတာ မဟာဗျူဟာ မဟုတ်ဘူး။

အပျက်သဘော အာရုံစိုက်မှုက
လူသိမြန်စေနိုင်တယ်။

ဒါပေမယ့်
ယုံကြည်မှုကို မတည်ဆောက်ပေးနိုင်ဘူး။

ဒါကြောင့် ကိုယ့်ထုတ်ကုန်ကို
ဒီမေးခွန်းတစ်ခုတည်း မမေးပါနဲ့။

“ကိုယ့်ထုတ်ကုန်က ကောင်းလား”

နောက်တစ်ခု ထပ်မေးပါ။

“လူတွေ ဒီထုတ်ကုန်အကြောင်း
ဘာကြောင့် တခြားသူကို
ပြန်ပြောချင်မှာလဲ”

အရမ်းကောင်းလို့ ပြောနိုင်တယ်။

အရမ်းအသုံးဝင်လို့ ပြောနိုင်တယ်။

အရမ်းထူးခြားလို့ ပြောနိုင်တယ်။

မယုံနိုင်လောက်အောင်
ရလဒ်ကောင်းလို့ ပြောနိုင်တယ်။

အသုံးပြုရတဲ့ အတွေ့အကြုံ
ထူးခြားလို့ ပြောနိုင်တယ်။

အရေးကြီးတာက

လူတွေ ပြန်ပြောချင်စရာ
အကြောင်းပြချက်ရှိဖို့ပဲ။

ဒီနေ့ခေတ်မှာ
လူတွေ မမြင်ရင်
ထုတ်ကုန်ကောင်းလည်း မရှိသလိုပဲ။

လူတွေမြင်ပြီး
မယုံရင်လည်း မဝယ်ဘူး။

ဒါကြောင့်

လူတွေသိအောင်လုပ်။
လူတွေပြောချင်အောင်လုပ်။
ပြီးရင် ယုံကြည်စရာအကြောင်းပြချက်ပေး။

ဒါ မားကတ်တင်းပဲ။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

18/08/2026

ရွှေပုဇွန်လို Marketing မလုပ်ဘဲ
ခပ်ချေချေရောင်းချင်တယ်တဲ့။

ရွှေပုဇွန်က ၁၉၇၈ လောက်ကတည်းက ရန်ကုန်မှာ စခဲ့တာ။
ကိုယ်တွေ မမွေးခင်ကတည်းက
သူ့ Product ကောင်းရင် ရတယ်ဆိုတဲ့ခေတ်မှာ
Brand Equity ကို နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တာ။

ဒီနေ့မှ စတဲ့ Brand တစ်ခုက
သူ့လိုပဲ Marketing မလုပ်ဘဲ
သူ့လိုရောင်းရချင်လို့ မရဘူး။

နှစ်ပေါင်း ၄၀ ကျော် တည်ဆောက်ထားတဲ့ Brand ကို
အချိန်တိုအတွင်း မီချင်ရင်
သူလုပ်ထားတဲ့ အားသာချက်တွေကို လိုက်လုပ်ရုံနဲ့ မလုံလောက်ဘူး။

သူကောင်းတဲ့အရာကို ကိုယ်က ပိုကောင်းအောင်လုပ်။
သူမလုပ်တဲ့အရာကို ကိုယ်က အကောင်းဆုံးလုပ်။

ဒါမှ အချိန်ကို ကျော်တက်နိုင်မယ်။

ပြိုင်ဘက်ကို Copy လုပ်တာ Strategy မဟုတ်ဘူး။
ပြိုင်ဘက် မကစားသေးတဲ့နေရာမှာ
ကိုယ့်အားသာချက်အသစ် တည်ဆောက်တာက Strategy ပဲ။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

16/08/2026

ပိုက်ဆံ $100 ရဲ့ တန်ဖိုးက
လူတိုင်းအတွက် မတူဘူး။

တစ်ယောက်အတွက် $100 က
တစ်ပတ်စာ အသုံးစရိတ်ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်
ညစာတစ်နပ်စာ ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်တော့
တစ်နာရီစာ အချိန်တောင် မဖြစ်နိုင်ဘူး။

ဒါကြောင့် Business in an App ဖြစ်တဲ့
Grok Bot ကို သုံးရင်
“ဘာပြန်ရမလဲ” လို့ မေးတဲ့အခါ
ဒါလေးနဲ့ ရှင်းပြပါရစေ။

Money ရဲ့ Value ကို
Money တစ်ခုတည်းနဲ့ တိုင်းလို့မရဘူး။

ကိုယ့်အချိန် ဘယ်လောက်တန်လဲနဲ့
ပြန်တွက်ဖို့လိုတယ်။

ဥပမာ လူလေးယောက်ရှိတယ်။

Level 1 — တစ်လ $300 ဝင်တဲ့သူ

တစ်လ အလုပ်ချိန် နာရီ ၂၀၀ ဆိုပါတော့။

သူ့အချိန်တစ်နာရီက အကြမ်းဖျင်း
$1.50 တန်တယ်။

သူ့အတွက် $30 AI subscription ဆိုတာ
အလုပ်ချိန် နာရီ ၂၀ နဲ့ ညီတယ်။

ဒါကြောင့် AI က
တစ်လ ၂ နာရီပဲ သက်သာပေးနိုင်ရင်
မတန်သေးဘူး။

နာရီ ၂၀၊ ၃၀ ပြန်ရအောင်
အသုံးချနိုင်မှ တန်မယ်။

Level 2 — တစ်လ $3,000 ဝင်တဲ့ Professional

တစ်လ နာရီ ၂၀၀ အလုပ်လုပ်ရင်
တစ်နာရီ $15 လောက်တန်တယ်။

$30 subscription က
သူ့အချိန် ၂ နာရီစာပဲ။

တစ်လလုံးမှာ
Research လုပ်တာ၊
Email ရေးတာ၊
Presentation ပြင်တာ၊
Report ထုတ်တာကနေ
၃ နာရီလောက်ပဲ ပြန်ရရင်တောင်
ငွေကြေးအရ စတင်တန်နေပြီ။

ဒါပေမယ့် Business Owner ရောက်ရင်
ဒီတွက်နည်းတောင် ပြောင်းသွားတယ်။

Level 3 — တစ်လ $30,000 ထုတ်နိုင်တဲ့ Business Owner

ဒီလူရဲ့ တန်ဖိုးကို
လစာစားဝန်ထမ်းလို

$30,000 ÷ 200 hours

ဆိုပြီးပဲ မတွက်သင့်တော့ဘူး။

ဘာကြောင့်လဲ။

သူ့တစ်နာရီတိုင်း Value တူတာမဟုတ်လို့။

Invoice စစ်နေတဲ့ တစ်နာရီနဲ့
အရေးကြီး Client တစ်ယောက်နဲ့ Deal ချုပ်နေတဲ့ တစ်နာရီ
တန်ဖိုးမတူဘူး။

Facebook Message ဖြေနေတဲ့ တစ်နာရီနဲ့
Product အသစ်တစ်ခုရဲ့ Strategy ဆွဲနေတဲ့ တစ်နာရီ
တန်ဖိုးမတူဘူး။

တစ်ခုက $10 တန်တဲ့အလုပ် ဖြစ်နိုင်တယ်။

တစ်ခုက $10,000 တန်တဲ့
ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်။

ဒါကြောင့် Business Owner တွေအတွက်
အရေးကြီးဆုံးမေးခွန်းက

“ကိုယ့်တစ်နာရီ ဘယ်လောက်တန်လဲ”
ဆိုတာထက်

“ကိုယ့်ရဲ့ အဖိုးအတန်ဆုံး တစ်နာရီကို
ဘာအတွက် သုံးနေလဲ”
ဆိုတာ ဖြစ်လာတယ်။

ဥပမာ ကိုယ်က တစ်နေ့ ၂ နာရီ
Report ဖတ်၊ Data စု၊ Competitor ရှာ၊
Customer Feedback တွေ လိုက်ဖတ်နေရတယ်ဆိုပါတော့။

AI နဲ့ ဒါကို မိနစ် ၂၀ အတွင်း
အနှစ်ချုပ်နိုင်တယ်ဆိုရင်

ကိုယ်ဝယ်လိုက်တာ
AI Subscription မဟုတ်တော့ဘူး။

တစ်နေ့ ၁ နာရီ ၄၀ မိနစ်
ပြန်ဝယ်လိုက်တာ။

တစ်လ အလုပ်လုပ်ရက် ၂၅ ရက်ဆို
နာရီ ၄၀ ကျော် ပြန်ရတယ်။

ဒီနာရီ ၄၀ ကို
ပိုတန်ဖိုးရှိတဲ့နေရာ ပြန်ထည့်နိုင်တယ်။

Strategy ဆွဲမယ်။
Client တွေ့မယ်။
Team တည်ဆောက်မယ်။
Product အသစ်ဖန်တီးမယ်။
Partnership ချိတ်မယ်။

ဒီနေရာမှာ AI ရဲ့ ROI က
$30 ပေးပြီး $50 ပြန်ရတာမျိုး မဟုတ်တော့ဘူး။

Low-value time ကို လျှော့ပြီး
High-value time ကို တိုးပေးတာ။

ဒါက ပိုအရေးကြီးတယ်။

Level 4 — တစ်လ $300,000 ထုတ်နိုင်တဲ့ Entrepreneur
ဒါကလုပ်ငန်းကြီးလုပ်နေတဲ့
လုပ်ငန်းရှင်ကြီးတွေ။

ဒီအဆင့်ရောက်ရင်
ပိုက်ဆံထက် အချိန်က ပိုရှားလာတယ်။

$30 ဆုံးရှုံးတာ ပြန်ရှာလို့ရတယ်။

တစ်နာရီ ဆုံးရှုံးတာ
ပြန်ဝယ်လို့မရဘူး။

ဒီလူက လေဆိပ်သွားဖို့
$5 Bus စီးမလား၊
$30 Taxi စီးမလားဆိုတာ

“ဘယ်ဟာဈေးသက်သာလဲ” နဲ့
မဆုံးဖြတ်တော့ဘူး။

Bus နဲ့ ၂ နာရီကြာမယ်။
Taxi နဲ့ မိနစ် ၃၀ ကြာမယ်ဆို

$25 ပိုပေးပြီး
မိနစ် ၉၀ ပြန်ဝယ်လိုက်တာ။

သူ့မိနစ် ၉၀ က
$25 ထက်ပိုတန်ရင်
Taxi က ပိုဈေးသက်သာတယ်။

ဒီလိုပဲ။

Assistant တစ်ယောက်ခန့်တာ။
Software ဝယ်တာ။
AI သုံးတာ။
Business Class စီးတာ။
Delivery ခေါ်တာ။

ဒါတွေကို Expense လို့ပဲကြည့်ရင်
ဈေးကြီးတယ်။

Time Buyback လို့ကြည့်ရင်
တွက်နည်းပြောင်းသွားတယ်။

ဒါကြောင့် လူတစ်ယောက် ချမ်းသာလာလေလေ
တန်ဖိုးထားတဲ့အရာ ပြောင်းလာတတ်တယ်။

အစမှာ
Money ကိုကာကွယ်တယ်။

နောက်တစ်ဆင့်
Time ကိုကာကွယ်တယ်။

နောက်တစ်ဆင့်
Attention ကိုကာကွယ်တယ်။

နောက်တစ်ဆင့်
Decision Quality ကိုကာကွယ်တယ်။

Business Owner တစ်ယောက်အတွက်
AI ကိုသုံးသင့်၊ မသုံးသင့် ဆုံးဖြတ်တဲ့အခါ

“တစ်လ ဘယ်လောက်ကျလဲ”
တစ်ခုပဲ မမေးပါနဲ့။

တစ်လ ကိုယ့်အချိန် ဘယ်နှစ်နာရီ ပြန်ရမလဲ။

ပြန်ရတဲ့အချိန်ကို
ဘယ်လောက်တန်တဲ့အလုပ်မှာ ပြန်သုံးနိုင်မလဲ။

ဒီနှစ်ခုမေးပါ။

ဒါဆို $30 က
ဈေးကြီးလား၊ ဈေးသက်သာလား
အဖြေက လူတိုင်းအတွက် မတူတော့ဘူး။

တစ်ယောက်အတွက် $30 က Expense။

တစ်ယောက်အတွက် $30 က
နာရီ ၂၀ ပြန်ဝယ်တဲ့ Investment။

တစ်ယောက်အတွက်တော့
ဆုံးဖြတ်ချက်တစ်ခု ပိုမြန်စေပြီး
သိန်း၊ သန်း၊ သန်းဆယ်ချီတန်တဲ့
အခွင့်အလမ်းကို ဖန်တီးပေးနိုင်တဲ့ Leverage ဖြစ်နိုင်တယ်။

Money ရဲ့ Value က
ငွေပမာဏထဲမှာ မရှိဘူး။

အဲဒီငွေနဲ့ ကိုယ့်အချိန်၊
အာရုံနဲ့ လုပ်နိုင်စွမ်းကို
ဘယ်လောက်ပြန်ဝယ်နိုင်လဲဆိုတာထဲမှာ ရှိတယ်။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

15/08/2026

Grok Bot for Marketers and Busienss owners

15/08/2026

AI ကို ရွှေနဲ့ ရတနာဆိုင်
automation နဲ့ရောင်းခိုင်းတာ
အဆင်ပြေနေရင်အဆင်ပြေတယ်။

AI က ထဖောက်ပြီး
discount တွေလျှောက်ပေးရင်တော့
ငါးပါး မှောက်ကုန်မယ်။

တစ်သိန်းအောက်ထုတ်ကုန်တောင်
အေအိုင်က တခါတလေ
hallucination ဖြစ်ပြီး
discount ထထပေးနေလို့
ဘေးက လူခံထားရတယ်။

နောက် page messenger မှာက
ပို့ပြီး ပြန်ဖျက်လို့လဲမရဘူး။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

15/08/2026

Grok Bot

Grok Bot ကတော့ ညွှန်ကြားချက်ပေးလိုက်တာနဲ့Graphic ဒီဇိုင်းဆွဲ၊ Content ကို သင်ကြားထားတဲ့ပုံစံနဲ့ရေး၊နောက်သူကိုယ်တိုင် pos...
15/08/2026

Grok Bot ကတော့ ညွှန်ကြားချက်ပေးလိုက်တာနဲ့
Graphic ဒီဇိုင်းဆွဲ၊
Content ကို သင်ကြားထားတဲ့ပုံစံနဲ့ရေး၊
နောက်သူကိုယ်တိုင် post တင်။

Marketing သမားတွေအတွက်
AI က တော်တော် အခရာကျပါတယ်။

အနာဂတ်မှာ လူတွေတင်မဟုတ်ဘူး
Agent တွေကပါ စျေးဝယ်လာတာမျိုးဖြစ်လာမယ်။
Google ကတောင် ဒီနှစ်စမ်းမှာ
Universal E-commerce Protocol ကို
လုပ်ထားတာမျိုးရှိတယ်။

Sapwar Marketing
နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။

Address

Dagon Center I, First Floor, Myay Ni Gone
Yangon

Alerts

Be the first to know and let us send you an email when Sapwar Marketing - ဆပွား မားကတ်တင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sapwar Marketing - ဆပွား မားကတ်တင်း:

Shortcuts

Share