23/11/2021
Hello... အက္မင်တို့ panorama ကနေပြီးတော့ Artist Zuk1 အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်
သူက မင်မင်တို့ရဲ့ 7 days collections လေးတွေကို ရေးဆွဲပေးခဲ့တဲ့ creater လေးဆိုလည်း မမှားပါဘူးနော်
ကဲ.. အခုသူက မင်မင်ရဲ့ သဲလေးတို့တောင်းဆိုထားတဲ့အတိုင်း customized drawing လေးတွေကိုပါ ဆွဲပေးသွားမှာပါတဲ့
သူဆွဲပေးမဲ့ထဲမှာ ဘာတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်...
ကိုယ့်ပုံကို ကာတွန်းပုံလှလှလေးအနေနဲ့ အမှတ်တရသိမ်းထားချင်တဲ့သူတွေ ရှိလား
ကာတွန်းပုံစံလေးနဲ့ profile ထားချင်တဲ့ သူလေးတွေရော ရှိလား
ဒါမှမဟုတ် မင်မင်တို့လို FA တွေ မဟုတ်ဘဲ ရည်းစားရှိတယ်ဆိုရင် ကိုယ့်အတွဲပုံလေးကို ချစ်စရာ ကာတွန်းပုံလေးပြောင်းပြီး
phone wallpaper တူတူချိန်းချင်တဲ့သူရှိကြလား
အဲဒီလိုတွေ ရှိတယ် ဆိုရင်တော့ မပူပါနဲ့တော့နော် မင်မင်တို့က အားလုံးအဆင်ပြေအောင် အတတ်နိုင်ဆုံး ဆွဲပေးသွားမှာပါ
မင်မင်သဲလေးတွေစိတ်တိုင်းကျသည်အထိ ဆွဲပေးသွားမှာဖြစ်လို့ ဆွဲပြီးလို့ မကြိုက်မှာလည်း စိတ်မပူစေရဘူး
ကဲ မင်မင်တို့ ပြထားတဲ့ အစမ်းပုံလေးတွေကို ရှိုးလိုက်နော် အဲဒီလောက်ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေက ဈေးကြီးနေမလားဆိုပြီး စိတ်ပူမနေနဲ့ ဈေးလုံးဝ မကြီးစေရဘူးေနာ်
မြန်မြန်လေး လာအပ်လိုက်တော့နော် ဒါကတော့ ကိုယ်ရဲ့ personal use only ဈေးလေးတွေပဲ ဖြစ်ပါတယ်
ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူးနော်
မင်မင်သဲလေးတို့က page profile အနေနဲ့ သုံးချင်လား ဒီက စတစ်ကာလေးတွေကို ချစ်လွန်းလို့ စတစ်ကာ ထုတ်ရောင်းချင်လား Merch products လေးတွေ ထုတ်ရောင်းချင်လား Book cover အပ်ချင်လား အဲဒီလိုဆိုလည်း ဖြစ်တယ်နော်
အဲဒါကိုတော့ special custom art drawing service အနေနဲ့ ထပ်ပြီး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ဈေးနှုန်းလေးနဲ့ တခြားသိချင်တဲ့ အသေးစိတ်လေးတွေကိုတော့ chat box ကနေ လာရောက်စုံစမ်းလို့ရပါတယ်