Ideya

Ideya DIGITAL PRODUCTS & SERVICES

“ အထက်လူကြီးတိုင်းကို ပုံစံခွက်တစ်ခုတည်းနဲ့ ဆက်ဆံလို့မရဘူး ..”လုပ်ငန်းခွင်မှာ တွေ့ကြုံရလေ့ရှိတဲ့ အထက်လူကြီး အမျိုးအစားပေ...
24/02/2026

“ အထက်လူကြီးတိုင်းကို ပုံစံခွက်တစ်ခုတည်းနဲ့ ဆက်ဆံလို့မရဘူး ..”
လုပ်ငန်းခွင်မှာ တွေ့ကြုံရလေ့ရှိတဲ့ အထက်လူကြီး အမျိုးအစားပေါင်း (၁၂) မျိုးရှိတယ်။ အဲ့ဒီထဲမှာ အတွေ့ရအများဆုံး (၃) မျိုးက -
✅ အာဏာရှင်
✅ ရာထူးပဲတက်ချင်တဲ့သူ
✅ သူရဲကောင်း ဆိုပြီး ရှိတယ်။
အာဏာရှင်ကတော့ ရှင်းတယ်၊ သူပြောသလိုလုပ်ရင်လုပ် မလုပ်ရင် လစ်၊ သူပြောတာမှ အမှန် ဒါမျိုး .. ရာထူးပဲ တက်ချင်တဲ့သူကျတော့လည်း ဘာတွေဘယ်လိုပဲဖြစ်နေဖြစ်နေ သူရာထူးတက်ဖို့က အဓိကပဲ ..။ အဲ့ထဲမှာမှ သူရဲကောင်းလိုမျိုး ကိုယ့်အတွက်ရော၊ လက်အောက်ငယ်သားတွေအတွက်ရော၊ လုပ်ငန်းအတွက်ရော အကုန်လုံး ကြည့်ပေးပြုပေး လမ်းပြပေးတဲ့ ခေါင်းဆောင်ကောင်းဆန်တဲ့သူမျိုးတွေလည်း ရှိတယ်။
အခုပြောတဲ့ အထက်လူကြီး အမျိုးအစား (၁၂) မျိုးအကြောင်းနဲ့ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အခမဲ့မျှဝေပေးပါမယ်။ ရယူချင်တယ်ဆိုရင် “Bosses” ဆိုပြီး မန့်ခဲ့ပါ ..
ဒါမျိုး လုပ်ငန်းခွင်မှာ ဖားနေစရာမလိုဘဲ တိုးတက်နည်း Digital Product ကို ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းနဲ့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

"အထက်လူကြီးက ခိုင်းသမျှ ခေါင်းငုံ့ခံနေရတာ... ခင်ဗျားမှာ ရွေးချယ်စရာ မရှိလို့လား?"အခုခေတ်ကြီးမှာ 'အလုပ်မြဲတယ်' (Job Secur...
23/02/2026

"အထက်လူကြီးက ခိုင်းသမျှ ခေါင်းငုံ့ခံနေရတာ... ခင်ဗျားမှာ ရွေးချယ်စရာ မရှိလို့လား?"
အခုခေတ်ကြီးမှာ 'အလုပ်မြဲတယ်' (Job Security) ဆိုတာ တကယ်တော့ မရှိတော့ပါဘူး ။ Outsourcing တွေ၊ AI တွေနဲ့ ကုမ္ပဏီက ခင်ဗျားကို ဘယ်အချိန်မှာ အလုပ်ထုတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ။
ဒါကြောင့် အလုပ်တစ်ခုတည်းမှာ မြဲနေဖို့ ကြိုးစားနေမဲ့အစား ခင်ဗျားရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလုံး လုံခြုံနေဖို့ (Career Security) ကိုပဲ အာရုံစိုက်ပါ ။ အထက်လူကြီးက မတရားခိုင်းတာကို "No" လို့ ရဲရဲပြောနိုင်ဖို့နဲ့ ကိုယ့်ဘက်က အားသာချက်ရှိရှိ ညှိနှိုင်းနိုင်ဖို့ ခင်ဗျားမှာ "Escape Plan" ရှိထားဖို့ လိုပါတယ် ။
ဘယ်လိုပြင်ဆင်ရမလဲ?
***********************
✅ F***U Money စုထားပါ။** အလုပ်ပြုတ်သွားရင်တောင် (၆) လလောက် အေးဆေးနေနိုင်မဲ့ ငွေပမာဏကို မဖြစ်မနေ စုဆောင်းထားပါ ။ ဒါမှ "ငတ်တော့မယ်" ဆိုတဲ့ အကြောက်တရားနဲ့ တွေ့ကရာအလုပ် ဝင်လုပ်စရာ မလိုမှာပါ။
✅ ကိုယ့်ကို အစားထိုးဖို့ ခက်အောင်လုပ်ပါ: တခြားသူတွေ မလုပ်တတ်တဲ့ အထူးပြုကျွမ်းကျင်မှု (သို့မဟုတ်) ကျယ်ပြန့်တဲ့ ဆက်ဆံရေးကွန်ရက်ကို တည်ဆောက်ထားပါ ။ ခင်ဗျားကို ဖြုတ်လိုက်ရင် ကုမ္ပဏီအတွက် အများကြီး နစ်နာသွားနိိုင်တယ်ဆိုတာမျိုးဖြစ်အောင် ကိုယ့်တန်ဖိုးကို မြှင့်ထားပါ။
✅ အရန်အလုပ် (Job B, C, D) ရှာထားပါ: လက်ရှိအလုပ်ကို လုပ်နေရင်းနဲ့ တစ်ပတ်မှာ (၂) နာရီလောက် အချိန်ပေးပြီး တခြားအခွင့်အလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါ။
ခင်ဗျားမှာ ရွေးချယ်စရာ (Options) ရှိနေမှသာ အလုပ်ရှင်/အထက်လူကြီးက ခင်ဗျားကို နှိပ်ကွပ်လို့ မရတော့မှာ ဖြစ်သလို၊ လစာတိုးတောင်းတဲ့ အခါမှာလည်း ခင်ဗျားဘက်က အားသာချက် ရှိနေမှာပါ။
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တိုင်ထိန်းကျောင်းနိုင်မဲ့ နည်းလမ်းတွေကို သိချင်ရင်တော့ Ideya ရဲ့ Digital Product ကိုဖတ်ကြည့်ပါ။ ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့အခါ ဒီလိုလူတွေနဲ့တွေ့ရင်တော့ စိတ်ညစ်ဖို့ အင်မတန်ကောင်းပြီလို့သာ မှတ်ထားလိုက်တော့ ..ဘယ်လိုလ...
19/02/2026

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့အခါ ဒီလိုလူတွေနဲ့တွေ့ရင်တော့ စိတ်ညစ်ဖို့ အင်မတန်ကောင်းပြီလို့သာ မှတ်ထားလိုက်တော့ ..
ဘယ်လိုလူတွေလဲဆိုတော့ လုပ်ငန်းခွင်မှာ စိတ်ညစ်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် (၁၀) မျိုးပဲ။ အဲ့ဒီထဲက (၅) မျိုးအကြောင်းကို အရင်ပြောပြပါမယ်။ အဲ့ဒါ ဘယ်လိုလူတွေလဲဆိုတော့ -
၁)။ ဆုံးဖြတ်ချက်မချနိုင်တဲ့သူတွေ -
အမှားလုပ်မိမှာကို ကြောက်ပြီး ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေတတ်သူတွေ
၂)။ နိုင်လိုမင်းထက်ပြုတတ်သူတွေ -
ပြိုင်ဆိုင်မှုကို အလွန်အကျွံလုပ်ပြီး အနိုင်ရရေးကိုပဲ ဦးတည်သူတွေ
၃)။ ပြဇာတ်မင်းသား/မင်းသမီးတွေ -
ကိစ္စသေးသေးလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာတတ်သူ (Drama Queen) တွေ ဖြစ်တယ်။ အာရုံစိုက်ခံရမှုကို လိုလားကြတဲ့သူတွေ
၄)။ ရိုးရာတွေကို ဖီဆန်တတ်သူတွေ -
စည်းကမ်းတွေကို ချိုးဖောက်မယ်၊ ပြီးရင် အထက်လူကြီးတွေကို မလေးမစား ပြောဆိုတတ်တာကို ဂုဏ်ယူတတ်သူတွေ
၅)။ လေပေါတတ်တဲ့သူ/ပျင်းစရာကောင်းတဲ့သူတွေ -
အစည်းအဝေးတွေမှာ PowerPoint စာမျက်နှာပေါင်းများစွာနဲ့ ပျင်းစရာကောင်းအောင် ပြောတတ်သူလိုမျိုးတွေ
သူတို့တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ရမဲ့ နည်းစနစ်တွေရှိပါတယ်။ ဥပမာ - ဒရမ်မာကွင်းတွေ/ကင်းတွေနဲ့ကြုံတွေ့ရတာမျိုးဆိုရင် သူတို့ရဲ့ ပုံကြီးချဲ့တာတွေကို လုံး၀လျစ်လျူရှုထားဖို့လိုပါတယ်၊ တုံ့ပြန်မှုတွေ မလုပ်ပါနဲ့ .. ကိုယ့်အထက်လူကြီးက ကိုယ့်ကို တည်ငြိမ်တဲ့ professional တစ်ယောက်ဆိုပြီး မြင်စေချင်ရင် ဒီလိုလူတွေနဲ့ ရောနှောပြီး မနေမိဖို့လိုပါတယ် ..။
ဒီလိုမျိုး လုပ်ဖော်ကိုင်ဘက်တွေကိုလည်း စီမံခန့်ခွဲတတ်ဖို့၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင် ဖားနေဖို့မလိုဘဲ အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ Ideya ရဲ့ Digital Product Summarized Ebook ကို ဖတ်ကြည့်ပါ။
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

- အလုပ်မှာရာထူးမတိုးတာကြာပြီ ဆိုတဲ့သူတွေ .. - အလုပ်မှာ လစာတိုးတောင်းချင်တဲ့သူတွေ ..- လုပ်ဖော်ကိုင်ဖက်တွေကို ကောင်းကောင်း...
16/02/2026

- အလုပ်မှာရာထူးမတိုးတာကြာပြီ ဆိုတဲ့သူတွေ ..
- အလုပ်မှာ လစာတိုးတောင်းချင်တဲ့သူတွေ ..
- လုပ်ဖော်ကိုင်ဖက်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ချင်တဲ့သူတွေ ..
- ကိုယ်တိုင် အထက်လူကြီးဖြစ်လာတဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာတွေကို လိုတိုရှင်း သိချင်တဲ့သူတွေ ..
- အတော်ဆုံးလူတွေကို ဘယ်လိုအလုပ်ခန့်ပြီး အလုပ်နဲ့အဆင်မပြေတဲ့သူတွေကို ဘယ်လို အလုပ်ထုတ်ရမလဲဆိုတာကို သိချင်တဲ့သူတွေ ..
- ကိုယ့်အတွက် အလုပ်မြဲဖို့လိုတာလား၊ အသက်မွေးဝမ်းကျောင်း လုံခြုံဖို့လိုတာလား သိချင်တဲ့သူတွေ ..
- အလုပ်မှာ ကိုယ့်ကို အလုပ်ထုတ်လို့မရအောင် ဘယ်လိုလုပ်ထားရမလဲဆိုတာကို သိချင်တဲ့သူတွေ ..
ဒီအကြောင်းအရာ အားလုံးအတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး Ideya ရဲ့ Digital Product အနှစ်ချုပ်ဘာသာပြန်စာအုပ် “ဖားစရာမလိုဘဲ အလုပ်မှာတိုးတက်အောင်လုပ်နည်း”
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

“ FRENEMY ဆိုတာ ကြားဖူးလား? ”FRENEMY ဆိုတာ FRIEND ဆိုတဲ့ သူငယ်ချင်းနဲ့ ENEMY ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းထားတာပါ။ အဓိ...
11/02/2026

“ FRENEMY ဆိုတာ ကြားဖူးလား? ”
FRENEMY ဆိုတာ FRIEND ဆိုတဲ့ သူငယ်ချင်းနဲ့ ENEMY ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းထားတာပါ။ အဓိပ္ပါယ်ကလည်း အရှေ့မှာတော့ သူငယ်ချင်းလိုမျိုးဖြစ်ပြီး နောက်ကွယ်မှာတော့ ကိုယ့်ရဲ့ ရန်သူဖြစ်နေတတ်တာမျိုးပေါ့ ..
Social Circle တိုင်းမှာ ဒါမျိုး တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကြုံဖူးမှာပါ။ လုပ်ငန်းခွင်မှာလည်း ဒါမျိုး FRENEMY ဆိုတဲ့သူတွေရှိတယ်။ စိတ်ပျက်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဘက် (၁၀) ယောက်ထဲက တစ်ယောက်ပေါ့။
အလုပ်ထဲက FRENEMY တွေက ကြည့်လိုက်ရင် ကိုယ့်အတွက်တော့ တကယ့် အားပေးနေတဲ့သူတွေလိုပဲ၊ ကိုယ့်နောက်ကို လှည့်ကြည့်လိုက်ရင် သူတို့ပဲ ရှိသလိုလိုနဲ့ အမြဲတွေ့ရလိမ့်မယ်။ ဒါပေမဲ့သူတို့က ကိုယ့်ရဲ့ ယုံကြည်မှုကို ပျောက်ဆုံးအောင် စကားနဲဲ့ပဲဖြစ်ဖြစ် အမြဲတမ်း စပြီး လုပ်လေ့ရှိတယ်။
ဥပမာ - “မင်း presentation လုပ်သွားတာ ကောင်းလိုက်တာ .. တစ်ခုပဲ .. စာလုံးပေါင်းတွေမှားနေတာကိုတော့ ဘယ်သူမှ မတွေ့သွားလို့ တော်သေးတာပေါ့ ..” ဒါမျိုး
ဒါမျိုး FRENEMY တွေနဲ့ ကြုံတွေလာတဲ့အခါ၊ ကြုံတွေ့နေရရင် ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတော့ -
အလုပ်ခွင်မဟုတ်တဲ့နေရာမှာတွေ့တတ်တဲ့ FRENEMY တွေလိုပဲ သူတို့ကို လုံး၀ ရှောင်ရင် ရှောင်လိုက်ပါ၊ တကယ်လို့ ရှောင်လို့ပြုလို့ အဆင်မပြေတဲ့အနေအထားမျိုးဆိုရင်တော့ ယဉ်ယဉ်ကျေးကျေးတော့ ဆက်ဆံပေးလိုက်ပါ၊ ဒါပေမဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် အဆင့်မတက်မိပါစေနဲ့။ ဘာလို့ဆို သူတို့က အဲ့လိုမျိုး ဖြစ်သွားရင် ကိုယ့်အတွက် ပိုပြီး အကျိုးယုတ်စေတာပဲ ရှိတာမို့ပါ။ သူတို့ကအမြဲတမ်း ကိုယ့်အနားမှာနေပြီး ကိုယ့်အတွက် ဆုတ်ယုတ်စရာကိစ္စတွေကိုပဲ လုပ်လေ့ရှိပါတယ်။
ဒီလိုမျိုး လုပ်ဖော်ကိုင်ဘက်တွေကိုလည်း စီမံခန့်ခွဲတတ်ဖို့၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင် ဖားနေဖို့မလိုဘဲ အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ Ideya ရဲ့ Digital Product Summarized Ebook ကို ဖတ်ကြည့်ပါ။
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

“လုပ်ငန်းခွင်မှာ ရာထူးတို့ဖို့ လစာတိုးဖို့ဆိုတာ သူဌေး/အထက်လူကြီးကို ကိုင်တွယ်တတ်ဖို့လိုတယ် ..”ကိုင်တွယ်တတ်ဖို့လိုတယ်ဆိုတ...
10/02/2026

“လုပ်ငန်းခွင်မှာ ရာထူးတို့ဖို့ လစာတိုးဖို့ဆိုတာ သူဌေး/အထက်လူကြီးကို ကိုင်တွယ်တတ်ဖို့လိုတယ် ..”
ကိုင်တွယ်တတ်ဖို့လိုတယ်ဆိုတော့ “ဖား” ရမှာလား? ဒါမှမဟုတ် မဟုတ်တာတွေ လုပ်ရမှာလား?
နိုးနိုးနိုး .. လုံး၀ မဟုတ်ပါဘူး၊ ကိုင်တွယ်တတ်ဖို့လိုတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် သူတို့ကို စီမံခန့်ခွဲတတ်ဖို့လိုတယ်ဆိုတာ ပြောချင်တာပါ။ ဒီလို စီမံခန့်ခွဲနိုင်ဖို့အတွက် ကိုယ့် သူဌေး/အထက်လူကြီးက ဘယ်လိုလူမျိုးလဲဆိုတာကို အရင်သိရပါမယ်။
၁)။ အမြော်အမြင်ပဲရှိတဲ့သူ
၂)။ ရာထူးပဲတက်ချင်တဲ့သူ
၃)။ ဗျူရိုကရတ်
၄)။ နည်းပညာသမား
၅)။ ရှေးရိုးစွဲ ဝါရင့်သမား
၆)။ လူငယ်မန်နေဂျာ
၇)။ လူမှုရေးသမား
၈)။ အာဏာရှင်
၉)။ အရောင်းကျွမ်းကျင်သူ
၁၀)။ လူဖြုတ်မည့်သူ
၁၁)။ လမ်းပျောက်နေတဲ့သူ
၁၂)။ သူရဲကောင်း ဆိုပြီး သူဌေး/အလုပ်ရှင် အမျိုးအစား (၁၂) မျိုးရှိတယ်။
ဒီထဲက ရာထူးပဲတက်ချင်တဲ့ အထက်လူကြီးက ဘယ်လိုမျိုးလဲဆိုတော့ “သူရာထူးတက်ဖို့အတွက်ကိုပဲ အာရုံစိုက်တတ်ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြိုင်ဘက်တွေလို့ သဘောထားလေ့ရှိကြတယ်။ အချိန်တိုင်းနီးပါးမှာ ဘယ်လိုမျိုး အပေါ်ကိုတက်အောင် လုပ်ရမလဲဆိုပြီး စဉ်းစားနေတတ်လေ့ရှိတယ်“
နောက်ထပ် တော်တော်များများတွေ့ကြမှာက အာဏာရှင်လိုမျိုး အထက်လူကြီးမျိုးပဲ ဒီလူတွေကတော့ “ငါပြောထားတဲ့အတိုင်းပဲ လုပ် ဆိုတဲ့ သူမျိုးတွေပါ။ သူတို့နဲ့ အလုပ်တွဲလုပ်တဲ့နေရာမှာလည်း ကောင်းတာတွေ ရှိတတ်ပါတယ်၊ ဘာတွေလဲဆိုတော့ သူတို့က ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာလည်း မြန်တယ်၊ အပိုတွေ အရမ်းတွေးနေ စဉ်းစားမနေဘူး၊ အမှားလည်း သိပ်မခံတတ်ကြဘူး။ နောက်တစ်ခုက ကိုယ်က ဘယ်လိုလူမျိုးနဲ့ အလုပ်လုပ်နေရလဲဆိုတာ ကိုလည်း ရှင်းရှင်းလင်းလင်း သိနိုင်တယ်”
လမ်းပျောက်နေတဲ့ အထက်လူကြီးလိုမျိုးလည်း တော်တော်များ တွေ့ကြလိမ့်မယ်။ ဒီလိုအထက်လူကြီးမျိုးက “စီမံခန့်ခွဲမှု အရည်အချင်းမရှိဘဲ နေရာဝင်ယူထားသူမျတွေ ဖြစ်တယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချရမည်ကိုလည်း ကြောက်ရွံ့တတ်ကြတယ်။ ပုံမှန်အားဖြင့် အဲ့ဒီ လူတွေရဲ့ အထက်ကလူက ရုတ်တရက် လစ်သွားတဲ့အခါမှာ လူစားမရခင် အချိန်အထိ Top Management က ခဏတာ တာဝန်ယူခိုင်းထားတတ်တဲ့သူတွေလိုပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိတတ်ကြဘူး”
ဒီလိုမျိုး သူဌေး/အထက်လူကြီးတွေကို ကိုင်တွယ်တတ်ဖို့၊ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင် ဖားလျား နေစရာမလိုဘဲ အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ Ideya ရဲ့ Digital Product Summarized Ebook ကို ဖတ်ကြည့်ပါ။
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

“ဆရာ .. ကျွန်တော်/ကျွန်မ စကားလေး နည်းနည်းပြောချင်လို့ ..” အလုပ်မှာ ဒါမျိုး စလာပြီဆိုတာနဲ့ အထက်လူကြီးတွေက နည်းနည်း စိတ်ရှ...
09/02/2026

“ဆရာ .. ကျွန်တော်/ကျွန်မ စကားလေး နည်းနည်းပြောချင်လို့ ..”
အလုပ်မှာ ဒါမျိုး စလာပြီဆိုတာနဲ့ အထက်လူကြီးတွေက နည်းနည်း စိတ်ရှုပ်ပါပြီ။ သူငါ့ကို ဘာပြောတော့မှာလဲ? လစာတိုးတောင်းတော့မှာမလား? ဒါမှမဟုတ် ဘာကိစ္စလဲ? ဆိုပြီး စတွေးမိပါပြီ။ ကိုယ့်ဘက်ကလည်း ခက်ခဲနေတဲ့ လက်ရှိအခြေအနေတွေအရ လစာကလည်း တိုးတောင်းရတော့မယ်၊ နောက်ပြီး ကိုယ်ကလည်း ဒီအလုပ်မှာ လုပ်တာက အချိန်အတိုင်းအတာ တစ်ခုရှိပြီမလား .. အလုပ်ကိုလည်း သံယောဇဉ်ရှိ၊ နောက်အလုပ်တစ်ခုကို ပြောင်းဖို့ ပြုဖို့ဆိုတာကလည်း မလွယ်ကူ ..
ဒီလိုမျိုး ဖြစ်နေတဲ့သူတွေရှိကြလား ..?
ပုံမှန်အားဖြင့် ဝန်ထမ်းတွေက ပင်ပင်ပန်းပန်း အလုပ်လုပ်မှ လစာတိုးမယ်ဆိုပြီး ယူဆထားလေ့ရှိပါတယ်။ လစာတိုးပေးဖို့အတွက် လုပ်ငန်းရှင်တွေ/အထက်လူကြီးတွေဘက်က တွေးတာကျတော့ လုပ်ရည်ကိုင်ရည်ရှိ၊ စိတ်နှစ်ပြီးလည်း ကိုယ့်အလုပ်အတွက် အလုပ်လုပ်ပေးတာအပြင် တခြားတွေးတာ တစ်ခုရှိပါသေးတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဝန်ထမ်းက လစာတိုးတောင်းတဲ့အခါ “ဒီဝန်ထမ်းတစ်ယောက်ကို အစားထိုးလိုက်တဲ့အခါ ကုန်ကျလာနိုင်မဲ့ ကုန်ကျစရိတ်” ဖြစ်ပါတယ်။ လူရှာရ၊ သင်ပေးရ၊ တွဲခေါ်ရ၊ စောင့်ကြည့်ရ ကြီးကြပ်ရနဲ့ ငွေတင်မက အချိန်တွေပါ ကုန်ပါတယ်။ ဒီကုန်ကျတဲ့ စရိတ်တွေကို သူဌေးတွေ/အထက်လူကြီးတွေက တွက်လေ့ရှိပါတယ်။
ကိုယ်က ဝန်ထမ်းအနေနဲ့ ဒါကို သိထားဖို့လိုပါတယ်။ လစာဘယ်လို တိုးတောင်းရမလဲဆိုတာကနေ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အထက်လူကြီးကို ဘယ်လို စီမံခန့်ခွဲမလဲ၊ ဖားလျား နေစရာမလိုဘဲ အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ Digital Product Ebook တစ်ခုကို Ideya က ဖန်တီးထားပါတယ်။
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

“ ဒီလ Boost လုပ်တာတော့ ရှုံးပါပြီ၊ ဒီတစ်ပတ်ကတော့ လုံး၀ ပလုံပဲ ..” ဒါမျိုး ပြောနေကြတာတွေ မြင်ဖူးကြတယ်မလား။ နည်းနည်းလေး ပြ...
07/11/2025

“ ဒီလ Boost လုပ်တာတော့ ရှုံးပါပြီ၊ ဒီတစ်ပတ်ကတော့ လုံး၀ ပလုံပဲ ..”
ဒါမျိုး ပြောနေကြတာတွေ မြင်ဖူးကြတယ်မလား။ နည်းနည်းလေး ပြောပြချင်တာ တစ်ခုရှိပါတယ်။ Facebook ဆိုတာ လူမှုကွန်ယက်တစ်ခုဖြစ်ပါတယ်၊ Boost လုပ်တယ်ဆိုတာက ဒီလူမှုကွန်ယက်ကို အသုံးပြုကြတဲ့သူတွေဆီကို အခကြေးငွေယူပြီးတော့ ကြော်ငြာတွေကို ပြပေးတာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုတွေ၊ လုပ်ငန်းအမျိုးအစားတွေဆိုတာ အများကြီးရှိပါတယ်။ ဥပမာ .. ကိုယ့်ရဲ့လုပ်ငန်းက အဝတ်အထည်ရောင်းတဲ့လုပ်ငန်းဆိုပါစို့၊ ကိုယ်ရောင်းမဲ့ အဝတ်အထည်တွေက လက်ရှိ fashion trend နဲ့ မကိုက်တော့တဲ့ အမျိုးအစားတွေ (ဥပမာ - skinny ဂျင်းဘောင်းဘီလိုမျိုး) ပဲဖြစ်ဖြစ်၊ လက်ရှိ ရာသီဥတုနဲ့ မကိုက်တော့တဲ့ အမျိုးအစားတွေ (ဥပမာ - နွေရာသီမှာ ဆွယ်တာတွေရောင်းတာမျိုး) ပဲ ဖြစ်ဖြစ်ဆိုရင် ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့သူတွေက Media Buying (Boost) လုပ်ပေးပါစေ၊ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် အကုန်ခံပြီးတော့ Boost လုပ်ပါစေ ကိုယ်မှန်းထားတဲ့ ရလဒ်လိုမျိုး (အကုန်ကုန်အောင် ရောင်းကုန်သွားတာတို့) ဖြစ်နိုင်ဖို့က ခဲယဉ်းပါတယ်။
နောက်ထပ် ကိုယ့်လုပ်ငန်းက အစားအသောက် (ဒါမှမဟုတ်) ပညာရေးဝန်ဆောင်မှုလုပ်ငန်း/သင်တန်း ဆိုပါစို့ .. ဒီလိုမျိုး အမြဲတမ်း လိုအပ်နေတဲ့၊ အမြဲတမ်း သုံးရမဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှုမျိုးတွေဆိုရင် ကိုယ်က Boost လုပ်တာ တစ်ခုတည်းကို အားမကိုးဘဲ Content တွေ ပုံမှန်တင်မယ်၊ ကိုယ့်ရဲ့ Audiences တွေနဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေမယ်၊ trust/branding ကို တည်ဆောက်မယ်၊ နောက်ပြီး Facebook ရဲ့ အယ်ဂိုရစ်သမ်အရ Organic reach ဆိုရင် အမြဲချထားတတ်တော့၊ တစ်လကို ဘယ်လောက်သုံးမယ်ဆိုပြီး သတ်မှတ်ထားတဲ့ Budget အတိုင်း ပို့စ်တချို့ကို Media Buying (Boosting) ကို လုပ်မယ်။ ဒီလိုမျိုး သွားရမှာပါ၊ ဒါမှ ကိုယ်သုံးလိုက်မဲ့ Marketing Budget က အကျိုးရှိမှာပါ။
ကိုယ့်လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး Media Buying (Boosting) လုပ်ချင်တာပဲဖြစ်ဖြစ်၊ မြင်လိုက်တာနဲ့ စွဲဆောင်မှုရှိတဲ့ ကြော်ငြာစာတွေကို ရေးချင်တာပဲဖြစ်ဖြစ် service တွေ လိုအပ်လာခဲ့ရင် Ideya ရဲ့ Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

“ ခင်ဗျားရဲ့ လုပ်ငန်းတူ ပြိုင်ဘက်တွေက ကိုယ်တိုင်အချိန်ကုန် မခံကြဘူး ..”ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီနေ့လိုခေတ်မျိုးမှာ က...
03/11/2025

“ ခင်ဗျားရဲ့ လုပ်ငန်းတူ ပြိုင်ဘက်တွေက ကိုယ်တိုင်အချိန်ကုန် မခံကြဘူး ..”
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီနေ့လိုခေတ်မျိုးမှာ ကိုယ်နဲ့လုပ်ငန်းတူတွေထက် အမြဲ ခြေတစ်လှမ်းသာအောင် စောင့်ကြည့်ပြီး လိုက်လုပ်နေရတာပါ။ ကိုယ့်လုပ်ငန်း၊ ပစ္စည်းနဲ့ဝန်ဆောင်မှုအတွက် ကိုယ်ကိုယ်တိုင် အစအဆုံး ပို့စ်တွေတင်ဖို့အတွက် idea တွေ စဉ်းစားရ၊ လူစိတ်ဝင်စားနိုင်အောင်ဆိုပြီး စမ်းရေးကြည့်ရ၊ တင်ရ လုပ်နေရတာနဲ့တင် တကယ့်ကို အရေးကြီးတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းတာတွေ၊ ပစ္စည်းလာဝယ်တာတွေ၊ နောက်ပြီး သက်သာတဲ့ စျေးနှုန်းတွေနဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လုပ်နေရမဲ့ အချိန်တွေကို ဒီလိုမျိုး ဖဲ့ပေးလိုက်ရတာက အဆင်မပြေပါဘူး။
Ideya ရဲ့ “Content Writing Service” ကို သုံးကြည့်ပါ။ လူကြီးမင်းတို့ လုပ်ငန်း၊ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် လူစိတ်ဝင်စားနိုင်မဲ့ အရေးအသားတွေ၊ ခေါင်းစဉ်တွေ၊ ပို့စ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ Digital Marketing Field ထဲမှာ Content Marketing Professional အနေနဲ့ လုပ်လာတာ သက်တမ်း (၁၀) နှစ်ကျော်ရှိတဲ့ professional content writers/copywriters တွေ၊ လက်လီအရောင်းလုပ်ငန်းမှာ ဆယ်စုနှစ် တစ်စုကျော်စာ အတွေ့အကြုံ ရှိတဲ့ Professional တွေ၊ NGO Project တွေအတွက်၊ ဆေးဝါးလုပ်ငန်းတွေ၊ ဆေးရုံဆေးခန်းတွေအတွက် Content တွေ create လုပ်ပေးနိုင်တဲ့ Medical Content Professional တွေလည်း Ideya မှာ ရှိပါတယ်။
ဥပမာအနေနဲ့ နေ့တိုင်းအသစ်အသစ်တွေ အမြဲထွက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေအတွက် Tech Contents တွေကနေ စပြီး ရေးရလည်းခက်၊ နောက်ခံ background မရှိရင် တော်တန်ရုံ ရေးလို့ အဆင်မပြေကြတဲ့ Medical Contents တွေအထိပါ ရေးသားပေးနိုင်တာမို့ လူကြီးမင်းတို့အတွက် အချိန်ကုန်၊ လူပင်ပန်းဖြစ်တာကို သက်သာစေပြီး လုပ်ငန်းအတွက်အများကြီး အကျိုးကျေးဇူးရှိစေမယ်ဆိုတာကို အာမခံ နိုင်ပါတယ်။
Ideya ရဲ့ Content Writing Service Fees လေးကတော့ Content တစ်ပုဒ်ကို 15,000/- ks ကနေ စပြီး ရှိမှာ ဖြစ်ပြီးတော့ ရေးရတဲ့ အကြောင်းအရာပေါ် မူတည်ပြီးတော့ စျေးနှုန်းအပြောင်းအလဲ ရှိမှာ ဖြစ်ပါတယ်။
အသေးစိတ် ထပ်သိချင်တယ်ဆိုရင် Page Messenger or Viber (09 448 22 33 44) မှာ လာရောက် စုံစမ်းလို့ရပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ideya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share