Retro21 Digital Marketing Agency

Retro21 Digital Marketing Agency For your Next Big Dream and Your Next Big Challenges, take the NEXT Step with Us

Everyone, please give a warm welcome to our new Senior Designer, Ma Khant May Me Htun! ✨Inspired by The Greatest Showman...
07/08/2026

Everyone, please give a warm welcome to our new Senior Designer, Ma Khant May Me Htun! ✨

Inspired by The Greatest Showman, Ma Khant May Me Htun believes imagination makes anything possible.

She brings that exact magic to the design world, having mastered everything from custom car wraps and vinyl banners to sleek, scroll-stopping social media layouts.

Armed with Adobe Photoshop, she uses her ultimate superpower to transform simple concepts into premium, high-end visuals that instantly elevate brands.

Now, she’s ready to make our clients' brands the main event. Ma Khant May Me Htun is set to fuel Retro 21 with trendy, modern designs that align with our digital strategy, in collaboration with our creative team.

We are absolutely thrilled to have her on board to create some marketing magic and join us in giving Ma Khant May Me Htun a warm welcome to the Retro 21 family! 🥳

#

17/07/2026

Marketing Podcast : “အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်များ သတိပြုသင့်တဲ့ Digital Marketing ဆိုင်ရာ အမှားငါးခု”

AI နည်းပညာတွေ၊ အသစ်သစ်သောနည်းပညာတွေနောက်ကိုလိုက်ဖို့ ကြိုးစားနေကြပေမဲ့ Digital Marketing နဲ့ပက်သက်ရင် သတိပြုသင့်တဲ့ အခြေခံအချက်လေးတွေကို မေ့နေလေ့ရှိပါတယ်။ ဒီအချက်လေးတွေက ဘာတွေဖြစ်မလဲ? ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Youtube တွင်ကြည့်ရှုလိုပါက - https://youtu.be/M3MlRWVclLs?si=xJrqNTa1RY_p5D8t

Let’s meet our beloved Finance & Admin Manager, Ma Myint Thandar Oo! Every superhero team has someone who keeps everythi...
07/07/2026

Let’s meet our beloved Finance & Admin Manager, Ma Myint Thandar Oo!

Every superhero team has someone who keeps everything running smoothly behind the scenes, and for us, that's Ma Myint Thandar Oo, our Finance & Admin Manager.

With 6 years of solid experience in Finance & Administration, she makes sure everything stays organized, every number adds up, and, most importantly, everyone gets paid on time. 💸

Her favorite superhero is The Flash, and honestly, it makes perfect sense. She works at lightning speed, processing payroll so efficiently that salaries sometimes arrive even earlier than expected. (Psst... don't let the boss know. 👀)

We're beyond thrilled to have her keeping the agency running smoothly and the team smiling every payday. Join us in giving Ma Myint Thandar Oo a lightning-fast welcome to the Retro 21 family! ⚡

စီးပွားကုန်သွယ် လုပ်ငန်းရှင်ကြီးများသို့ သတင်းကောင်းပါးအပ်သော ကြော်ငြာစာဒစ်ဂျစ်တယ်လ် ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marke...
22/06/2026

စီးပွားကုန်သွယ် လုပ်ငန်းရှင်ကြီးများသို့ သတင်းကောင်းပါးအပ်သော ကြော်ငြာစာ

ဒစ်ဂျစ်တယ်လ် ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ကိစ္စအဝဝအတွက် ကျွန်ုပ်တို့၏ Retro 21 ထံသို့ ကြွလှမ်းခဲ့ပါလျှင် ရှေးဦးစွာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသတည်း။ ထိုသို့ ဆွေးနွေးတိုင်ပင်ရာတွင် လုပ်ငန်းရှင်ကြီးများဘက်မှ မိမိတို့၏ ကုန်စည်လုပ်ငန်းနှင့် ပတ်သက်၍ မျှော်မှန်းထားသမျှသော အရာများ၊ ကြုံတွေ့နေရသော အခက်အခဲများနှင့် အလိုရှိအပ်သော ကိစ္စအရပ်ရပ်တို့ကို ရင်ဖွင့်၍ ပွင့်လင်းစွာ တိုင်ပင်နှီးနှောနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ထိုသို့ တိုင်ပင်ပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့ Retro 21 ဘက်မှ လုပ်ငန်းအတွေ့အကြုံ (၉) နှစ်ကျော်မျှ ကျင်လည်ကျက်စားခဲ့သော ဒစ်ဂျစ်တယ်လ် ဈေးကွက်ချဲ့ထွင်မှု ကျွမ်းကျင်သူများ ကိုယ်တိုင်မှ မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း အဆီအငေါ်တည့်အောင် အကြံဉာဏ်ကောင်းများ ပေးအပ်သွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဖန် ကျွန်ုပ်တို့ ပြဋ္ဌာန်းထားသော ဝန်ဆောင်မှုအစီအစဉ် (Packages) များကို ကြည့်ရှုလိုလျှင်လည်းကောင်း၊ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ကိုက်ညီမည့် သီးသန့် Customized Plan ရေးဆွဲပေးစေလိုလျှင်လည်းကောင်း စေတနာရှေ့ထား၍ တင်ပြပေးမည် ဖြစ်ပါသည်။

အကယ်၍ ကျွန်ုပ်တို့၏ အကြံပေးချက်များအပေါ် နှစ်ထောင်းအားရဖြစ်၍ လုပ်ငန်းဆက်လက် အပ်နှံလိုပါလျှင် လူကြီးမင်းတို့၏ လုပ်ငန်းအကြောင်းကို သီတင်းနှစ်ပတ်တိတိ အချိန်ယူလေ့လာပြီးနောက် အသေးစိတ် Plan အား ပြန်လည်တင်ပြပါမည်။ အဆိုပါ Plan ကို အတည်ပြုပြီးပါက လူကြီးမင်းတို့ လုပ်ငန်းအတွက် ဝန်ဆောင်မှုအပြည့်အဝပေးမည့် အတွေ့အကြုံရင့် Account Executive တစ်ဦးကို သီးသန့်တာဝန်ချထားပေးမည် ဖြစ်ပါသတည်း။ ထို့နောက် လစဉ်လတိုင်း လုပ်ငန်း၏ တိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သည်များကို မှန်မှန် တင်ပြသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အေဂျင်စီနှင့် အလုပ်အပ်နှံသူတို့ကြား မကြာခဏ ကြုံတွေ့ရလေ့ရှိသော အထပ်ထပ်အခါခါ ပြင်ဆင်ရခြင်း ၊ လုပ်ငန်းကို ဂရုတစိုက် မလေ့လာခြင်းနှင့် ရည်ရွယ်ချက်မှ သွေဖည်သွားခြင်း စသော ကိစ္စအရပ်ရပ်တို့ကို စနစ်တကျ ရေးဆွဲထားသော Plan အဆင့်ဆင့်၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျသေချာစွာ ဆောင်ရွက်ပေးမည်ဖြစ်ရာ အခက်အခဲဟူသည် အလျဉ်းမရှိသလောက်ပင် ဖြစ်ပါသတည်း။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ပူပင်သောကကင်းဝေးလျက် စိတ်အေးချမ်းသာစွာဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်းသာ လုပ်ငန်းများ လာရောက်အပ်နှံကြပါရန် နိဂုံးချုပ် ဖိတ်မံအပ်ပါသည်။

🔗 Portfolio & Inquiries:
Viber : +959952518636
WhatsApp: 070-8431-7183
Email: [email protected]

16/06/2026

Business Page တော်တော်များများက Reach ရောက်ချင်တဲ့စိတ်နဲ့ Like and Share လုပ်ရင် ဆုပေးပါမယ်ဆိုတဲ့ ပြိုင်ပွဲတွေလုပ်လေ့ရှိပါတယ်။ အဲ့ဒီလို Reach ရောက်သွားပြီး ဝင်ပြိုင်တဲ့သူတွေကရော တကယ်ထိရောက်တဲ့ Audience ဖြစ်ရဲ့လား? Like and Share လုပ်ရင်ဆုပေးပါမယ်ဆိုတဲ့ ပြိုင်ပွဲတွေဘာလို့မလုပ်သင့်တော့လဲ? အဲ့ဒီအစားဘာတွေလုပ်သင့်မလဲ? ဆိုတာတွေကို ဒီ Video မှာ မျှဝေထားပေးပါတယ်။

"Portfolio Spotlight: Retro21 X GANDAMAR SHWE PYI 📸✨Looking for a marketing partner who understands your brand’s unique ...
05/06/2026

"Portfolio Spotlight: Retro21 X GANDAMAR SHWE PYI 📸✨
Looking for a marketing partner who understands your brand’s unique voice? Let’s connect.

🔗 Portfolio & Inquiries:
Viber : +959952518636
WhatsApp: 070-8431-7183
Email: [email protected]

03/06/2026

အခုမှ စတင်မဲ့ လုပ်ငန်းတွေအနေနဲ့ Business Page တွေကို ဝယ်ယူအသုံးပြုသင့်လား ဒါမှမဟုတ် ကိုယ်တိုင်တည်ဆောက်ပြီး အစကနေစတင်သင့်လား ဆိုတာကို ဒီ Video မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။

လုပ်ငန်းတွေကို စျေးနှုန်းအသက်သာဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့၊ Team Member တွေကို အကောင်းဆုံး ထော...
22/05/2026

လုပ်ငန်းတွေကို စျေးနှုန်းအသက်သာဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့၊ Team Member တွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ဖို့နဲ့ Digital Marketing Community တိုးတက်လာရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်အားဖြည့်သွားဖို့က Retro 21 ရဲ့ အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

Media Buying လုပ်ဆောင်ခြင်းအတွက် Commission လုံးဝမယူဘဲ ဝန်ဆောင်မှုပေးနေသလို၊ အမြတ်အစွန်း ကြီးကြီးမားမားရရှိရေးကို အဓိကမထားဘဲ Customer တွေရဲ့ လုပ်ငန်းအတွက် တကယ်လုပ်သင့်လုပ်ထိုက်တဲ့ ဝန်ဆောင်မှုတွေကိုသာ အကြံပေး လုပ်ဆောင်ပေးနေပါတယ်။ SMEs လုပ်ငန်းတွေဖြစ်လို့ အမြတ်အစွန်းနည်းတဲ့အတွက် Quality လျှော့ချလိုက်မယ်ဆိုတဲ့ သဘောထားမျိုး လုံးဝမထားရှိဘဲ လုပ်ငန်းတစ်ခုချင်းစီတိုင်းကို စနစ်တကျလေ့လာပြီး အကောင်းဆုံးဖြစ်အောင် သေချာစွာ လုပ်ဆောင်ပေးပါတယ်။

ဒါ့အပြင် Team Member အသစ်တွေကို ရွေးချယ်ခန့်အပ်တဲ့အခါမှာလည်း လုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသေးသူတွေကိုပါ စနစ်ကျတဲ့ Training Session တွေနဲ့အတူ လက်တွဲခေါ်ယူပြီး သင်တန်းပေးနေပါတယ်။ နောက်ဆုံးအနေနဲ့ လွဲမှားနေတဲ့၊ မမှန်ကန်တဲ့၊ မလုပ်သင့်မလုပ်ထိုက်တဲ့ Digital Marketing နည်းလမ်းတွေကို အသုံးမပြုကြဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အမြဲတိုက်တွန်း အကြံပေးလျက်ရှိပါတယ်။

ဒါတွေကတော့ Retro 21 Digital Marketing Agency ကို စတင်တည်ထောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တစ်ခုချင်းစီကို အကောင်အထည်ဖော်နိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားပါမယ်လို့လည်း ကတိပြုလိုက်ရပါတယ်။

Content Writer အများစု ကြုံတွေ့ရလေ့ရှိတဲ့ အဓိကအခက်အခဲတစ်ခုကတော့ လုပ်ငန်းတစ်ခုအတွက် (၆) လလောက် ဆက်တိုက်ရေးသားပြီးချိန်မှာ...
20/05/2026

Content Writer အများစု ကြုံတွေ့ရလေ့ရှိတဲ့ အဓိကအခက်အခဲတစ်ခုကတော့ လုပ်ငန်းတစ်ခုအတွက် (၆) လလောက် ဆက်တိုက်ရေးသားပြီးချိန်မှာ နောက်ထပ်ဆက်ရေးဖို့ အိုင်ဒီယာတွေ ခန်းခြောက်သွားတတ်တာပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ စနစ်ကျတဲ့ Content ရေးသားခြင်း လုပ်ငန်းစဉ် မရှိတာကြောင့် ဖြစ်ပါတယ်။

Content ရေးသားတဲ့ လုပ်ငန်းစဉ်မှာ ဘာတွေ ပါဝင်လဲ?

ပထမဆုံးအနေနဲ့ လုပ်ငန်းအတွက် (၃) လစာ (သို့မဟုတ်) (၆) လစာကို ဘယ်လို Marketing Communication Brief မျိုးနဲ့ သွားမလဲဆိုတာကို အရင်ဆုံးဖြတ်ရပါတယ်။ မိမိ Brand ရဲ့ Positioning ကို ဘယ်လိုသတ်မှတ်ထားလဲ၊ ဘယ်လိုအိုင်ဒီယာတွေနဲ့ Target Audience ဆီကို သတင်းစကားပါးမလဲ၊ လက်ရှိဈေးကွက်အခြေအနေက ဘယ်လိုရှိနေလဲ၊ လုပ်ငန်းက အဓိကပြောချင်တဲ့ အကြောင်းအရာ (Key Message) က ဘာလဲ၊ Target Audience တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ (Pain Points) တွေက ဘာတွေလဲ ဆိုတာကို စနစ်တကျ ကြိုတင်စီစဉ်ထားဖို့ လိုအပ်ပါတယ်။

Marketing Communication Brief ရလာပြီဆိုရင်တော့ Social Media Strategy ကို ဆက်လက်ရေးဆွဲရပါမယ်။ မိမိလုပ်ငန်းရဲ့ Target Audience တွေက ဘယ် Social Media Channel တွေမှာ အများဆုံးရှိနေလဲ၊ ပြိုင်ဘက်တွေကရော အဲ့ဒီ Channel တွေမှာ ဘာတွေလုပ်နေလဲ၊ Target Audience တွေပါဝင်တဲ့ Community Group တွေမှာ ဘာအကြောင်းအရာတွေကို အဓိက ဆွေးနွေးပြောဆိုနေကြလဲ စတာတွေကို သေချာ Research လုပ်ရပါမယ်။

အဲ့ဒီနောက်မှာတော့ Media Buyer နဲ့ တိုင်ပင်ပြီး ဘယ် Social Media Platform မှာ ဘယ်လို Content မျိုးကို ဘယ်သူတွေ မြင်အောင် ပြသရမလဲဆိုတာကို ဗျူဟာချ စီစဉ်ရပါတယ်။

Target Audience ခွဲခြားခြင်းနှင့် Buyer Persona တည်ဆောက်ခြင်း

လူတိုင်းကို Target ထားပြီး Marketing လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Target Audience တွေကို စိတ်ဝင်စားတဲ့ အကြောင်းအရာ (Interests)၊ အသက်အရွယ် (Demographics)၊ အလုပ်အကိုင် စတာတွေအပေါ် မူတည်ပြီး တူရာအုပ်စုတွေ ခွဲထုတ်ရပါတယ်။ အဲ့ဒီလို ခွဲထုတ်ထားတဲ့ အုပ်စုတွေထဲကမှ ကိုယ်စားပြု ကိုယ်ရေးအချက်အလက်တစ်ခုကို Sample အနေနဲ့ ရွေးချယ်သတ်မှတ်လိုက်တာကို "Buyer Persona" တည်ဆောက်ခြင်းလို့ ခေါ်ပါတယ်။

Content ဖန်တီးတယ်ဆိုတာ ဒီလုပ်ငန်းစဉ် တစ်ခုလုံးကို သေချာလေ့လာသုံးသပ်ပြီးမှ ပြုလုပ်ရတာပါ။ ဒါ့အပြင် ကွဲပြားတဲ့ Industry တွေအလိုက် ပြောင်းလဲဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို အမြဲလေ့လာနေဖို့နဲ့ ကိုယ်ရေးသားရမယ့် Industry က မိတ်ဆွေတွေ၊ ကျွမ်းကျင်သူတွေနဲ့ အမြဲထိတွေ့ ဆက်သွယ်နေဖို့လည်း လိုအပ်ပါတယ်။

(၆) လလောက် Content တွေ ရေးပြီးသွားလို့ အိုင်ဒီယာအသစ်တွေ ထပ်မထွက်တော့ဘူးဆိုရင် အထက်ပါ အချက်အလက်လေးတွေကို ပြန်လည်ဆန်းစစ်ပြီး စနစ်တကျ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ Retro 21 Digital Marketing Agency မှာဆိုရင်တော့ Client တိုင်းရဲ့ လုပ်ငန်းကို အခုပြောပြခဲ့တဲ့ လုပ်ငန်းစဉ်တွေအတိုင်း စနစ်တကျ လေ့လာသုံးသပ်ပြီးမှသာ အကောင်းဆုံး ဝန်ဆောင်မှုတွေကို အမြဲပေးအပ်လျက်ရှိပါတယ်။

📞 Viber: +959 952 518 636
📧 Email: [email protected]
💬 WhatsApp: 070-8431-7183

14/05/2026

လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ဖို့ အမြဲအသင့်ရှိနေပါတယ်။ 🤝

အလုပ်အပ်လိုက်တာနဲ့ ရောင်းအားတက်လာမယ်ဆိုပြီး ပြောမရောင်းသလို၊ အလုပ်အပ်ဖို့ Meeting ထိုင်ပြီးမှ Retro 21 ကပေးတဲ့ အကြံဉာဏ်တွေက လုပ်ငန်းအတွက် အကျိုးမရှိစေဘူးဆိုရင် အားမနာတမ်း ငြင်းဆိုနိုင်ပါတယ်။ ပိုရောင်းချင်ဇောနဲ့ လုပ်ငန်းနဲ့မကိုက်ညီတဲ့ Package တွေဝယ်ဖို့ကိုလည်း ဘယ်တော့မှ မတိုက်တွန်းပါဘူး။

စုံစမ်းမေးမြန်းကြည့်ပါ။ Meeting ထိုင်ကြည့်ပါ။ လုပ်ငန်းအတွက် အကြံဉာဏ်ရယူကြည့်ပါ။ အဆင်ပြေမှသာ အလုပ်အပ်ပါ။ ✨

ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -
🔹 Facebook Marketing Service - Meta Verified လျှောက်ထားခြင်းမှစတင်ပြီး Video ရိုက်ကူးရေးအထိ အစုံအလင် ပါဝင်ပါတယ်။
🔹 TikTok Marketing - Trend ဖြစ်မှ လူသိများမယ်ဆိုတာထက် Brand Image ကို အကောင်းဆုံးတည်ဆောက်နိုင်တဲ့ ကြော်ငြာဗီဒီယိုတွေနဲ့ထိုးဖောက်နိုင်ပါတယ်။
🔹 Google Display Ads Service - Ads အတွက် ကော်မရှင်ခ လုံးဝပေးစရာမလိုဘဲ အကောင်းဆုံး ဝန်ဆောင်မှုပေးပါတယ်။
🔹 Viber Business Messaging Service - Customer ဆီ တိုက်ရိုက် Message ပို့လွှတ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်
🔹 Facebook Media Buying Service - Boost Service အပ်တယ်ဆိုပြီး အခကြေးငွေအများကြီး ပေးနေတုန်းပဲလား။ $100 Boosting လုပ်ရင် $100 လုံး ပြန်သုံးပေးမဲ့ Media Buying Service ရှိနေပါပြီ။
🔹 Social Commercial Video Production - TV Commercial လက်ရာကဲ့သို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းအစ Colour Grading အဆုံး စနစ်တကျ လုပ်ဆောင်ပေးပါတယ်။

ဝန်ဆောင်မှုများကို စိတ်ဝင်စားလို့ အသေးစိတ် သိရှိလိုပါက Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ပါနည်းလမ်းများဖြင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ Package အပြင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အလိုက် သီးသန့် ညှိနှိုင်းဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

📲 Phone : 09 788 763 660
📞 Viber: +959 952 518 636
📧 Email: [email protected]
💬 WhatsApp: 070-8431-7183

Address

109th Street
Yangon
11221

Telephone

+959788763660

Website

Alerts

Be the first to know and let us send you an email when Retro21 Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Retro21 Digital Marketing Agency:

Shortcuts

Share