Phyo Myint Hlaing - Digital Marketer

Phyo Myint Hlaing - Digital Marketer သင့်လုပ်ငန်းရဲ့ အရောင်းကို Content နဲ့ Facebook Ads ပေါင်းစပ်ပြီး မြှင့်တင်ပေးနေပါတယ်။ 📈

"AI က အလုပ်လက်မဲ့ ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး၊ AI ကို သုံးတတ်တဲ့သူတွေကပဲ အလုပ်အကိုင်တွေ အကုန်ရသွားမှာ။"
10/03/2026

"AI က အလုပ်လက်မဲ့ ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး၊ AI ကို သုံးတတ်တဲ့သူတွေကပဲ အလုပ်အကိုင်တွေ အကုန်ရသွားမှာ။"

06/03/2026

ဒီနေ့ခေတ် ရွှေဆိုင်တစ်ဆိုင်မှာ Marketing လုပ်ရတာ တကယ်တော့ "မီးခဲကို လက်နဲ့ဆုပ်ထားရသလို" ပါပဲ။ ဈေးနှုန်းတွေက တက်လိုက်ကျလိုက်၊ ဥပဒေတွေက တစ်မျိုးပြီးတစ်မျိုး... ဒီကြားထဲ Customer တွေ စိတ်ကျေနပ်အောင်၊ ယုံကြည်အောင် အားသွန်ခွန်စိုက် ကြိုးစားနေရတာ။

ဒါပေမဲ့ ဒီနေ့မှာ တစ်ခု သိလိုက်ရတယ်။ ကျွန်တော်တို့ Marketing က ဘယ်လောက်ပဲ ပိုက်ဆံကုန်ခံပြီး Brand Image ကို တည်ဆောက်ထားပါစေ... အခြေအနေတစ်ခုကို ဖြေရှင်းလိုက်တဲ့ "ပုံစံ" မမှန်ရင် ခဏလေးနဲ့ အကုန် ပျက်စီးသွားနိုင်တယ်ဆိုတာပါပဲ။

ကျွန်တော်တို့ လုပ်ငန်းခွင်မှာ Customer နဲ့ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ပြန်တုံ့ပြန်လိုက်တဲ့ပုံစံက "ဘယ်သူနိုင်မလဲ" ဆိုတဲ့ ကလေးကလား စိတ်ဓာတ်မျိုး ဖြစ်နေရင်တော့ အရှုံးက ဆိုင်မှာပဲ ကျန်ခဲ့မှာပါ။

"တကယ့်ရင့်ကျက်မှုဆိုတာ အသက်အရွယ်ကြီးရင့်လာတာကို ပြောတာမဟုတ်ဘူး။ ခက်ခဲတဲ့ ပြဿနာတစ်ခုကို ဘယ်လောက်အေးအေးဆေးဆေးနဲ့ ထိရောက်အောင် ဖြေရှင်းနိုင်သလဲ (Problem Solving) ဆိုတာကမှ တကယ့် လူကြီးအစစ်ပါပဲ။"

ကိုယ်က Marketingသမားဆိုတော့ ကိုယ်ပင်ပန်းခံ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေ ပျက်စီးသွားမှာကို နှမြောမိတာ အမှန်ပဲ။ အမှားဆိုတာ သင်ခန်းစာယူဖို့ပါ။ ဒါပေမဲ့ အဲ့ဒီသင်ခန်းစာက အရမ်းကြီး တန်ဖိုးမကြီးသွားဖို့တော့ လိုပါတယ်။

ပြဿနာတစ်ခုတက်လာရင် "ငါက လူကြီးပဲ၊ ငါက ဝန်ထမ်းပဲ" ဆိုတဲ့ မာန်မာနထက် "ဒီပြဿနာကို Professional ပီပီ ဘယ်လိုအကောင်းဆုံး အဆုံးသတ်မလဲ" ဆိုတဲ့ Mindset သာ အားလုံးမှာ ရှိနေမယ်ဆိုရင် ဘယ်လို အခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ။

ရွှေထက်တန်ဖိုးရှိတဲ့ "ယုံကြည်မှု" ကို အတူတူ ထိန်းသိမ်းကြရအောင်ဗျာ။

04/03/2026

🏆Result ဆိုတာ စကားလုံးတွေထက် ပိုကျယ်လောင်ပါတယ်

ကျွန်တော့်ကို လူတွေက မေးကြတယ်။ "ကိုဖြိုး... ဒီခေတ်မှာ ရောင်းရဖို့ တကယ်ပဲ ခက်နေပြီလား?" တဲ့။

ကျွန်တော် ပြန်ပြောလေ့ရှိတာက "ခေတ်က ခက်တာမဟုတ်ဘူး၊ ခင်ဗျားရဲ့ နည်းလမ်းက ဟောင်းနေတာ" လို့ပဲ။

ဒီပုံကို ကြည့်ပါ။ ဒါ ကျွန်တော့် အခု လုပ်ပေးနေတဲ့ လုပ်ငန်းရဲ့ ရလဒ်ပါ။

Strategy တစ်ခု၊ Thinking တစ်ခု ပြောင်းလိုက်ရုံနဲ့ ရောင်းအားက (၁၀) ဆ တက်လာတာ စာရင်းဇယားတွေက သက်သေပြနေပါတယ်။ 📈

လုပ်ငန်းရှင်ပေါင်းများစွာနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ကျွန်တော် အာမခံရဲတာ တစ်ခုရှိပါတယ်။

ရောင်းအားတက်ဖို့ဆိုတာ 'ကံ' မဟုတ်ဘူး၊ 'မှန်ကန်တဲ့ သိပ္ပံနည်းကျ Strategy' ပဲ။

၁၀ ဆ ဆိုတာ ကျွန်တော့်အတွက်တော့ စမှတ်ပါပဲ။

15/02/2026

ကျွန်တော့် Comment အောက်မှာ ဒီလိုပြောကြတယ်...

09/02/2026

စျေးဘယ်လောက်လဲ? မေးရင် စျေးမဖြေပါနဲ့ဦး...

သန့်ရှင်းရေး ကုမ္ပဏီကနေ ထွက်ပြီးတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက် ခြေလှမ်းက "ပရိဘောဂ လုပ်ငန်း" ဆီကို ရောက်သွားခဲ့တယ်။ကံကောင...
07/02/2026

သန့်ရှင်းရေး ကုမ္ပဏီကနေ ထွက်ပြီးတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက် ခြေလှမ်းက "ပရိဘောဂ လုပ်ငန်း" ဆီကို ရောက်သွားခဲ့တယ်။

ကံကောင်းတာတစ်ခုက အလုပ်နဲ့ အိမ်က လမ်းလျှောက်သွားရင် ရောက်တဲ့အကွာအဝေးရယ်၊ လစာကလည်း ကိုယ်မှန်းထားသလောက် ရတယ်ဆိုတော့ စိတ်ပျော်ရွှင်ခဲ့ရတာပေါ့။ ဒါပေမဲ့ တကယ့် စိန်ခေါ်မှုက အလုပ်စဝင်တဲ့နေ့မှာ စောင့်ကြိုနေခဲ့တယ်။

"ဒီမှာ Digital Marketing Team မရှိဘူး... မင်း တစ်ယောက်တည်းပဲ"

အရင် ကုမ္ပဏီတုန်းက အဖွဲ့နဲ့ လုပ်ခဲ့ရပေမဲ့ ဒီမှာတော့ ကျွန်တော်က "One Man Army"။ ကြောက်သွားလားဆိုတော့ မကြောက်ပါဘူး။ ပိုတောင် စိတ်အားထက်သန်သွားမိသေးတယ်။ စိတ်ထဲမှာ ဖြစ်သွားတာက "ငါ တစ်ယောက်တည်း ရှိတာနော်... ငါ စိတ်ကြိုက် ဖန်တီးလို့ရပြီ၊ ငါ့လက်ရာနဲ့ ဒီလုပ်ငန်းကို ပိုအောင်မြင်အောင် လုပ်ပေးမယ်" ဆိုတဲ့ စိတ်ပါပဲ။

Video ရိုက်မလား၊ Edit မလား? Design ဆွဲမလား? Content ရေး၊ Boost လုပ်... အစအဆုံး ဒိုင်ခံမြိုပေါ့။

အလုပ်တွေ ပုံနေအောင် များပေမဲ့ ပင်ပန်းတယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ ည (၈) နာရီလောက်ထိ ရုံးမှာကျန်ခဲ့ပြီး အလုပ်လုပ်ခဲ့ရတဲ့ ရက်တွေဆိုတာ မရေတွက်နိုင်တော့ပါဘူး။ ဒါပေမဲ့ နာရီကြည့်လိုက်မှ ဟာ... (၈) နာရီတောင် ထိုးပြီလားဆိုပြီး အံ့ဩခဲ့ရတဲ့ အထိပါပဲ။

အလုပ်လုပ်ရင်း ရတဲ့ ပီတိနဲ့ ခံစားချက်က ကျွန်တော့်အတွက် ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလုပ်ငန်းကြီး တိုးတက်ရမယ်ဆိုတဲ့ စေတနာ၊ ငါ့လက်ရာတွေနဲ့ လူသိများလာစေရမယ်ဆိုတဲ့ ရည်မှန်းချက်... အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကို ပြန်တွေးမိရင် "ငါ တော်တော်လေး မိုက်ခဲ့ပါလား" ဆိုပြီး သတိရနေမိတုန်းပါပဲ။

ပရိဘောဂတွေကြားထဲမှာ တစ်ယောက်တည်း ရုန်းကန်ခဲ့ရပေမဲ့ အဲ့ဒီအချိန်က ကျွန်တော့်ဘဝရဲ့ အားအင်အပြည့်ဆုံး အချိန်တွေထဲက တစ်ခုပါပဲ။

#ပရိဘောဂလုပ်ငန်း

တစ်နေ့ ‌တစ်နေ့ မနက်မိုးလင်း ရုံးသွားဖို့ အစောကြီးထ YBS ကားစီးပြီး တစ်နာရီလောက် ရပ်လိုက်ရတဲ့အချိန်တွေတိုင်း တွေးမိတဲ့အတွေ...
06/02/2026

တစ်နေ့ ‌တစ်နေ့ မနက်မိုးလင်း ရုံးသွားဖို့ အစောကြီးထ YBS ကားစီးပြီး တစ်နာရီလောက် ရပ်လိုက်ရတဲ့အချိန်တွေတိုင်း တွေးမိတဲ့အတွေးက " ငါ ဘယ်ချိန်ထိ ကျပ်‌နေတဲ့ YBS စီးနေရမှာလဲ? " ဆိုတာပဲ။

"ငါ Agency ထောင်မယ်..." လို့ CEO ရှေ့မှာ ရဲရဲဝံ့ဝံ့ ပြောရဲခဲ့တဲ့ အချိန်များ 🔥ကျွန်တော် Digital Marketing အလုပ်စလုပ်တုန်း...
06/02/2026

"ငါ Agency ထောင်မယ်..." လို့ CEO ရှေ့မှာ ရဲရဲဝံ့ဝံ့ ပြောရဲခဲ့တဲ့ အချိန်များ 🔥

ကျွန်တော် Digital Marketing အလုပ်စလုပ်တုန်းက လစာမမက်ခဲ့ပါဘူး။ ကျွန်တော် မက်ခဲ့တာက "ပညာ" နဲ့ "အိပ်မက်" ပါ။

သန့်ရှင်းရေး Company မှာ စလုပ်တုန်းက ကျွန်တော် ဘာမှ မတတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ "ငါ သင်ယူမှ ဖြစ်မယ်၊ ငါ ကြိုးစားမှ ရမယ်" ဆိုတဲ့ လောင်စာတစ်ခု အပြည့်ရှိတယ်။ အလုပ်ဆိုတာလည်း တစ်မျိုးတည်း မဟုတ်ဘူး။ သန့်ရှင်းရေး ဝန်ဆောင်မှုရော၊ သင်တန်းကျောင်းတွေရော၊ Agency ရော၊ AI သင်တန်းရော အကုန်လုပ်ရတာ။

Content, Script, Design, Video Edit... အကုန်ဒိုင်ခံ လုပ်ခဲ့တယ်။ ပိုတတ်လေ ပိုခက်တာ လုပ်ရလေ၊ ပိုခက်တာ လုပ်ရလေ ကျွန်တော် ပိုပျော်လေပါပဲ။ အဆူခံရရင် ဝမ်းနည်းမယ်၊ ချီးကျူးခံရရင် ပျော်မယ်။ CEO က "မင်းတော်တယ်" လို့ ပြောလိုက်တဲ့ နေ့တုန်းကဆို ပျော်လွန်းလို့ ရင်ထဲမှာ ပန်းတွေတောင် ပွင့်ခဲ့ဖူးတယ်။

အဲ့တုန်းက ကျွန်တော် ဘယ်လောက်တက်ကြွခဲ့လဲဆိုရင်... အိမ်ပြန်ရောက်တာတောင် အလုပ်မပြီးသေးလို့ မအိပ်ဘဲ ဆက်လုပ်တယ်။ CEO က "မင်း အနာဂတ်မှာ ဘာလုပ်ချင်လဲ" မေးရင် "ကျွန်တော် Marketing Agency ထောင်မယ်" လို့ မျက်လုံးအရောင်လက်ပြီး ဖြေခဲ့တဲ့ ကောင်လေးတစ်ယောက်ပေါ့။

ဒါပေမဲ့ (၆) လပဲ ကြာလိုက်ပါတယ်။ နေစရာ အိမ်ပြောင်းရတဲ့ အခက်အခဲကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး အိပ်မက်အိမ်လေးကို နှုတ်ဆက်ခဲ့ရတယ်။ အလုပ်နဲ့ အိမ် ဝေးလွန်းလို့သာ ထွက်ခဲ့ရတာ၊ စိတ်ကတော့ အဲ့ဒီနေရာမှာ ကျန်ခဲ့တာ အကြာကြီးပါပဲ။

အခုပြန်စဉ်းစားကြည့်မိတယ်။ "ငါ တော်တော် တက်ကြွခဲ့ပါလားနော်..." လို့။ လူငယ်တစ်ယောက်ရဲ့ ဘဝမှာ ပိုက်ဆံထက် အရေးကြီးတာ "Passion" (ဝါသနာ/ပြင်းပြတဲ့စိတ်) ဆိုတာ လက်တွေ့ပြခဲ့တဲ့ အချိန်တွေပါပဲ။

သူငယ်ချင်းတို့ရော... ကိုယ့်ရဲ့ ပထမဆုံး အလုပ်မှာ ဘယ်လောက်ထိ ရူးသွပ်ခဲ့ဖူးလဲ? Comment မှာ ပြောပြခဲ့ကြပါဦး။

"လူတိုင်းမှာ ကိုယ်ပိုင်လမ်း ဆိုတာ ရှိကြတာပဲ..."ဒီစကားကို ကျွန်တော် အရင်က သိပ်နားမလည်ခဲ့ဘူး။ ရန်ကုန်ကို စရောက်တုန်းက သူငယ...
05/02/2026

"လူတိုင်းမှာ ကိုယ်ပိုင်လမ်း ဆိုတာ ရှိကြတာပဲ..."

ဒီစကားကို ကျွန်တော် အရင်က သိပ်နားမလည်ခဲ့ဘူး။ ရန်ကုန်ကို စရောက်တုန်းက သူငယ်ချင်း ၅ ယောက် တစ်သားတည်း၊ ဘယ်သွားသွား အတူတူ၊ ဘာလုပ်လုပ် အတူတူပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝက ကျွန်တော်တို့ကို တစ်ယောက်တစ်လမ်းစီ သွားဖို့ တွန်းပို့လာတဲ့အခါမှာတော့ စိတ်မကောင်းပေမယ့် လက်ခံခဲ့ရပါတယ်။

CCTV တပ်တဲ့ အလုပ်ကြမ်းတွေ၊ နေပူထဲမှာ Network ကြိုးဆွဲခဲ့ရတဲ့ နေ့ရက်တွေကို နှုတ်ဆက်ပြီး ကျွန်တော် "အရောင်းဝန်ထမ်း" တစ်ယောက်အဖြစ် ခြေလှမ်းသစ် စခဲ့တယ်။

မှတ်မှတ်ရရ အဲ့တုန်းက လစာက ၂ သိန်းခွဲ။ ရန်ကုန်မြို့ကြီးမှာ ၂ သိန်းခွဲဆိုတာ ဘာမှမဟုတ်ပေမယ့် ဘာအတွေ့အကြုံမှမရှိတဲ့ ကျွန်တော့်အတွက်တော့ "လစာပုံမှန်ရပြီ" ဆိုတဲ့ အသိနဲ့တင် အရမ်းပျော်ခဲ့ရတာပါ။ အိမ်ကို ဖုန်းဆက်ရင်လည်း "သား အဆင်ပြေတယ်၊ အရင်လို နေပူထဲမှာလည်း မလုပ်ရတော့ဘူး၊ အလုပ်က သက်သာတယ်" ဆိုပြီး အားရှိအောင် ပြောခဲ့ရတာပေါ့။

လစာလေး အသားကျလာတော့ လှည်းတန်းက အဆောင်ခန်း ကျဉ်းကျဉ်းလေးကို စွန့်ခွာခဲ့တယ်။ အဲ့ဒီအခန်းလေးက ကျဉ်းလွန်းလို့ စာလုပ်စရာ ခုံတောင်မရှိဘဲ ကြမ်းပြင်ပေါ်မှာ ကုန်းပြီး စာရေးခဲ့ရတာတွေ၊ ကျပ်ကျပ်တည်းတည်းနဲ့ အိပ်ခဲ့ရတာတွေကို ခုထိ သတိရနေတုန်းပဲ။ အလုပ်နဲ့နီးတဲ့ တိုက်ခန်း Share နေတဲ့နေရာကို ပြောင်းလိုက်တော့မှ "ငါတော့ လူလိုသူလို နေရပြီ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်။

ဒါပေမဲ့ အလုပ်ထဲမှာတော့ ကျွန်တော်က "ကြောင်တောင်တောင်" လေးပေါ့။ နယ်သားပီပီ ဗမာစကားကလည်း သိပ်မပီချင်ဘူး။ အဲ့ဒီအချိန်မှာ စိတ်ထဲတစ်ခုပဲ ရှိတယ်။ "ငါ ဒီအတိုင်းနေလို့ မဖြစ်ဘူး၊ တစ်ခုခု သင်မှရမယ်" ဆိုတာပဲ။

အရင်က Capcut နဲ့ Video လေးတွေ Edit ရတာ၊ Canva နဲ့ ပုံလေးတွေ ဆွဲရတာကို ဝါသနာပါခဲ့တာမို့ Graphic Designer သင်တန်းတွေကို လိုက်စုံစမ်းတယ်။ အဲ့ဒီကနေမှတစ်ဆင့် လိုင်းပေါ်မှာ Digital Marketing နဲ့ အောင်မြင်နေတဲ့သူတွေ၊ Agency ထောင်ထားတဲ့သူတွေရဲ့ အကြောင်းကို ဖတ်မိသွားတယ်။

"Digital Marketing က ဝင်ငွေကောင်းတယ်တဲ့... ထိုင်လုပ်ရတာတဲ့..."

အဲ့ဒီစကားလုံးတွေက ကျွန်တော့်ကို ဆွဲဆောင်သွားခဲ့တယ်။ Laptop တောင် တစ်ခါမှ မကိုင်ဖူးသေးတဲ့ ကျွန်တော်ဟာ လစာလေးထဲက စုထားတဲ့ ပိုက်ဆံ ၃ သောင်းနဲ့ Digital Marketing သင်တန်းကို စတက်ခဲ့တယ်။ အဲ့ဒီအချိန်က Digital Marketing ဆိုတာ အခုလို ခေတ်မစားသေးဘူးလေ။

သူငယ်ချင်းတွေနဲ့ ခွဲထွက်လာရလို့ အထီးကျန်ခဲ့ပေမယ့် အဲ့ဒီ "ခွဲထွက်ခြင်း" ကပဲ ကျွန်တော့်ကို Laptop ရှေ့မှာ အနာဂတ်အသစ် ရှာဖွေခွင့် ပေးခဲ့တာပါ။

ရန်ကုန်ဆိုတာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအခွင့်အလမ်းကို ရဖို့အတွက် အခန်းကျဉ်းလေးတွေ၊ ထမင်းငတ်တဲ့ရက်တွေနဲ့ တစ်ယောက်တည်း ဖြတ်သန်းရတဲ့ ညတွေကိုတော့ အရင်ကျော်ဖြတ်ရမှာပဲ မဟုတ်လား?

ကျွန်တော့်လိုပဲ ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိရင် လက်မလျှော့လိုက်ပါနဲ့။ ခွဲထွက်ခြင်းတိုင်းက နာကျင်ရပေမယ့် တိုးတက်ဖို့အတွက်တော့ လိုအပ်ပါတယ်...။

ရေသောက်ဗိုက်မှောက်ခဲ့ရတဲ့ လှည်းတန်းညများနှင့် ကျွန်တော့်ရဲ့ ရန်ကုန်အစပိုင်း (၆) လ"ရန်ကုန်ရောက်ရင် ကျောင်းတက်မယ်၊ ကျောင်း...
05/02/2026

ရေသောက်ဗိုက်မှောက်ခဲ့ရတဲ့ လှည်းတန်းညများနှင့် ကျွန်တော့်ရဲ့ ရန်ကုန်အစပိုင်း (၆) လ

"ရန်ကုန်ရောက်ရင် ကျောင်းတက်မယ်၊ ကျောင်းပြီးရင် အလုပ်လုပ်မယ်..." နယ်ကနေ ရန်ကုန်ကို တက်လာတုန်းကတော့ ကျွန်တော့်အိပ်မက်တွေက ရိုးရှင်းသလောက် လှပခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်ဆိုတာ အိပ်မက်မက်ဖို့ ကောင်းသလောက် လက်တွေ့မှာ ခါးသက်မှန်းသိဖို့ ကျွန်တော် အချိန် သိပ်မယူလိုက်ရပါဘူး။

မှတ်မှတ်ရရ ရောက်တဲ့နေ့ကပေါ့... မိုးမျှော်တိုက်ကြီးတွေ၊ ကားတွေရှုပ်နေတဲ့ လမ်းမကြီးတွေကိုကြည့်ပြီး "ငါ ရန်ကုန်ရောက်ပြီကွ" ဆိုပြီး သူငယ်ချင်းသုံးယောက်သား ပျော်လိုက်ကြတာ။ အထုတ်တွေတောင် နေရာမချနိုင်သေးဘူး၊ ရွှေတိဂုံဘုရားကို အရင်သွားဖူးကြတယ်။

နယ်သားပီပီ Bus ကားစီးရမှာ ကြောက်လိုက်တာမှ လွန်ရော။ "မှတ်တိုင်ကျော်သွားမလား၊ ဘယ်နားဆင်းရမလဲ" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘုရားဖူးခဲ့ရတဲ့ အဲဒီနေ့ညနေခင်းလေးကို အခုထိ မျက်စိထဲမြင်ယောင်မိတုန်းပါပဲ။

ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ ခဏပါပဲ။ "အလုပ်" ဆိုတဲ့ စစ်မြေပြင်ထဲ ရောက်တော့မှ ကျွန်တော်တို့ရဲ့ လူငယ်ဘဝက တကယ်စပါတော့တယ်။ အလုပ်ရှာတယ်ဆိုတာ လွယ်မနေခဲ့ဘူး။ အင်တာဗျူးကြေး ၁၀၀၀ တောင်းတဲ့ ပွဲစားတွေ၊ ကျားဖြန့်အလုပ်တွေကြားမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လမ်းပျောက်ခဲ့ကြတယ်။

မှတ်မိနေပါသေးတယ်။ အလုပ်မရလို့ စိတ်ဓာတ်တွေကျ၊ ပိုက်ဆံကုန်ပြီး Bus ကားပေါ်မှာ သက်ပြင်းတွေချခဲ့ရတဲ့ ညနေခင်းတစ်ခုပေါ့။ သူငယ်ချင်း ၃ ယောက်မှာ တစ်ယောက်က လက်လျှော့ဖို့ ပြင်နေပြီ။

ဒါပေမဲ့ ကံတရားက မျက်နှာသာပေးချင်တော့ CCTV နဲ့ Network ကြိုးဆွဲတဲ့ အလုပ်ကြမ်းလေးတစ်ခု တွေ့တယ်။ သူငယ်ချင်း ၃ ယောက် အတူတူလုပ်ရမယ်ဆိုတဲ့ အသိစိတ်၊ သူဌေးက သဘောကောင်းပြီး ၃ ယောက်လုံးကို ခန့်လိုက်တဲ့အချိန်မှာ ပျော်လွန်းလို့ အဲ့ညက အိပ်တောင် မပျော်ခဲ့ပါဘူး။

ဒါပေမဲ့... ဘဝဆိုတာ အတက်ရှိရင် အကျရှိစမြဲပဲလေ။ တစ်လလောက်ပဲ အဆင်ပြေလိုက်ရတယ်။ ဒုတိယလမှာ အလုပ်တွေပါး၊ ဝင်ငွေမရှိတော့တဲ့အခါ လှည်းတန်းက လူတစ်ကိုယ်စာပဲ နေလို့ရတဲ့ အခန်းကျဉ်းကျဉ်းလေးက ကျွန်တော့်ကမ္ဘာ ဖြစ်လာတယ်။

ပိုက်ဆံမရှိလို့ ထမင်းငတ်ခဲ့ရတဲ့ ရက်တွေ... အလုပ်ရှိမလားဆိုပြီး မျှော်လင့်ချက်နဲ့ စောင့်ခဲ့ရတဲ့ မနက်ခင်းတွေ... အခန်းကျဉ်းလေးထဲမှာ ပူအိုက်စူပွက်ပြီး မနက်မိုးလင်း အလုပ်သွား၊ ညနေပြန်လာ ထမင်းစားအိပ်ဆိုတဲ့ စက်ရုပ်လို နေ့ရက်တွေ…

အဲဒီလိုနဲ့ ရန်ကုန်မြို့ကြီးမှာ ကျွန်တော့်ရဲ့ ပထမဆုံး (၆) လတာ ကုန်ဆုံးသွားခဲ့တယ်။ ပင်ပန်းခဲ့ပေမယ့် အဲဒီ (၆) လကပဲ "ဘဝဆိုတာ ဘာလဲ" ဆိုတာကို ကောင်းကောင်းကြီး သင်ပေးလိုက်သလိုပါပဲ။

ကျွန်တော့်လိုပဲ ရန်ကုန်ရောက်ခါစက ထမင်းငတ်၊ အလုပ်ပြတ်ပြီး အခန်းကျဉ်းလေးထဲမှာ အားငယ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ ရှိလား? ရှိရင် Comment မှာ ကိုယ့်အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါဦး။

04/02/2026

"Features" ကို မပြောပါနဲ့၊ "Benefits" ကို ရောင်းပါ

ခင်ဗျားပစ္စည်းရဲ့ အစွမ်းအစတွေကို ဘယ်လောက်ပဲ စာစီပြီးရေးရေး လူတွေက သူတို့အတွက် ဘာရမလဲဆိုတာကိုပဲ စိတ်ဝင်စားကြတာပါ။

လူတွေက ပစ္စည်းကို ဝယ်တာမဟုတ်ဘူး၊ အဲ့ဒီပစ္စည်းကြောင့် ပြောင်းလဲသွားမယ့် သူတို့ရဲ့ "ဘဝ" ကို ဝယ်တာပါ။

ဥပမာ - "ဒီဖုန်းက ဘက်ထရီ 5000 mAh ပါတယ်" လို့ ပြောတာဟာ Feature (ပါဝင်ပစ္စည်း) ပါ။

လူတွေက 5000 mAh ဆိုတာ ဘာလဲ မသိနိုင်ပါဘူး။ ဒါကို Copywriting ပြောင်းရေးမယ်ဆိုရင် "ဒီဖုန်းကို သုံးရင် ခင်ဗျား ခရီးသွားတဲ့အခါ Power Bank ကို လေးလံစွာ သယ်နေစရာ မလိုတော့ဘူး" လို့ ရေးရပါမယ်။

Feature: ပစ္စည်းမှာ ဘာတွေပါလဲ? (ဥပမာ - အသားဖြူဆေးမှာ ဗီတာမင် C ပါတယ်)

Advantage: အဲ့ဒါက ဘာလုပ်ပေးလဲ? (အသားအရေကို ကြည်လင်စေတယ်)

Benefit: ဒါက Customer အတွက် ဘာကောင်းသွားစေလဲ?
(၇ ရက်အတွင်း ယုံကြည်မှုအပြည့်နဲ့ အပြင်ထွက်နိုင်မယ်)

ခင်ဗျားရဲ့ အရောင်းစာသားတွေမှာရော Customer ရဲ့ Benefit တွေကို ထည့်ရေးဖြစ်ရဲ့လား?

04/02/2026

ဗီဒီယိုကြည့်သူတွေကို လက်မရပ်သွားအောင် လုပ်နိုင်တဲ့ "Pattern Interrupt" စိတ်ပညာ

ခင်ဗျား Content တွေ ဘယ်လောက်ပဲကောင်းကောင်း လူတွေက လက်မနဲ့ Scroll လုပ်ပြီး ကျော်သွားကြရင် အကုန်လုံးက အလကားပါပဲ။

လူတစ်ယောက်ရဲ့ အာရုံစိုက်မှု (Attention Span) ဟာ အခုဆိုရင် ၃ စက္ကန့်အောက်တောင် ရောက်နေပါပြီ။

သူတို့ကို ရပ်တန့်ဖို့ဆိုရင် သူတို့ရဲ့ ပုံမှန် scrolling လုပ်နေတဲ့ ဦးနှောက်အခြေအနေကို Pattern Interrupt လုပ်ပေးရပါမယ်။

လူတွေဟာ ပျင်းစရာကောင်းတဲ့ "မင်္ဂလာပါ" တွေ၊ "ကျွန်တော်ကတော့..." တွေနဲ့ စတဲ့ ဗီဒီယိုတွေကို ကြည့်ဖို့ စိတ်မရှည်တော့ပါဘူး။

သူတို့ရဲ့ ဦးနှောက်ထဲမှာ ရှိနေတဲ့ scrolling pattern ကို ဖြတ်တောက်ဖို့ဆိုရင် မမျှော်လင့်ထားတဲ့ မြင်ကွင်း၊ ထူးဆန်းတဲ့ အသံ ဒါမှမဟုတ် သူတို့ ရင်ထဲကို တိုက်ရိုက်ထိမှန်မယ့် "နာကျင်မှု (Pain Point)" တစ်ခုခုနဲ့ စရပါမယ်။

ဗီဒီယိုအစမှာ လူတွေ မမျှော်လင့်ထားတဲ့အရာ (ဥပမာ - ပစ္စည်းတစ်ခုကို လွှင့်ပစ်လိုက်တာ၊ ရေနဲ့လောင်းချလိုက်တာ) နဲ့ စပါ။

"ဒါကို ခင်ဗျား သိပြီးပြီလား?" ဆိုတဲ့ မေးခွန်းမျိုးထက်
"ဒီအမှားကြောင့် ခင်ဗျား တစ်လကို သိန်း ၅၀ ရှုံးနေတာ" ဆိုတဲ့ ပြင်းထန်တဲ့ စကားလုံးမျိုးကို သုံးပါ။

ဗီဒီယိုအစမှာ စာတန်းကြီးကြီး၊ အရောင်တောက်တောက်တွေ သုံးပြီး အာရုံကို ဖမ်းစားပါ။

ဗီဒီယိုတစ်ခုရဲ့ အောင်မြင်မှုဟာ အစ ၃ စက္ကန့်မှာပဲ ရှိတာကို မမေ့ပါနဲ့။

ခင်ဗျားရဲ့ နောက်ဆုံးဗီဒီယိုမှာရော ဘယ်လို Hook မျိုး သုံးခဲ့လဲ?

Address

အမှတ် (၅၅၆)၊ စည်ပင်လမ်း၊ ၁၉ ရပ်ကွက်၊ အ. ထ. က (၂) ကျောင်းရှေ့မှတ်တိုင်အနီး၊ တောင်ဒဂုံ၊ ရန်ကုန်
Yangon
11191

Website

Alerts

Be the first to know and let us send you an email when Phyo Myint Hlaing - Digital Marketer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share